စိတ်ကလေးကို ရှင်းအောင်ထား
ကျန်းမာဖို့ကိုပဲ အာရုံစိုက်
ဖြစ်တည်မှုကို ကောင်းအောင်ကြိုးစား
တစ်ယောက် နဲ့ တစ်ယောက်
ဘယ်လိုမှ မပတ်သက်ကြတော့ဘူးဆိုရင်တောင်
အချိန်တန်ရင် ငါတို့က
အသေအချာပဲ
ပျောက်ကွယ်သွားရမှာ ။
#နွေသစ်ငြိမ်း
Discover postsExplore captivating content and diverse perspectives on our Discover page. Uncover fresh ideas and engage in meaningful conversations
စိတ်ကလေးကို ရှင်းအောင်ထား
ကျန်းမာဖို့ကိုပဲ အာရုံစိုက်
ဖြစ်တည်မှုကို ကောင်းအောင်ကြိုးစား
တစ်ယောက် နဲ့ တစ်ယောက်
ဘယ်လိုမှ မပတ်သက်ကြတော့ဘူးဆိုရင်တောင်
အချိန်တန်ရင် ငါတို့က
အသေအချာပဲ
ပျောက်ကွယ်သွားရမှာ ။
#နွေသစ်ငြိမ်း
Online Scam Center လုပ်ငန်းများတွင်ပါဝင်ပတ်သက်နေသူများနှင့် နောက်ကွယ်မှကြိုးကိုင်သော နိုင်ငံခြားသားများကို ပြင်းပြင်းထန်ထန်အရေးယူနိုင်ရေး ဆောင်ရွက်လျက်ရှိကြောင်း ပြည်ထဲရေးဒုဝန်ကြီး ပြောကြား
နိုဝင်ဘာ ၂၈
Online Scam Center လုပ်ငန်းများတွင် ပါဝင်ပတ်သက်နေသူများနှင့် နောက်ကွယ်မှ ကြိုးကိုင်သော နိုင်ငံခြားသားများကို ဖော်ထုတ်ဖမ်းဆီးပြီး ထိထိရောက်ရောက် ပြင်းပြင်းထန်ထန်အရေးယူနိုင်ရေး ဆောင်ရွက်လျက်ရှိကြောင်း၊ ပြည်ထဲရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဗိုလ်ချုပ်တိုးရီက ပြောသည်။
မြန်မာနိုင်ငံအတွင်း တရားမဝင် ဝင်ရောက်လာသည့် နိုင်ငံခြားသားများအား ဥပဒေနှင့်အညီ အမြန်ဆုံး အရေးယူပြည်နှင်လွှဲပြောင်းမှုကြီးကြပ်ရေးလုပ်ငန်းကော်မတီနှင့် မြန်မာနိုင်ငံဆိုင်ရာ နိုင်ငံခြားသံရုံးများမှ သံရုံးအကြီးအကဲများ၊ သံတမန်များအကြား တွေ့ဆုံဆွေးနွေးပွဲကို ယမန်နေ့တွင် နေပြည်တော်ရှိ မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ဌာနချုပ်၊ အရိန္ဒမာခန်းမ၌ ပြုလုပ်သည်။
ဒုတိယဝန်ကြီး ဗိုလ်ချုပ်တိုးရီက မြန်မာနိုင်ငံအတွင်းသို့ တရားမဝင် ဝင်ရောက်လာပြီး Online မှတစ်ဆင့် လိမ်လည်မှုလုပ်ငန်းများတွင် လုပ်ကိုင်နေကြသော နိုင်ငံခြားသားများအား နှစ်နိုင်ငံချစ်ကြည် ရင်းနှီးမှု၊ လူသားချင်းစာနာထောက်ထားမှုတို့အပေါ် အခြေခံ၍ ဥပဒေ၊ လုပ်ထုံးလုပ်နည်းများနှင့်အညီ သက်ဆိုင်ရာနိုင်ငံ များသို့ အမြန်ဆုံးပြည်နှင်လွှဲပြောင်းနိုင်ရေး စိစစ်ဆောင်ရွက်ပေးလျက်ရှိကြောင်း၊ Online Scam Center လုပ်ငန်းများတွင် ပါဝင်ပတ်သက်နေသူများနှင့် နောက်ကွယ်မှ ကြိုးကိုင်သော နိုင်ငံခြားသားများကို ဖော်ထုတ် ဖမ်းဆီးပြီး ထိထိရောက်ရောက် ပြင်းပြင်းထန်ထန်အရေးယူနိုင်ရေး ဆောင်ရွက်လျက်ရှိကြောင်း၊ မြန်မာနိုင်ငံနှင့် တရုတ်နိုင်ငံတို့မှ တာဝန်ရှိအဖွဲ့အစည်းများ ပူးပေါင်းပြီး အဆိုပါလုပ်ငန်းများကို တားဆီးနှိမ်နင်းလျက်ရှိကြောင်း၊ ၂၀၂၂ ခုနှစ်၊ ဇန်နဝါရီလ ၁ ရက်မှ ၂၀၂၄ ခုနှစ်၊ နိုဝင်ဘာလ ၂၂ ရက်အထိ မြန်မာနိုင်ငံအတွင်း အခက်အခဲများ ကြုံတွေ့နေရသဖြင့် ရှာဖွေကူညီကယ်တင်ပေးခဲ့သည့် နိုင်ငံခြားသား စုစုပေါင်း ၁၂၄၂ ဦးရှိပြီး ၎င်းတို့ကို လုပ်ထုံးလုပ်နည်းနှင့်အညီ သက်ဆိုင်ရာနိုင်ငံသို့ ပြည်နှင်လွှဲပြောင်းဆောင်ရွက်ပေးလျက်ရှိကြောင်း ပြောကြား သည်။
ယင်းနောက် ကြီးကြပ်ရေးလုပ်ငန်းကော်မတီအဖွဲ့များနှင့် မြန်မာနိုင်ငံဆိုင်ရာ နိုင်ငံခြားသံရုံးများမှ သံရုံး အကြီးအကဲများနှင့် သံတမန်များအကြား နိုင်ငံခြားသားများအား ရှာဖွေကူညီကယ်တင်ခြင်း၊ လုပ်ထုံး လုပ်နည်းနှင့်အညီ ပြည်နှင်လွှဲပြောင်းခြင်းတို့ကို ဆောင်ရွက်ရာတွင် ရင်ဆိုင်ကြုံတွေ့နေရသည့် အခက်အခဲများနှင့် ဖြေရှင်းဆောင်ရွက်နိုင်မည့် နည်းလမ်းများအား ရင်းနှီးပွင့်လင်းစွာ ညှိနှိုင်းဆွေးနွေး ခဲ့ကြသည်။
#သတင်းဟင်းလေးအိုးကြီး
ထိုင်း-မြန်မာနယ်စပ်၌ UWSA နဲ့ ထိုင်းတပ်မတော်တို့ စစ်ရေးတင်းမာနေချိန် ထိုင်းနိုင်ငံခြားရေးဝန်ကြီး၏ အကြံပေးပုဂ္ဂိုလ်က မြန်မာနိုင်ငံခြားရေးဝန်ကြီးနဲ့ လာရောက်တွေ့ဆုံ
နိုဝင်ဘာ ၂၈
ထိုင်း-မြန်မာနယ်စပ်၌ UWSA နဲ့ ထိုင်းတပ်မတော်တို့ စစ်ရေးတင်းမာနေချိန် ထိုင်းနိုင်ငံခြားရေးဝန်ကြီး၏ အကြံပေးပုဂ္ဂိုလ် မစ္စတာဒူးစစ်မေနဖန်က မြန်မာနိုင်ငံခြားရေးဝန်ကြီး ဦးသန်းဆွေနှင့် လာရောက်တွေ့ဆုံခဲ့သည်။
နိုဝင်ဘာလ (၂၇)ရက် နေ့ခင်း (၂)နာရီအချိန်က နိုင်ငံခြားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးသန်းဆွေ သည် ထိုင်းနိုင်ငံခြားရေးဝန်ကြီး၏ အကြံပေးပုဂ္ဂိုလ် မစ္စတာ ဒူးစစ်မေနဖန်အား နေပြည်တော်ရှိ နိုင်ငံခြားရေး ဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး၏ ဧည့်ခန်းမ၌ လက်ခံတွေ့ဆုံခဲ့သည်။
ယင်းသို့တွေ့ဆုံရာတွင် မြန်မာနိုင်ငံနှင့် ထိုင်းနိုင်ငံကြား ရှိရင်းစွဲ နှစ်နိုင်ငံ ဆက်ဆံရေးနှင့် ပူးပေါင်းဆောင်ရွက်မှု များ ပိုမိုမြှင့်တင် ဆောင်ရွက်ရေးအပေါ် ရင်းနှီးပွင့်လင်းစွာ အမြင်ချင်းဖလှယ် ခဲ့ကြပြီး၊ ကဏ္ဍစုံ ပူးပေါင်း ဆောင်ရွက်မှု တိုးမြှင့်ရေး၊ နယ်စပ်ဒေသ လုံခြုံရေးနှင့် တည်ငြိမ်အေးချမ်းရေး၊ ပြည်သူအချင်းချင်း ထိတွေ့ ဆက်ဆံမှု တိုးမြှင့်ရေးနှင့် နှစ်နိုင်ငံအကြား ဒေသတွင်းနှင့် နိုင်ငံတကာ မျက်နှာစာတို့တွင် ပိုမိုနီးကပ်စွာ ပူးပေါင်း ဆောင်ရွက်ရေး စသည့်ကိစ္စရပ်များနှင့် စပ်လျဉ်း၍ ဆွေးနွေးခဲ့ကြကြောင်း နိုင်ငံခြားရေးဝန်ကြီးဌာန၏ ထုတ်ပြန်ချက်အရ သိရသည်။
#centralnewsnaypyitaw
သက်ပြင်းတွေ ခပ်ဖွဖွချရင်း
အရင်တုန်းဆိုရင်လေ ဆိုပြီး
အရင်လိုပြန်မဖြစ်နိုင်တော့တာတွေကို
ပြန်လွမ်းနေရတာက
နာကျင်စရာပါပဲ ။
#ကျေးကို
ပိုက်ဆံလိုသလို
မေတ္တာတရားလည်းလိုပါတယ်
ပိုက်ဆံလိုသလို
အချစ်လည်းလိုပါတယ်
အတူတူနေရမှမဟုတ်
အတူတူမနေရလည်း အချစ်ပဲ
ဘယ်သူမဆို ကိုယ်ချစ်တဲ့အရာတွေနဲ့
အတူတူနေချင်တာ တရားမျှတပါတယ်
🍂🤍
#ᗩᒪoᑎᗴ
မတော်တဆ မျက္မှောင်လေးကျုံ့မိတာကနေစလို့
အားဖျော့နေတဲ့မျက်ဝန်းတွေအဆုံး သူကသိပ်ကို
အရိပ်အကဲကြည့်တတ်တာ။
သူ့ရှေ့ရောက်ရင် ဘာမှဖုံးဖိမရသလို၊ဟန်ဆောင်ဖို့လဲမလွယ်တော့ဘူး။
တခုခုကိုဖွင့်ဟမပြောမချင်း ပူဆာတတ်တဲ့ကလေးတယောက်လို တဂျီဂျီမေးနေတော့တာပဲ။
မင်းမပျော်ရင် ကိုယ်လဲမပျော်ရသလို၊မင်းမျက်ရည်ကျတာက ကိုယ့်အတွက်သိပ်ကိုနာကျင်ရတယ်တဲ့။
အိုကွယ်။အဲ့သည့်စကားက်ို ငါဝမ်းနည်းတိုင်း သူကမျက်ရည်တွေဝိုင်းလို့ ပြောရှာတာ။
သူ့အလိုအတိုင်းသာဆို ငါ့ကိုအမြဲပျော်ဖို့ဖန်တီးပေးမှာဆိုပေမဲ့ မမျှော်လင့်ထားတဲ့ အားနည်းချိန်တွေရောက်လာတိုင်း ငါ့မျက်ရည်တွေကို သူမကြည့်ရက်ဘူးတဲ့လေ။
မင်းအကြောင်းကို ကိုယ်ကအသိဆုံးပဲလို့ ထပ်ထပ်ပြောတယ်။အလုံးစုံကို ငါကအသိပေးထားတာမဟုတ်ပေမဲ့
ငါ့ကိုအရိပ်တကြည့်ကြည့်ရှိနေတဲ့သူမို့ မပြောပြလဲ သိနှင့်တယ်ထင်ပါရဲ့။
အပြုံးတချက်ကအစ လေသံတခွန်းအဆုံး ဟန်ဆောင်တာလား၊စိတ်ရင်းလားဆ်ိုတာကို ခွဲခြားပြီး
သိနေတတ်တာ။
အဲ့ဒါတွေကြောင့်လဲ ငါတို့ကြားမှာ အကြည့်ချင်းစုံတာနဲ့ တယောက်အတွေးတွေကိုတယောက်ဖတ်ရှုနိုင်တာ
ဖြစ်မယ်။
ဘယ်တော့မှ လိမ်ညာဖို့စိတ်မကူးခဲ့ပါဘူး။
စိတ်ရင်းအတိုင်း ရှင့်အပေါ်ဆက်ဆံခဲ့တာ။
အများကြီးလဲ ပြောစရာလိုမယ်မထင်ဘူး။
မျက်ဝန်းတွေထဲ အဖြေရှာကြည့်ရင်၊
ကိုယ်ချစ်တာ ရှင်သိပါတယ်။
#hsulubeaindray