Discover postsExplore captivating content and diverse perspectives on our Discover page. Uncover fresh ideas and engage in meaningful conversations
လွမ်းပြီး ကျန်နေခဲ့မယ်နော် ...
မေ့မသွားဘူး မဟုတ်လား
ပြီးတော့ ...
ပျောက်မသွားဘူး မဟုတ်လား
သတိရတိုင်း ပြေးတွေ့လို့ရမနေတော့တဲ့အခါ
လွမ်းတိုင်း တွေ့ခွင့်ရတဲ့ လူတွေကို
အားကျတယ် ...
လွမ်းနေမယ်နော်
ပြီးတော့ ...ကျန်းမာအောင် နေပေးပါ
ပျော်အောင်နေပေးပါ
လွမ်းပြီး ကျန်နေခဲ့မယ်နော်
ဆက်သွယ်လို့ရတဲ့ နေရာမှာ ရှိနေမယ်ဆိုရင်
သတိတရနဲ့ ဆက်သွယ်ပေးပါ
မင်းပြန်လာရင် ဖတ်ဖို့
စာတွေ အများကြီး ရေးထားမယ်
စာတွေ အများကြီး ပို့ထားမယ်
နေကောင်းကျန်းမာအောင်ပဲ နေပါ
ပြီးတော့ ...
ကျွန်တော့ကို မမေ့ပဲ နေပါ ။
#2001
-crd
လက်ဖက်ရည်ဆိုင်ထဲက
မိုးအုံ့သောနေ့များ
ပျောက်သောသူကို
ပြန်ရှာ မတွေ့ခဲ့ပါ
သေသောသူကိုလည်း
ကြာရင် မမေ့နိုင်ခဲ့ပါ ။
#ဂန္ဓမာ
တစ်ခါတလေမှာ ...
သိက္ခာတရားကြောင့် စွန့်လွှတ်လိုက်ရတဲ့
ချစ်ခြင်းတွေ ရှိခဲ့သလို ၊
ချစ်ခြင်းတရားကြောင့်
ဆုံးရှုံးသွားရတဲ့
သိက္ခာတွေလည်း ရှိခဲ့တာပေါ့။
ချစ်သူသိစေ
#ချစ်သောရင်ငြိမ်းပန်း (တောင်ကြီး)
#photo
တချို့လူတွေအတွက်
ကျွန်တော်တို့ဟာ ...
သစ်ကိုင်းလေး ဖြစ်ခဲ့ဖူးတယ် ...
အတောင်းညောင်းလို့ ခဏလာနားတဲ့ငှက်ကို
တွယ်တာမိသွားတဲ့
သစ်ကိုင်းလေးပေါ့ ...
မိုးများစိုနေမလားဆိုပြီး
ကိုယ့်မရှိရှိတာလေးနဲ့
မိုးပေးချင်ခဲ့ဖူးတဲ့ လူတွေလေ
အဆင်ပြေရဲ့လားဆိုတဲ့အတွေးနဲ့
အမြဲ ပြေးကြည့်ခဲ့ဖူးတဲ့
လူတွေ ...
အရင်လူ ပြန်လာရင်
အရင်နေရာမှာ
ကျွန်တော်တို့က
တစ်ယောက်တည်း ကျန်ခဲ့ရဦးမှာ
ပြီးတော့ ...
တစ်ယောက်တည်း
ဘယ်သူမှ မသိအောင် နာကျင်ကြရဦးမှာ
ဒီ သစ်ကိုင်းလေး အဖြစ်တွေက လွတ်စေချင်ပြီ ...
#ကျေးကို
(ရင်နှင့်ရင်း၍ရေးသည်)