Discover postsExplore captivating content and diverse perspectives on our Discover page. Uncover fresh ideas and engage in meaningful conversations
ဘီလူးမျိုးနွယ်များကျွတ်တန်းဝင်ကြပုံ
မြန်မာ့ရှေးအယူအဆများအရ ဘီလူးမျိုးနွယ်များမှာ ကုမ္ဘဏ်၊ယက္ခ မှစ၍ ရဆသ၊ ကုမ္ဘဏ္ဍ၊ ဒေဝ၊ ဘူတ၊ ဒါနဝ၊ ပေတ၊ ပိဿာစ၊ အမနုဿ စတဲ့အမျိုးအစားများစွာ ရှိနေပါသည်။
အချို့သောနတ်ဘီလူးများသည် လူယောင်ဖန်ဆင်းနိုင်ခြင်း၊ဖမ်းစားခြင်း၊စောင့်ရှောက်ခြင်းများရှိနေသကဲ့သို့ ထိုသို့သော ဘေးအပေါင်းမှ လွတ်မြောက်ရန် တိုင်းသူပြည်သားများသည်နတ်ဘီလူး မျိုးနွယ်များကို ပုံတော်၊ရုပ်ထုများကိုးကွယ်ဆည်းကပ်လေ့ရှိကြတာလဲ သိမြင်ကြမှာပါ။
ရှေးယခင်ကာလများဘီလူးများသည်
ဘုံဗိမ္မာန်များနှင့် နေရာခွဲခြား၍နေထိုင်ကြသည်ဟု မှတ်သားရလေသည်။ယခု ဘဒ္ဒကမ္ဘာတွင် ဂေါတမမြတ်စွာဘုရားရှင်ပွင့်တော်မူပြီး နောက် အာဠာဝကဘီလူးမင်းသည်လဲ မြတ်ဗုဒ္ဓ၏လမ်းစဉ်ကြောင့် ကျွတ်တန်းဝင်ခဲ့သည်မှာ သူတော်စင်များအသိပင်ဖြစ်လေသည်။
မကွေးမြသလွန်စေတီတော်ကိုလဲ နတ်ဘီလူးများက သလွန်တော်ကို လေးဖက်လေးတန်မ၍ ပူဇော်ခဲ့ကြပီး စေတီတော်ကို တည်ထားကိုးကွယ်ခဲ့ကြသည်ဟု ရှေးအဆိုအရသိရပါသည်။နောင်ကာလတွင် ဘီလူးများ အကျွတ်တရားရပြီး ဗုဒ္ဓဘာသာဝင်များဖြစ်ကြကာ ကျွတ်တန်းဝင်ကြလေသည်။
ဘီလူးနှင့်ပတ်သက်သောဇာတ်တော်များစွာရှိလည်း ရာမာယဏ ဇာတ်တော်ကြီးသည် မြန်မာ၊ထိုင်း၊အိန္ဒိယနိုင်ငံများတွင် ယခုချိန်ထိတင်ဆက်ကပြအသုံးတော်ခံကြသည်။ထိုမှတဆင့်လဲ ဘီလူးခေါင်းဆောင်း၊မျက်နှာဖုံးများပေါ်ပေါက်လာခဲ့သည်ဟု ထင်မြင်မိလေသည်။
စာကြွင်း -ဘီလူး (Rakshasa) ဟာအဆင်းသဏ္ဌာန် ဆိုးဝါး၍ ရက်စက်ကြမ်းကြုတ်တတ်သော နတ်၊ ဘုတ်၊ မြေဘုတ်၊ ပြိတ္တာ၊ တစ္ဆေ တစ်မျိုးဖြစ်သည်။
#frankiestories
#littleworld

မိုးစက်လေးတွေ မျက်နှာပေါ် ကျလာတဲ့အခါ အရင်လို မသုတ်ဖြစ်တော့ဘူး...
မိုးရေနဲ့ အတူတူ ငိုကြွေးရတာ ကောင်းတဲ့အရာတစ်ခုမဟုတ်လား ။
အနည်းဆုံးတော့ လူတွေရှေ့မှာ ပုံပျက်ပန်းပျက်လဲ မကျတော့ဘူး..
မိုးရေနဲ့အတူ ရောသော ပြိုလဲနေမိ့ပြီ ။
တစ်ချိန်ကပုံရိပ်တွေကလည်း မိုးရေတွေနဲ့မြောပါသွားခဲ့ပြီ...
လွမ်းစိတ်တစ်ခုနဲ့ အမိုးမပါ အကာမပါ
လျှောက်လှမ်းနေဆဲပါပဲ ။
တကယ်တော့ ဒါက မိုးရာသီမှာကျန်ခဲ့
တဲ့ အလွမ်းအဆွေးပန်းချီကားတစ်ချပ်
ပါပဲလား ။
တမ်းတတုန်း သတိရတုန်းပေမယ့်
မပိုင်ဆိုင်နိုင်တော့ လက်လွှတ်ဖို့
ကြိုးစားရဦးမယ်တူပါရဲ့ ။
#အရိပ်ငယ်
#little_shady