Discover postsExplore captivating content and diverse perspectives on our Discover page. Uncover fresh ideas and engage in meaningful conversations
Video တစ်ပုဒ်တင်တိုင်း ဒေါ်လာသန်းပေါင်းများစွာရတဲ့ MrBeast က YouTube ပေါ်မှာ Subscriber အများဆုံး ဖြစ်သွားပြီ။
အရင်တုန်းကတော့ Bollywood Channel ဖြစ်တဲ့ T-Series က Subscriber အများဆုံးပါ။ အခုတော့ MrBeast က T-Series ကို ကျော်တက်ပြီး နံပါတ် ၁ ဖြစ်သွားပါပြီ။
Fun Fact အနေနဲ့ ပြောရမယ်ဆိုရင် MrBeast Video တွေရဲ့ ကုန်ကျစရိတ်က ဒေါ်လာသန်းချီပြီး ရှိပါတယ်။ အဲ့ဒီလိုပဲ YouTube ပေါ်မှာ Video တစ်ပုဒ်တင်တိုင်းလည်း ဒေါ်လာသန်းပေါင်းများစွာ ပြန်ရပါတယ်။ YouTube ကြော်ငြာကနေ ပျမ်းမျှ ဒေါ်လာ ၂သန်း ဝန်းကျင်၊ Video ထဲက Brand ကြော်ငြာကနေ ဒေါ်လာ ၂သန်း ဝန်းကျင်ရကြောင်း MrBeast က Time မဂ္ဂဇင်းနဲ့ အင်တာဗျူးမှာ ပြောဖူးပါတယ်။
သူ့ရဲ့ Video တစ်ပုဒ်ဝင်ငွေဟာ ကျွန်တော်တို့ တစ်ဘဝလုံးထိုင်စားလို့ မကုန်တဲ့ ပမာဏပါပဲ။