Discover postsExplore captivating content and diverse perspectives on our Discover page. Uncover fresh ideas and engage in meaningful conversations
နဖူးကလေးပဲ ကျဲကျဲ ၊
ဒူးကလေးပဲ မဲမဲ ၊
အပြစ်အနာ ရှိရင်
မေတ္တာ နဲ့ ဖုံးပါ့မယ် .. ။
ချစ်ရတဲ့ အမျိုးသမီးကလေးမို့ ၊
ခေါင်းမှစ ခြေအဆုံး
တစ်သက်လုံး
မင်းကို ချစ်မြတ်နိုးပါရစေကွယ် ။
🌻🤍
#haru
ပြဿနာတွေကို ဖြေရှင်းဖို့ ကြိုးစားရင်း
ငါကိုယ်တိုင်က ပြဿနာ ဖြစ်နေခဲ့တာကို သိခဲ့ရတယ်
ဘယ်နေရာကစမှားသွားလဲမသိပေမဲ့
အမှားအားလုံးရဲ့တရားခံကကျနော်အမြဲဖြစ်နေတာမျိုးပေါ့.။
#sone
Crd
ဘဝ.....မှာ
ပိုင်ဆိုင်ဖို့မဖြစ်နိုင်တဲ့အရာတွေကိုလဲ
ငေးကြည့်ခဲ့ဖူးတယ် ။
ပိုင်ဆိုင်ပြီးသား အရာတွေကိုလဲ ဆုံးရှုံးခဲ့ဖူးတယ်
နှစ်ခုလုံး အဆင်ပြေပြေပါပဲ။
🌧️ || 28.5.25
#saungnyi
သမိုင်းမှတ်တမ်းသစ် ရေးထိုးမှာလား မက်ဒရစ်သားများ
ဒီညမှာတော့ ရီးရဲလ်မက်ဒရစ်နဲ့ ဒေါ့မွန်တို့ဟယ ချန်ပီယံလိဂ်ဖိုင်နယ်ပွဲစဉ်အဖြစ် ၀င်ဘလေမှာ ယှဉ်ပြိုင်သွားမှာ ဖြစ်ပါတယ်။
ချန်ပီယံလိဂ်ဖိုင်နယ်ဟာ ဒီရာသီ ဥရောပပြိုင်ပွဲတွေရဲ့ နောက်ဆုံးပွဲစဉ်ဆိုလည်းဖြစ်ပြီး ကလပ်ပြိုင်ပွဲတွေထဲမှာ ရင်ခုန်စိတ်လှုပ်ရှားအကောင်းဆုံးနဲ့ ဂုဏ်သိက္ခာအမြင့်မားဆုံးပွဲစဉ်ဖြစ်တာကြောင့် တစ်ကမ္ဘာလုံးက ပရိသတ်တွေဟာ စိတ်၀င်တစားနဲ့ စောင့်ကြည့်နေကြမှာ အသေအချာပါပဲ။
တကယ်လို့ ဗိုလ်လုပွဲမှာ ရီးရဲလ်မက်ဒရစ်သာ ဗိုလ်စွဲခဲ့ရင် သူတိုဟာ ချန်ပီယံလိဂ်ဆုဖလားကြီးကို ၁၅ကြိမ်မြှောက် ကိုင်မြှောက်နိုင်မှာဖြစ်ပြီး သူတို့ရဲ့ဆုဖလားအရေအတွက်က ချန်ပီယံဆုဖလားဒုတိယအများဆုံးအသင်း အေစီမီလန်ထက်တောင် ၂ဆကျော် များသွားမှာပါ။
မက်ဒရစ်ကစားသမားတွေဖြစ်တဲ့ လူကာမိုဒရစ်၊ နာချို၊ တိုနီခရူးစ်၊ ကာဗာဟယ်လ်တို့ကလည်း ဘောလုံးသမိုင်းတစ်လျှောက် ချန်ပီယံလိဂ်ဆုဖလားကြီးကို ၆ကြိမ်မြောက်နိုင်တဲ့ ပထမဆုံးကစားသမားတွေ ဖြစ်လာပါလိမ့်မယ်။ မက်ဒရစ်ဂန္တ၀င်ကြီးတွေဟာ မြို့ခံပြိုင်ဘက် ဘာစီလိုနာထက်တောင် ချန်ပီယံလိဂ်ဖလား ပိုရထားတဲ့ ကစားသမားတွေ ဖြစ်လာမှာပါ။
မက်ဒရစ်နည်းပြကြီး ကာလိုအန်ဆယ်လော့တီကလည်း ဥရောပချန်ပီယံဆု ( ကစားသမားဘ၀မှာ European Cup ၂ကြိမ်၊ နည်းပြဘ၀မှာ ချန်ပီယံလိဂ်ဖလား ၅ကြိမ် ) ကို ၇ကြိမ် ကိုင်မြှောက်နိုင်တဲ့ ပထမဆုံးလူပုဂ္ဂိုလ် အဖြစ် မှတ်တမ်းသစ် ရေးထိုးနိုင်ပါလိမ့်မယ်။
ဒီရာသီဥရောပပြိုင်ပွဲ ဖိုင်နယ်ပွဲစဉ်နှစ်ခုမှာ ရေပန်းသိပ်မစားတဲ့အသင်းတွေ ဗိုလ်စွဲထားတာကြောင့် ဒီညမှာ ဒေါ့မွန်ဘက်ကနေ သမိုင်းမှတ်တမ်းသစ်တင်ရေးထိုးနိုင်မလားဆိုတာလည်း စိတ်၀င်စားစရာပဲ မဟုတ်လား။
ကိုယ့်အတွက် အနစ်နာခံခဲ့သူတွေကို လေးစားစိတ်နဲ့ အသိအမှတ်ပြုပါ
လူငယ်လေးတစ်ယောက်က အလုပ်တစ်ခုမှာ မန်နေဂျာရာထူး သွားလျှောက်ပါတယ်။ ကောင်လေးက စာတော်သူတစ်ဦးဖြစ်ခဲ့ပြီး ဘွဲ့လွန်တက်ခဲ့တဲ့အထိ ပညာ အရည်အချင်း သတ်မှတ်ချက်တွေနဲ့လည်း ပြည့်စုံနေသူပါ။
လူတွေ့ အင်တာဗျူးမှာ ဒါရိုက်တာက ကောင်လေးကို ကျောင်းတက်တုန်းက ပညာသင်ဆု ရခဲ့လားလို့ မေးတော့ကောင်လေးက မရခဲ့တဲ့အကြောင်း သူ့အဖေကလည်း မရှိတော့ဘဲ သူ့အမေကသာ ကျောင်းလခကို ထောက်ပံ့ရတဲ့အကြောင်း ပြောပြပါတယ်။ ကောင်လေးရဲ့ အမေက အဝတ်လိုက်လျှော်ပေးတဲသူ ဖြစ်ပါတယ်။ ဒါရိုက်တာက ကောင်လေးအနေနဲ့ အဝတ်တွေ ကူလျှော်ပေးဖူးလားလို့ မေးလိုက်ပါတယ်။ ကောင်လေးက သူ့အမေက သူ့ကို စာပဲလုပ်ခိုင်းတာဖြစ်ပြီး သူ့အမေ အဝတ်လျှော်တာကလည်း သူ့ထက် အဆများစွာ မြန်ဆန်တာမို့ သူလျှော်ကူလေ့ မရှိဘူးလို့ ဖြေလိုက်ပါတယ်။ ဒါရိုက်တာက ကောင်လေး အိမ်ပြန်ရောက်ရင် သူ့အမေရဲ့ လက်ကို ဆေးကြောပေးလိုက်ပါ၊ နောက်တစ်ရက်မှ သူ့ကို ပြန်လာတွေ့ပါလို့ မှာလိုက်ပါတယ်။
ကောင်လေးက အိမ်ပြန်ရောက်တော့ သူ့အမေရဲ့ ကြမ်းတမ်းနေတဲ့ လက်တွေကို ဆေးကြောပေးရင်း မျက်ရည်ကျမိပါသတဲ့။ သူ့အမေက ပင်ပင်ပန်းပန်း သူ့အတွက် ရှာဖွေ ရုန်းကန်ခဲ့ရလည်းဆိုတာ သူသိသွားလို့ပါ။ ပြီးတော့ သူ့အမေလျှော်ရမယ့် အဝတ်တွေကိုပါ သူ ကူလျှော်ပေးလိုက်ပါတယ်။ နောက်တစ်ရက် ဒါရိုက်တာဆီ ပြန်ရောက်တဲ့အခါမှာ ကောင်လေးအနေနဲ့ ဘာတွေ သိလာခဲ့လဲလို့ မေးပါတယ်။ ကောင်လေးက အသိအမှတ်ပြုမှုဆိုတာကို သူနားလည်လာကြောင်း၊ သူ့ရဲ့ အမေသာမရှိခဲ့ရင် သူဒီလို အခြေအနေ ရောက်နေမှာ မဟုတ်တဲ့အကြောင်း၊ သူ့အမေနဲ့ အတူတူ အဝတ်လျှော်ကြည့်ရင်း သူ့အမေရဲ့လက်ကို ဆေးကြောပေးရင်းနဲ့ သူ့အမေ ဘယ်လောက်ပင်ပန်း ရုန်းကန်ခဲ့ရလဲဆိုတာ သိလာကြောင်း ပြောပြခဲ့ပါတယ်။ နောက်ပြီး အခုလို သိလာတဲ့ အတွက် သူ့အမေရဲ့ တန်ဖိုးနဲ့ သူ့အပေါ် အနစ်နာခဲ့မှုကို ပိုပြီး အသိအမှတ်ပြုလာရကြောင်း ပြောပြလိုက်ပါတယ်။
ဒါရိုက်တာက သူ့အနေနဲ့ အဲ့လို အသိစိတ်ဓာတ်ရှိမယ့်လူကို ရချင်တာဖြစ်ကြောင်း၊ အခြားသူတွေရဲ့ ကြိုးစားအားထုတ်မှုနဲ့ ကူညီမှုကို အသိအမှတ်ပြုတတ်တဲ့ သူ၊ သူတစ်ပါးရဲ့ အနစ်နာခံ ကြိုးစားမှုကို စာနာ နားလည်တတ်တဲ့သူကိုသာ အလုပ်ခန့်ချင်တာဖြစ်ကြောင်းပြောပြီး မန်နေဂျာအဖြစ် အလုပ်ခန့်လိုက်ပါသတဲ့။
ဒီဇာတ်လမ်းလေးက တစ်ဆင့် ပြောပြချင်တာကတော့ ကိုယ့်ကို အပင်ပန်းခံ ရုန်းကန် ပြုစုပျိုးထောင်ခဲ့သူတွေရဲ့ တန်ဖိုးကို လေးစားစိတ်နဲ့ အသိအမှတ်ပြုပေးဖို့ပါ။ နောက်ပြီး သူတို့ကို အသက်ရှင်နေစဉ် အချိန်မှာ ပြန်လည် ဂရုစိုက်ပြီး အချိန်ပေးဖို့လည်း အရေးကြီးပါတယ်။