2 နှစ်များ - ဘာသာပြန်ပါ။

Mac အတွက် Application ထွက်လာတော့မယ့် OpenAI ရဲ့ ChatGPT App

iOS တွေနဲ့ Android တွေအတွက် OpenAI App ကထွက်လာခဲ့တာ လအတန်ကြာပါပြီ။ ခုချိန်မှာတော့ OpenAI အနေနဲ့ Mac User တွေအတွက် Stand Alone App ကိုပါ ထုတ်ပေးတော့မယ်လို့ တရားဝင်ကြေငြာလိုက်ပါတယ်။ လောလောဆယ်မှာတော့ ChatGPT + ဝယ်သုံးတဲ့သူတွေအတွက် စမ်းသပ်သုံးစွဲခွင့်ရနေပါပြီ။ ရိုးရိုး Version သုံးနေသူတွေကတော့ မကြာခင်လို့ပဲ ကြေငြာထားပါတယ်။

Mac App မှာဆိုရင် ပိုပြီး User Friendly ဖြစ်၊ ပိုပြီး AI နဲ့စကားပြောရတာ အဆင်ပြေမယ့် UI အသစ်ကိုပြောင်းလဲပေးထားသလို၊ Mic ဖွင့်ပြီးလည်း အသံနဲ့တစ်ဆင့် AI ကိုအသုံးပြုနိုင်မှာပါ။

အသစ်ထွက်လာမယ့် ChatGPT-4 Omini ကိုလူတိုင်းအခမဲ့နီးပါးသုံးစွဲခွင့် ပေးသွားမှာဖြစ်သလို၊ လူတစ်ယောက်နီးပါးလိုမျိုး ဆက်သွယ်အသုံးပြုနိုင်ဖို့အထိ ရည်မှန်းထားတယ်လို့ OpenAI ကရည်မှန်းထားတာပါ။ ChatGPT-4o မှာ အရင်ကလို စာတွေကြီးပဲ Reply ပြန်တာမျိုးမဟုတ်ပဲ၊ အသံဖိုင်တွေ၊ ပုံတွေနဲ့လည်း Reply ပြန်နိုင်မယ့် စွမ်းရည်ပါဝင်ဦးမှာပါ။

Apple ကလည်း Siri ကို ChatGPT နဲ့ Google Bard တို့ထဲက တစ်ခုခုကို အသုံးပြုပြီး အဆင့်မြှင့်တင်ပြီး Apple AI ထွက်လာဦးမှာဆိုတော့ ဒီနှစ်ကုန်ပိုင်းမှာလည်း AI ပြိုင်ပွဲတွေက ဆက်လက်ပြီး မြင့်တက်လာဖို့ပဲရှိပါတယ်။

ပုံကတော့ ChatGPT Mac App က Screenshot တစ်ခုပါ။

image
2 နှစ်များ - ဘာသာပြန်ပါ။

hmm 🤔

image
2 နှစ်များ - ဘာသာပြန်ပါ။

ယနေ့ နိုင်ငံခြားငွေလဲလှယ်နှုန်း (မေ - ၁၄ ရက်)

-အမေရိကန်ဒေါ်လာ
ရောင်းဈေး - ၃၉၉၀ ကျပ်
ဝယ်ဈေး - ၃၉၅၀ ကျပ်

-စင်္ကာပူဒေါ်လာ
ရောင်းဈေး - ၂၉၁၀ ကျပ်
ဝယ်ဈေး - ၂၈၆၀ ကျပ်

-ယူရို
ရောင်းဈေး - ၄၃၄၈ ကျပ်
ဝယ်ဈေး - ၄၂၅၅ ကျပ်

-ထိုင်းဘတ်
ရောင်းဈေး - ၁၀၈.၇၀ ကျပ်
ဝယ်ဈေး - ၁၀၆.၃၈ ကျပ်

-မလေးရှားရင်းဂစ်
ရောင်းဈေး - ၈၉၇ ကျပ်
ဝယ်ဈေး - ၈၈၇ ကျပ်

-တရုတ်ယွမ်
ရောင်းဈေး - ၅၅၀ ကျပ်
ဝယ်ဈေး - ၅၄၀ ကျပ်

-ဂျပန်ယန်း
ရောင်းဈေး - ၂၅.၆၄ ကျပ်
ဝယ်ဈေး - ၂၄.၀၉ ကျပ်

-အိန္ဒိယရူပီး
ရောင်းဈေး - ၄၇.၈၉ ကျပ်
ဝယ်ဈေး - ၄၆.၈၆ ကျပ်

-ကိုရီးယားဝမ်
ရောင်းဈေး - ၂.၉၂ ကျပ်
ဝယ်ဈေး - ၂.၈၆ ကျပ်

-စတာလင်ပေါင်
ရောင်းဈေး - ၄၉၄၀ ကျပ်
ဝယ်ဈေး - ၄၈၃၅ ကျပ်

-ဩစတြေးလျဒေါ်လာ
ရောင်းဈေး - ၂၆၅၁ ကျပ်
ဝယ်ဈေး - ၂၅၉၄ ကျပ်

-ကနေဒါဒေါ်လာ
ရောင်းဈေး - ၂၉၃၇ ကျပ်
ဝယ်ဈေး - ၂၈၇၅ ကျပ်

-ဟောင်ကောင်ဒေါ်လာ
ရောင်းဈေး - ၅၁၇ ကျပ်
ဝယ်ဈေး - ၅၀၆ ကျပ်

-ယူအေအီး
ရောင်းဈေး - ၁၀၈၇ ကျပ်
ဝယ်ဈေး - ၁၀၆၃ ကျပ်

ငွေလဲနှုန်းများ အချိန်နှင့်အမျှ ပြောင်းလဲနိုင်သည်။

image
2 နှစ်များ - ဘာသာပြန်ပါ။

မေလ(၁၄)ရက်နေ့မှာ ကစားမယ့် တော့တင်ဟမ်ဟော့စပါး-မန်စီးတီးပွဲမှာ ဘယ်သူတွေက ဘယ်အသင်းကို အားပေးကြမလဲ

လာမည့် မေလ(၁၄)ရက်နေ့တွင် ကစားမည့် ပရီးမီးယားလိဂ်ပွဲစဉ် တော့တင်ဟမ်ဟော့စပါး-မန်စီးတီးပွဲတွင် မည်သည့်အသင်းပရိသတ်တွေက မည်သည့်အသင်းကို အားပေးမည်ဆိုသည်ကို တွက်ဆကြည့်လျှင် နောက်ခံအကြောင်းတရားများအရ Mind Blowing (အံအားသင့်စရာ)ဖြစ်စေနိုင်သည့် အချက်များကို တွေ့ရမည်ဖြစ်သည်။

■ အာဆင်နယ်ပရိသတ်များက မြို့ခံပြိုင်ဘက်တော့တင်ဟမ်ဟော့စပါးအသင်း အနိုင်ရရှိစေရန် အားပေးကြမည်။

အကြောင်းအရင်း - အာဆင်နယ်အသင်းနှင့် စပါးအသင်းမှာ ခါးသီးသောမြို့ခံပြိုင်ဘက်များဖြစ်သော်လည်း အာဆင်နယ်ပရိသတ်များက ယင်းပွဲ၌ စပါးအသင်းအနိုင်ရစေရန်အလိုရှိကြမည်မှာ မြေကြီးလက်ခတ်မလွဲဖြစ်သည်။ပရီးမီးယားလိဂ်ချန်ပီယံဆုအတွက် အပြိုင်ဖြစ်နေသော မန်စီးတီးအသင်းရမှတ်လျော့စေရန်အတွက် အာဆင်နယ်ပရိသတ်များက တော့တင်ဟမ်ဟော့စပါးအသင်းကို အားပေးကြလိမ့်မည်ဖြစ်သည်။

■ တော့တင်ဟမ်ဟော့စပါးပရိသတ်များက မန်စီးတီးအသင်းအနိုင်ရစေရန် အားပေးကြမည်။

အကြောင်းအရင်း - ယင်းပွဲမှာ တော့တင်ဟမ်ဟော့စပါးအသင်းနှင့် မန်စီးတီးအသင်းတို့၏ ပွဲဖြစ်သော်လည်း တော့တင်ဟမ်ဟော့စပါးပရိသတ်အများစုအနေဖြင့် ၎င်းတို့အသင်းအနိုင်ရသည်ကို မြင်တွေ့လိုမည်မဟုတ်ပေ။ပရီးမီးယားလိဂ်တွင် ၎င်းတို့၏ခါးသီးသော မြို့ခံပြိုင်ဘက်အာဆင်နယ်အသင်း ချန်ပီယံမဖြစ်စေရန် စပါးပရိသတ်အများစုက အလိုရှိနေကြပြီး ယင်းပွဲတွင် မန်စီးတီးအသင်းရမှတ်ပြည့်ရရှိရေးအတွက်သာ ဆန္ဒရှိနေကြမည်ဖြစ်သည်။

image
2 နှစ်များ - ဘာသာပြန်ပါ။

မုန်တိုင်းသတိ 🔴🔴🔴🔴
၂၀၂၄ မေလ ၁၉ရက်နေ့မှ ၂၅ရက်နေ့အတွင်း
Deep Depression မုန်တိုင်းငယ် သိုမဟုတ် Cat 2 Cat 3 အဆင့်ရှိမုန်တိုင်းတစ်လုံးဖြစ်ပေါ်လာနိုင်ပြီး
ရန်ကုန်တိုင်း ဧရာဝတီတိုင်း ရခိုင်ပြည်နယ်ဒေသတွေကိုခြိမ်းခြောက်နိုင်ပါတယ်
လက်ရှိ မိုးလေဝသဂြိုလ်တုပုံရိပ်လေစီးဒေတတွေအရ ရန်ကုန်တိုင်းနှင့်ဧရာဝတီတိုင်းအစပ်ကနေဝင်ရောက်နိုင်ပါတယ် ရက်ဝေးကြိုတင်သတိပေးခန့်မှန်းပေးလိုက်တာဖြစ်ပြီး ပိုမိုတိကျသေချာစေရန်အတွက် အဆင်မြင့် weather data အချက်အလက်များကို ဝယ်ယူစိစစ်တွက်ချက်ပြီး အချိန်နှင့်တပြေးညီခန့်မှန်းပေးသွားမှာဖြစ်ပါတယ်
အရေးကြီးပါသဖြင့်
share ပေးကြပါ
ISSUED TIME
13/05/2024 4:26pm(MMT)
Su Su San မင်း ဂွတ် သီး
𝙈𝙚𝙩𝙚𝙤𝙧𝙤𝙡𝙤𝙜𝙞𝙘𝙖𝙡 𝘾𝙚𝙣𝙩𝙧𝙚

image
2 နှစ်များ - ဘာသာပြန်ပါ။

ယနေ့ ရွှေဈေး (မေ - ၁၄ ရက်၊ နံနက် ၁၀ နာရီ)
-ကမ္ဘာ့ရွှေဈေး
တအောင်စ ၂၃၃၆ ဒေါ်လာ

-အခေါက်ရွှေ တကျပ်သား (ပြင်ပဈေးကွက်)
ရောင်းဈေး ၄၈၆၀၀၀၀ ကျပ်
ဝယ်ဈေး ၄၈၂၀၀၀၀ ကျပ်

-၁၅ ပဲရည် တကျပ်သား
ရောင်းဈေး ၄၆၆၀၀၀၀ ကျပ်
ဝယ်ဈေး ၄၆၂၀၀၀၀ ကျပ်

“လက်ရှိ ရွှေဈေးကွက်အတွင်း ဈေးနှုန်းအတက်အကျ မငြိမ်သေးတဲ့အတွက် ရောင်းမှား၊ ဝယ်မှား မဖြစ်ဖို့ သတိပြုစေလိုပါတယ်။”

ရွှေဈေးနှုန်းများ အချိန်နှင့်အမျှ ပြောင်းလဲနိုင်သည်။

image

2 နှစ်များ - ဘာသာပြန်ပါ။

ဗဟိုဘဏ်က ထုတ်ပြန်ထားသော စည်းမျဉ်း၊ စည်းကမ်းနှင့်ညွှန်ကြားချက်များ လိုက်နာမှုမရှိဟုဆိုကာ ကုမ္ပဏီခြောက်ခု၏ နိုင်ငံခြားငွေများ ဝယ်ယူရောင်းချလဲလှယ်ပေးခွင့် လိုင်စင်များရုပ်သိမ်းကြောင်း ဗဟိုဘဏ်က ထုတ်ပြန်ထားသည်။

မြန်မာနိုင်ငံတော်ဗဟိုဘဏ်က ခွင့်ပြုထုတ်ပေးထားသည့် အောက်ဖော်ပြပါ နိုင်ငံခြားငွေများ ဝယ်ယူရောင်းချလဲလှယ်ပေးခွင့် လိုင်စင်ရကုမ္ပဏီခြောက်ခုသည် မြန်မာနိုင်ငံတော်ဗဟိုဘဏ်က ထုတ်ပြန်ထားသော စည်းမျဉ်း၊ စည်းကမ်းနှင့်ညွှန်ကြားချက်များ လိုက်နာမှုမရှိသဖြင့် နိုင်ငံခြားငွေများ ဝယ်ယူ ရောင်းချလဲလှယ်ပေးခွင့်လိုင်စင် (Money Changer License)အား ၂၀၂၄ ခုနှစ် ဧပြီ ၅ ရက်မှစ၍ ရုပ်သိမ်းလိုက်သည်။

ယင်းကုမ္ပဏီများမှာ New World Financial Group of Co.,Ltd ၊G.S.T Travels&Tours Co.,Ltd ၊ Prima Win Co.,Ltd ၊ Great Jewel Star Co.,Ltd ၊ Shwe D P Co.,Ltd ၊ JMJ International Co.,Ltd တို့ဖြစ်သည်။

မြန်မာနိုင်ငံတော်ဗဟိုဘဏ်သည် နိုင်ငံခြားငွေကြေးစျေးကွက်တည်ငြိမ်စွာဖြင့် ဖွံ့ဖြိုးစေရန်နှင့် နိုင်ငံခြားငွေလဲလှယ်နှုန်းတည် ငြိမ်စေရန်ပို့ကုန်သွင်းကုန်လုပ်ငန်းရှင်များနှင့် ဘဏ်များပါဝင်သော Online Trading Market ကို ဖော်ဆောင်ပေးနေသကဲ့သို့၊ ပြည်ပသို့သွားရောက်သူများအတွက် လိုအပ်သော အသေးသုံးနိုင်ငံခြားငွေကြေးများကို မြန်မာနိုင်ငံတော်ဗဟိုဘဏ်၏လမ်းညွှန်မှုဖြင့် နိုင်ငံခြားငွေဝယ်ယူရောင်းချလဲလှယ်ပေးသော ငွေလဲကောင်တာများတွင် ရောင်းချလျက်ရှိသည်။

ထို့ပြင်နိုင်ငံခြားသုံးငွေစီမံခန့်ခွဲမှုဥပဒေနှင့် ယင်းဥပဒေအရထုတ်ပြန်သော ညွှန်ကြားချက်များကို နိုင်ငံခြားငွေများလဲလှယ် ရောင်းဝယ်ရေးလုပ်ငန်းဆောင်ရွက်သူများအနေဖြင့် လိုက်နာဆောင်ရွက်စေရန်အတွက် နိုင်ငံခြားငွေလဲကောင်တာများအား ကွင်းဆင်းစစ်ဆေးလျက်ရှိကြောင်း သိရသည်။

မြန်မာနိုင်ငံတော် ဗဟိုဘဏ်အနေဖြင့် နိုင်ငံခြားငွေကြေးစျေးကွက်နှင့် နိုင်ငံခြားငွေလဲလှယ်နှုန်း တည်ငြိမ်ခိုင်မာစေရေးအတွက် ယခုကဲ့သို့ ရှောင်တခင်ကွင်းဆင်းစစ်ဆေးခြင်းများ ဆောင်ရွက်ပြီး ဥပဒေပါပြဋ္ဌာန်းချက်များနှင့်အညီ ကြပ်မတ်ထိန်းကျောင်းသွားမည် ဖြစ်ကြောင်းသတင်းထုတ်ပြန်ထားသည်။

မြန်မာနိုင်ငံတော်ဗဟိုဘဏ်သည် အဓိက ရည်မှန်းချက်ဖြစ်သည့် ပြည်တွင်းစျေးနှုန်းတည်ငြိမ်မှုရရှိရန်နှင့် ထိန်းသိမ်းရန်အတွက် ငွေကြေးမူဝါဒကို အကောင်အထည်အထည်ဖော်ဆောင်ရွက်ရာတွင် ငွေလဲလှယ်နှုန်းတည်ငြိမ်ရေးသည် အဓိကအခန်းကဏ္ဍမှ ပါဝင်လျက်ရှိရာ မြန်မာနိုင်ငံတော်ဗဟိုဘဏ်ဥပဒေ ပုဒ်မ-၄၀(ခ)၊(ဂ)နှင့်(ဃ)တို့အရ နိုင်ငံခြားငွေလဲလှယ်နှုန်းဆိုင်ရာမူဝါဒကို ဆုံးဖြတ်ခြင်းနှင့် အကောင်အထည်ဖော်ဆောင်ရွက်ခြင်း၊ အစိုးရအဖွဲ့အား နိုင်ငံခြားငွေလဲလှယ်နှုန်းစနစ်နှင့် စပ်လျဉ်း၍အကြံပြုခြင်း၊ နိုင်ငံတော်၏ နိုင်ငံခြားသီးသန့်ငွေကို ထိန်းသိမ်းခြင်းနှင့် စီမံခန့်ခွဲခြင်းတို့ကို ဆောင်ရွက်လျက်ရှိသည်။

2 နှစ်များ - ဘာသာပြန်ပါ။

Have a Good luck Day! 🍀

image