Discover postsExplore captivating content and diverse perspectives on our Discover page. Uncover fresh ideas and engage in meaningful conversations
"နတ်၊သိကြားတို့ကတောင် မနေနိုင်ပဲစောင့်ရှောက်ရတဲ့ ပုဂ္ဂိုလ် (၅) မျိုး "
ကုသိုလ်လုပ်တာခြင်းတူညီကြပေမယ့် ကုသိုလ်တွေရဲ့ အကျိုးပေးပုံကတော့ ကုသိုလ်ပြုကြသူတွေအပေါ် မတူညီကြပါဘူး။
အလှုဒါနနေ့စဉ်ပြုနေသလို ကုသိုလ်တွေအမြဲရနေပြီး သိကြားမင်း၊နတ်မင်း၊နတ်ဘီလူး၊နတ်နဂါး စတဲ့ သမ္မာဒေဝနတ်ကောင်းနတ်မြတ်များက မနေနိုင်ပဲ ချက်ချင်းကူညီစောင့်ရှောက်မှုကို ရရှိနိုင်တဲ့ ပုဂ္ဂိုလ် (၅) မျိုးအကြောင်းကို ပြောပြပေးချင်ပါတယ် ခင်ဗျာ။
(၁) သရဏဂုံခံယူဆောက်တည်ထားတဲ့သူ
"ဗုဒ္ဓံသရဏံ ဂစ္ဆာမိ
ဓမ္မံသရဏံ ဂစ္ဆာမိ
သံဃံသရဏံ ဂစ္ဆာမိ"
နှင့် နေ့စဉ်မပျက် ဘုရားကန်တော့ပန်းဆင်သောသူ။
(၂)သရဏဂုံသုံးပါးကို နှလုံးသွင်းသူ
"ဗုဒ္ဓံသရဏံ ဂစ္ဆာမိ
ဓမ္မံသရဏံ ဂစ္ဆာမိ
သံဃံသရဏံ ဂစ္ဆာမိ"
ကိုအမြဲရွတ်ဆို နှလုံးသွင်းနေတဲ့သူ။
(၃) မိအိုဖအိုကို အမြဲပြုစုသောသူ
မိအိုဖအို ရဟန်းအိုများကို ဝဋ်ကြီးဝဋ်ငယ်က အစစအရာရာ ဂရုစိုက်ကာ အမြဲပြုစု လုပ်ကျွေးသောသူ။
(၄)မေတ္တာပို့အမျှဝေတတ်သူ
မိမိရောက်လေရာအရပ်ဌာနတွင် အနန္တစကြာဝဠာကို မေတ္တာပို့အမျှဝေတတ်သောသူ။
(၅)တရားစောင့်သိသောသူ
ငါးပါးသီလမြဲကာ တရားစောင့်သိပြီး သုစရိုက်တရား (၁၀)ပါးနဲ့ အညီနေထိုင်တဲ့သူ။
ဖော်ပြပါပုဂ္ဂိုလ် (၅) မျိုးတို့ဟာ ဘေးအန္တရာယ်ကျရောက် ကြုံကြိုက်တဲ့အခါမှာ မကျရောက်နိုင်အောင် နတ်သိကြား၊ဘီလူး၊နဂါး တို့က တပြိုင်နက်ထဲ ကူညီစောင့်ရှောက်ကယ်တင်ကြတယ်လို့ မြတ်စွာဘုရားရဲ့ တရားတော်လာအရ သိရှိရပါတယ်။
စာဖတ်သူတို့အနေနဲ့လဲ ဗုဒ္ဓမြတ်စွာဘုရားရှင်ရဲ့ တရားတော်များကိုလဲ သိရှိနားလည် နှလုံးသွင်းနိုင်တဲ့ ပုဂ္ဂိုလ်ထူး၊ပုဂ္ဂိုလ်မြတ်များဖြစ်ကြကာ နိဗ္ဗာန်မင်္ဂဖိုလ်ကို အရောက်လှမ်းနိုင်ကြပါစေကြောင်း ...
#ဓမ္မဒါန
#frankiestories
' ဝေးပြီးတဲ့နောက်မှာ ' သူပျော်နေတယ်လို့
စိတ်ထဲမှာ ယုံထားလိုက်တယ်
နောက်ထပ် ဘာမှမသိရ မတွေ့ရ မကြားရအောင်
နေတယ် ကိုယ့်စိတ်ကို ပျော်အောင်ထားတယ်
တဲ့အခါ ရယ်တယ် မတတ်နိုင်တဲ့အခါ ငိုတယ်
မနေ့ကထက် ဒီနေ့ပိုလှအောင် ပြုံးတယ်
သတိရတဲ့အခါ ကြယ်တွေကို ငေးတယ်
အိပ်မက်ဟာ အိပ်မက်ပဲဆိုတဲ့အကြောင်း
ကြိုးစားလက်ခံလိုက်တယ်
မထိုက်တန်လို့ ဆုံးရှုံးခဲ့ရတာတွေအတွက်
ပိုင်ဆိုင်ခွင့်ရတဲ့သူကို မုဒိတာပွားတယ်
ကိုယ်ရခဲ့ဖူးတဲ့ တစ်ရာသီစာကို
တစ်သံသရာစာအတွက် ကျေနပ်ရောင့်ရဲလိုက်တယ်
အမှတ်တရတချို့ ပြန်တွေ့ရရင် ကိုယ့်memoryထဲမှာပဲ
ဘယ်သူမှ မမြင်အောင်
တိတ်တိတ်ကလေး သိမ်းထားတယ်
ချစ်ခြင်းမေတ္တာဆိုတာကို စကားလုံး
အဖြစ်နဲ့ ကဗျာထဲမှာ သုံးရုံလောက်ပဲ
အာရုံရှိတော့တယ်
ဖြတ်မျဉ်းတစ်ကြောင်းလို ကိုယ့်ဆီမှာ ခဏတာ
ရေစက်လာဆုံပေးတဲ့အတွက်လည်း
တစ်သ၊က်စာ ကျေးဇူးတင်တယ်
ကြီးကြီးမားမားတွေ မလုပ်ပြချင်ပေမယ့် တခမ်းတနားတော့ တိတ်ဆိတ်ပြချင်တယ်
#lonelypoetry
ပထမဆုံးအချစ်က "အချစ်ဆိုတာ ဘာလဲ” ကို သင်ပေးတယ် နောက်ဆုံးအချစ်က "ဘဝဆိုတာ ဘာလဲ”ကို သင်ပေးတယ်
လူတစ်ယောက်ကို ချစ်တာက ဘယ်တော့မှ မမှားနိုင်ဘူး နာကျင်စေတယ်ဆိုရင်တောင် ကိစ္စမရှိပါဘူး အဲ့အချိန်တုန်းက နှစ်ယောက်စလုံးက အဲ့ဒီအချစ်ကို လိုအပ်ခဲ့ကြတာမလို့လေ
ချစ်ခြင်းနဲ့ပတ်သက်တဲ့ အမှန်တရားတစ်ခုကတော့ တစ်ယောက်ကသာ အမြဲ ပိုချစ်ရလိမ့်မယ်
တစ်စုံတစ်ယောက်က လမ်းရဲ့အဆုံးမှာ မင်းကိုစောင့်ပေးတယ်ဆိုတာ စိတ်ရှည်မှုပါ မင်းနဲ့အတူ မုန်တိုင်းတွေကြားထဲ အတူဖြတ်သန်းပေးတာကသာ အချစ်ပါ
အချစ်ဆိုတာ ခံစားချက်သက်သက်မဟုတ်ဘူး ငါတို့နေ့တိုင်းလုပ်နေတဲ့ ရွေးချယ်မှု တစ်ခုပါ"
ကမ္ဘာကြီးက မင်းကို နာကျင်စေတဲ့အခါ တစ်ယောက်သောသူက မင်းကို ပျော်လာအောင် လုပ်ပေးနိုင်တယ် ဒါပေမဲ့ အဲ့ဒီလူကသာ မင်းကို နာကျင်စေရင်တော့ တစ်ကမ္ဘာလုံးတောင် မင်းကို ပျော်အောင် မလုပ်နိုင်ဘူး မင်းချစ်မိသွားတဲ့အချိန်မှာပေါ့
#1918a
"နတ်၊သိကြားတို့ကတောင် မနေနိုင်ပဲစောင့်ရှောက်ရတဲ့ ပုဂ္ဂိုလ် (၅) မျိုး "
ကုသိုလ်လုပ်တာခြင်းတူညီကြပေမယ့် ကုသိုလ်တွေရဲ့ အကျိုးပေးပုံကတော့ ကုသိုလ်ပြုကြသူတွေအပေါ် မတူညီကြပါဘူး။
အလှုဒါနနေ့စဉ်ပြုနေသလို ကုသိုလ်တွေအမြဲရနေပြီး သိကြားမင်း၊နတ်မင်း၊နတ်ဘီလူး၊နတ်နဂါး စတဲ့ သမ္မာဒေဝနတ်ကောင်းနတ်မြတ်များက မနေနိုင်ပဲ ချက်ချင်းကူညီစောင့်ရှောက်မှုကို ရရှိနိုင်တဲ့ ပုဂ္ဂိုလ် (၅) မျိုးအကြောင်းကို ပြောပြပေးချင်ပါတယ် ခင်ဗျာ။
(၁) သရဏဂုံခံယူဆောက်တည်ထားတဲ့သူ
"ဗုဒ္ဓံသရဏံ ဂစ္ဆာမိ
ဓမ္မံသရဏံ ဂစ္ဆာမိ
သံဃံသရဏံ ဂစ္ဆာမိ"
နှင့် နေ့စဉ်မပျက် ဘုရားကန်တော့ပန်းဆင်သောသူ။
(၂)သရဏဂုံသုံးပါးကို နှလုံးသွင်းသူ
"ဗုဒ္ဓံသရဏံ ဂစ္ဆာမိ
ဓမ္မံသရဏံ ဂစ္ဆာမိ
သံဃံသရဏံ ဂစ္ဆာမိ"
ကိုအမြဲရွတ်ဆို နှလုံးသွင်းနေတဲ့သူ။
(၃) မိအိုဖအိုကို အမြဲပြုစုသောသူ
မိအိုဖအို ရဟန်းအိုများကို ဝဋ်ကြီးဝဋ်ငယ်က အစစအရာရာ ဂရုစိုက်ကာ အမြဲပြုစု လုပ်ကျွေးသောသူ။
(၄)မေတ္တာပို့အမျှဝေတတ်သူ
မိမိရောက်လေရာအရပ်ဌာနတွင် အနန္တစကြာဝဠာကို မေတ္တာပို့အမျှဝေတတ်သောသူ။
(၅)တရားစောင့်သိသောသူ
ငါးပါးသီလမြဲကာ တရားစောင့်သိပြီး သုစရိုက်တရား (၁၀)ပါးနဲ့ အညီနေထိုင်တဲ့သူ။
ဖော်ပြပါပုဂ္ဂိုလ် (၅) မျိုးတို့ဟာ ဘေးအန္တရာယ်ကျရောက် ကြုံကြိုက်တဲ့အခါမှာ မကျရောက်နိုင်အောင် နတ်သိကြား၊ဘီလူး၊နဂါး တို့က တပြိုင်နက်ထဲ ကူညီစောင့်ရှောက်ကယ်တင်ကြတယ်လို့ မြတ်စွာဘုရားရဲ့ တရားတော်လာအရ သိရှိရပါတယ်။
စာဖတ်သူတို့အနေနဲ့လဲ ဗုဒ္ဓမြတ်စွာဘုရားရှင်ရဲ့ တရားတော်များကိုလဲ သိရှိနားလည် နှလုံးသွင်းနိုင်တဲ့ ပုဂ္ဂိုလ်ထူး၊ပုဂ္ဂိုလ်မြတ်များဖြစ်ကြကာ နိဗ္ဗာန်မင်္ဂဖိုလ်ကို အရောက်လှမ်းနိုင်ကြပါစေကြောင်း ...
#ဓမ္မဒါန
#frankiestories
Tom Cat
Delete Comment
Are you sure that you want to delete this comment ?
Thae Yin Yin Naing
Delete Comment
Are you sure that you want to delete this comment ?
JB Gold
Delete Comment
Are you sure that you want to delete this comment ?