2 yrs - Translate

မိုးဟာ သူ့အလိုလို တိတ်သွားခဲ့လေသလား
ငါ မမှတ်မိတော့

ကြီးရင့်ခြင်းတွေကတော့
သူ့အလိုလို ရောက်လာခဲ့တယ်။

မပျော်ရွှင်ရခြင်းတွေကိုပါ
အပိုသယ်ဆောင်လာခဲ့တယ်။

ဖြစ်နိုင်မယ်ဆိုရင်
စိန်ပန်းနီနီအိပ်မက်တွေကို ပြန်လိုချင်ပါတယ်။

အလင်းသစ်(သဲကုန်း)
၂၃၊ မေ၊ ၂၀၂၄

image
2 yrs - Translate

ဆရာမ ဂျူး ပြောခဲ့သလိုပဲ
တစ်စုံတခုနဲ့ ပတ်သက်ပြီး ရွေးချယ်ပြီးတဲ့အခါ
ကိုယ်ရွေးချယ်ပြီးသွားတဲ့ အရာအပေါ်က်ို
သစ္စာရှိရတယ် တဲ့ ။

အဲ့ဒါကြောင့်ပဲ ဘယ်လိုအခြေအနေတွေပဲဖြစ်ဖြစ်
ရွေးချယ်ပြီးသွားတိုင်း နောက်ပြန်လှည့်ဖို့ မရှိခဲ့ဘူး
ဘယ်တော့မှ ရှိလာမှာလည်း မဟုတ်ဘူး ။ 🤍

image
2 yrs - Translate

တစ်ဘဝလုံးစာဖြတ်သန်းရမယ့် ကိုယ့်ဘဝခရီးရှည်ကြီးက မင်းနဲ့မှဖြစ်မှာ အချစ်ကလေးရယ်။
ကိုယ်အထီးမကျန်ချင်ဘူး။ အမြဲအတူရှိသွားကြမယ်မလား။

image
2 yrs - Translate

တစ်နိုင်ငံလုံး cele ဖြစ်ကုန်ပြီ🤣

image

cute fatty cat ?

2 yrs - Translate

တကယ်

image
2 yrs - Translate

ပီအက်စ်ဂျီကို အမ်ဘာပေ
ချန်ထားရစ်ခဲ့ပြီ

Coupe de France Final မှာတော့ ပီအက်စ်ဂျီဟာ လိုင်ယွန်ကို ၂ဂိုး၁ဂိုးဆိုတဲ့ ရလဒ်နဲ့ အနိုင်ယူပြီး ဗိုလ်စွဲခဲ့ပါတယ်။ ဒီပွဲဟာ ကီလီယမ်အမ်ဘာပေအတွက် ပီအက်စ်ဂျီကစားသမားဘ၀ နောက်ဆုံးပွဲစဉ်လို့ ဆိုနိုင်ပြီး ပဲရစ်မြို့သားတွေနဲ့အတူ နောက်ဆုံး ဆုဖလား သိမ်းပိုက်ခဲ့လို့ညဆိုရပါမယ်။

အသက်၂၅နှစ်ပဲ ရှိသေးပေမယ့် အမ်ဘာပေဟာ အသင်းကနေ ဂန္တ၀င်ကစားသမားတစ်ဦးအနေနဲ့ ထွက်ခွာသွားမှာပါ။ အသင်းနဲ့အတူ ၇နှစ်တာကာလအတွင်း ၂၅၆ဂိုးသွင်း၊ ၉၁ကြိမ်ဂိုးဖန်တီးမှု ပြုလုပ်ထားခဲ့ပြီး အသင်းရဲ့သမိုင်းမှာ သွင်းဂိုးအများဆုံး ကစာသမားအနေနဲ့ ရပ်တည်နေပါတယ်။

ဆုဖလားတွေအနေနဲ့လည်း အသင်းနဲ့အတယ လီဂူး၀မ်းဆုဖလား ၆ကြိမ်၊ Coupe de France ဖလား ၄ကြိမ် သိမ်းပိုက်ထားခဲ့ပြီး တစ်ကိုယ်တော်အနေနဲ့ လီဂူး၀မ်းနဲဘ ၁နှစ်တာအကောင်းဆုံး ကစားသမားဆုကို ၅ကြိမ်၊ ဂိးသွင်းဘုရင်ဆုကို ၆ကြိမ်အထိ သိမ်းပိုက်ထားခဲ့ပါပြီ။

ချန်ပီယံလိဂ်ဆုဖလားကွက်လပ်လေးကလွဲရင် အမ်ဘာပေရဲ့ ပီအက်စ်ဂျီကစားသမားဘ၀က ခမ်းနားခဲ့ပါတယ်။ မကြာခင်တော့ မက်ဒရစ်နဲ့အတူ ခမ်းနားတဲ့ စာမျက်နှာသစ်တစ်ခု ဖွင့်ပါတော့မယ်။ နောက်ဆုံးတော့ ပြင်သစ်သားဟာ ပီအက်စ်ဂျီကို ချန်ထားရစ်ခဲ့ပါပြီ။

image

mango smoothie

2 yrs - Translate

တစ်နေ့ကို ပုံတစ်ပုံလောက်ရိုက်ပြီး သိမ်းထားကြည့်ပါ

ဖုန်းတွေ ခေတ်မစားခင် အရင်ခေတ်က
ဒိုင်ယာရီစာအုပ်ထဲမှာ တစ်နေ့တာအဖြစ်တွေကို ရေးထားကြဖူးတဲ့ ကိုယ်တို့ အဖေအမေ၊ အဖိုးအဖွားခေတ်ကလူတွေ
နေ့တွေကြာလို့ အသက်တွေရရင် အဲ့ဒိုင်ယာရီကိုဖတ်ပြီး ပြန်ပြီး တစ်နေ့တာကို ပြန်အမှတ်ရကြသလို

တစ်နေ့မှာ ပုံတစ်ပုံလောက်ရိုက်ပြီး
သိမ်းထားဖို့ ဒီနှစ်ပိုင်းတွေမှာ ကြိုးစားဖြစ်တယ်။

အထူးသဖြင့် Lu တို့တွေ တစ်သက်တာမှာ
အမှတ်တရဖြစ်ဖြစ် ထင်ကျန်ခဲ့တဲ့ နေ့ရက်တွေကလွဲရင် တစ်နေ့တစ်နေ့ ရှင်သန်လှုပ်ရှားနေရတာတွေက
တစ်ရက်ပြီးတစ်ရက်ပြီးဆုံးသွားတဲ့အခါ
ဘာမှ မယ်မယ်ရရ မရှိတော့သလို ဖြစ်နေရတတ်တယ်။
တစ်နေ့ပြီးတယ် အဲ့နေ့အကြောင်း နောက် ၂ ရက်ပြန်စဉ်းစားကြည့်ရင်ဘာမှစဉ်းစားမရတော့တာမျိုး ကြုံဖူးလား။

ဒါကြောင့် ပုံလေးတစ်ပုံ
ကော်ဖီဝယ်သောက်ဖြစ်ရင် ကော်ဖီခွက်ပုံ၊
ကြက်ကြော်ဝယ်စားရင် ကြက်ကြော်ပုံဖြစ်ဖြစ်
လမ်းဘေးမှာ ကြောင်လေးခွေးလေးချစ်စရာတွေ့ရင် ရိုက်ဖြစ်တာမျိုး
ပန်းပွင့်လေးပေါ်မှာ လိပ်ပြာလေးနားနေတာတွေ့လို့ ရိုက်ဖြစ်တာမျိုး လုပ်ကြည့်ပါ။

ကိုယ်တို့တွေ ရှင်သန်ရတဲ့ ရက်ပေါင်း
၂၅,၀၀၀ နီးနီးမှာ ကိုယ်တို့တကယ်မှတ်မိမယ့်
အမှတ်တရတွေ ရှိနေမယ့် ရက်တွေက
ဘယ်လောက်ရှိမှာမို့လို့လဲ။
ကိုယ်တို့က အဲ့ဒီရက်တွေက အဖြစ်အပျက်တချို့ကို
မေ့ပစ်ရင်ကျ နှမြောစရာမကောင်းဘူးလား။

(စာကြွင်း ဖုန်းပုံသိပ်မဆန့်သူများအတွက်ကျ
Storage မဆန့်ဘူးဆိုရင်တောင်
Telegram or Messenger မှာ ကိုယ့် Accကို
ပြန်ပို့တာမျိုး Save လုပ်ကြည့်ပါ။)

ဒါမှ တစ်ချိန်ပြန်ကြည့်ရင်
အဲ့နေ့ကတော့ ပန်းပွင့်ပေါ်လိပ်ပြာနားနေတာတောင်ငါပျော်နေခဲ့တာပဲ။ ကြက်ကြော်ကို စားနေခဲ့တာပဲ။
ရုပ်ရှင်ကို တစ်ယောက်တည်းကြည့်ဖြစ်ခဲ့တာပဲ စသဖြင့်ပေါ့...။

Lu တို့ကမ္ဘာမြေကြီးတစ်ခုလုံးအတွက်
တိတ်ဆိတ်အကျည်းတန်ခဲ့ပြီး
လူအချင်းချင်း ခပ်ကင်းကင်း​နေခဲ့ရတဲ့
COVID ကာလ Home Stayအချိန်တွေမှာ
ဘာတွေလုပ်ဖြစ်ခဲ့လဲဆိုတဲ့ ပုံလေးတွေကို
ပြန်ကြည့်ဖူးလား။
အဲ့ဒီအချိန် ဘာတွေလုပ်ဖြစ်ခဲ့လဲ။
မိသားစုနဲ့နေပြီး ပျော်စရာအချိန်တွေဖန်တီးကြခဲ့တယ်မဟုတ်လား။ မုန့်တွေလုပ်စားရင်း၊ အတင်းတွေသတင်းတွေမျှရင်း၊ Tik Tok တွေကကြတယ်။

ဒါတွေဟာ အမှတ်တရတွေမဟုတ်လား။

အရင်ခေတ်တွေ ကင်မရာဖလင်တွေမှာတောင်
အမှတ်တရတွေကို အကန့်အသတ်နဲ့
ဖန်တီးခဲ့ကြသေးတာပဲ။
တို့တွေလက်ထဲမှာ ကိုယ်ပိုင်ကင်မရာနဲ့ ဖုန်းပြောလို့ရတဲ့မျက်မှောက်ခေတ်အတွင်း
တစ်ရက်မှာ ပုံတစ်ပုံဖြစ်ဖြစ် ရိုက်ကြရအောင်

အမှတ်ရစရာ
အခိုက်အတန့်တွေဖန်တီးကြရအောင်

image

Fried Chicken Wings Recipe~