Discover postsExplore captivating content and diverse perspectives on our Discover page. Uncover fresh ideas and engage in meaningful conversations
ဥရောပပြိုင်ပွဲတွေမှာ ကွာတားဖိုင်နယ်အဆင့်ရောက်တိုင်း(၈)ကြိမ်ဆက်တိုက် ကျော်ဖြတ်နိုင်တဲ့ အူနိုင်းအမ်မရီ
ဗီလာအသင်း၏စပိန်လူမျိုးနည်းပြ အူနိုင်း အမ်မရီသည် ဗလင်စီယာ၊ဆီဗီယာ၊အာဆင်နယ်၊ဗီလာရီးရယ်လ်၊ ဗီလာအစရှိသည့်အသင်းများနှင့်အတူ ဥရောပပြိုင်ပွဲများ၏ ကွာတားဖိုင်နယ်အဆင့်ရောက်တိုင်း ကျော်ဖြတ်နိုင်သည့်မှတ်တမ်းကို (၈)ကြိမ်ဆက်တိုက် ပိုင်ဆိုင်နိုင်ခဲ့သည်။ (၂၀၁၁-၁၂)ရာသီတွင် ဗလင်စီယာအသင်းကို ယူရိုပါလိဂ်ဆီမီးဖိုင်နယ်၊(၂၀၁၃-၁၄) ရာသီ၊ (၂၀၁၄-၁၅)ရာသီနှင့် (၂၀၁၅-၁၆)ရာသီများတွင် ဆီဗီယာအသင်းကို ယူရိုပါလိဂ်ချန်ပီယံဆု(၃)ကြိမ်ဆက်တိုက်၊(၂၀၁၈-၁၉)ရာသီတွင် အာဆင်နယ်အသင်းကို ယူရိုပါလိဂ်ဗိုလ်လုပွဲ၊ (၂၀၂၀-၂၁)ရာသီတွင် ဗီလာရီးရယ်လ်အသင်းကို ယူရိုပါလိဂ်ချန်ပီယံ၊(၂၀၂၁-၂၂) ရာသီတွင် ဗီလာရီးရဲလ်အသင်းကို ချန်ပီယံလိဂ်ဆီမီးဖိုင်နယ်၊လက်ရှိ(၂၀၂၃-၂၄)ရာသီတွင် ဗီလာအသင်းကို ယူရိုပါကွန်းဖရန့်လိဂ်ဆီမီးဖိုင်နယ်အဆင့်များသို့ အူနိုင်းအမ်မရီက ပို့ဆောင်ပေးနိုင်ခဲ့ပြီး ယင်းရာသီများတွင် ကွာတားဖိုင်နယ်တက်သောအသင်းများကို နောက်ဆုံး(၄)သင်းစာရင်းဝင်စေရုံမက ဆုဖလားအောင်မြင်မှုများလည်း ရယူပေးနိုင်ခဲ့သည်။ဆီဗီယာ၊ ဗီလာရီးရယ်လ်အသင်းတို့ကို ယူရိုပါလိဂ်ချန်ပီယံဆုများ(၂၀၁၄၊ ၂၀၁၅၊ ၂၀၁၆၊၊ ၂၀၂၁)ရယူပေးနိုင်ခဲ့သည့် အူနိုင်းအမ်မရီအနေနှင့် ဗီလာအသင်းကို (၁၉၈၂) ခုနှစ်နောက်ပိုင်း နှစ်ပေါင်း(၄၂)နှစ်အတွင်း ပထမဆုံးအနေဖြင့်အဓိကဥရောပဖလားတစ်လုံး ပြန်ပြီးရယူပေးနိုင်မလားဆိုသည်ကို စောင့်ကြည့်ရမည်ဖြစ်သည်။
2002ကမ္ဘာ့ဖလားမှာ ဘရာဇီးလ်ချန်ပီယံဖြစ်တော့ R3Rတိုက်စစ်အတွဲ နာမည်ကြီးခဲ့ပါတယ်။ ဒါပေမယ့် ကျနော်တို့က ရော်နယ်ဒိုနဲ့ ရော်နယ်ဒင်ဟိုအကြောင်းကိုပဲ အထူးပြု ပြောဖြစ်တာကများတယ်။ ဘောလုံးစကားဝိုင်းတွေ၊ သတင်းစာမျက်နှာတွေထက်မှာ ရီဗယ်လ်ဒိုက နည်းနည်းပျောက်နေသလို ရှိပါတယ်…
သူက ရော်နယ်ဒိုထက် ၄နှစ်၊ ဒင်ဟိုထက်ဆို ၈နှစ်လောက် ကြီးနေတာကလည်း အကြောင်းတစ်ချက်ဖြစ်ပါလိမ့်မယ်။ လက်ရှိ အသက်၃၀တန်းတွေအနေနဲ့ (2002ကမ္ဘာ့ဖလားကလွဲရင်) သူ့ရဲ့အကောင်းဆုံးခြေစွမ်းကို တိုက်ရိုက်သေချာ မြင်ဖူးဖို့ ခက်သွားတာပေါ့လေ။ ၃၅ပတ်ချာလည် ကျနော်တောင် ရီဗယ်လ်ဒိုအကြောင်း တစ်ခုခုရေးဖို့ စဉ်းစားတော့ နည်းနည်းဝေ့တေ့ဝါးတား ဖြစ်နေပါသေးတယ်။ သူတကယ်ခြေစွမ်းပြခဲ့တာလည်း အဲ့ဒီ2002ကမ္ဘာ့ဖလားက နောက်ဆုံးလို ဖြစ်နေခဲ့တာကိုး…
ကျနော်ကတော့ “ရီဗယ်လ်ဒိုဆိုတာ ရော်နယ်ဒိုနဲ့ ဒင်ဟို နှစ်ယောက်ကြားက ကစားသမားပဲ”လို့ ကိုယ့်သဘောနဲ့ကိုယ် သတ်မှတ်ထားလိုက်ပါတယ်။ တိုက်စစ်မှူးစစ်စစ်မဟုတ်ပေမယ့် သူက (ရော်နယ်ဒိုလို) ဂိုးသွင်းကောင်းတယ်။ ပြီးတော့ ဘောလုံးဆွဲပြေးပုံတွေကလည်း တကယ်ကို သပ်သပ်ရပ်ရပ်ပါပဲ။ playmakerတစ်ယောက်အဖြစ် ကစားနိုင်တဲ့ visionမျိုးလည်း ပိုင်ဆိုင်ထားသလို set-piece takerကောင်းတစ်ယောက်လည်း ဖြစ်နေပြန်တယ်။ “ညာခြေတစ်ချောင်းကလွဲလို့ အရာအားလုံးပိုင်ဆိုင်ထားတဲ့ ကစားသမား”လို့တောင် ပြောရမလားပါပဲ…
အသက်၃၀နောက်ပိုင်းမှာတော့ သူဟာ အိုလံပီယာကော့စ်၊ AEKအေသင်တို့အပြင် ဥဇဘက်ကစ္စတန်ကလပ် ဘန်ယော့ကော်၊ အန်ဂိုလာကလပ် ကာဘူစကော့တို့လို အသင်းတွေမှာ ကစားသမားဘဝကို ဖြတ်သန်းခဲ့ရတယ်။ ဒီအချက်ဟာ ရီဗယ်လ်ဒိုရဲ့ ဂန္တဝင်ဆန်မှုကို ထိခိုက်စေတယ်လို့ တစ်ယောက်ယောက်က ပြောလာခဲ့ရင်တော့ “သူကောင်းခဲ့စဉ်အချိန်တုန်းကလည်း သူ့မျိုးဆက်ရဲ့ ဘယ်ကစားသမားနဲ့မဆို ယှဉ်လို့ရခဲ့တာပဲ”လို့ ချေပရမှာဖြစ်ပါတယ်…
ဘာပဲဖြစ်ဖြစ်ပေါ့လေ…
ဂိုးပေါက်နဲ့ နီးနီးဝေးဝေး၊ ဒဲ့ဖြစ်ဖြစ် တစောင်းဖြစ်ဖြစ် ရီဗယ်လ်ဒိုကို ဂိုးထဲလှမ်းကန်ခွင့်ပေးလိုက်တာနဲ့ ဒုက္ခများသွားနိုင်တဲ့ အချိန်တစ်ခု ရှိခဲ့ဖူးပါတယ်...
ဒီနေ့ကတော့ ရီဗယ်လ်ဒိုရဲ့ ၅၂နှစ်ပြည့်မွေးနေ့ပါပဲ...
Happy Birthday Rivaldo!
#thesportsarena_playersbirthday
#thesportsarena_nostalgia
အပြစ်မတင်ခင်၊ မစွပ်စွဲခင် သေချာဆန်းစစ်ပါ
တစ်ခါတုန်းက အဖိုးအို တစ်ယောက်က သူ့ဘေးအိမ်က ကောင်ကလေးကို သူခိုးပါဆိုပြီး ကောလဟာလ သတင်းတွေဖြန့်သတဲ့။
အဲ့ဒီတော့ ရလဒ်က ဘာဖြစ်လာလဲဆိုတော့ ကောင်လေးကို ရဲက ဖမ်းပြီးခေါ်စစ်တော့တာပေါ့။ ဒါပေမယ့်လည်း ကောင်လေးက အပြစ်မရှိကြောင်း သိသာတော့ ပြန်လွှတ်လာခဲ့ပါတယ်။ သူပြန်လွှတ်လာတဲ့နောက်မှာ ကောင်လေးက အဖိုးအိုကို သူ့ကို မတရားစွပ်စွဲခဲ့တဲ့ အတွက် တရားပြန်စွဲလိုက်ပါတယ်။
တရားရင်ဆိုင်ကြတဲ့ အခါမှာ အဖိုးအိုက သူ့အနေနဲ့ မှတ်ချက်ပေးတာ သက်သက်ပဲ ဖြစ်ပြီး ဘယ်သူ့ကို မှ မထိခိုက်စေခဲ့ဘူးလို့ ခုခံကာကွယ်ခဲ့ပါတယ်။ တရားသူကြီးကတော့ စီရင်ချက် မချခင်မှာ အဖိုးအိုကို တစ်ခုလုပ်ခိုင်းလိုက်တယ်။ ကောင်လေးနဲ့ ပတ်သက်ပြီး ပြောခဲ့တဲ့ စကားတွေကို ချရေးပြီးတော့ စာရွက်ကို ဖြဲပစ်လိုက်ပါ။ အိမ်ပြန်တဲ့လမ်းမှာ အဲ့ဒီ စာရွက် အပိုင်းအစတွေကို လွှင့်ပစ်လိုက်ပါ။ မနက်ဖြန်ကျမှ စီရင်ချက်ကို ကြားနာဖို့ တရားရုံးကို ပြန်လာခဲ့ပါလို့ ပြောလိုက်ပါတယ်။
နောက်တစ်ရက် စီရင်ချက် ချတဲ့ အချိန်မှာတော့ တရားသူကြီးက အဖိုးအိုကို မနေ့က တရားရုံးက အပြန်လမ်းမှာ ဖြဲဆုတ် လွှင့်ပစ်လိုက်တဲ့ စာရွက် အပိုင်းအစတွေကို ပြန်ယူလာခဲ့ဖို့ ပြောလိုက်ပါတယ်။ အဲ့ဒီ အခါ အဖိုးအိုက စာရွက်အပိုင်းအစတွေက လေနဲ့ လွှင့်ပါသွားပြီမို့ ဘယ်ရောက်သွားပြီလဲဆိုတာတော့ သူမသိတော့ဘူးလို့ ပြန်ပြောလိုက်ပါတယ်။
အဲ့ဒီအခါ တရားသူကြီး ပြန်ပြောတာက ကောင်လေးကို သူခိုးလို့ လွယ်လွယ် မှတ်ချက်ပေးခဲ့တဲ့ အဖိုးအိုရဲ့ စကားတွေက ကောင်လေးရဲ့ ဂုဏ်သိက္ခာကို အများကြီး ထိခိုက်စေခဲ့ပြီး ပြန်ရှာဖွေမရတော့တဲ့ စာရွက်အပိုင်းအစတွေလိုပဲ ကောင်လေးမှာ ပြန်ပြင်လို့ မရလောက်အောင် ထိခိုက်နစ်နာရတယ်လို့ ပြောလိုက်ပါတယ်။ အဖိုးအိုကလည်း သူ့အမှားတွေကို ခွင့်လွှတ်ဖို့ ပြန်တောင်းပန်ခဲ့ပါသတဲ့။
ဒီဇာတ်လမ်းလေးကနေ တစ်ဆင့် ပြောပြချင်တာက လူတစ်ဖက်သားကို လွယ်လွယ် မစွပ်စွဲဖို့ပါ။ ဒီနေ့ ခေတ်မှာဆိုရင် အမုန်း စကားပြောတာတွေ၊ လူတစ်ယောက်ကို လွယ်လွယ် ဆဲဆိုလိုက်တာတွေ၊ စွပ်စွဲ အပြစ်တင် လိုက်တာတွေက သိပ်ကို အတွေ့ များလာရပါတယ်။ တစ်စုံတစ်ယောက်ရဲ့ အကြောင်းကို လွယ်လွယ်မသိဘဲ စွပ်စွဲလိုက်ခြင်း၊ အပြစ်တင် ဆဲဆိုလိုက်ခြင်းအားဖြင့် အပြောခံလိုက်ရတဲ့ သူရဲ့ ဂုဏ်သိက္ခာကို ပြန်ပြင်လို့ မရလောက်အောင် ထိခိုက်သွားစေနိုင်တာမျိုးတွေ ရှိလာနိုင်တာမို့ သေချာ မစဉ်းစားပဲ လွယ်လွယ် ပြစ်တင် စွပ်စွဲတာမျိုးတွေ မလုပ်မိဖို့ သတိထားဖို့ လိုပါတယ်။
Ref: Life: Choose Your Words Wisely