1 နှစ် - ဘာသာပြန်ပါ။

အမေရိကန်အခြေစိုက် The Friedkin Group ဟာ အဲဗာတန်အသင်းကို ပိုင်ရှင်သစ်အဖြစ်ရယူပြီးတာနဲ့ နည်းပြ ရှောင်ဒိုက်ရဲ့နေရာမှာ အင်္ဂလန်အသင်းနည်းပြဟောင်း ဆောက်ဂိတ်ကို အစားထိုးခန့်အပ်ဖို့ ပစ်မှတ်ထားနေပါတယ်။

The Friedkin Group ဟာ လက်ရှိအသင်းပိုင်ရှင် မိုရီရှီရဲ့ရှယ်ယာ(၉၄)%ကို ဝယ်ယူဖို့ အခုအပတ်ထဲမှာ သဘောတူညီမှုရရှိခဲ့တာပါ။

>>>>>>>>>>>

ပေါင်သန်း(၄၀၀)ရရှိမယ့် မိုရီရှီရဲ့ဒီအရောင်းအဝယ်ဟာ ပရီးမီးယားလိဂ်၊အင်္ဂလန်ဘောလုံးအဖွဲ့ချုပ်(FA)၊ဘဏ္ဍာရေးဆိုင်ရာကျင့်ဝတ်အာဏာပိုင်တို့ရဲ့ခွင့်ပြုချက်ရရှိဖို့လိုအပ်နေဆဲဖြစ်ပါတယ်။ The Friedkin Group ရဲ့ဝယ်ယူမှုဟာ အဲဗာတန်အသင်းကို လာမယ့်နှစ်မှာ သူတို့ရဲ့ကွင်းအသစ်ထံ အကြွေးကင်းကင်းနဲ့ ပြောင်းရွှေ့နိုင်မယ်လို့ TalkSPORT က ဖော်ပြထားတာပါ။ ဒါ့အပြင် ဒီအဖွဲ့အစည်းဟာ ဆောက်ဂိတ်ကို နည်းပြသစ်အဖြစ်ခန့်အပ်နိုင်ဖို့အတွက် ရှောင်ဒိုက်ကို လမ်းခွဲမယ့်နည်းလမ်းရှာဖွေနိုင်တယ်လို့ သိရပါတယ်။

ရှောင်ဒိုက်ဟာ အဲဗာတန်အသင်းကို ၂၀၂၃ ဇန်နဝါရီကတည်းက စတင်ကိုင်တွယ်နေတာဖြစ်ပြီး ပွဲပေါင်း(၇၀)ကိုင်တွယ်ထားခဲ့ရာမှာ (၂၃)ပွဲနိုင်၊(၁၉)ပွဲသရေနဲ့ (၂၈)ပွဲရှုံးနိမ့်ခဲ့တာပါ။ အဲဗာတန်အသင်းနဲ့ ရှောင်ဒိုက်ရဲ့စာချုပ်ဟာ လာမယ့်နှစ် ဇွန်မှာ ကုန်ဆုံးမှာဖြစ်တဲ့အတွက် အဲဗာတန်အသင်းအနေနဲ့ သူ့ကိုထုတ်ပယ်မယ်ဆိုရင် လျော်ကြေးငွေအနည်းငယ်သာ ပေးချေရမှာဖြစ်ပါတယ်။ ဆောက်ဂိတ်ဟာ အင်္ဂလန်အသင်း ယူရိုဗိုလ်လုပွဲမှာ (၂)ကြိမ်ဆက်တိုက်ရှုံးပွဲကြုံတွေ့ပြီးနောက် ဇူလိုင်မှာ နည်းပြရာထူးကနေ နုတ်ထွက်ခဲ့တာပါ။

ဆောက်ဂိတ်ဟာ အင်္ဂလန်အသင်းကို မကိုင်တွယ်ခင်က အသင်းဟောင်း မယ်ဒယ်ဘရော့အသင်းကို ကိုင်တွယ်ခဲ့ပြီး အောင်မြင်မှုရခဲ့ခြင်းမရှိဘဲ ပရီးမီးယားလိဂ်ကနေ ချန်ပီယံရှစ်ပြိုင်ပွဲထံ တန်းဆင်းခဲ့ရပါတယ်။ အဲဗာတန်အသင်းဟာ ဒီရာသီပရီးမီးယားလိဂ်ပြိုင်ပွဲမှာ ရလဒ်ဆိုးနေပြီး (၅)ပွဲကစားထားရာမှာ (၁)မှတ်နဲ့ အမှတ်ပေးဇယားအဆင့်(၁၉)နေရာမှာ ရပ်တည်နေတာဖြစ်ပါတယ်။

image
1 နှစ် - ဘာသာပြန်ပါ။

"လူ့တန်ဖိုး" ( 9 ) ချက်

1" ပညာတွေတတ်ပြီး အကောင်းအဆိုးကို မခွဲခြားနိုင်ရင် အလကားပါပဲ။

2" ငွေကြေးချမ်းသာပြီး အတ္တတွေကြီးကာ ကိုယ့်အိတ်ထဲပဲ ထည့်ဖို့ ကြိုးစားနေရင်လည်း အလကားပါပဲ။

3" အတွေးအခေါ် ဘယ်လောက်မြင့်မြင့် စာနာနားလည်ပေးတတ်တဲ့ နှလုံံးသားမရှိရင် အလကားပါပဲ။

4" ရုပ်ရည် ဘယ်လောက်ချောချော
လူတစ်ယောက်ကို လူလို့မမြင်တတ်ရင် အလကားပါပဲ။

5" အသိပညာ ဘယ်လောက်ရှိရှိ
တစ်ခြားသူပြောတဲ့စကားကို
တန်ဖိုးမထားတတ်ရင် အလကားပါပဲ။

6" အလုပ်တွေ ဘယ်လောက်ပဲ ကြိုးစား ကြိုးစား ရိုးသားမှု မရှိရင် အလကားပါပဲ။

7" ဘယ်လောက်ပဲ တော်နေပါစေ
ကိုယ်ချင်းစာစိတ်မရှိရင် အလကားပါပဲ။

8" ဘယ်လောက်ပဲ လူကောင်းတစ်ယောက်လို ကြွေးကြော်နေပါစေ သူများမျက်ရည်ပါတဲ့ ထမင်းကိုစားနေရင် အလကားပါပဲ။

9" အမှန်တရားကို ဘယ်လောက်ပဲလက်ခံတယ်ပြောပြော ကိုယ်မှားနေတာကို ထောက်ပြဆွေးနွေးတာ
မကြိုက်ရင် အလကားပါပဲ။

တကယ်တော့
လူ့တန်ဖိုးဆိုတာ ထက်မြက်တဲ့
ခေါင်း မဟုတ်ပါဘူး။

တခြားသူတွေအပေါ် ကြင်နာတတ်တဲ့ နှလုံးသား...
ဂရုစိုက်နားထောင်ပေးတတ်တဲ့ စာနာတတ်တဲ့ နား...
ပေးကမ်းကူညီတတ်တဲ့ လက်တစ်စုံ...
အကောင်းမြင်တတ်ပြီး အမြင်ကြည်လင်တဲ့ မျက်စိနဲ့...
အပြောချိုပြီး မုသားနည်းတဲ့ ပါးစပ်တို့ပဲ ဖြစ်ပါတယ်။

ဘာလို့လဲဆိုတော့

လူတော်တွေ ဘယ်လောက်များများ
လူကောင်းဆိုတာ မရှိခဲ့ရင်
အမှန်တရားတွေ ပျောက်ကွယ်လာပြီး
လူ့ပတ်ဝန်းကျင်လည်း ငြိမ်းချမ်းမှု သာယာမှုတွေ ပျောက်ဆုံးလာပါလိမ့်မယ်။

မူရင်းရေးသားသူအား လေးစားစွာ ခရက်ဒစ်ပေးပါသည်။

#crd_to_owner_with_respect

image
1 နှစ် - ဘာသာပြန်ပါ။

Salami And Two Layers Cheese Mashed Potato"
(ဆလာမီနဲ့ချိစ်၂ထပ်အာလူးကြော်နည်း)
..............................................................................


ဒီအာလူးဟင်းကတော့ အထပ်လွှာလေးနဲ့ အာလူးဖြစ်ပါတယ်။
အာလူးကို MASH ချေမွပြီး ဒိန်ချဉ်ထောပတ်နဲ့ထပ်ရော၊ အာဗင်မှာပြန်ကင်တဲ့ Version မျိုးဖြစ်တာမို့
တစ်မျိုး လေးဆန်းပါတယ်။ ဆန်းဆန်းပြားပြားလေးနဲ့ အရသာလေးတစ်မျိုးမို့
အထူးအဆန်းချက်ချင်သူများအတွက်တော့ လေ့လာသင်ယူစရာ ဟင်းတစ်မျိုးပါပဲ။
ကဲ စမ်းချက်ကြည့်ရအောင်။

လိုအပ်သောပစ္စည်းများ
.................................
• အာလူး - ၂ ပေါင် (အခွံခွာ၊ အတုံးသေးသေးလှီးထားပါ)
• ထောပတ် - စားပွဲဇွန်း ၂ ဇွန်း
• ဒိန်ချဉ် (Sour Cream) - ၁/၂ ခွက် (၈အောင်စအရွယ်ခွက်)
• အမျှင်သေးခြစ်ထားတဲ့ ချယ်တာချိစ် - ၁ ခွက် (၈အောင်စအရွယ်ခွက်)
(Shredded Chedder Cheese)
• ဆလာမီ အသားချပ် (Salami Slices) - ၁၂ချပ် (သေးသေးစိတ်စတပ်လှီးထားပါ။)

ပြုလုပ်နည်း
....................
၁။ ပွက်ပွက်ဆူနေတဲ့ ရေပူပူမှာ အာလူးတုံးလေးတွေကို မိနစ်၂ဝခန့်(သို့)အာလူးတွေ
ပျော့ပြောင်းလာတဲ့အထိ ပြုတ်ပါ။ ရေကို စစ်ချပါ။

၂။ အာလူးကို အိုးထဲပြန်ထည့်ပြီး ထောပတ်နဲ့ ဒိန်ချဉ် (Sour Cream)ကို
အာလူးနဲ့ ရောထည့်ပါ။

၃။ ပြီးရင် (Potato Masher) (အာလူးကြေအောင်လုပ်တဲ့ကိရိယာ)နဲ့ အာလူးတွေကို
ပျော့ပျော့ပြောင်းပြောင်း ကျေမွလာအောင် ဖိပြီးမွှေနှောက်ပေးပါ။

၄။ အာလူးတွေကြေမွပြီး နူးညံ့ပျော့ပြောင်းလာရင် အာလူးရဲ့တစ်ဝက်ပမာဏကို
အာဗင် (Oven)မှာသုံးမယ့်အိုးထဲမျက်နှာပြင် ညီညီညာညာလေးဖြစ်အောင် ဖြန့်ခင်းထည့် ပေးပါ။

၅။ ပြီးရင် ချယ်တာချိစ်ရဲ့တစ်ဝက်ကို အာလူးမျက်နှာပြင်ပေါ် ညီညီမျှမျှ ဖြန့်ဖြူးပေးပါ။

၆။ ကျန်ရှိနေသေးတဲ့ အာလူးအရောအနှောတစ်ဝက်ကို ချိစ်တွေပေါ်
နောက်တစ်ခါ ညီညီ ညာ ညာ ဖြန့်ဖြူးပေးပါ။

၇။ နောက်ဆုံးအနေနဲ့ သေးသေးစိတ်စိတ်လှီးထားတဲ့ ဆလာမီအသားတွေကို
အာလူးပေါ်ဖြန့်ဖြူးပေးပြီး ကျန်ရှိ သေးတဲ့ ချိစ်တစ်ဝက်ကိုလည်း ညီညီမျှမျှထပ် တစ်ခါ ဖြန့်ဖြူးပေးပါ။

၈။ အာဗွင် (Oven) ကို အပူချိန် ၃၅ဝဒီဂရီဖာရင်ဟိုက် ချိန်ပြီး၅မိနစ်ကြို အပူပေးထားပါ။
အာလူးဗန်းကို မိနစ် ၄ဝ ဖုတ်ပြီးရင် အအေးခဏခံထားပြီး အဆင်သင့် သုံး ဆောင်နိုင်ပါပြီ။
.......................................................

image
1 နှစ် - ဘာသာပြန်ပါ။

ယနေ့ ရွှေစျေး ဒေါ်လာစျေး ဘတ်စျေး အနည်းငယ် ဆက်လက်ကျဆင်း၊ ကုန်းစျေးနှုန်းတွေ ကျဖို့လိုပြီ

(စက်တင်ဘာလ ၂၆ ရက်၊ နေ့လည် ၁၂ နာရီ ၃၀ မိနစ်)

ပြင်ပစျေးကွက်၌ ဖြစ်ပေါ်နေသော အမေရိကန်ဒေါ်လာနှင့် အခြားနိုင်ငံခြားငွေ စျေးနှုန်းများ..

အမေရိကန်ဒေါ်လာ 4930 – 5030
စင်ကာပူဒေါ်လာ 3700 – 3800
ဥရောပယူရို 5280 – 5430
ဂျပန်ယန်း 32.61 – 33.58
တောင်ကိုရီးယားဝမ် 3.58 – 3.69
အိန္ဒိယရူပီး 55.07 – 56.72
မလေးရှားရင်းဂစ် 1130 – 1180
တရုတ်ယွမ် 678 – 698
ထိုင်းဘတ် 144.93 – 149.25

ပြင်ပ ရွှေဈေးကွက်မှာတော့..

၁၆ ပဲရည် မီးလင်း
ရောင်းစျေး 6,800,000
ဝယ်စျေး 6,750,000

၁၅ ပဲရည်
ရောင်းစျေး 6,380,000
ဝယ်စျေး 6,330,000

ရွှေကုန်သည်အသင်း (ရန်ကုန်) သတ်မှတ်စျေးကတော့..

၁၆ ပဲရည် မီးလင်း - 5,408,000
၁၅ ပဲရည် - 5,070,000
ကမ္ဘာ့ရွှေဈေးနှုန်းမှာ တအောင်စ 2663 ဒေါ်လာ ဖြစ်သည်။

#ရွှေစျေး
#ဒေါ်လာစျေး
#ဘတ်စျေး

image
1 နှစ် - ဘာသာပြန်ပါ။

ဒီလို 🥴

image
1 နှစ် - ဘာသာပြန်ပါ။

အဲ့ခံစားချက် ငါ နားလည်တယ်...😄

image
1 နှစ် - ဘာသာပြန်ပါ။

Style inspiration from the greatest of all time ❤️

image
1 နှစ် - ဘာသာပြန်ပါ။

Style inspiration from the greatest of all time ❤️

image
1 နှစ် - ဘာသာပြန်ပါ။

Style inspiration from the greatest of all time ❤️

image
1 နှစ် - ဘာသာပြန်ပါ။

Style inspiration from the greatest of all time ❤️

image