ရှာဖွေပါ။ ပို့စ်များExplore captivating content and diverse perspectives on our Discover page. Uncover fresh ideas and engage in meaningful conversations
ကူညီတာများရင် ဝတ္တရားဖြစ်တတ်တယ်တဲ့။
ဒီစကားက အလကားမဟုတ်ဘူး။
တန်ဖိုးမထားတတ်တဲ့ လူတစ်ယောက်ကို
တစ်ခါ နှစ်ခါကူညီကြည့်၊ ကျေးဇူးတင်လိမ့်မယ်။
သုံးလေးခါထက်ပိုသွားရင်
ဝတ္တရားတစ်ခုလို ဖြစ်လာလိမ့်မယ်။
မကူညီနိုင်တဲ့အခါ
ရှေ့က ကူညီခဲ့တာတွေပါ လုံးဝ မေ့သွားလိမ့်မယ်။
လောကမှာ
ဘယ်သူကမှ ဘယ်သူ့ကိုလုပ်ပေးရမယ်လို့
တာဝန်မရှိဘူးနော်။
ကူညီတယ်ဆိုတာ ဝတ္တရားမဟုတ်ဘူး။
ငွေကြေးကူညီခဲ့ဖူးတာ၊ လုပ်အားကူညီခဲ့ဖူးတာ
အချိန်အားဖြင့်၊ လူအားဖြင့်၊ စိတ်ခွန်အားစသဖြင့်
ကူညီခံခဲ့ရဖူးရင်
မမေ့တတ်ခြင်းက လူပီသခြင်းတစ်မျိုးပါပဲ။ 🤎
အမေး =======
ကားကိုမသုံးဘဲ အကြာကြီး
ရပ်ထားမိရင် ဘာတွေဖြစ်တတ်သလဲ။
_______________________________
(1) ကားဘက်ထရီပြသာနာတွေ ဖြစ်လာနိုင်ပါတယ်
ရပ်ထားတာကြာရင် ကြာသလို
ဘက်ထရီလုပ်ဆောင်ချက်တွေ ထိခိုက်ပြီးပျက်စီးသွားနိုင်သလို
စက်ပြန်လည်နိုးတဲ့အခါ ဘက်ထရီထောက်နိုးရတာတွေ ပြုလုပ်ရတတ်ပါတယ်။
ဒါကြောင့် ဖြစ်နိုင်ရင် ယာဉ်အမျိုးအစား
ဘက်ထရီသက်တမ်းအပေါ် မူတည်ပြီး
3ရက်တခါ 1 ပတ် တခါ စက်နိုးပေးပြီး
ဒီerrorကို ကာကွယ်ပေးနိုင်ပါတယ်။
(2) အင်ဂျင်လည်ပတ်မှူမရှိတော့တဲ့အတွက်
အင်ဂျင်အတွင်းအစိတ်အပိုင်း ချို့ယွင်မူတွေ
သံချေးတတ်မူတွေ ဖြစ်ပေါ်နိုင်ခြေရှိပါတယ်။
(3) ကားဘရိတ်စနစ်ထိခိုက်မှူတွေလဲ ဖြစ်တတ်ပါတယ်။ဘရိတ်ဆီတွေနည်းလာတာ မရှိတော့တာမျိုးလဲ ဖြစ်တတ်ပါတယ်။ဒါကြောင့်အချိန်အကြာကြီး
မသုံးဘဲ ရပ်မိရင် ဒါတွေကို ထည့်သွင်း စစ်ဆေးပေးတဲ့အခါ ပိုပြီး စိတ်ချရပါတယ်။
(4) ကားအဲယာကွန်းအနံအသက်မကောင်းတော့ခြင်း။ဖုန်မူန်တွေပါလာတာခြင်းမျိုးတွေလဲဖြစ်ကောင်း
ဖြစ်နိုင်ပါတယ်။
(5)စိုထိုင်းစရှိတဲ့နေရာမျိုးမှာ ကာလရှည်ကြာရပ်ထားမိရင်တော့ ကားအောက်ပိုင်းနဲ ကားတာယာ
ပျက်စီးမှူတွေ ဖြစ်တတ်ပါတယ်။
(6) ကားအတွင်းပိုင်ရှိ ကူရှင်များ မှိူတက်တာမျိုးလဲ
ဖြစ်နိုင်ခြေရှိပါတယ်။
-----------------------
မဖြစ်မနေအချိန်အကြာကြီး ရပ်ထားရတော့မယ်ဆိုရင် ခြောက်သွေ့တဲ့နေရာမှာ ရပ်ပါ။
ကားကို လုံခြုံစွာအုပ်ထားပါ။
မကြာခန ဖုန်သုတ်ပေးပါ။မဟုတ်ရင် ဆေးသားထိခိုက်တတ်ပါတယ်။
ကားစက်နိုးပြီး အဲယာကွန်းကို ဖွင့်ပေးရန် လိုအပ်ပါတယ်။
------------------------
Credit 😍
06 Sep 24
ယနေ့ ငွေဈေး၊ ရွှေဈေး
```````````````````````````````````
USD Buy - MMK 5,400
USD Sell - MMK 5,500
EUR Buy - MMK 5,730
EUR Sell - MMK 5,915
SGD Buy - MMK 3,965
SGD Sell - MMK 4,080
THB Buy - MMK 153.85
THB Sell - MMK 158.73
JPY Buy - MMK 35.85
JPY Sell - MMK 36.98
MYR Buy - MMK 1,170
MYR Sell - MMK 1,235
CNY Buy - MMK 728
CNY Sell - MMK 750
Gold Price
၁၅ ပဲရည် ၁ကျပ်သား - MMK 6,600,000
၁၆ ပဲရည် ၁ကျပ်သား - MMK 7,050,000
*** အထက်ပါဈေးနှုန်းများမှာ အချိန်နှင့်တပြေးညီပြောင်းလဲနိုင်ပါသည်။***