2 နှစ်များ - ဘာသာပြန်ပါ။

သစ်တောနဲ့သစ်ပင် ချစ်ခင်တဲ့လူမျိုး
သစ်ပင်ကိုနေ့စဉ်စိုက် ရွှေတိုက်ကိုစိုး ......တဲ့
ဒါတောင်မှ ရာသီဥတုက ဘာလို့ဒီလောက်ပူနေမှန်းမသိဘူး

image
2 နှစ်များ - ဘာသာပြန်ပါ။

သစ်တောနဲ့သစ်ပင် ချစ်ခင်တဲ့လူမျိုး
သစ်ပင်ကိုနေ့စဉ်စိုက် ရွှေတိုက်ကိုစိုး ......တဲ့
ဒါတောင်မှ ရာသီဥတုက ဘာလို့ဒီလောက်ပူနေမှန်းမသိဘူး

imageimage
+11
2 နှစ်များ - ဘာသာပြန်ပါ။

3D body assembly toy
ကလေးတွေကို Body parts and organs တွေအကြောင်းသင်ဘို့ အရုပ်တဲ့
သဘောကျစရာကောင်းလိုက်တာ

2 နှစ်များ - ဘာသာပြန်ပါ။

ကိုယ့်အနားက ထွက်သွားခါနီး လူတစ်ယောက်ကို အသည်းအသန် တောင်းပန် စာတွေအများကြီးပို့ ဖုန်းတွေ ဆက်တိုက်ခေါ်မိနေတဲ့အချိန်ဟာ တကယ့်ကို ကြောက်စရာပါပဲ

အဲ့ဒီအခိုက်အတန့်လေးမှာလေ ကျနော်တို့က ကိုယ်မှားခဲ့ရဲ့လားလို့လည်း မစဉ်းစားမိတော့ဘူး တောင်းပန်သင့်ရဲ့လားဆိုပြီးလည်း မဝေခွဲတတ်တော့ဘူး

နောက်ဆုံး ကိုယ်မမှားဘဲ သူ့ဘက်က မှားခဲ့တာဆိုရင်တောင် ကိုယ်ကပဲ တောင်းပန်မယ်ဆိုတဲ့အထိ ရူးမိုက်ခဲ့ကြတာ

ပြန်မလာတော့တာ သိနေရင်တောင် ကိုယ့်ဘက်က ခံစားချက်တွေကို သိစေချင်သေးတာ ကိုယ်ဘယ်လောက် တန်ဖိုးထားလဲဆိုတာ ပြောပြချင်နေသေးတယ် ကိုယ်ဘာပြောပြော တဖက်လူအတွက် အရေးမပါတော့မှန်း သိနေရင်တောင်မှလေ

သူ့ဘက်က reply လေးတစ်စောင်လောက် ဝင်လာမလားလို့ ရင်တထိတ်ထိတ်နဲ့ phone screen ကို မျက်တောင်မခတ်ရဲလောက်အောင် စိုက်ကြည့်နေမိတာ

ရုတ်တရက် ဖုန်း ringtone မြည်သံကြားရင် နှလုံးခုန်နှုန်းက အမြင့်ဆုံးထိ ဆောင့်တက်သွားသလို ခံစားခဲ့ရတာ ကိုယ်မျှော်လင့်တဲ့ ဖုန်းနံပါတ်မဟုတ်လို့ ရင်ထဲမှာ လှိုက်ကနဲ လစ်ဟာသွားတာကလည်း နှလုံးသားကို ဆွဲနှုတ်ယူလိုက်သလိုပဲ

အိပ်ချိန်ရောက်ရင်တောင် စိတ်ဖြောင့်ဖြောင့် မအိပ်နိုင်ရှာဘဲ အသိစိတ်က နိုးနေပြီး လူးလူးလိမ့်လိမ့်နဲ့ မိုးစင်စင်လင်းခဲ့ရတဲ့ မနက်တွေက မအိပ်ရဘဲ မက်ခဲ့မိတဲ့ အိပ်မက်ဆိုးတွေပေါ့

နောက်ပိုင်းတော့ ကိုယ်ခံစားခဲ့ရတဲ့ အတွေ့အကြုံတွေအရ တစုံတယောက်ကို စာတွေ အများကြီး ဆက်တိုက်မပို့တော့ဘူး

ကိုယ့်ခံစားချက်တွေ ပြောပြလို့လည်း သူတို့ဟာ ကိုယ့်အပေါ် ကိုယ်ချင်းမစာပေးခဲ့ဘူး ကိုယ်တရစပ် တောင်းပန်လို့လည်း သူတို့ပြန်မလာခဲ့ပါဘူး

ကိုယ့်အပေါ် တကယ်ချစ်ပြီး ထားမသွားမယ့်သူကလည်း ကိုယ့်တစ်ယောက်တည်း အရူးလို စာတွေ အများကြီး ပို့ရလောက်တဲ့အထိ ခံစားစေမှာ မဟုတ်ဘူးလေ

ကိုယ့်ဘက်ကပဲ အများကြီး ပြောရမယ့် အခြေအနေတွေ ရောက်လာရင်တောင် စာတွေရိုက်ခါနီးရင် အဲ့လူဟာ ကိုယ့်အတွက်မဟုတ်လို့ပဲဆိုပြီး ကိုယ့်ကိုကိုယ် သတိပေးလိုက်တယ်

ဒါပေမယ့်လည်း တယောက်ယောက်က တဖက်သတ် စာတွေ အများကြီး တရစပ်ပို့နေတာကို ဖျတ်ကနဲ မြင်မိရင်တောင်မှလေ ရင်ဘတ်ထဲမှာ တင်းကြပ်မောဟိုက်ပြီး ရင်တုန်ပန်းတုန်နဲ့ ခြေဖျားလက်ဖျားတွေ အေးစက်လာတဲ့အထိ အဲဒီ trauma က မပျောက်သေးဘူး

စိတ်ဒဏ်ရာဆိုတာ တကယ်ရခဲ့ဖူးတဲ့သူတွေအတွက်တော့ အသေးအမွှား ကိစ္စလေး လုံးဝမဟုတ်ပါဘူး...

2 နှစ်များ - ဘာသာပြန်ပါ။

Confuse to avoid confusion

image

Food

Wow

2 နှစ်များ - ဘာသာပြန်ပါ။

မြန်မာပြည်အလွတ်တန်းချန်ပီယံ အတွက် ယှဉ်ပြိုင်ကြမယ့် Thway သစ်ဝင်းလှိုင်နဲ့ထွန်းထွန်းမင်း
မကြာခင်မှာ မြန်မာပြည်အလွတ်တန်းချန်ပီယံ အတွက် မြန်မာပြည်ရဲ့ ထိပ်တန်းလက်ဝှေ့ကျော်တွေဖြစ်ကြတဲ့ Thway သစ်ဝင်းလှိုင်နဲ့ထွန်းထွန်းမင်းတို့ ရင်ဆိုင်ယှဥ်ပြိုင်သွားကြဖို့ရှိကြောင်းလည်းသိရပါတယ်။
အရင်ကThway သစ် ရဲ့စိန်ခေါ်ထားမူအတွက် လက်ရှိမှာယှဥ်ပြိုင်ဖို့အတွက် အဆင်သင့်ပဲလို့ ထွန်းထွန်းမင်းက ထုတ်ဖော်ပြောကြားလာခဲ့တာလည်းဖြစ်ပါတယ်။
လက်ရှိမှာတော့ သူတို့ ၂ ဦးယှဥ်ပြိုင်ဖို့အတွက် တိကျတဲ့ ပြိုင်ပွဲရက် ထွက်ပေါ်လာသေးတာမရှိသေးပဲ မကြာခင်မှာပွဲဖြစ်လာလို့မျော်လင့်နေကြတာလည်းဖြစ်ပါတယ်။
Credit to MM News

image
2 နှစ်များ - ဘာသာပြန်ပါ။

"ကိုယ်ချင်းစာစိတ်"

ကိုယ်ခံစားရမှ ဒဏ်ရာလို့ မထင်နဲ့။
လူတိုင်းမှာ ခံစားတတ်တဲ့နှလုံးသားရှိကြပါတယ်။

တစ်ခါတလေ.. 'သူ့နေရာမှာ ငါသာဆိုရင်'ဆိုတဲ့စိတ်က အမြဲတမ်း လူတိုင်းမှာ ရှိမနေတတ်ဘူး။ ဒုက္ခနဲ့ကြုံဖူးမှ ဒုက္ခရဲ့အခက်အခဲကို နားလည်ကြတာများသလို ကိုယ်ကိုယ်တိုင် ခံစားရတာမှပဲ ဒုက္ခလို့ ထင်တတ်ကြပါတယ်။

အမှန်တွေဆိုပေမယ့် အကျိုးအကြောင်းမသင့်လျော်ရင် ဘယ်အမှန်တရားကိုမှ လူတိုင်း လက်မခံနိူင်ပါဘူး။

ကိုယ်ကိုယ်တိုင်ကရော သူ့နေရာမှာ ဝင်ခံစားကြည့်ဖူးလား??? လူဆိုတာ လူသားဆန်တတ်ရတယ် လူ့စည်း ဆိုတာရှိရတယ်။

ဘယ်သူမုန်းမုန်း ကိုယ်မှန်တယ် ထင်နေလို့မရဘူး။ ရေငတ်ကာမှ ရေတစ်ခွက်ရဲ့တန်ဖိုးကို သိနေလို့မရဘူး။ တန်ဖိုးရှိသည်ဖြစ်စေ မရှိသည်ဖြစ်စေ တန်ဖိုးသိတဲ့သူတွေအတွက်ကတော့ အသုံးဝင်နေမှာပဲလေ။

ကိုယ်ချင်းစာတတ်ချင်ရင် စာများများဖတ်ပါ။ လူ့ဘဝမှာ အတုလုပ်ယူလို့မရတာက
ကိုယ်ကျင့်တရားနဲ့ သမိုင်းဆိုတာ သိစေချင်တယ်။ ကိုယ်ကိုယ်တိုင်က မကောင်းသရွေ့
တစ်ပါးသူကောင်း လာဖို့မမျှော်လင့်ပါနဲ့။
မှန်ထဲမှာ ပြုံးပြတာမြင်ချင်ရင် ကိုယ်တိုင်က အရင်ဆုံးပြုံးရတာပါပဲ။

လူဆိုတာ ကိုယ့်နေရာပဲ ကြည့်နေလို့မရဘူး။
သူ့နေမှာလည်း ဝင်ခံစားပေးတတ်ရတယ်..
ဒါမှ..လူပီသမှာပါ။