2 နှစ်များ - ဘာသာပြန်ပါ။

(15.5.2024) Wednesday

ယနေ့ နံနက်ခင်း ရွှေဈေး၊ငွေဈေး နှင့် ဆီဈေးနှုန်းများအား ဖော်ပြပေးလိုက်ပါတယ်

image
image
image
image
2 နှစ်များ - ဘာသာပြန်ပါ။

ပြည်တွင်းရွှေဈေး အမြင့်ဆုံးစံချိန်အဖြစ် တကျပ်သား ကျပ် ၄၉ သိန်းကျော်ထိ မြင့်တက်လာ

လက်ရှိ ပြည်တွင်းရွှေဈေးနှုန်းမှာ သမိုင်းတလျှောက် စံချိန်တင် အမြင့်ဆုံးအဖြစ် တကျပ်သား ကျပ် ၄၉ သိန်းကျော်ကို ရောက်ရှိလာတယ်လို့ ဈေးကွက်အတွင်းက သိရပါတယ်။

ကျပ်ငွေတန်ဖိုး ကျဆင်းလာခြင်းကြောင့် နိုင်ငံခြားငွေလဲနှုန်းတွေ မြင့်တက်လာခြင်းနဲ့အတူ လက်ရှိမှာ ကမ္ဘာ့ရွှေဈေးနှုန်းတွေလည်း မြင့်တက်နေတဲ့အတွက် ဒီကနေ့ မေ ၁၅ ရက် မနက်ပိုင်းမှာတော့ ပြည်တွင်းရွှေဈေးနှုန်းဟာ ကျပ် လေးဆယ့်ကိုးသိန်း နှစ်သောင်းဝန်းကျင်ကို ရောက်ရှိလာတယ်လို့ သိရပါတယ်။

“၄၉ သိန်းကျော်ကတော့ အမြင့်ဆုံးဈေးပေါ့။ တခါမှ မဖြစ်ဖူးသေးဘူး။ စံချိန်ချိုးသွားတာပေါ့။ ဒေါ်လာဈေးတက်တာရယ်၊ ကမ္ဘာ့ရွှေဈေး တက်တာရယ်၊ နိုင်ငံရေး အခြေအနေတွေကြောင့်ရော အားလုံး ပေါင်းစုံသွားတဲ့အတွက် စံချိန်တင် တက်သွားတာပေါ့” လို့ ရွှေလုပ်ငန်းရှင်တယောက်က ပြောပါတယ်။

ပြည်တွင်းရွှေဈေးဟာ ပြီးခဲ့တဲ့ မေ ၈ ရက်က ကျပ် လေးဆယ့်ခုနစ်သိန်း ရှစ်သောင်းငါးထောင် ရှိခဲ့ရာကနေ တပတ်အတွင်း ကျပ် တသိန်းသုံးသောင်း ငါးထောင် မြင့်တက်လာတာ ဖြစ်ပါတယ်။

“နိုင်ငံရေး အခြေအနေတွေကြောင့် ဈေးကွက်မငြိမ်ဘူး။ အားလုံးကတော့ ဆက်စပ်နေတာပေါ့။ ဒေါ်လာဈေးနဲ့ ကမ္ဘာ့ရွှေဈေး ပြန်မကျရင်တော့ ပြည်တွင်းရွှေဈေးက မကျနိုင်တော့ဘူး” လို့ ရွှေလုပ်ငန်းရှင်က ပြောပါတယ်။

ကမ္ဘာ့ရွှေဈေးဟာ ပြီးခဲ့တဲ့ မေ ၈ ရက်က တအောင်စ ၂၃၀၄ ဒေါ်လာ ရှိခဲ့ရာက ဒီကနေ့ မေ ၁၅ ရက်မှာတော့ တအောင်စ ၂၃၅၇ ဒေါ်လာကို ရောက်ရှိနေပြီး တပတ်အတွင်း တအောင်စ ၅၃ ဒေါ်လာ မြင့်တက်လာတာ ဖြစ်ပါတယ်။

အမေရိကန်ဒေါ်လာဈေးကတော့ ပြီးခဲ့တဲ့ မေ ၈ ရက်က တဒေါ်လာ ၃၉၇၀ ကျပ်သာ ရှိခဲ့ပေမယ့် ဒီကနေ့မှာတော့ တဒေါ်လာ ၄၀၃၀ ကျပ်ကို ရောက်ရှိနေပြီး တပတ်အတွင်း တဒေါ်လာ ကျပ် ၆၀ မြင့်တက်လာတာ ဖြစ်ပါတယ်။

အခုလို ပြည်တွင်းက ပြင်ပရွှေဈေး နှုန်း မြင့်တက်လာတာနဲ့ ပတ်သက်လို့ ရန်ကုန်တိုင်းရွှေအသင်း ဥက္ကဋ္ဌ ဦးမျိုးမြင့်က လက်ရှိ ရွှေဈေးနှုန်းဟာ ကောလဟာလ လေပက်ကားတွေသာဖြစ်ပြီး ရွှေရောင်းဝယ်မှုကို အရေးကြီးဝန်‌ဆောင်မှုအဖြစ် သတ်မှတ်တော့မှာ ဖြစ်တာကြောင့် ရွှေဈေးကွက်ကို ပြန်လည် ထိန်းနိုင်တော့မှာ ဖြစ်တယ်လို့ ပြောပါတယ်။

“ရွှေရောင်းဝယ်ခြင်း လုပ်ငန်းကို အရေးကြီး ဝန်ဆောင်မှုလုပ်ငန်းအဖြစ် သတ်မှတ်ဖို့ ဥပဒေရေးဆွဲနေပြီပေါ့။ အဲဒါ မကြာခင် ထွက်လာတော့မယ်။ အဲဒါပြီးလို့ရှိရင်တော့ ရွှေလောကမှာ ဈေးကစားတာတွေ၊ ဈေးနှုန်း မတည်မငြိမ်ဖြစ်တာတွေ မရှိတော့ပါဘူး။ အဲဒါနဲ့ အရေးယူဆောင်ရွက်သွားမယ့်အပိုင်း ရှိပါတယ်” လို့ YGEA ဥက္ကဋ္ဌက ပြောပါတယ်။

ရွှေရောင်းဝယ်မှုကို အရေးကြီး ဝန်ဆောင်မှုလုပ်ငန်းအဖြစ် သတ်မှတ်နိုင်ဖို့ သယံဇာတနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီးဌာနက ဗဟိုဘဏ်အပါအဝင် သက်ဆိုင်ရာဌာနအသီးသီးနဲ့ ပူးပေါင်း ရေးဆွဲ ဆောင်ရွက်နေပြီး မကြာမီ ဥပဒေ ထွက်ရှိလာတော့မှာ ဖြစ်တယ်လို့ သိရပါတယ်။

“ဒီလထဲမှာ‌တော့ ဥပဒေ အတည်ပြုဖို့ မဖြစ်နိုင်သေးဘူး။ လက်ရှိမှာ ဥပဒေက ရေးဆွဲနေတယ်၊ မကြာခင် ထုတ်ပြန်တော့မယ်၊ ဒီလောက်ပဲ ပြောလို့ရမယ်။ အရေးယူဆောင်ရွက်မယ့် အပိုင်းကိုလည်း ဥပဒေမထွက်ခင် ကြိုပြောလို့ မ‌ရသေးဘူး” လို့ YGEA ဥက္ကဋ္ဌက ပြောပါတယ်။

YGEA ရဲ့ ဒီကနေ့ မေ ၁၅ ရက်၊ မနက်ပိုင်း အကယ်ဒမီ မီးလင်းရွှေဈေးကွက် အဖွင့်ဈေးနှုန်းကိုတော့ ကျပ် သုံးဆယ့်ကိုးသိန်း ကိုးသောင်း ကိုးထောင့်တရာ သတ်မှတ်ထားကာ ပြီးခဲ့တဲ့ မေ ၈ ရက်ကတော့ ကျပ် သုံးဆယ့်ကိုးသိန်း ကိုးသောင်း ကိုးထောင့်ခုနစ်ရာဈေး သတ်မှတ်ထားတာကြောင့် တပတ်အတွင်း ၆၀၀ ကျပ် ပြန်လည် ကျဆင်းလာတာကို တွေ့ရပါတယ်။

နစကလက်ထက်မှာ ရွှေဈေးနဲ့ ဒေါ်လာဈေးတွေကို ကိန်းဂဏန်းတခု တရားဝင် သတ်မှတ်ထားပေမယ့် ပြင်ပဈေးကွက်ထဲမှာတော့ နစက က သတ်မှတ်တဲ့ ဈေးနဲ့ အရောင်းအဝယ် ပြုလုပ်လို့မရတာကြောင့် သတ်မှတ်ဈေးထက် ပိုပေးရတဲ့ ပြင်ပ ပေါက်ဈေးတွေနဲ့ပဲ အရောင်းအဝယ် ပြုလုပ်နေကြတာ ဖြစ်တယ်လို့ သိရပါတယ်။

image
2 နှစ်များ - ဘာသာပြန်ပါ။

Freshly plucked from muddy water, heaps of lotus roots send a ripple of abundance and prosperity in Shixi Village of Nantong City, east China’s Jiangsu Province. #chinaagriculture #chinalandofwealth

image
2 နှစ်များ - ဘာသာပြန်ပါ။

Freshly plucked from muddy water, heaps of lotus roots send a ripple of abundance and prosperity in Shixi Village of Nantong City, east China’s Jiangsu Province. #chinaagriculture #chinalandofwealth

image
2 နှစ်များ - ဘာသာပြန်ပါ။

Freshly plucked from muddy water, heaps of lotus roots send a ripple of abundance and prosperity in Shixi Village of Nantong City, east China’s Jiangsu Province. #chinaagriculture #chinalandofwealth

imageimage
2 နှစ်များ - ဘာသာပြန်ပါ။

ယနေ့ နိုင်ငံခြားငွေလဲလှယ်နှုန်း (မေ - ၁၅ ရက်)

-အမေရိကန်ဒေါ်လာ
ရောင်းဈေး - ၄၀၃၀ ကျပ်
ဝယ်ဈေး - ၃၉၉၀ ကျပ်

-စင်္ကာပူဒေါ်လာ
ရောင်းဈေး - ၂၉၈၅ ကျပ်
ဝယ်ဈေး - ၂၉၁၀ ကျပ်

-ယူရို
ရောင်းဈေး - ၄၃၆၅ ကျပ်
ဝယ်ဈေး - ၄၂၃၅ ကျပ်

-ထိုင်းဘတ်
ရောင်းဈေး - ၁၁၀.၂၆ ကျပ်
ဝယ်ဈေး - ၁၀၈.၀၅ ကျပ်

-မလေးရှားရင်းဂစ်
ရောင်းဈေး - ၈၅၆ ကျပ်
ဝယ်ဈေး - ၈၃၀ ကျပ်

-တရုတ်ယွမ်
ရောင်းဈေး - ၅၅၇ ကျပ်
ဝယ်ဈေး - ၅၄၃ ကျပ်

-ဂျပန်ယန်း
ရောင်းဈေး - ၂၅.၇၇ ကျပ်
ဝယ်ဈေး - ၂၅.၀၀ ကျပ်

-အိန္ဒိယရူပီး
ရောင်းဈေး - ၄၈.၂၈ ကျပ်
ဝယ်ဈေး - ၄၆.၃၈ ကျပ်

-ကိုရီးယားဝမ်
ရောင်းဈေး - ၂.၉၅ ကျပ်
ဝယ်ဈေး - ၂.၈၇ ကျပ်

-စတာလင်ပေါင်
ရောင်းဈေး - ၄၉၉၅ ကျပ်
ဝယ်ဈေး - ၄၈၈၇ ကျပ်

-ဩစတြေးလျဒေါ်လာ
ရောင်းဈေး - ၂၆၈၀ ကျပ်
ဝယ်ဈေး - ၂၆၂၂ ကျပ်

-ကနေဒါဒေါ်လာ
ရောင်းဈေး - ၂၉၇၀ ကျပ်
ဝယ်ဈေး - ၂၉၀၆ ကျပ်

-ဟောင်ကောင်ဒေါ်လာ
ရောင်းဈေး - ၅၂၃ ကျပ်
ဝယ်ဈေး - ၅၁၃ ကျပ်

-ယူအေအီး
ရောင်းဈေး - ၁၀၉၈ ကျပ်
ဝယ်ဈေး - ၁၀၇၅ ကျပ်

ငွေလဲနှုန်းများ အချိန်နှင့်အမျှ ပြောင်းလဲနိုင်သည်။

image
2 နှစ်များ - ဘာသာပြန်ပါ။

ယနေ့ ရွှေဈေး (မေ - ၁၅ ရက်၊ နံနက် ၁၀ နာရီ)

-ကမ္ဘာ့ရွှေဈေး
တအောင်စ ၂၃၅၇ ဒေါ်လာ

-အခေါက်ရွှေ တကျပ်သား (ပြင်ပဈေးကွက်)
ရောင်းဈေး ၄၉၂၀၀၀၀ ကျပ်
ဝယ်ဈေး ၄၈၈၀၀၀၀ ကျပ်

-၁၅ ပဲရည် တကျပ်သား
ရောင်းဈေး ၄၇၂၀၀၀၀ ကျပ်
ဝယ်ဈေး ၄၆၈၀၀၀၀ ကျပ်

“လက်ရှိ ရွှေဈေးကွက်အတွင်း ဈေးနှုန်းအတက်အကျ မငြိမ်သေးတဲ့အတွက် ရောင်းမှား၊ ဝယ်မှား မဖြစ်ဖို့ သတိပြုစေလိုပါတယ်။”

ရွှေဈေးနှုန်းများ အချိန်နှင့်အမျှ ပြောင်းလဲနိုင်သည်။

image

Tattoo ideas

Hair Design

2 နှစ်များ - ဘာသာပြန်ပါ။

စိတ်ပြိုလဲသွားတဲ့သူဟာ ပိုပြီးတည်ငြိမ်ပါတယ်
သူ့ကိုကြည့်ရင် သံသယဖြစ်စရာမရှိအောင်အဆင်ပြေပြေလေးရှိနေတယ် ဒါပေမဲ့တိတ်ဆိတ်လွန်းသွားတာပါပဲ

သူ့ရင်ထဲဘာတွေရှိနေလဲဘယ်သူ့ကိုမှဖွင့်မဟတော့သလို ဒေါသထွက်တာတွေမတွေ့ရတော့ဘူး
သူ့ကိုစကားလာပြောတဲ့သူမရှိတေ့ာရင်
အကြောင်းပြချက်မရှိစွာတွေဝေငေးမောနေတာတွေ့ရတတ်တယ်

ငိုချခြင်းမရှိတော့တဲ့သူဟာ
နှစ်သိမ့်ဖို့အလိုအပ်ဆုံးလူပါပဲတဲ့
လူဟာရှင်သန်နေသော်လည်း
သူ့ရဲ့ခံစားချက်တွေဟာ
တိတ်ဆိတ်စွာမြှုပ်နှံခံလိုက်ရပါတယ်

image