"လွတ်လပ်မှု"
တခြားသူကို ဒုက္ခမပေးဘဲ
ကိုယ့်ကိုယ်ကို ဒုက္ခပေးရတဲ့အရသာကို
နှစ်ခြိုက်ကြတဲ့ လူငယ်တွေထဲက လူငယ်ပါ ။
-မောင်ထက်ခေါင်
၁၆.၉.၂၀၂၄
#crdphoto
Discover postsExplore captivating content and diverse perspectives on our Discover page. Uncover fresh ideas and engage in meaningful conversations
"လွတ်လပ်မှု"
တခြားသူကို ဒုက္ခမပေးဘဲ
ကိုယ့်ကိုယ်ကို ဒုက္ခပေးရတဲ့အရသာကို
နှစ်ခြိုက်ကြတဲ့ လူငယ်တွေထဲက လူငယ်ပါ ။
-မောင်ထက်ခေါင်
၁၆.၉.၂၀၂၄
#crdphoto
နားချင်တယ်လို့ ငါအမြဲပြောဖြစ်ခဲ့တယ်
သို့ပေမဲ့ ငါ မနားခဲ့ရပါဘူး ။
ငါ့မှာ ခွေခေါက်စရာ အိပ်ရာ မရှိဘူး ။
ငတ်တဲ့အခါ တင်ကျွေးထားမဲ့လူလည်း မရှိဘူး ။
တစ်ဘဝလုံးစာအတွက်
ငါ့ဘဝကို ငါ ဘယ်သူ့လက်မှလည်း မအပ်ရဲဘူး ။
ပင်ပန်းလိုက်တာ ကျောလေး ခဏငှားပါ ။
ကိုယ်မှီချင်လို့ ။ ခဏပါပဲ.....။
#အလုံပိတ်အခန်းငယ် #nayvel
ပြူးကြည့် ဖြဲကြည့်တာတောင်
ဇဝေဇဝါအဖြစ် မသိရဘူး
လူကြီးမင်းရှာခိုင်းတဲ့ အနာဂတ်က
ငယ်ငယ်က သင်ထားတာနဲ့လဲ မတူဘူး ။
#ဒဿ 2024
.နိဗ္ဗာန်မရမှီစပ်ကြား
ချစ်သူခင်သူတို့၏စွန့်ခွာခြင်းကို
အထီးကျန်ဘဝနှင့်မခံစားရဘဲ..
..ကိုယ်ကသာလျှင်
ချစ်ခြင်းမုန်းခြင်တို့ကို
ဦးစွာစွန့်ခွာနိုင်သူဖြစ်ရပါလို၏
#လမင်းကြီးသာစမ်းပါ
#ခင်နှင်းယု
စိတ်တွေမကြည်တော့တဲ့အခါ
ခဏငြိမ်ကျလိုက်ပြီး ငါဘာဖြစ်နေတာလဲလို့
အစကနေ ပြန်တွေးကြည့်တယ် ။
စိတ်တိုခဲ့တာပေါ့ဆိုပြီး
ငါဘာတွေ ပြောချင်ရာပြောခဲ့သလဲ
ပြန်စဉ်းစားတယ် ။
နောက်'ငါပြောတာ
လွန်သွားသလား သုံးသပ်ကြည့်တယ်
ပြီးရင် ဝမ်းနည်းတဲ့စိတ်လေးနဲ့ မျက်ရည်က ကျ ။
ဒီလိုအကျင့်တွေ
ကျနော် အခုထိမပြင်နိုင်သေးဘူး
အဲ့ဒါကြောင့်ထင်ပါရဲ့ အနားမှာဘယ်သူမှ
အကြာကြီးမနေသွားကြဘူး ။
နေခ/စာတိုက်ပုံး