1 နှစ် - ဘာသာပြန်ပါ။

" စိတ်ထွက်ပေါက်တွေ ပိတ်မိနေတဲ့အခါ "

မနက်ဖြန်ဆိုတာကို
ခဏ မေ့ထားလိုက်ပါ။

သုံးစားလို့မရခဲ့တဲ့
မနေ့ကအကြောင်း အရာတွေကို
မတွေးပါနဲ့။

သင့်ခြေတွေ လက်တွေ
ပြန်ဆန်းစစ်ကြည့်ပါ။
အကောင်းတိုင်း ရှိနေပြီဆိုရင်

လက်ရှိသင်ဖြစ်နေတဲ့ ပြဿာနာကို
ပြန်လည် သုံးသပ်ပါ။

အချစ်ရေးလား!

တကယ်တော့ အချစ်ဆိုတာ
ကိုယ်နဲ့မထိုက်ရင် မီးပါ။

နားလည်မှုရှိနေရင် ငြိမ်းသွားပြီး
သံသယတွေ ဝင်လာတဲ့အခါ
ဆက်လောင်တက်ပါတယ်။

လူတစ်ယောက်က
အသည်းတစ်ခါ ကွဲဖူးရင် အချစ်ကို
ဘယ်လိုကိုင်တွယ်ရမလဲ သိသွားပါပြီ။

ကိုယ့်ဒူးတောင် ကိုယ်မယုံကြည်ရတဲ့ဒီခေတ်မှာ
သင်က ဘယ်သူတွေကို ယုံကြည်နေချင်သေးတာလဲ။

သင်က အချစ်ကြောင့် စိတ်ညစ်နေချိန်မှာ
အိပ်ယာပေါ်မှာ နှစ်ပေါင်းများစွာ
ရောဂါဝေဒနာ ခံစားနေရသူတွေကို ကြည့်ပါ။

အဲ့ဒီလိုလူနဲ့ သင် နေရာချင်းလဲမလား
ဘယ်လိုလဲ မလဲနိုင်ဘူး မဟုတ်လား။

နောက်တခု အိပ်ဆေးတွေ အကျွေးခံရပြီး
လမ်းဘေးမှာ တောင်းရမ်းနေတဲ့ အနာဂ္ဂါတ်မဲ့
ကျောပိုးခံထားရတဲ့ ခလေးငယ်နဲ့
သင်နေရာချင်း လဲမလား
သင်မလဲနိုင်ဘူး မဟုတ်လာ။

အမိူက်ပုံထဲက
အမိူက်တွေချည်း ကောက်စားနေရတဲ့
စွန့်ပစ်ခံ ခလေးတွေနဲ့ နေရာချင်းချိန်းမလား
ဘယ်လိုလဲ.???

သိပ်မငြီးထွားပါနဲ့!

အချစ်ငတ်တာ
ထမင်းငတ်တာလောက်
မဆိုးဝါးပါဘူး။

စီးပွားရေးကြောင့် စိတ်ညစ်နေသလား !

စိတ်မညစ်ပါနဲ့။
သင်ဘယ်နှစ်ခါလဲကျသွာလဲက
အရေးမကြီးပါဘူး ။

ဘယ်လောက်မြန်မြန် ပြန်ထနိုင်လဲက
အရေးကြီးတာပါ။

သင့်မှာခြေတွေ လက်တွေ
အကောင်းကြီး ရှိနေတယ်မဟုတ်လား။

မိတ်ဆွေ အပေါင်းသင်းတွေ ရှိနေမယ်။
စိတ်ကောင်းတစ်ခု ရှိနေသေးတယ်ဆိုရင်
သင် ပြန်ထနိုင်မှာပါ။

အကြွေးတွေများလို့ စိတ်ညစ်နေတာလား !

အကြွေးကင်းတဲ့သူဆိုတာ
မရှိသလောက်ရှားပါတယ်။

အလုပ်လုပ်နေသမျှ တော့
အကြွေးမကင်းကြပါဘူး။

သားရေးသမီးရေးအတွက်
စိတ်ပူနေတာလား!

ကျွန်တော်တို့ အဖိုးအဖွားတွေလက်ထက်
သားသမီး (၇)ယောက်
(၈)ယောက် (၉)ယောက်
မွေးဖူးသူတွေ ပြန်ကြည့်ပါလား။

ယခုခေတ်
ကလေး (၂)ယောက် (၃)ယောက်
မွေးထားရုံနဲ့ ပူစရာလား။

အိမ်ထောင်ရေး အဆင်မပြေလို့
စိတ်ညစ်နေသလား?.?

တစ်ယောက်တည်း လာပြီး
တစ်ယောက်တည်း သေရွာပြန်ကြရမဲ့ ဘဝမှာ
တစ်စုံ တစ်ယောက်ကြောင့်
ဘဝတိုတို လေးအတွင်းမှာ
စိတ်ဆင်းရဲနေတာ တန်ပါ့မလား။

စိတ်ညစ်တယ်ဆိုတာ တစ်ခုခုကို
ဆုတ်ကိုင်ထားလို့ပါ။

လိုချင် ဖြစ်ချင်တာတွေ
များနေလို့ပါ။

အလုပ်ကို အတက်နိုင်ဆုံး
လုပ်သင့်တာ လုပ်ပြီး
ဘဝကို နေပျော်ဖို့ပဲ အရေးကြီးတယ်။

အရာအားလုံးက ဖြစ်ချိန်တန် ဖြစ်ပြီး
ပျက်ချိန်တန် ပျက်စီးပါတယ်။

ကံ ကံရဲ့ အကျိုးကို ယုံကြည်မှ
ဗုဒ္ဓဘာသာဝင် စစ်စစ်ပါ။

ဘာအတွက် ဘယ်သူအတွက်နဲ့မှ
စိတ်မညစ်ပါနဲ့ ။

ယနေ့ လုပ်စရာရှိတာကို
အကောင်းဆုံး လုပ်ပါ။

သင်တကယ်စိတ်ညစ်ရမှာက

ဘဝကို ဒါန သီလ ဘာဝနာမပါပဲ
ကုန်ဆုံး သွားမှာ ကိုပဲ ။

သင့် နှာသီးဝကို
အောက်ဆီဂျင် ဝင်နေသ၍
ကံကောင်းနေတဲ့ လူလိုမှတ် ။

ဒါဟာ ဘဝပဲ။

#credit to original writer

image
1 နှစ် - ဘာသာပြန်ပါ။

လက်နဲ့ အရိပ်ပုံစံ လုပ်တာ အရမ်းမိုက်တယ် 💜💜

image
1 နှစ် - ဘာသာပြန်ပါ။

လက်နဲ့ အရိပ်ပုံစံ လုပ်တာ အရမ်းမိုက်တယ် 💜💜

image
1 နှစ် - ဘာသာပြန်ပါ။

လက်နဲ့ အရိပ်ပုံစံ လုပ်တာ အရမ်းမိုက်တယ် 💜💜

image
1 နှစ် - ဘာသာပြန်ပါ။

လက်နဲ့ အရိပ်ပုံစံ လုပ်တာ အရမ်းမိုက်တယ် 💜💜

image
1 နှစ် - ဘာသာပြန်ပါ။

လက်နဲ့ အရိပ်ပုံစံ လုပ်တာ အရမ်းမိုက်တယ် 💜💜

image
1 နှစ် - ဘာသာပြန်ပါ။

လက်နဲ့ အရိပ်ပုံစံ လုပ်တာ အရမ်းမိုက်တယ် 💜💜

image
1 နှစ် - ဘာသာပြန်ပါ။

လက်နဲ့ အရိပ်ပုံစံ လုပ်တာ အရမ်းမိုက်တယ် 💜💜

imageimage
+4
1 နှစ် - ဘာသာပြန်ပါ။

ခရမ်းချဥ်သီး ပန်ထွေဖျော်
ခရမ်းချဥ်သီး 🍅
ငရုတ်သီးစိမ်းအညှာခြွေ
ကြက်သွန်ဖြူ တို့ကို
ရေဆေးပြီး မီးကင်
ငပိအနည်းငယ် မီးကင်
အားလုံး မီးကင်ပြီးရင် ခရမ်းချဥ်သီး ကို အခွံနွှာ
ကြက်သွန်ဖြူ ငရုတ်သီးစိမ်းတွေကို
ကြိတ်စက်ထဲ ဆားထည့်ပြီး ကြိတ်

(ကြိတ်စက်မရှိလဲ ခရမ်းချည်သီးလေတွေကို ဇွန်းလေးနဲ့ခြေပီးဖျော်လည်းရတယ်
​ငရုတ်သီး၊ကြက်သွန်ဖြူလေးတွေကို ငရုပ်ဆုံလေးနဲ့ထောင်းပြီးမှဖျော်ထားတဲ့ခရမ်းချည်သီးထဲကိုထည့်ပီးမွှေ )

နံနံပင် ပါးပါးလှီးပြီး ကိုယ်ကြိုက်တဲ့
အသီးနှံတွေနဲ့ တွဲစားလို့ရပါပြီရှင်။

#ခရမ်းချဉ်သီးပန်ထွေဖျော်??

image
1 နှစ် - ဘာသာပြန်ပါ။

ယနေ့ ရွှေစျေး ဒေါ်လာစျေး ဘတ်စျေးနှင့် အခြားနိုင်ငံခြားငွေ စျေးနှုန်းများ

(4.Sep.24) 12:15pm
ပြင်ပစျေးကွက်၌ ဖြစ်ပေါ်နေသော အမေရိကန်ဒေါ်လာနှင့် အခြားနိုင်ငံခြားငွေ စျေးနှုန်းများ..

အမေရိကန်ဒေါ်လာ 5530 – 5680
စင်ကာပူဒေါ်လာ 4100 – 4250
ဥရောပယူရို 5900 – 6100
ဂျပန်ယန်း 36.64 – 37.82
တောင်ကိုရီးယားဝမ် 4.00 – 4.13
အိန္ဒိယရူပီး 62.50 – 64.52
မလေးရှားရင်းဂစ် 1200 – 1260
တရုတ်ယွမ် 750 – 780
ထိုင်းဘတ် 156.98 – 161.81

ပြင်ပ ရွှေဈေးကွက်မှာတော့..

၁၆ ပဲရည် မီးလင်း
ရောင်းစျေး 7,240,000
ဝယ်စျေး 7,190,000

၁၅ ပဲရည်
ရောင်းစျေး 6,790,000
ဝယ်စျေး 6,740,000

ရွှေကုန်သည်အသင်း (YGEA) သတ်မှတ်စျေးကတော့..

၁၆ ပဲရည် မီးလင်း - 5,027,000
၁၅ ပဲရည် - 4,713,000
ကမ္ဘာ့ရွှေဈေးနှုန်းမှာ တအောင်စ 2494 ဒေါ်လာ ဖြစ်သည်။

#ရွှေစျေး
#ဒေါ်လာစျေး
#ဘတ်စျေး

image