အၑ္ဋာဓျာယီ ခေါ် ပါဏိနီကျမ်း၌

၁.၄.၂ ဝိပြတိၑေဓေ ပရံ ကာရ်္ယမ်

ဟူသော ပရိဘာသာသုတ်တသုတ် ပါရှိသည်။ ဒီသုတ်၏အဆိုကို တိုက်ရိုက်ပြန်ဆိုလျှင် ဆိုလိုရင်းက အစီအရင်အပြအညွှန် ဆန့်ကျင်ဖက်နှစ်ခု တပြိုင်နက်ဖြစ်ဖို့ကြုံလာလျှင် နောက်ကိစ္စကို ဦးစားပေးဆောင်ရွက်ပါဟု ဖြစ်ပါသည်။

အစဉ်အလာဋီကာများအတိုင်း သက္ကတရော ပါဠိမှာရော ယူဆဖွင့်ဆိုကြသည်မှာ အားကောင်းမှုတူသော ရှေ့သုတ်အဆိုကို နောက်သုတ်အစီအရင်က ဆန့်ကျင်လာလျှင် နောက်သုတ်ကို အတည်ထပ်ယူဟုဖြစ်ပါသည်။

"တုလျဗလဝိရောဓော ဝိပြတိၑေဓး၊ ယတြ ဒွေါ် ပြသင်္ဂါဝနျာရ်္ထာဝေကသ္မိန် ယုဂပတ် ပြာပ္နုတး သ တုလျဗလဝိရောဓော ဝိပြတိၑေဓး၊ တသ္မိန် ဝိပြတိၑေဓေ ပရံ ကာရ်္ယံ ဘဝတိ၊ ဥတ္သရ်္ဂါပဝါဒနိတျာနိတျာန္တရင်္ဂဗဟိရင်္ဂေၑု တုလျဗလတာ နာသ္တီတိ နာယမသျ ယောဂသျ ဝိၑယး၊ ဗလဝတဲဝ တတြ ဘဝိတဝျမ်၊ အပြဝၖတ္တော် ပရ်္ယာယေဏ ဝါ ပြဝၖတ္တော် ပြာပ္တါယာံ ဝစနမာရဘျတေ၊ အတော ဒီရ်္ဃော ယဉိ ၇.၃.၁၀၁ သုပိ စ ၇.၃.၁၀၂ ဣတျသျာဝကာၐး — ဝၖက္ၑာဘျာမ်၊ ပ္လက္ၑာဘျာမ်၊ ဗဟုဝစနေ ဈလျေတ်၇.၃.၁၀၃ ဣတျသျာဝကာၐး — ဝၖက္ၑေၑု၊ ပ္လက္ၑေၑု၊ ဣဟောဘယံ ပြာပ္နေါတိဝၖက္ၑေဘျး, ပ္လက္ၑေဘျ ဣတိ၊ ပရံ ဘဝတိ ဝိပြတိၑေဓေန။"

ဒီလိုအတိုင်းယူဆမှုကြောင့် ကွန်ပြူတာကုဒ်သွင်းစနစ်၌ ဘယ်ရုပ်က ဘယ်ရုပ်၏ ရှေ့ကိစ္စလဲ ‌နောက်ကိစ္စလဲ၊ ဘယ်သုတ်က အားပိုကောင်းသလဲ စသဖြင့် ထပ်မှတ်သားဖို့ရှိနေပြီး ဒါတွေကို သတ်မှတ်ရခက်နေခဲ့သည်။ ဒါကို Rajpopat ဆိုသော Cambridge PhD ဘွဲ့ယူကျောင်းသားက ပြင်ဆင် အနက်ယူသည်။

သူ့အယူအဆ၌

ပါဏိနိ၏ ရှေ့နောက်ကိစ္စပရိဘာသာအမှာအမိန့် သည် သုတ်အစီအရင်ကို ဆိုလိုသည်မဟုတ်၊ ရှေ့ပုဒ်ရင်းနှင့် နောက်ပုဒ်ရင်း (ဥပမာ ဓာတ်နှင့် ပစ္စည်း အတွဲအဖက်တွင်) ဆိုင်ရာသုတ်အရ နှစ်ပုဒ်စလုံးကို ဝိဓိစီရင်ရမလိုဖြစ်လာလျှင် နောက်ပုဒ် (ဓာတ်၏ နောက်ကနေရာကျသော ပစ္စည်း) ကို စီရင်ရမည်ဖြစ်ကြောင်း ယူဆပါက နေရာများစွာ အဆင်ပြေကြောင်း တွေ့ရပါသတတတ်။

ဒါနဲ့ ၂၀၂၁ ကိုဗစ်အလွန် မှာ သူ့စာတမ်းကျမ်း ဖြစ်လာသည်။ မီဒီယာထုံးစံအတိုင်း နှစ်နှစ်ထောင့်ငါးရာ ပြဿနာကြီး ခုမှ ရှင်းသွားပြီ ဘာညာ မွှန်းကြသည်။ အဆိုးဆုံးက ဘီဘီစီ ပင်။

သူတို့လုပ်မှပဲ ကာတျာယနတို့ ပတဉ္ဇလိတို့ ခု‌ခေတ်ပညာရှင်ကြီးများထဲက Cardona တို့ Joshi တို့ ဒါလေးတောင် မသိဘူးလား ဖြစ်ကုန်သဖြင့် "ပါဏိနိကို ပါဏိနိအမြင်အတိုင်း နားလည်ခြင်း" ဆိုသော ခေါင်းစဉ်များဖြင့် တုံ့ပြန်စာတမ်းများ ထပ်ပေါ်လာသည်။

အမြင်သစ်အရ ပါဏိနီကို ပရိုဂရမ္မင်းမှာ တမျိုးသုံးကြည့်ဖို့ လမ်းစဆိုသော်လည်း သာမန်မှာတော့ နည်းဟောင်းများဖြင့်ပင် အလုပ်ဖြစ်နေခဲ့ကြတာကိုလည်း မငြင်းနိုင်။ ခုထိမပေါ်သေး‌သည့် လမ်းစကိုလည်း စောင့်မျှော်ကြည့်ပြီး ရင်ခုန်သင့်ပါသည်။ ဒါက ပညာရပ်ကို ချစ်သူတိုင်း ထားအပ်သည့် စိတ်သဘောထားဖြစ်သည်။

မီဒီယာလှော်တိုင်းလည်း တကယ်မဟုတ်နိုင်သဖြင့် ပရိယာယ်စကားမှန်သမျှကို ထထ ကြေညာစရာမလိုပေ။

ရာဇပရိယာယ်၊ ငတင့်တယ်၊ နားဝယ်မလည်ရှာ။ ဆိုသလို

စာပရိယာယ်၊ ငတာ့နှယ်၊ နားဝယ်မလည်ရှာ ဟု အသစ်နိယာမ် အညွှန်းခံဖြစ်လာပေလိမ့်မည်။

ဆရာ ဦးဇော်မင်းဦးရဲ့ facebook page မှ (Zaw Min-Oo)

image
image
image
1 y - Translate

ကျွေးချင်လိုက်တာ။ ပင်ပင်ပန်းပန်းချက်ထားတာလေး။

image
1 y - Translate

" ကျတော်တို့ တစ်ခုခု ဖြစ်သွားမှာကို အရမ်းကြောက်တဲ့သူ ရှိရင် ကျတော်တို့ဘာဖြစ်ဖြစ် ကြောက်စရာမလိုတော့ဘူး " တဲ့ ....

သိပ်မှန်တာပေါ့ ....

ဒါပေမယ့် ကျတော်တို့နာကျင်သွားမှာကို ကြောက်တဲ့သူ ၊ စိုးရိမ်တဲ့သူမျိုး မရှိခဲ့ကြဘူး ။ ကျတော်တို့ကသာ Over Protection ဖြစ်ပေးခဲ့ကြတာလေ ။

ချစ်ခြင်းမေတ္တာမမျှတခဲ့တဲ့ ဆက်ဆံရေးတွေချည်းပါပဲ။

#elza

image

image

image

image

image
image
image
1 y - Translate

♥️ဂျပန်ကငွေရှာလို့ပဲကောင်းတာ
ကိုယ့်အတွက်တော့ တစ်သက်လုံးနေဖို့အဆင်မပြေဘူး။
ဂျပန်မှာအလုပ်ရှိရင်ငွေဝင်ပေမယ့် ကုမ္မဏီဝန်ထမ်း
ပုံမှန်လူ၁ယောက်ရဲ့ဝင်ငွေက (လူ၂ယောက်စာ)
ရေရှည်လူတန်းစေ့နေနိုင်ဖို့ခက်ခဲတယ်။
ဇနီးရဲ့လစာက (လူ၂ယောက်စာ)စားဝတ်နေရေးပြေလည်ရုံလောက်သာရှိပြီး၊ ဝင်ငွေပိုများတဲ့အမျိုးသားရဲ့လစာကို
စုနိုင်ကာမှ တော်ရာကျမယ်။
ဘာကြောင့်ဆိုရင် အသက်ကြီးလာတဲ့အခါ
ပင်စင်ငွေလေးရယ်၊ စုထားတဲ့ငွေလေးရယ် ပေါင်းမှသာ
အဖိုးအဖွား၂ယောက် ချောင်လည်နိုင်မယ်။
♥️ဂျပန်မှာက အိုမင်းလာတဲ့အခါ
သားသမီးကမိဘကို ပြန်ထောက်ပံ့နိုင်တာ ရှားတယ်။
ကိုယ့်အသိထဲ (အသက်၆၀)ကျော်မိဘက
သားသမီးကို ခုထိ စားစရာပို့ပေး၊ နှစ်သစ်မုန့်ဖိုးပေးတာပဲကြားဖူးတယ်။
မိဘကို လစဉ်ပြန်မထောက်ပံ့ကြဘူး။ မိဘအိမ်လာလည်တဲ့အခါမှ မုန့်ဝယ်လာတာက ဂျပန်ရိုးရာဖြစ်နေပြီ။
မိဘမှာပင်စင်ငွေနဲ့ စုငွေသာမရှိရင်
စားဝတ်နေရေးအဆင်ပြေဖို့တောင် ခက်ခဲတယ်။
ဆေးရုံဆေးခန်းကုန်ကျငွေဟာ
ကျန်းမာရေးအခွန်မဆောင်ထားရင် ရိုးရိုးဖျားတာတောင် မြန်မာငွေ ၃~၄သိန်းကုန်ကျနိုင်တယ်။
အိမ်နီးနားချင်း၊ ဘေးအိမ်အသိဆိုတာမျိုးမရှိဘူး။
အထီးကျန်စွာ တိတ်တိတ်လေးသေဆုံးနေတဲ့
အဖိုးအဖွားတွေအများဆုံးရှိတဲ့နိုင်ငံထဲပါတယ်။
♥️ကြိုးစားနေသရွေ့လစာတိုးတဲ့နိုင်ငံ
တစ်နေ့၄နာရီလုပ်ရုံနဲ့တောင် နေနိုင်စားနိုင်တဲ့နိုင်ငံဆိုပေမယ့်
“လမ်းဘေးမှာအိပ်နေတဲ့အိမ်ရာမဲ့တွေက
လက်မလှုပ်ရင် ပါးစပ်မလှုပ်နိုင်ဘူး”ဆိုတဲ့
အခြေခံအချက်ကိုပြနေတယ်။
အပြင်ပန်းကျော့ရှင်းနေပေမယ့်
ဖြစ်သလိုဘဝကိုရှင်သန်ရင်း
ကြွက်တွင်းလိုအခန်းလေးထဲနေတဲ့သူတွေရှိတယ်။
ငယ်တုန်းကျောင်းသေချာတက်၊ အလုပ်ကောင်းကောင်းဝင်
စာမေးပွဲတွေဖြေ၊ လစာတိုးအောင်လုပ်
ပင်စင်ငွေသွင်း၊ အရစ်ကျအိမ်ဖိုးသွင်း၊
တက္ကသိုလ်ဝင်ကြေးအရစ်ကျသွင်း…
ဒီလိုနဲ့အသက်၆၀ လောက်မှ အကြွေးကင်း၊
စုထားတဲ့ငွေ၊ အလုပ်ကပေးတဲ့ပင်စင်ကြေးငွေ၊
အသက်၆၅နှစ်မှ နိုင်ငံကလစဉ်ပြန်ပေးတဲ့ပင်စင်ငွေနဲ့ ကျန်တဲ့ဘဝကိုဖြတ်သန်းတာက ပုံမှန်ဂျပန်တစ်ယောက်ရဲ့ဘဝပါ။
♥️ယဉ်ကျေးပေမယ့် စိမ်းကားကြတယ်။
နွေးထွေးပျူဌာပေမယ့် နေနိုင်ကြတယ်။
ဂျပန်တိုင်းတက်ကြွပျော်ရွှင်ပုံဖမ်းနေကြပေမယ့်
အတွင်းထဲမှာ ပြိုကွဲနေကြတယ်…
အဖေအမေတို့က ဂျပန်မှာအိမ်ဝယ်ဖို့လို့ပြောပေမယ့်
ဒီမှာငွေရှာဖို့သာနေတာဖြစ်ပြီး ပင်စင်ယူပြီးတဲ့နေ့
အိမ်ပြန်ဖို့သာ နေ့တိုင်းတွေးနေတာပါ။
♥️ဒါ့ကြောင့်ခုထဲက သတ်သတ်မှတ်မှတ် ငွေစုတယ်
အနာဂတ်အတွက်အစီအစဉ်တွေချတယ်။
ရင်းနှီးမြှုပ်နှံတယ်။
♥️နှစ်၄၀နီးပါး Building and factory design
အတွေ့အကြုံတွေကို Juniors တွေဆီ
လက်ဆင့်ကမ်းပေးချင်တယ်။
ကိုယ်အသက်ကြီးတဲ့အခါ အားငယ်ဝမ်းမနည်းချင်ဘူး
အခန်းကျဉ်းလေးထဲ အထီးကျန်မနေချင်ဘူး
မြန်မာစကားပဲနေ့တိုင်းကြားချင်တယ်
ဆွေမျိုးမိတ်ဆွေသိုက်သိုက်ဝန်းဝန်းနဲ့ နေချင်တယ်
ပုဂံ၊အင်းလေး၊ကျိုက်ထီးရိုး၊ချောင်းသာ၊ပြင်ဦးလွင်
မြန်မာပြည်အနှံ့ ခနခနထပ်သွားမယ်။
♥️ခနလေးပဲပြန်ချင်တာမဟုတ်ဘူး
တစ်သက်လုံးပြန်နေမှာပါ….
စာသားလေးကကိုယ့်စိတ်နဲ့ထပ်တူကျလို့ ကူးယူဖော်ပြခြင်းသာ…
မူရင်းရေးသားသူအား Crd ပါ။

image
1 y - Translate

သူက မင်းကို တစ်အားလည်းရစ်တယ် ။
စိတ်ကောက်ရင်လည်း ခဏ ခဏ ပဲ ။
သဝန်တိုတာလည်း အကြိမ်ကြိမ် ။
ဘယ်မှာလဲ ? ဘာလုပ်နေလဲ ?
ဆိုတဲ့ မေးခွန်းတွေ နဲ့ မင်း ကို မေးနေ ၊
ပြောနေတာ ကို မင်း က သံသယ မျက်လုံးတွေ နဲ့ အကြည့်
ခံနေရတယ် ဆိုပြီး မကြိုက်ဘူး။

အဲ့လို များ ထင်ရင် အကြီးကြီးလွဲပြီပေါ့ ။

တစ်ခါတစ်ရံမှာ လူတွေက သိပ်ကို ချစ်မိသွားရင်
အချစ်ကြီးလာတတ်ကြတယ် ။
အချစ်ကြီးပြီ ဆိုတာနဲ့ မင်းအပေါ်ထားတဲ့ စိတ်က ပေါ့ပေါ့တန်တန် မဟုတ်တော့ဘူး။
လေးလေး နက်နက်ဖြစ်သွားပြီ ။
မင်းလုပ်သမျှ အသေး အဖွဲ ကိစ္စ လေးက အစ သူ့ မှာ
သိချငိလာရတယ် ။
မင်းအတွက် ၂၄ နာရီလုံး စိတ်ပူလာရတယ် ။

အရမ်းကို ချစ်လွန်းလို့ သူချစ်သလို မင်းကို
ချစ်စေချင်လာတယ်။
သူအလေးအနက်ထားသလို မင်းကို
အလေး ထားစေချင်တယ် ။
ပြောရရင် မင်းရဲ့ ချစ်ခြင်းတွေကို
သူတစ်ယောက်ထဲ ရနေစေချင်တာ မျိုးပေါ့ကွာ ။

မင်းကို သိပ်ချစ်တဲ့ အချစ်စိတ် တစ်ခုရယ် . . .
မင်းကို သူ လက်လွှတ် ဆုံးရှုံးလိုက်ရမှာ ကြောက်တဲ့
အဲ့င်္ဒ့ စိတ် တစ်ခုရယ် က မင်းရဲ့ သွားလာ လှုပ်ရှားမှု
အစိတ်အပိုင်းတစ်ခုလုံးကို သူ သိချင်လာတော့တာပဲ ။
သူက မင့်ကို သိပ်ကို ချစ်မိနေပြီကိုး ။
ဒီတော့ မင်းက အရေးမပါဘူး လို့ ယူဆထားတဲ့ အသေးအဖွဲ ကိစ္စလေးတွေက အစ သူ့အတွက်တော့ သိပ်ကို အရေးကြီးတဲ့ ဧရာမ ကိစ္စ ကြီးပေါ့။

ဒါကို မင်းက ရစ်တယ် လို့ သတ်မှတ်မယ် ။
သူ အဲ့လိုတွေ လုပ်နေတာကို မင်းက မကြိုက်ဘူး။
သူကလည်း မင်းက ဒါလေးတောင် သူ့ကို
ဂရုမစိုက်ပါဘူး ဆိုပြီး စိတ်ကောက်မယ် ။
ပြီးတာနဲ့ မင်းက သူ ချစ်သလိုရော ပြန်ချစ်ရဲ့လား။
သူ့ ထက် သာတဲ့ သူကို မင်းက တွေ့သွားလို့များလား။
စတဲ့ သံသယစိတ်တွေ တစ်ဖြည်းဖြည်း ဖြစ်လာတော့တာ ။

အဓိကပြဿ နာကတော့ မင်းကို အရမ်း ချစ်လွန်းလို့
ဖြစ်နေတာပဲ။ ဒါကို မင်းဘက်က အချိန်ပေးပြီး
သူ့ စိတ်ထဲ သံသယတွေ ၊ အလိုမကျမှုတွေ ပျောက်သွားအောင် စိတ်ရှည်ရှည် ထားပြီး ရှင်းပြ ၊ပြောပြပေး လိုက်လေ ။
သူ စိတ်ပူနေရတာတွေ မရှိအောင် မင်းဘက်က
ကြိုပြီး သူ့ ကို အသိပေးထားရမှာပေါ့။

မင်းက သူ ချစ်တာကို ခံနေရတာပါကွာ။
ဒါကို ဂုဏ်ယူလိုက်စမ်းပါ။
#crd_to_owner

image
1 y - Translate

မကျေနပ်တာရှိရင် ပွင့်ပွင့်လင်းလင်းပြောပြတာပဲ ကြိုက်တယ် ။ ကိုယ်ကိုယ်တိုင်ကလည်း တစ်ယောက်ယောက်နဲ့ ပတ်သက်ပြီး စိတ်ထဲဘဝင်မကျရင် အကြောင်းအရာကို တည့်ပြောလိုက်တာပါပဲ။

တစ်ချို့ကျ လူကို ရုတ်တရက်ကြီး ဘာထဖြစ်မှန်းမသိ အကောင်းကြီးကနေ ထဖောက်တာတော့ အဆင်မပြေဘူး။ ကိုယ် ဘာဖြစ်ချင်နေတယ် ဘာဖြစ်နေတယ်ဆိုတာ ကိုယ်မပြောရင် ဘယ်သူမှ မသိနိုင်ပါဘူး ။

မပြောဘဲနဲ့ သိစေချင်တာဆိုတာကြီးကလည်း တစ်ဇွတ်ထိုး တစ်ဖက်သတ်ဆန်လွန်းပါတယ် ။ ဘယ်သူကမှ fortune teller မဟုတ်နေတာကို ဘယ်လိုလုပ် မပြောဘဲသိနိုင်မှာလဲ။

သိစေချင်ရင်ပြောပြပေါ့
ဘာကတော့ ဘယ်လိုရှိတယ်
ဒီလိုလုပ်လိုက်တော့ ငါတော့ စိတ်မကောင်းဖြစ်သွားတယ် … ပြောလိုက်ရင် က်ိစ္စကပြီးသွားပြီ။

တောင်းပန်ဖို့ လိုရင် တောင်းပန်စရာရှိတဲ့သူကတောင်းပန်လိုက်မယ်။
ချက်ချင်းမကျေနပ်နိုင်ရင်တောင် ကိုယ်ပြောပြလိုက်လို့ တစ်ဖက်လူက သိသွားရင် စိတ်ထဲပေါ့ပါးသွားတာပဲ မဟုတ်လား။

တစ်ခုခုဆို ထစ်ကနဲရှိ ခေါ်ချင်သလို မခေါ်ချင်သလို ခုတစ်မျိုး တော်ကြာတစ်မျိုး လူစားမျိုးတွေဆို ဆက်ဆံရတာ တကယ်အဆင်မပြေပါဘူး။

ပွင့်ပွင့်လင်းလင်းနဲ့ ဖြစ်ချင်တာကို သဘာဝကျကျပြောပြီး လက်တွေ့ဆန်တာမျိုးကပဲ နှစ်ဦးနှစ်ဖက်အတွက် အဆင်ပြေစေပါတယ် ။

ပြေလည်တဲ့ဆက်ဆံရေးတစ်ခုရဖို့ဆို
ပွင့်လင်းမှုက အဓိကပါပဲ ။

🌻🤍
Crd

image