Discover postsExplore captivating content and diverse perspectives on our Discover page. Uncover fresh ideas and engage in meaningful conversations
ကျွန်တော့မှာ အသိအစ်ကိုတစ်ယောက်ရှိပါတယ်။ ကျွန်တော် သူ့အိမ်ကိုသွားလည်တိုင်း ကျွန်တော့ရဲ့ energy တွေကျသွားလေ့ရှိတယ်။ ဘာလို့လဲဆိုတော့ ကျွန်တော်က ကျွန်တော့်ရဲ့ ပုံစံအတိုင်း လုပ်မယ့်အရာတွေ လုပ်ချင်တာတွေကို အားရပါးရပြောပြလေ့ရှိပါတယ်။
ဒါပေမဲ့ သူပြန်ပြောလေ့ရှိတာက အခြားလူနဲ့ နှိုင်းယှဉ်လိုက်တာပဲဖြစ်ဖြစ်၊ကိုယ်ကြိုးစားနေတာဟာ...ဘာမှမဟုတ်ပါဘူး/လုပ်ချင်တဲ့အရာတွေက...မဖြစ်နိုင်ပါဘူး၊ဆိုတဲ့ပုံစံမျိုးနဲ့ ခွန်းတုံ့ပြန်လေ့ရှိပါတယ်။
သူကိုယ်တိုင်လည်း အမြဲတမ်း ကိစ္စတစ်ခုအတွက် ငြီးတွားနေလေ့ရှိပြီး သူ့ကိုယ်သူအခြားသူနဲ့နှိုင်းယှဉ်ပြီး စိတ်ဓာတ်ကျနေလေ့ရှိပါတယ်။
နောက် ကျွန်တော့် ခင်မင်ရင်းနှီးတဲ့ ဆရာမအိမ်ကိုခဏ,ခဏ အလည်သွားလေ့ရှိပါတယ်။ သွားလည်တဲ့အခါတိုင်း ဆရာမက ကျွန်တော် ဘာတွေလုပ်နေလဲ၊ဘာတွေလုပ်ဖို့ရှိလဲ အမြဲမေးလေ့ရှိပါတယ်။
ကျွန်တော့ပုံစံအတိုင်း လုပ်ချင်တာတွေ၊လုပ်မယ့်အရာလေးတွေကို အားရ ပါးရပြောပြလေ့ရှိပါတယ်။ ဆရာမက လုပ်သာလုပ် ကောင်းတယ်လို့ ပြောတဲ့အခါရှိပြီး planလေးတွေ ပြင်စရာရှိရင် ဘယ်လိုပြင်သင့်ကြောင်း၊အားပေးနေမည်ဖြစ်ကြောင်း ပြောလေ့ရှိပါတယ်။
တကယ်တော့ Energy ဆိုတာ ဒါပါပဲ။ Energy က ကူးစက်တတ်တဲ့သဘော သဘာဝရှိပါတယ်။ ကိုယ်ကို အားပေးထောက်ခံမှုရှိတဲ့ လူတွေ၊ လက်ခံမယ့် လူတွေနားရောက်သွားရင် ကိုယ့်ရဲ့ energy ဟာအလိုလို တက်လာပြီး ကိုယ့်ကို အားမပေး၊ထောက်ခံမှုမရှိတဲ့ လူတွေနားရောက်သွားရင် ကိုယ်ရဲ့energyတွေ အလိုလိုကျသွားစေပါတယ်။
အတင်းပြောတဲ့အခါ အခြားလူတွေရဲ့ မကောင်းတဲ့အကြောင်းကို ပြောတာဖြစ်တဲ့အတွက်ကြောင့် အတင်းပြောပြီးတဲ့အခါ ကျွန်တော်တို့ စိတ်မလုံခြုံသလို ခံစားရစေတဲ့အပြင် ဘာမှမဟုတ်ပဲ ပင်ပန်းသလိုဖြစ်ပြီး ကိုယ့်ရဲ့energy တွေ အလိုလိုကျသွားစေပါတယ်။
ဒါပေမဲ့ အခြားလူတစ်ယောက်ရဲ့ အောင်မြင်မှုတွေကို ချီးကျူးပေးတဲ့အခါ၊ အခြားလူတစ်ယောက်အတွက် မုဒိတာပွါးပေးတာဖြစ်လို့ အဲ့ဒီ energy က ကိုယ်ဆီ ပြန်ရောက်တတ်ပါတယ်။ ဥပမာ - ရာထူးတိုးသွားတဲ့ ကိုယ်သူငယ်ချင်းအတွက် ကိုယ်ဟာ ဂုဏ်ယူပေးတတ်၊ မုဒိတာပွါးတတ်ရင် ကိုယ်လည်း မကြာခင်ပဲ ရာထူးတိုးသွားတတ်ပါတယ်။
ဒါ့ကြောင့် ကျွန်တော်က အခုနောက်ပိုင်း နေ့စဉ်ဘဝလုပ်ဆောင်မှုတွေမှာ energy ကောင်းစေမယ့်အရာလေးတွေပဲလုပ်ဖြစ်တော့တယ်။ Journaling လုပ်တာ၊ Gratitude letterရေးတာ၊ သစ်ပင်စိုက်တာ၊ လေ့ကျင်ခန်းလုပ်တာလေးတွေကို နေ့တိုင်းလုပ်ဖြစ်နေပါတယ်။
ကိုယ့်ကို အားပေးပြီး လက်ခံပေးတဲ့ လူဆိုရင် ကျွန်တော်လုပ်မယ့်အရာတွေ အားရပါးရပြောလိုက်ပါတယ်။ အားမပေးပဲ ဝေဖန်မယ့်သူဆိုရင်တော့ ကျွန်တော် ပြောသင့်သလောက်ပြောပြီး energy ကိုချွေတာလိုက်ပါတယ်။
အတင်းမပြောနိုင်အောင် ကြိုးစားသလို၊ အခြားလူတစ်ယောက်အပေါ် ကောင်းတာလေးတွေပဲ ပြောနိုင်ဖို့ကြိုးစားပါတယ်။ တစ်ခုခုဆို ငါမှန်တယ်ဆိုပြီး ပြိုင်မငြင်းတော့ပဲ စိတ်ထဲက You”ll know it, when u know it (ကိုယ်,ကိုယ်တိုင် ကြုံဖူးရင် သိလိမ့်မယ်) လို့တွေးလိုက်ပြီး ကျွန်တော် တစ်ခုခုဆို ပြိုင်မငြင်းတော့ပါဘူး။ Energy သိပ်ကုန်လို့ပါ။
နေ့စဉ်ဘဝမှာ ကျွန်တော့ရဲ့ Energy လေးတွေ ချွေတာနိုင်သလောက် ချွေတာနိုင်အောင် ကြိုစားပါတယ်။ လောကဓံကြောင့် လျော့လျော့သွားတဲ့ energy တွေအပြင် ပြင်ပရိုက်ခတ်မှုတွေကြောင့် လျော့လျော့သွားတဲ့ energy တွေကို ကျွန်တော် control လုပ်နိုင်တဲ့ အနေအထား၊ အကြောင်းအရာတွေအပေါ်မှာပဲ မလျော့သွားရအောင် ကြိုးစားပါတယ်။
Energy ဆိုတာ ကိုယ်,ကိုယ်တိုင် ကောင်းအောင် ကြိုးစားယူလို့ရသလို၊ မကောင်းတဲ့ energy တွေ မဝင်လာစေဖို့ ကိုယ်တိုင် ခြံစည်းရိုးလေး ခတ်ထားလို့လည်းရပါတယ်။ ခြံစည်းရိုးခတ်ဖို့ အကောင်းဆုံးကတော့ "Save Some Energy (energy ကို ချွေတာပါပဲ)"။
#thatsforu
#လွတ်လပ်သောဘဝ
#crd
ဓာတ်အားခနှုန်းထားတွက်ချက်ရန် အောက်ပါ Link ထဲဝင်၍ တွက်ချက်သိရှိနိုင်ပါသည်။
https://moep.gov.mm/mm/ignite/page/648
ပညာရပ်တစ်ခုကို
လေ့လာချင်ပြီဆိုရင်
🚀၁. အရင်ဆုံးကိုယ်ဘာလို့
လေ့လာချင်တာလဲ သိအောင်လုပ်
🚀၂. အဲ့ပညာရပ်မှာ အကောင်းဆုံး
စာအုပ် ၅ အုပ်ခေါင်းစဉ်တွေရှာကြည့်
🚀၃. အဲ့ ၅ အုပ်ကို အတိုချုပ်
summary ရှာဖတ်ကြည့်
🚀၄. ဖတ်ကြည့်လို့စိတ်ဝင်စားတယ်
ကိုယ်သိချင်တာတွေပါတယ်ဆိုရင်
အဲ့စာအုပ်တွေကို လေ့လာ
🚀၅. ရလာတဲ့ပညာတွေကိုလက်တွေ့အသုံးချ
Google, ChatGPT, Perplexity, Claude တို့
ကိုမေးလို့ရနေတဲ့ခေတ်ကြီးမှာ
အရင်ကထက် အများကြီးကို
သင်ယူမှုက လွယ်ကူလာပါပြီ 🫰🏻
thelapyae
#crd
၉ နာရီ ၂၀ မိနစ်
🧈 အကယ်ဒမီ မီးလင်းရွှေ ဈေးကွက် ဈေးနှုန်း
ရွှေတုံး/ရွှေဆိုင် ရွှေသန့်စင်လုပ်ငန်းများစျေး
၇၂၂၀၀၀၀
------------------------------
🙏 မိဘပြည်သူ၊ ကုန်သည်များရှင့်
🇺🇲 ရန်ကုန် လက်ငင်း ၅၇၀၀-၅၈၀၀
🇹🇭 ဘတ် ၆၂၈ _၆၂၄
🇸🇬 စင်္ကာပူ ၄၁၆၀-၄၂၀၀
-------------------------------
#crd