Discover postsExplore captivating content and diverse perspectives on our Discover page. Uncover fresh ideas and engage in meaningful conversations
လူ့ခန္ဓာကိုယ်မှာ အရေးကြီးလှတဲ့ အသည်းကို ထိခိုက်စေတဲ့ အရာများ ..
တစ်ခါတလေမှာ အရက်သောက်တာကြောင့်ပဲဖြစ်ဖြစ် အမှတ်မထင်ပြုလုပ်မိတဲ့ အပြုအမူတွေကြောင့် ခန္ဓာကိုယ်အတွက် အရေးပါတဲ့ အစိတ်အပိုင်းတစ်ခုဖြစ်တဲ့ အသည်းဟာ နေ့စဉ်စားသုံးနေတဲ့ အစားအသောက်တွေ အပြုအမူတွေနဲ့အတူ ထိခိုက်စေနိုင်ပါတယ်။
မိမိက မသိလိုက်ပေမယ့် နေ့စဉ် ထိတွေ့မိနေတဲ့အရာတွေကြောင့်လည်း အသည်းမှာထိခိုက်တာတွေ ဖြစ်လာနိုင်ပါတယ်။တစ်ခါတလေမှာတော့ အသည်းရောဂါက မျိုးရိုးလိုက်တာကြောင့်လည်း ဖြစ်တတ်ပါသေးတယ်။
အသည်းကို ထိခိုက်စေတဲ့အရာများမှာ -
👇👇👇
အရက်အလွန်အကျွံသောက်တာ။
တစ်ခါသုံး ဆေးထိုးအပ်ကို အသုံးမပြုတာ။
ခန္ဓာကိုယ်မှာ အပေါက်တွေဖောက်တာ။
ရောဂါရှိသူရဲ့သွေး၊ကိုယ်ကထွက်တဲ့အရည်တွေနဲ့ထိတွေ့တာ။
အဆိပ်ရှိတဲ့အရာတွေ ဓါတုပစ္စည်းတွေကိုအရေပြားနဲ့ တိုက်ရိုက်ထိတွေ့တာ။
ဆီးချို၊အဝလွန်ရောဂါရှိတာ။
စသဖြင့် ရှိနေပါတယ်။
အများဆုံးတွေ့ရတဲ့ အသည်းရောဂါတွေက
အသည်းရောင်အသားဝါ ဘီပိုး၊စီပိုး
အသည်းအဆီဖုံးခြင်းနဲ့ အရက်ကြောင့်ဖြစ်တဲ့ အသည်းရောဂါ တွေကို တွေ့ရပါတယ်။
ဒါအပြင် အသည်းကင်ဆာဟာ အမျိုးသားရော၊ အမျိုးသမီးမှာပါ ဖြစ်နိုင်ပြီး အရက်နဲ့ အသည်းရောင် အသားဝါပိုးများကြောင့် အဓိက ဖြစ်စေပါတယ်။
အသည်းကင်ဆာ ဖြစ်မဖြစ်ကို ကြိုတင် စစ်ဆေးခြင်းက ရောဂါကို စောစီးစွာ ကုသနိုင်ဖို့အတွက် အထောက်အကူပြုစေနိုင်ပါတယ်။
ဒါ့ကြောင့် ခန္ဓာကိုယ်ရဲ့ အရေးကြီးလှတဲ့ အသည်း ရဲ့ ထိခိုက်စေနိုင်မှုတွေကို သိရှိပြီး "အသက်ကို ဉာဏ်စောင့်တယ် "ဆိုတဲ့ စကားနဲ့ အညီ ဖြတ်သန်းရာဘဝမှာ အသည်းနဲ့ ပတ်သက်တဲ့ သတိထားသင့်တဲ့အရာများကိုသိရှိပြီး အဆင်ပြေပြေ စိတ်ချမ်းမြေ့စွာ ဖြတ်သန်းနိုင်ကြစေဖို့ ရည်ညွှန်းကာ ဗဟုသုတရရန် အလို့ငှာ တင်ဆက်လိုက်ရပါတယ်ခင်ဗျာ ။
#frankiestories
#littleworld