ရှာဖွေပါ။ ပို့စ်များExplore captivating content and diverse perspectives on our Discover page. Uncover fresh ideas and engage in meaningful conversations
လေဖိအားနည်းရပ်ဝန်း အားလျော့သွားပြီဟု မိုးဇလထုတ်ပြန်
ဘင်္ဂလားပင်လယ်အော်မြောက်ပိုင်းနဲ့ ယင်းနဲ့ဆက်စပ်နေတဲ့ ဘင်္ဂလားဒေ့ရှ်နိုင်ငံကမ်းရိုးတန်း၊ အိန္ဒိယနိုင်ငံ အနောက်ဘင်္ဂလားပြည်နယ်တို့မှာ ဖြစ်ပေါ်နေတဲ့ လေဖိအားနည်းရပ်ဝန်း(Low Pressure Area)ဟာ အောက်တိုဘာ၅ရက်၊ မြန်မာစံတော်ချိန် နေ့လယ်၁၂ခွဲအချိန် တိုင်းထွာချက်အရ အားလျော့သွားပြီဖြစ်တယ်လို့ မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာနက ထုတ်ပြန်ထားပါတယ်။
တရုတ် EV များကို အခွန်တိုးရေးEU အများစုထောက်ခံ
--------------------------
တရုတ်လုပ် လျှပ်စစ်ကားတွေ တင်သွင်းမှုအပေါ် အခွန် ၄၅ ရာခိုင်နှုန်းအထိ စည်းကြပ်ဖို့ အီးယူအဖွဲ့ဝင်တွေရဲ့ မဲခွဲဆုံးဖြတ်မှုမှာ လုံလောက်တဲ့ ထောက်ခံမှု ရရှိခဲ့တယ်လို့ ဥရောပကော်မရှင်က အောက်တိုဘာ ၄ ရက်မှာ ပြောဆိုလိုက်ပါတယ်။
EU ရဲ့ ကုန်သွယ်မှုမူဝါဒကို ကြီးကြပ်တဲ့ ကော်မရှင်ဟာ ထောက်ပံ့ကြေးဆန့်ကျင်ရေးကို တစ်နှစ်တာ စုံစမ်းစစ်ဆေးခဲ့ပြီးနောက် မမျှတတဲ့ ထောက်ပံ့ကြေးတွေနဲ့ ထုတ်လုပ်ထားတယ်လို့ ရှုမြင်တဲ့ တရုတ် EV တွေကို တန်ပြန်ဖို့ လာမယ့်ငါးနှစ်အတွက် စည်းကြပ်ခွန်ကို နောက်ဆုံး အဆိုပြုထားတာပါ။
သွင်းကုန်တွေကို အခွန်စည်းကြပ်တာမျိုး ဘယ်တော့မှ မလုပ်ချင်ပေမယ့် အခုကိစ္စမှာတော့ များပြားလွန်းတဲ့ ထောက်ပံ့မှုတွေကို ဖယ်ရှားပစ်ဖို့ စည်းကြပ်တာလို့ ကော်မရှင်ပြောရေးဆိုခွင့်ရှိသူ အိုလော့ဂီးလ်က ဘရပ်ဆဲလ်မှာ ပြောပါတယ်။
သောကြာနေ့က ပြုလုပ်တဲ့ မဲခွဲမှုမှာ EU အဖွဲ့ဝင် ၁၀ နိုင်ငံက သွင်းကုန်ခွန်ကို ထောက်ခံခဲ့ပြီး ၅ နိုင်ငံက ကန့်ကွက်ကာ ၁၂ နိုင်ငံက ကြားနေခဲ့တယ်လို့ EU သတင်းရင်းမြစ်တွေက ပြောပါတယ်။
အဆိုပြုချက်ကို ပိတ်ဆို့ဖို့ အီးယူလူဦးရေ ၆၅ ရာခိုင်နှုန်းကို ကိုယ်စားပြုဖို့ အရည်အချင်းပြည့်မီတဲ့ အီးယူအဖွဲ့ဝင် ၁၅ နိုင်ငံအနက် အများစုက ကန့်ကွက်ဖို့ လိုအပ်ပါတယ်။
ပြင်သစ်၊ ဂရိ၊ အီတလီနဲ့ ပိုလန်တို့က ထောက်ခံဖွယ်ရှိကြောင်း ရိုက်တာသတင်းဌာနက အောက်တိုဘာ ၂ ရက်မှာ ဖော်ပြခဲ့ပြီး ဖြစ်ပါတယ်။
ဒေသတွင်း အကြီးမားဆုံး စီးပွားရေးနဲ့ အဓိက ကားထုတ်လုပ်သူ ဂျာမနီက အဆိုပြုချက်ကို ကန့်ကွက်မဲ ပေးခဲ့တယ်လို့ သတင်းရင်းမြစ်တွေက ပြောပါတယ်။
ကာဗာဂျယ်တစ်ယောက်ကတော့ မနေ့ညက ကစားခဲ့တဲ့ ဗီလာရီးရဲလ်နဲ့ပွဲစဉ်မှာ ပြီးခါနီးအချိန်ပိုမှာမှ Injury အကြီးစား ရသွားတာပါ။
သူ့အနေနဲ့ အတော်လေး နာကျင်ခဲ့ပုံပေါက်ပြီး သူ့အော်သံကို ပွဲ ကြည့်နေတဲ့သူတွေတောင် ကြားရပါတယ်။
ရီးရဲလ် ကတော့အကုန်လုံး Injury ကနေပြန်လာခါနီးပြီဆိုရင် တစ်ယောက်ယောက်ကတော့ အမြဲလိုလို ပြန်ပြီး injury ပြန်ဖြစ်နေတာက ဒီရာသီ ရီးရဲလ် ရဲ့ ရလဒ်မတည်ငြိမ်ခြင်းရဲ့ အဓိက အကြောင်းအရာတွေထဲက တစ်ခုဖြစ်နေပါတယ်။