ရှာဖွေပါ။ ပို့စ်များExplore captivating content and diverse perspectives on our Discover page. Uncover fresh ideas and engage in meaningful conversations
အခေါက်ကင်ထမင်းပေါင်း
ဝက်သုံးထပ်သားအခေါက်ပါးပါးအသားများများကိုရေဆေးသန့်စင်ပြီးအိုးတလုံးတွင်ရေမြုပ်အောင့်ထည့်ပြီး
ချင်းလှီးထားတာသုံးပြား
ကြက်သွန်ဖြူအလုံးလိုက်တလုံးဆားအချိုမှုန့်နဲနဲထည့်ပြီး
မီနစ် ၃၀ ခန့်ပြုတ်ပါ
အချိန်ပြည့်ရင်ဆယ်ယူရေ
ဆေးပြီးအခေါက်ကိုခက်ရင်းခွဖြင့်နံ့စပ်အောင်ထိုးပေးပါ
အခေါက်ဘက်ကိုရှာလကာ
ရည်နဲနဲနံ့စပ်အောင်သုတ်လိမ်း
ပါ OVEN မှာအပေါ်မီးအောက်
မီး ၂၀၀ ထားပြီးမီနစ် ၃၀ ခန့်
ကင်ပါ အခေါက်ကင်ရပါပြီ
ထမင်းဖြူချက်ထားပါ
ငုံဥကိုပြုတ်ပြီးအခွံခွာထားပါ
ကြွက်နားရွက်မှိုကိုရေစိမ်ပြီး
သန့်စင်ပြီးဖဲ့ထားပါ ဂေါ်ဖီပန်း
အစိမ်းရောင်
မုံညှင်းထုပ်ရွက် ဂေါ်ဖီထုပ်
ဂေါ်ရခါသီး ရွှေပဲသီး မုန်လာ
ဥနီ ပန်းငရုတ်သီး ပြောင်းဖူး
အသေး ခရမ်းချဉ်သီးတို့ကို
ရေဆေးသန့်စင်ပြီးသင့်တော်
သလိုလှီးဖြတ်ထားပါ
အိုးတလုံးမှာဆီသင့်ရုံထည့်ပြီး
ကြက်သွန်နီလှီးကြက်သွန်ဖြူ
ထုထားတာကိုအနံ့မွှေးလာ
အောင်ဆီသတ်ပြီးအသီးအ
ရွက်လှီးထားတာကိုခရမ်းချဉ်
သီးသာချန်ပြီးအကုန်ထည့်ပါ
ပဲငံပြာရည် ခရုဆီ ပဲငံပြာရည်
အနှောက် ဆား အချိုမှုန့် သကြားနဲနဲ ရေနဲနဲထည့်ပြီး
အသီးအရွက်ကျက်အောင်
ကြော်ပါ အသီးရွက်ကျက်ရင်
ခရမ်းချဉ်သီးထည့်ပါငုံးဥ
ထည့်ပါ မွှေပေးပါ
အရသာမြည်းကြည့်ပါ အနေတော်ဆိုရင်ရပါပြီ
အိုးတလုံးမှာဆီနဲနဲထည့်ပါကြက်သွန်ဖြူချင်းညက်ညက်
ထောင်းထားတာနဲနဲထည့်ပြီး
အနံ့မွှေးလာအောင်ဆီသတ်ပြီး
မွှေးကော်မှုန့်အရည်ဖျော်ထား
တာလောင်းထည့်ပါမွှေပေးပါ
ပဲငံပြာရည် အကြည် အနောက်
ခရုဆီ အချိုမှုန့်နဲနဲထည့်ပြီး
ကော်ရည်ကိုမပြစ်မကျဲချက်
ထားပါ အရသာမြည်းကြည်
ပါ အနေတော်ဆိုကော်ရည်ရ
ပါပြီ
အခေါက်ကင်ကိုမထူမပါး
လှီးထားပါ
ပန်းကန်ပြားကြီးမှာထမင်းကို
အလည်ကထည့်ပြီးအပေါ်မှာ
အသီးရွက်ကြော်ကိုတင်ပေးပြီးကော်ရည်လောင်းပေးပါ
အပေါ်မှာအခေါက်ကင်ကိုလှပ
အောင်ထည့်ပေးပါ
အသားပြုတ်ရည်ကိုအရသာ
မြည်းကြည့်ပါအနေတော်ဆို
ပန်းကန်လုံးမှာထည့်ပြီးကြက်သွန်မိတ်လှီးထားတာ
ဖြူး ငရုတ်ကောင်းမှုန့်ဖြူးပြီး
ဟင်းချိုရည်လုပ်လို့ရပါတယ်
အချဉ်ကသခွားသီးကိုလှီးပြီး
အပေါ်ကငရုတ်ဆီဆမ်းပေးပါ
ထမင်းပေါင်းကိုစားလို့ရပါပြီ
စားကောင်းကြပါစေ