Discover postsExplore captivating content and diverse perspectives on our Discover page. Uncover fresh ideas and engage in meaningful conversations
အိမ်အရိပ်ကနေထွက်
အဖေ အမေ လောင်းရိပ်ကနေထွက်
အောင်မြင်ချင်တယ် . .
ချမ်းသာချင်တယ် . . ဆို တဲ့ စိတ်ကလေးနဲ့
အဝေးမှ အဝေးဆုံး
ရေခြား၊ မြေခြား မိုင်ထောင်ချီကို ခရီးနှင်ခဲ့တယ်။
လောကဓံကို နဖူးတွေ့၊ ဒူးတွေ့ကြုံလာတော့
တခါခါ အရှုံးတွေနဲ့ လှည့်ပြန်ရတော့ မလား . .။
အနာဂါတ်ဟာ ဝေ ဝါး . .
ကျွန်တော် လူပျော့ တစ်ယောက် မဖြစ်ချင်ဘူးအမေ
မသန်မာနိုင်သေးပြန်တော့
ခက်ခက်ခဲခဲ လှမ်းနေရတုန်းပါပဲ။
စိတ်ချ အမေ . . စိတ်ချပါ အဖေ . .
ကျွန်တော် အရင်ကထက် ပိုရင့်ကျက်လို့ လာ ပါပြီ။
#ခွန်ထွန်း 15/10/2024
- crd photo
သီတင်းကျွတ်ကိုဘယ်လိုဖြတ်သန်းမလဲလို့အိမ်ကရော ပတ်ဝန်းကျင်ကပါစောင့်ကြည့်နေကြပေမယ့်
မိမိဖြတ်သန်းမည့်plan::✋
#lavenderpan -7လာဗန်ဒါပန်
#justforfun
ကိုယ်ဖာသာတောင်
အမြဲစိတ်တိုင်းမကျနေတဲ့လူမို့
လူတကာ စိတ်တိုင်းကျ
နေရအောင်လည်း မကြိုးစားဖူး
ကိုယ့် အယူ နဲ့ ကိုယ့်မူပဲ
တစ်ယောက်ထဲလည်းနေတတ်တယ်
အပေါင်းသင်းနဲ့ပျော်တတ်တယ်
တစ်ခုပဲ ကိုယ်စိတ်နဲ့ကိုယ်နေတဲ့သူမို့
ထမင်းမဝ ရင်နေပါစေ
သာပေါင်းညာစား အလုပ်တော့မလုပ်ဖူး။
#စောနရီ
ချစ်ခြင်းမေတ္တာဆိုတိုင်းလည်း
အမြဲပြီးပြည့်စုံနေတာမျိုးမဟုတ်ဘူးလေ...
လူတိုင်းက အားနည်းချက်ကိုယ်စီရှိကြတာပဲ
အဲ့အားနည်းချက်တွေကို တစ်ယောက်နဲ့
တစ်ယောက်အပြန်အလှန် နားလည်ပေးနိုင်ရင်
ပြီးပြည့်စုံတဲ့ ချစ်ခြင်းမေတ္တာ ဆိုတာက
ဖြစ်ပေါ်လာမှာပါ။
#cttorepost