Discover postsExplore captivating content and diverse perspectives on our Discover page. Uncover fresh ideas and engage in meaningful conversations
အဲ့ဒီလူကို ဘယ်လောက်တောင် သဘောကျခဲ့သလဲ။
အိမ်ကိုလဲ ဝန်ခံခဲ့တယ်။
ခံစားချက်အကုန်ကိုလဲ ထုတ်ပြခဲ့တယ်။
လူသိမခံနိုင်တဲ့ အကြောင်းတွေကိုလဲ ပြောခဲ့တယ်။
တိုးတိုးတိတ်တိတ်နေတတ်တဲ့ ငါ့လိုလူ
သူ့ဘဝထဲ ဝင်လာဖို့ ငါ ဘယ်လောက်တောင်အားယူခဲ့ရသလဲ။
အလဟသ ချစ်ခြင်း မေတ္တာတွေပါကွာ။
နောက်ဆုံးကျတော့လဲ စွန့်ပစ်ခံရတာပဲ။
🌻🤍
#tarmhyuunge
အဲ့ဒီအမျိုးသမီးလက်ကိုဆွဲပြီး ကျွန်မကို မလွမ်းပါနဲ့ ...
ချစ်ခဲ့ကြတယ်ဆိုတဲ့ အတိတ်ကို အတိတ်မှာပဲ ထားခဲ့လိုက်တာ ကောင်းပါတယ် ။ ကျွန်မမျက်ရည်နဲ့ တားနေတဲ့ကြားက ထွက်သွားကတည်းက ရှင်နဲ့ကျွန်မက ဘာမှ မဆိုင်တော့ဘူးလေ ။ လွမ်းနေမယ်ဆိုရင် တိတ်တိတ်လေးပဲလွမ်းတယ် ချစ်နေတယ်ဆိုရင် တိတ်တိတ်လေးပဲ ချစ်တယ် ။ အနီးအနားကို ဘယ်တော့မှ လာတော့မှာမဟုတ်ဘူး ပြီးတော့ ကျွန်မကိုလေ အဲ့ဒီ အမျိုးသမီးလက်ကိုဆွဲပြီး လွမ်းနေတာမျိုး သဘောမကျဘူး ။
ယောက်ျားတစ်ယောက်ပဲလေ ဟုတ်တယ်မလား ။ ကိုယ်ပျော်ရမယ်ထင်ပြီး လျှောက်ခဲ့တဲ့လမ်းမှာ မပျော်လဲ ပျော်သလိုပဲနေပါ ပြန်မတမ်းတနဲ့ ပြန်မလွမ်းပြနဲ့ ပြီးတော့ ချန်ထားရစ်ရဲတဲ့ သတ္တိတွေရှိရင် ဘာဖြစ်မလဲဆိုပြီး စိတ်တွေမပူရဲတဲ့ သတ္တိလဲရှိရမှာပေါ့ ။ ကျွန်မ အဆင်ပြေမနေဘူးဆိုပေမယ့် ပျော်အောင်နေတယ် ကျွန်မ မပျော်ဘူးဆိုပေမယ့် ပြုံးပြီးနေတယ် ကျွန်မ ဘယ်လိုမှ ပျော်အောင်နေမရတော့တဲ့အခါ ဘယ်သူမှ မသိအောင် တိတ်တိတ်လေး ငိုတယ် ။ ဒီလောက်ပဲ ။
ကျွန်မ ရှင့်ကို မလိုအပ်တော့ဘူး ပြန်ပြီးတော့မှလဲ မလိုချင်တော့ဘူး ။ အများကြီး လိုအပ်ခဲ့ပြီးသွားပြီ ... အများကြီး လိုချင်ခဲ့ပြီးသွားပြီ ။ ဒါပေမယ့် ဒီအချိန်မှာတော့ ဘာဆိုဘာမှ ရှိမနေတော့ဘူး ။ အများကြီး ငိုခဲ့ပြီးသွားပြီ ရှင်နဲ့ပတ်သက်ပြီး ထပ်ငိုစရာ မျက်ရည်တွေလဲ ကျန်မနေတော့ဘူး ။ ချစ်ခဲ့ဖူးတယ်ဆိုတဲ့ အတိတ်ကလဲ အတိတ်မှာပဲ ကျန်ခဲ့ပါပြီ ။
ချန်ထားခဲ့ပြီးမှတော့ ... ဘာလို့ပြန်လှည့်ကြည့်နေမှာလဲ အဲ့ဒီအမျိုးသမီးရဲ့ လက်ကိုဆွဲပြီးမှ ကျွန်မကို ပြန်လွမ်းမနေပါနဲ့ ။ သူမကို ပိုချစ်လို့ ရွေးခဲ့တာပဲ သူ့ကိုပဲ ပိုချစ်လိုက်တာကောင်းပါတယ် ။ သူမ နဲ့ အတူရှိတာက ပိုပျော်ဖို့ကောင်းမယ်ထင်လို့ မျက်ရည်နဲ့တားနေတဲ့ကြားက ထွက်သွားခဲ့တာပဲ ပျော်အောင်နေပါ ။ မပျော်လဲ ပြန်မလာပါနဲ့ ... အဆင်မပြေလို့လဲ ပြန်မလွမ်းပါနဲ့ ကျွန်မက တစ်ပွင့်တည်းလဲ အလှဆုံး ပွင့်တတ်တယ်လေ ... အမှီအခိုတွေ မလိုအပ်ဘူး ။
#ကျေးကို
(ရင်နှင့်ရင်း၍ရေးသည်)
ကော်ဖီ
လွင့်စင်လာတဲ့ ရနံ့လေးကအစ
နှစ်ခြိုက် မက်မောစရာပါ ။
တစ်နေ့ကို
တစ်ခွက်လောက်များ မသောက်ရရင်
စိတ်မှာ
အလိုလို ငြိမ်းချမ်းခြင်းတွေ မဲ့ပါတယ် !!
#zaap
//crd
သူတပါးကို ကူညီလိုက်ပြီး
ကိုယ်ကြပ်တည်းသွားတာတွေရှိတယ်။
ကိုယ်ကြပ်တည်းခံပြီး ကူညီလို့မဖြစ်ဘူးဆိုတဲ့အတွေးရှိတာတောင် တကယ်လက်တွေ့မှာ
သနားတဲ့စိတ် အားနာတဲ့စိတ် ကူညီလိုက်ချင်တဲ့စိတ်က တွန်းပို့နေတော့
အသက်ကိုမနည်းရှူလိုက်ရတဲ့လတွေ ရှိတယ်၊
ဒါပေမယ့် တစ်ချို့က နားမလည်ပါဘူး။
သူအဆင်ပြေနေတာပဲ သူအတွက်က
မပြောပါ့လောက်ပါဘူးဆိုပြီး မလေးစားဘူး တန်ဖိုးမထားဘူး။
📌သင့်အတွေးတွေကိုသတိထားပါ
အတွေးတွေက စကားလုံးတွေဖြစ်လာမယ်
📌သင့်စကားလုံးတွေကို သတိထားပါ
စကားလုံးတွေက လှုပ်ရှားမှုတွေဖြစ်လာမယ်
📌သင့်လှုပ်ရှားမှုတွေကို သတိထားပါ
လှုပ်ရှားမှုတွေက အလေ့အထဖြစ်လာလိမ့်မယ်
📌သင့်အလေ့အထတွေကို သတိထားပါ
အလေ့အထတွေက စရိုက်ဖြစ်လာလိမ့်မယ်
📌သင့်စရိုက်တွေကိုသတိထား
သင့်ကံကြမ္မာဖြစ်လာလိမ့်မယ်
#crd
ဒီလောကမှာ ကျုပ်မယုံကြည်တော့ အရာတွေဟာ
တိမ်တွေနဲ့ မိန်းမပဲ ။
ရွှေ့လျားပြောင်းလဲပုံခြင်းတူရင်တောင်
တိမ်တွေက လူသိရှင်ကြား မျက်နှာမများဘူး ။
#နေညိုရောင်ခြည်
-ချစ်ခြင်းမေတ္တာ ပဲ ပေးနိုင်ရုံလောက်တော့
အချစ်ကို မစမ်းချင်နဲ့ "ကိုဘသောင်း"...
-ဒီခေတ်မှာ ချစ်ခြင်းမေတ္တာထက်
တန်ဖိုးကြီးတာတွေက ပေါးတယ်တဲ့လေ...
-လာပါ..!ကျုပ်တို့ ဝေးဝေး ရှောင်ရအောင်...။
#အညတရလူငယ်