Discover postsExplore captivating content and diverse perspectives on our Discover page. Uncover fresh ideas and engage in meaningful conversations
#ရွှေစျေး
တက်လာပါသေးတယ်ဗျို့ 5,140,000 MMK
ကမ္ဘာ့ရွှေ 2,416.26 USD/Oz ထိ ကျနေသေးပါတယ်။
ပါးပါးကျမယ်လို့ခန့်မှန်းတာ ပါးပါး ထပ်တက်လာသေးတယ်ဗျို့
ညနေ ကျမယ် သို့မဟုတ် တန့်နေမယ်ဆိုရင်တော့ အဝယ်လေးတွေရယ် အားနာနာနဲ့ မစောင့်ပါနဲ့တော့လို့။
#goldpricereview
တစ်နှစ်တည်းမှာပဲ အမြွှာ ၈ တွဲကို ကျောင်းအပ်လက်ခံခဲ့ရတဲ့ မူလတန်းကျောင်း
အိန္ဒိယနိုင်ငံ၊ အိုက်ဇောမြို့က မူလတန်းကျောင်းတစ်ကျောင်းဖြစ်တဲ့ Government College Veng Primary School ဟာ လူမှုကွန်ယက်အသုံးပြုသူတွေ အာရုံစိုက်ခံနေရတဲ့ ကျောင်းတစ်ကျောင်းဖြစ်လာပါတယ်။ အခုနှစ်မှာ အဲဒီကျောင်းဟာ အမြွှာ ၈ တွဲကို ကျောင်းအပ်လက်ခံခဲ့ရလို့ပါပဲ။ အမြွှာ ၈ တွဲပါတဲ့ ဓာတ်ပုံတစ်ပုံက လူမှုကွန်ယက်ပေါ်မှာ ပျံ့နှံ့သွားခဲ့တာပါ။
အရင်နှစ်တွေတုန်းကလည်း အမြွှာတွေကို ကျောင်းအပ်လက်ခံခဲ့ရပေမဲ့ အခုနှစ်မှာ ပိုများတဲ့အတွက် အရင်စံချိန်ကို ချိုးခဲ့တာပါ။ စာသင်ခန်းတွေမှာ လက်ရှိပညာသင်ကြားနေတဲ့ အမြွှာ ၈ တွဲရှိတယ်ဆိုတာ မနက်ခင်း ဝန်ထမ်းဆွေးနွေးပွဲမှာ သိရလို့ ဝမ်းသာရတယ်လို့ ကျောင်းအုပ်ဆရာ H Lalventluanga က ပြောပါတယ်။
အမြွှာ ၈ တွဲကတော့ ယောကျ်ားလေးမိန်းကလေးအမြွှာ ၁ တွဲ၊ မိန်းကလေးအမြွှာ ၄ တွဲ၊ ယောက်ျားလေးအမြွှာ ၃ တွဲ တို့ပါ။ အဲ့ဒီထဲက ယောကျာ်းလေးမိန်းကလေးအမြွှာဟာ ကျောင်းအုပ်ကြီးရဲ့ကလေးတွေပါ။ သူ့သားနဲ့သမီးက လက်ရှိ KG 1 မှာ သင်ယူနေတာဖြစ်ပြီး ဇူလိုင်လ ၂၁ ရက်နေ့မှာ အသက် ၅ နှစ်ပြည့်မှာဖြစ်ပါတယ်။
တောင်သူတစ်ဦးက ပိုလျှံနေတဲ့ အာလူးသန်းချီကို လိုအပ်နေသူတွေအတွက် လှူဒါန်း
ကနေဒါနိုင်ငံမှ တောင်သူတစ်ဦးဟာ ပိုလျှံနေတဲ့ အာလူးသန်းချီကို လိုအပ်နေသူတွေအတွက် လှူဒါန်းပေးခဲ့ပါတယ်။ မာနီတိုဘာမြို့မှာ နေထိုင်တဲ့တောင်သူ ဟိုဖာဟာ အခုနှစ် အာလူးထွက်ချိန်မှာ အာလူး အလွန်အထွက်တိုးပြီး အလေးချိန် ပေါင် ၁၀ သန်းလောက်အထိ ပိုလျှံနေခဲ့လို့ ကြံရာမရ ဖြစ်ခဲ့ပါတယ်။
အဲဒီနောက်မှာတော့ The Farmlink Project နဲ့ ဆက်သွယ်ပြီး ပိုလျှံနေတဲ့ အာလူးတွေကို လိုအပ်နေသူတွေထံ လှူဒါန်းပေးနိုင်ခဲ့တာပါ။ လွန်ခဲ့တဲ့ ၄ နှစ်မှာ စတင်တည်ထောင်ခဲ့တဲ့ The Farmlink Project ဟာ တောင်သူတွေရဲ့ ပိုလျှံနေတဲ့ သီးနှံတွေကို လိုအပ်နေသူတွေထံ ဖြန့်ဖြူးပေးတဲ့ အဖွဲ့အစည်းပါ။ အမေရိကန်နိုင်ငံနဲ့ မြောက်အမေရိကတိုက်တစ်ဝန်းမှာ ပိုလျှံနေတဲ့ ထွက်ကုန်ပစ္စည်း အလေးချိန် ပေါင်သန်း ၂၂၀ ကို လိုအပ်နေသူတွေထံ ပို့ဆောင်ပေးနိုင်ခဲ့ပြီး အဲဒီပမာဏက အိမ်ထောင်စုတွေအတွက် အစားအစာအနပ်ပေါင်း ၁၈၃ သန်းနဲ့ ညီမျှပါတယ်။