2 yrs - Translate

ဧည့်ဝန်ဆောင်မှုနှင့် ခရီးသွားလုပ်ငန်းဘာသာရပ်များကို ဒီပလိုမာနှင့် ဘွဲ့ဒီဂရီ အဆင့်ပေးရန် ရည်ရွယ်၍ နိုင်ငံအဆင့် ဟိုတယ်နှင့်ခရီးသွားလုပ်ငန်းဆိုင်ရာ သက်မွေးသင်တန်းကျောင်းတည်ထောင်မည်

ဟိုတယ်နှင့် ခရီးသွားကဏ္ဍအတွက် လိုအပ်သည့် လူ့စွမ်းအားအရင်းအမြစ်များ ပြုစုပျိုးထောင်မွေးထုတ်နိုင်ရေးအတွက် နိုင်ငံအဆင့် ဟိုတယ်နှင့်ခရီးသွားလုပ်ငန်းဆိုင်ရာ သက်မွေးသင်တန်းကျောင်းတည်ထောင်နိုင်ရေး အကြိုညှိနှိုင်းအစည်းအဝေးကို နိုဝင်ဘာ (၂၀)ရက်၌ ဟိုတယ်နှင့် ခရီးသွားလာရေးဝန်ကြီးဌာနတွင် ပြုလုပ်ခဲ့သည်။

အစည်းအဝေးတွင် ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာသက်သက်ခိုင်က ဝန်ကြီးဌာနအနေဖြင့် ခရီးသွားလုပ်ငန်း သက်မွေးပညာကဏ္ဍတွင် ဧည့်ဝန်ဆောင်မှုဘာသာရပ်နှင့် ခရီးသွားလုပ်ငန်းဘာသာရပ်များကို သက်မွေးပညာရပ်တစ်ခုအဖြစ် ဒီပလိုမာအဆင့်၊ ဘွဲ့ဒီဂရီအဆင့်အထိ ပေးအပ်နိုင်အောင် ရည်ရွယ်ပြီး နိုင်ငံအဆင့်ကျောင်းတစ်ခု ဖြစ်ပေါ်လာရေးအတွက် ပြင်ဆင်ဆောင်ရွက်လျက်ရှိကြောင်း ပြောသည်။

ထို့ကြောင့် သင်ကြားမည့် သင်ရိုးညွှန်းတမ်းများကို အာဆီယံအဆင့် စံနှုန်းများ၊ ပညာရေးဝန်ကြီးဌာန၏ National Qualification Framework တို့နှင့်အညီ ပေါင်းကူးသင်ကြားနိုင်ရေးနှင့် အလုပ်ရုံဆွေးနွေးပွဲကို အစိုးရ၊ ပုဂ္ဂလိကကိုယ်စားလှယ်များ၊ ကျွမ်းကျင်ပညာရှင်များအားဖိတ်ကြားပြီး အုပ်စု ငါးစုဖွဲ့ကာ ဆွေးနွေးရန် စီစဉ်ဆောင်ရွက်ထားရှိကြောင်း ပြည်ထောင်စုဝန်ကြီးက ဆိုသည်။

ထိုမှတစ်ဆင့် အလုပ်ရုံဆွေးနွေးပွဲမှ ထွက်ပေါ်လာသည့်ရလဒ်များဖြင့် လုပ်ငန်းစီမံချက်ရေးဆွဲပြီး အထက်ဌာနများသို့ ဆက်လက်တင်ပြဆောင်ရွက်သွားမည်ဖြစ်သည့်အတွက် အစည်းအဝေးသို့တက်ရောက်လာသူများက ဝိုင်းဝန်း ဆွေးနွေးကြရန် ပြောသည်။

ထို့နောက် နိုင်ငံအဆင့် ဟိုတယ်နှင့် ခရီးသွားလုပ်ငန်းဆိုင်ရာ သက်မွေးသင်တန်းကျောင်း တည်ထောင်နိုင်ရေးအတွက် ဥပဒေရေးရာဝန်ကြီးဌာန၊ ပညာရေးဝန်ကြီးဌာန၊ သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာနတို့မှ တက်ရောက်လာကြသော အရာရှိကြီးများက သက်ဆိုင်ရာ ကဏ္ဍအလိုက် ဆွေးနွေးတင်ပြခဲ့ကြကြောင်း သိရသည်။

image
2 yrs - Translate

အလုပ်လုပ်စရာ မလိုဘူး
ခွေးဖြစ်နေလို့...

image
2 yrs - Translate

ဘဝဟာ ကိုယ့်အိပ်မက်တွေကို ဖြည့်ချင်လို့
ရုန်းကန်ခဲ့တယ်ဆိုပေမယ့်
တကယ်တမ်းကျ ဒီလောက အလယ်
ကိုယ့်အိပ်မက်ထက် အရင်ဦးစားပေးဖြည့်ပေးချင်နေသေးတဲ့ ကွက်လပ်တွေရှိသေးကြောင်း
ကိုယ်ပိုင်ဝင်ငွေစရတဲ့အချိန်ကျရင် သိတတ်တယ် ။

ဖြစ်ဖူးလား . .
ငါသာ ပိုက်ဆံရှာနိုင်ရင် ဘာလုပ်မှာ ၊
ငါသာ ဝင်ငွေရှိရင် ဘာဝယ်မှာလို့ စိတ်ကူးတွေယဉ်၊ အိပ်မက်တွေ ပြင်။

‌အင်း၊ တကယ့်လက်တွေ့လည်းကျ ဘာမှမဖြစ်စလောက် ဝင်ငွေလေးရတာတောင် အနားကသံယောဇဉ်တွေဆီ သူတို့ကွက်လပ်ကိုဖြည့်ပေးဖို့
ကိုယ့်မှာ ခွဲခြမ်းလို့မလောက်နိုင်ဘူး။ မဆုံးနိုင်ဘူး။

ကိုယ်ဝယ်ချင်နေခဲ့တာ သိပ်ကြာတဲ့ ပစ္စည်းလေး ၊
အခု ပိုက်ဆံ လောက်ပါပြီ။
ဒါပေမယ့် အခုထိလည်း မဝယ်ဖြစ်သေးဘူး။

တစ်ခါ တစ်ခါ အထာပေါက်ပြီး ကိုယ့်ကိုယ်ကို
ရယ်မိတယ်။

" ငါက ငါ့အိပ်မက်တွေကို ဖြည့်ဖို့ ရုန်းကန်ဦးမှာလို့
ငယ်ငယ်ကနေ အခုထိ ထင်ခဲ့တယ် ၊
ဒါပေမယ့် ငါ့အိပ်မက်ထက် တစ်ခြားဦးစားပေး ဖြည့်ပေးချင်နေတဲ့ ကွက်လပ်တွေ ငါ့နှလုံးသားမှာ ရှိသေးကြောင်းကိုတော့ ဒီအရွယ်ရောက်မှသိခဲ့တာပဲ "လို့ ။

တစ်နည်းအားဖြင့် ငါ ကိုယ်ပိုင်ဝင်ငွေ စရလာတဲ့
နေ့တစ်နေ့မှာပေါ့ ။

image
2 yrs - Translate

Baby Photoshoot Ideas 💡

image
2 yrs - Translate

Baby Photoshoot Ideas 💡

image
2 yrs - Translate

Baby Photoshoot Ideas 💡

image
2 yrs - Translate

Baby Photoshoot Ideas 💡

image
2 yrs - Translate

Baby Photoshoot Ideas 💡

image
2 yrs - Translate

Baby Photoshoot Ideas 💡

image
2 yrs - Translate

Baby Photoshoot Ideas 💡

image