1 y - Translate

Cute Tattoo Ideas✨

image
1 y - Translate

Cute Tattoo Ideas✨

image
1 y - Translate

Cute Tattoo Ideas✨

image
1 y - Translate

Cute Tattoo Ideas✨

image
1 y - Translate

Cute Tattoo Ideas✨

image
1 y - Translate

Cute Tattoo Ideas✨

image
1 y - Translate

Cute Tattoo Ideas✨

image
1 y - Translate

Cute Tattoo Ideas✨

imageimage
+6
1 y - Translate

ကျင်းပမည့်ရွေးကောက်ပွဲ၌ ပြည်တွင်း/ပြည်ပမှ ရွေးကောက်ပွဲစောင့်ကြည့်လေ့လာရေးအဖွဲ့များကိုစောင့်ကြည့်လေ့လာခွင့်ပြုမည်

မြန်မာနိုင်ငံတွင်ကျင်းပမည့် လွတ်လပ်၍တရားမျှတသည့် ပါတီစုံဒီမိုကရေစီအထွေထွေရွေး ကောက်ပွဲ၌ ပြည်တွင်း/ပြည်ပမှ ရွေးကောက်ပွဲစောင့်ကြည့်လေ့လာရေးအဖွဲ့များကိုစောင့်ကြည့်လေ့လာခွင့်ပြုမည်ဟု ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် ဥက္ကဋ္ဌဦးကိုကိုမှ ယမန်နေ့ ဒီဇင်ဘာ ၇ ရက်နံနက် ၉ နာရီခွဲက မှတ်ပုံတင်ခွင့်ပြုပြီးသော နိုင်ငံရေးပါတီ(၅၃)ပါတီ၏ တာဝန်ရှိသူများနှင့်တွေ့ဆုံစဥ် ပြောကြားခဲ့ခြင်းဖြစ်သည်။

UEC အနေဖြင့် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲကျင်းပနိုင်ရန် ကြိုတင်ပြင်ဆင်လျက်ရှိပြီး ပြည်တွင်း/ပြည်ပမှ ရွေးကောက်ပွဲစောင့်ကြည့်လေ့လာရေးအဖွဲ့များ၏ စောင့်ကြည့်လေ့လာခွင့်နှင့်ပတ်သက်၍ ၂၀၂၀ ပြည့်နှစ် အထွေထွေရွေးကောက်ပွဲတွင် စောင့်ကြည့်ခွင့်မပြုဘဲ လေ့လာခွင့်သာပြုခဲ့သည်ဟု ပြောသည်။

ထို့ကြောင့် ကျင်းပမည့်ရွေးကောက်ပွဲ၌ ပြည် တွင်း/ပြည်ပမှ ရွေးကောက်ပွဲစောင့်ကြည့်လေ့ လာရေးအဖွဲ့များကို ၂၀၁၅ ခုနှစ် အထွေထွေရွေးကောက်ပွဲအတိုင်း ပြန်လည်ထည့်သွင်း၍ စောင့်ကြည့်လေ့လာခွင့်စံနှုန်းနှင့်အညီခွင့်ပြုသွားမည်ဟု ပြောသည်။

" UEC အနေနဲ့ သိက္ခာရှိတဲ့ရွေးကောက်ပွဲနဲ့ သိက္ခာ ရှိသည့် လွှတ်တော်တစ်ရပ်ကိုဖော်ဆောင်ပေးနိုင်ဖို့ ကြိုးပမ်းဆောင်ရွက်သွားမှာပါ။ ဒါ့ကြောင့် သိ က္ခာရှိတဲ့လွှတ်တော်ဖြစ်ဖို့အတွက် လွှတ်တော်ကိုယ်စားလှယ်တွေဟာ အရည်အချင်းရှိဖို့လိုပါတယ်။ နိုင်ငံရေးပါတီတွေအနေနဲ့ လွှတ်တော်ကိုယ်စားလှယ်လောင်းတွေကို ကြိုတင်ရွေးချယ်လေ့ကျင့်ပေးဖို့ ရွေးကောက်ပွဲကော်မရှင်နဲ့အတူ ဝိုင်းဝန်းကြိုးပမ်းဆောင်ရွက်ကြစေလိုပါတယ်"ဟု UEC ဥက္ကဋ္ဌဦးကိုကိုကပြောသည်။

ထို့နောက် နိုင်ငံရေးပါတီ(၅၃)ပါတီ၏ တာဝန်ရှိသူများက ဆွေးနွေးတင်ပြမှုများပြုလုပ်ရာ UEC ဥက္ကဋ္ဌမှ ပြန်လည်ရှင်းလင်းဆွေးနွေးမှုများပြု လုပ်ခဲ့သည်။

၂၀၁၅ ခုနှစ် အထွေထွေရွေးကောက်ပွဲတွင် စောင့်ကြည့်လေ့လာခွင့်ပြုခဲ့သည့် အချက် ၁၃ ချက်အ နက် လေ့လာခွင့်မပြုခဲ့သည့် ရွေးကောက်ပွဲဥပ ဒေ၊ နည်းဥပဒေ၊ လုပ်ထုံးလုပ်နည်း၊ အမိန့်၊ ညွှန် ကြားချက်များစောင့်ကြည့်လေ့လာခြင်း၊ မဲလက် မှတ်များရိုက်နှိပ်ခြင်းတို့ကို စောင့်ကြည့်လေ့လာခြင်း၊ ရွေးကောက်ပွဲကန့်ကွက်လွှာအမှုများ စစ် ဆေးခြင်းနှင့် ဆုံးဖြတ်ခြင်းအချက်များပါဝင်သည်။

image
1 y - Translate

တည်ထောင်ပြီးစက်မှုဇုန်များ တစ်ပြေးညီဖြစ်စေရန် စစ်ဆေးခြင်းအား အချိန်တစ်လသတ်မှတ်ဆောင်ရွက်နေ

တည်ထောင်ပြီးစက်မှုဇုန်များ၏ အရွယ်အစား၊ အမျိုးအစား၊ အဆင့်အတန်းတစ်ပြေးညီသတ်မှတ်နိုင်ရန် တိုင်းနှင့်ပြည်နယ်များရှိ စက်မှုဇုန်များအား အပြန်အလှန်စစ်ဆေးခြင်းကို နိုဝင်ဘာ ၁၅ ရက်မှ ဒီဇင်ဘာ ၁၅ ရက်အထိ အချိန်တစ်လသတ်မှတ်ဆောင်ရွက်လျက်ရှိသည်။

ထိုသို့ ဆောင်ရွက်လျက်ရှိခြင်းနှင့်ပတ်သက်၍ ပြည်ထောင်စုဝန်ကြီးဒေါက်တာချာလီသန်းမှ ယမန်နေ့ ဒီဇင်ဘာ ၇ ရက်နံနက်ပိုင်းက ရန်ကုန်တိုင်းအတွင်းရှိ စက်မှုဇုန်စီမံခန့်ခွဲရေးကော်မတီဥက္ကဋ္ဌများနှင့် အင်းစိန်မြို့နယ်ရှိ ဆေးဝါးစက်ရုံ (အင်းစိန်)၌ တွေ့ဆုံခဲ့သည်။

တွေ့ဆုံစဥ် ပြည်ထောင်စုဝန်ကြီးမှ “ဒေသဆိုင်ရာစက်မှုဇုန်များဖော်ဆောင်ရေးနှင့်ကြီးကြပ်ရေးကော်မတီများ”ကို နေပြည်တော်အပါအဝင် တိုင်းနှင့် ပြည်နယ်အသီးသီးတွင်ဖွဲ့စည်းပြီးဖြစ်ကာ စက်မှုဇုန်ဥပဒေ၊ နည်းဥပဒေတို့တွင် တည်ထောင်ပြီးစက်မှုဇုန်များ၏ အရွယ်အစား၊ အမျိုးအစားနှင့် အဆင့်အတန်းခွဲခြားသတ်မှတ်ပြီး စက်မှုဇုန်အဖြစ်ပြန်လည်ကြေညာရမည်ဟု သတ်မှတ်ပြဋ္ဌာန်းထားသည်ဟု ပြောသည်။

ထို့ကြောင့် ထို့သို့ တည်ထောင်ပြီးစက်မှုဇုန်များ ၏ မြေပြင်ပကတိအခြေအနေအား မဖြစ်မနေစိစစ်ရန်လိုအပ်၍ စက်မှုဇုန်များ၏ အရွယ်အစား၊ အမျိုးအစား၊ အဆင့်အတန်းကို တစ်ပြေးညီသတ်မှတ်နိုင်ရေးအတွက် တိုင်း/ပြည်နယ်အသီးသီးရှိ တည်ထောင်ပြီးစက်မှုဇုန်များကို တိုင်း/ပြည်နယ်အချင်းချင်း အပြန်အလှန်စစ် ဆေးလျက်ရှိသည်ဟု ပြောကြားခဲ့သည်။

ထို့နောက် ရန်ကုန်တိုင်းအစိုးရအဖွဲ့၏ စီးပွားရေးရာဝန်ကြီး၊ စက်မှုကြီးကြပ်ရေးနှင့်စစ်ဆေးရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်နှင့် ရန်ကုန်တိုင်းအတွင်းရှိ စက်မှုဇုန်စီမံခန့်ခွဲရေးကော်မတီဥက္ကဋ္ဌများက သက်ဆိုင်ရာကဏ္ဍအလိုက် ရှင်းလင်းတင်ပြခဲ့ကြသည်။

image