1 y - Translate

ငါ့အမေကိုဖုန်းပေးမကိုင်တော့ဘူး - Taylor Swift

အမေ ငါ့အနားရောက်လာရင် ဖုန်းပေးမကိုင်တော့ဘူး ။ Team ကိုပါပြောထားတယ်။ အမေက အရမ်း နှောက်တာပဲ ။ နောက်ဆုံး တစ်ခေါက်တုန်းက ငါမျက်စိ LASIK ဆေးကုတုန်းက ဆေးမူးမူးပြီး ဂယောင်ခြောက်ခြားတွေဖြစ်နေတဲ့ Video ကြီးကို Jimmy Fallon ဆီကို ပို့ချလိုက်တော့ တစ်နိုင်ငံလုံးကို လွှင့်တဲ့ ရုပ်သံလိုင်းကြီးမှာ ဆေးမူးမူးပြီး လျှောက်ပြောနေတဲ့ Video ကြီး အပြခံရတာလေ ။ အဲ့တာပြီးထဲက ငါ့ အမေကိုပါ မယုံတော့ဘူး အနားလာရင် ဖုန်းအရင်စစ်တာပဲ

image
1 y - Translate

မျက်လုံး ညောင်းလာတဲ့အခါ ဒါတွေ လုပ်ကြည့်ပါ

ကွန်ပျူတာရှေ့ အကြာကြီး ထိုင်အလုပ်လုပ်ရသူတွေ၊ စာရင်းအင်းတွေနဲ့ တွက်ချက် အလုပ်လုပ်ရသူတွေဟာ ရေရှည်မှာ မျက်လုံးညောင်းလာ ၊ မျက်စိတွေ ခြောက်သွေ့ယားယံတာတွေ ကြုံလာရတတ်ပါတယ်။

မျက်စိတွေ ခြောက်သွေ့ ယားယံနေတယ်လို့ ခံစားရလာရင်တော့ မျက်တောင် ပုတ်ခတ်ပုတ်ခတ်လုပ်ပေးကြည့်ပါ။ ဒီနည်းနဲ့ သက်သာလာနိုင်ပါတယ်။ ပြီးတော့ မျက်စိကို ပြန်လည် လန်းဆန်းလာစေဖို့ ဒီနည်းလမ်းတွေ သုံးကြည့်နိုင်ပါတယ်။ မျက်ကပ်မှန် တပ်တဲ့လူဆိုရင်တော့ ဒီနည်းတွေ မသုံးခင်မှာ မျက်ကပ်မှန် ချွတ်ထားဖို့ လိုပါတယ်။

၁)လက်ဖဝါးနှစ်ဖက်ကို ပူနွေးလာအောင် ပွတ်ပေးပါ ။ ပြီးတော့ တံတောင်ဆစ်နှစ်ဖက်ကို စားပွဲပေါ်တင်ပြီး လက်ဖဝါးတွေနဲ့ မျက်လုံးကို အုပ်ထားပေးပါ။ မျက်စိမှိတ်ပြီး အသက် ဖြေးဖြေးမှန်မှန် ရှူပါလ။ ပြီးတော့ လက်ဖနောင့်နဲ့ မျက်လုံးကို ဖွဖွလေး ဖိ ပေးပါ။ ဒီအတိုင်း သုံးလေးခေါက်လောက် လုပ်ကြည့်ပါ။

၂)လက်မ နှစ်ဖက်နဲ့ မျက်ခုံးတွေကို နှိပ်နယ်ပေးပါ။ မျက်ခုံး နှစ်ခု ဆုံတဲ့နားကနေ နားထင်ဘက်ကို တဖြည်းဖြည်း နှိပ်သွားပေးပါ။

ဒီနည်းလမ်းတွေ အတိုင်း လုပ်ကြည့်မယ်ဆို မျက်စိ အညောင်းအညာပြေ ပြီး ပြန်လည်လန်းဆန်းလာစေမှာ ဖြစ်ပါတယ်။

image
1 y - Translate

အမြွှာညီအစ်မကို မိချောင်းပါးစပ်ထဲကနေ ကယ်တင်ပေးနိုင်ခဲ့လို့ ချားစ်ဘုရင် ချီးမြှင့်တဲ့ဆု ဆွတ်ခူးခဲ့သူ

အမြွှာညီအစ်မဖြစ်သူကို မိချောင်း ပါးစပ်ထဲကနေ ကယ်တင်ပေးနိုင်ခဲ့တဲ့ အမျိုးသမီးငယ်ဟာ ဂုဏ်သတင်းကြီးမားတဲ့ King's Gallantry ဆု ချီးမြှင့်ခံခဲ့ရပါတယ်။ မီလစ်ဆာဟာ ၂၀၂၁ ခုနှစ် ဇွန်လ ၆ ရက်နေ့က မက္ကဆီကိုနိုင်ငံ မာနီယယ်တီပက်ရေကန်မှာ သူငယ်ချင်းတွေနဲ့အတူ ရေကူးနေတုန်း မိချောင်း ဆွဲခံခဲ့ရတာပါ။

ရေကန်ထဲမှာ မှောက်လျက်သား ဖြစ်နေပြီး မိချောင်းပါးစပ်က လွတ်အောင် ရုန်းကန်လှုပ်ရှားနေတဲ့ မီလစ်ဆာကို တွေ့ချိန်မှာ ဂျော်ဂျီယာက သူ့အသက် အန္တရာယ်ကို မမှုဘဲ သွားကယ်ခဲ့တာပါ။ ဂျော်ဂျီယာဟာ မိချောင်းကို လက်သီးနဲ့ထိုးပြီး သူ့အစ်မကို လွှတ်ပေးအောင် ကြိုးစားရင်း သူ့လက်မှာလည်း မိချောင်းကိုက်တဲ့ဒဏ်ရာတွေ ရရှိခဲ့ပါတယ်။ နောက်ဆုံးမှာတော့ မိချောင်းက မီလစ်ဆာကို လွှတ်ပေးခဲ့ပြီး လှေတစ်စီးက သူတို့ညီအစ်မကို ကယ်တင်ပေးခဲ့တာပါ။

မီလစ်ဆာဟာ ဒဏ်ရာပြင်းပြင်းထန်ထန် ရခဲ့ပေမဲ့ ကုသမှု ခံယူပြီးနောက် ပြန်လည်သက်သာသွားခဲ့ပါတယ်။ ဒါပေမဲ့ သူတို့ ညီအစ်မ နှစ်ယောက်လုံးမှာ သေရာပါ ဒဏ်ရာတွေ ကျန်နေရစ်ခဲ့တာပါ။ ဂျော်ဂျီယာရဲ့ ရဲစွမ်းသတ္တိရှိမှုဟာ လူပြောများခဲ့ပြီး ချားစ်(၃)ဘုရင်ရဲ့ Gallantry Medal ဆု ချီးမြှင့်ခံခဲ့ရတာပါ။

image
1 y - Translate

ပြေရလွဲတဲ့ စကားလုံးများ🥰🥰
#easyenglish #learningenglish #englisheverywhere

image
1 y - Translate

ပြေရလွဲတဲ့ စကားလုံးများ🥰🥰
#easyenglish #learningenglish #englisheverywhere

image
1 y - Translate

ပြေရလွဲတဲ့ စကားလုံးများ🥰🥰
#easyenglish #learningenglish #englisheverywhere

image
1 y - Translate

ပြေရလွဲတဲ့ စကားလုံးများ🥰🥰
#easyenglish #learningenglish #englisheverywhere

image
1 y - Translate

ပြေရလွဲတဲ့ စကားလုံးများ🥰🥰
#easyenglish #learningenglish #englisheverywhere

image
1 y - Translate

ပြေရလွဲတဲ့ စကားလုံးများ🥰🥰
#easyenglish #learningenglish #englisheverywhere

image
image
image
image
image
1 y - Translate

#breakingnews

ဘောနပ်ဆု လုံး၀ မျှော်လင့်လို့ မရတော့တဲ့ အောင်လ နဲ့ အာဒိုဂန်
*********

ONE 168 ပြိုင်ပွဲကြီး ကျင်းပဖို့ တစ်ရက်ကျော်လေးပဲ လိုတော့ပါတယ်။

အလှည့်အပြောင်းတွေ / အပြောင်းလဲတွေ က အခုထိ ရပ်တန့်ခြင်း မရှိသေးပါဘူး။

ဒီတစ်ခါ အလှည့်ပြောင်း ဖြစ်တာက ကျနော်တို့ အားလုံး စောင့်မျှော်နေကြတဲ့ အောင်လ နဲ့ အာဒိုဂန် တို့ ပွဲ ဖြစ်ပါတယ်။

အခုလေးတင်ပဲ ဝိတ်ချိန်တဲ့ ကိစ္စတွေ ပြီးဆုံးသွားတာပါ။

အောင်လ ဟာ သူ့ကိုယ်သူ ယုံကြည်မှုအပြည့်နဲ့ အစောကြီး ထွက်လာပါတယ်။ ဒါပေမယ့် Hydration Test က ဟိုတစ်ခါပွဲလို အဆင်မပြေပြန်ပါဘူး။ ဘော်ဒီဝိတ်က သတ်မှတ်ပမာဏ အတွင်းမှာ ရှိပါတယ်။

ဒါပေမယ့် Hydration Test မအောင်တော့ ၊ ဝိတ်ချိန်တာကလဲ တရားဝင် သတ်မှတ်လို့ မရပါဘူး။

အောင်လဟာ ဝိတ်ချိန်ဖို့ သတ်မှတ်ပေးထားတဲ့ 3 နာရီ ကာလ အတွင်းမှာ အတော်လေး အားယူကြိုးစားခဲ့ဟန်ရှိပါတယ်။ ဒါပေမယ့် နောက်တစ်ကြိမ် ပြန်လာချိန်တာမျိုး မရှိပဲ ၊ ပိတ်သိမ်းခါနီးမှ ရောက်ချလာပါတယ်။

သူ့မျက်နှာ အမူရာကြည့် ကတည်းက အဆင်မပြေဘူး ဆိုတာ သိသာနေပါပြီ။ Hydration Test က 1.0292 ရှိနေဆဲ ဖြစ်ပြီး သတ်မှတ်ခွင့်ပြု ပမာဏ 1.025 အထက်ကို ကျော်လွန်နေပါတယ်။ ဝိတ်ချိန်ကြည့်တော့ 204 ပေါင် ကျော်ကျော်မို့ မစ်ဒယ်ဝိတ်တန်း ခွင့်ပြုချက် 205 ပေါင်တွင်းရှိပါတယ်။

သို့သော်လဲ ၂ ခု စလုံးပြည့်စုံမှ သတ်မှတ်ဝိတ်တန်း အတွင်း ဝင်တာမို့ အဆင်မပြေခဲ့ပါဘူး။

အာဒိုဂန် က အောင်လထက် ပိုဆိုးပါတယ်။ ဝိတ်ချိန်တဲ့ အစီစဉ်မှာကို ပေါ်မလာတာပါ။ Hydration Test လဲ မပေးနိုင်သလို ၊ ဝိတ် ဘယ်လောက်ရှိလဲတောင် ချပြနိုင်ခြင်း မရှိပါဘူး။

အဲဒီတော့ ဒီမစ်ဒယ်ဝိတ်တန်း ပွဲက Catchweight တန်း ခေါင်းစဉ်ပြောင်းရဖို့ သေချာပါပြီ။

ဒီနေရာမှာ ဗဟုသုတ အနေနဲ့ ပြောချင်ပါတယ်။ ONE Championship က ဝိတ်ချိန်တဲ့ အခါမှာ Hydration Test ကို ဦးစားပေး အရင်စစ်တာ ဖြစ်လို့ ၊ အဲဒါက ပိုအရေးကြီးတယ်လို့ မှတ်ယူရမှာပါ။

ဒါ့ကြောင့် အောင်လ ရော ၊ အာဒိုဂန် ရော Hydration Test အတွင်း ဝင်အောင် အရင်လုပ်ပြီးမှ ၊ ဝိတ်ချိန် ။ ဘယ် Catchweight တန်းမှာ ထိုးမလဲ ညှိကြရမှာ ဖြစ်ပါတယ်။

အာဒိုဂန် အနေနဲ့တော့ ဘောနပ်ဆု လိုချင်လို့ အောင်လ ကို အလဲထိုးပြမယ် ဆိုတဲ့ ကြုံးဝါးသံဟာ ၊ ပြိုင်ပွဲ မကျင်းပခင် ကတည်းက လေထဲ လွှင့်ပါသွားပါပြီ။

Credit

image