2 yrs - Translate

ကလပ်အသင်းနဲ့ နိုင်ငံလက်ရွေးစင်အသင်းမှာ ကစားသမားဘ၀ ဂိုး(၄၀၀)ပြည့်သွားခဲ့တဲ့ ကိန်း

ဘိုင်ယန်မြူးနစ်အသင်း၏ အင်္ဂလန်လက်ရွေးစင်တိုက်စစ်မှူး ဟာရီကိန်းသည် ဖရန့်ဖတ်အသင်းကို (၂-၁)ဂိုးဖြင့်အနိုင်ရရှိခဲ့သော ဘွန်ဒက်စ်လီဂါပွဲတွင် အသင်းအတွက် ဂိုး(၂)ဂိုးသွင်းယူပေးခဲ့ပြီးနောက် ကလပ်အသင်းနှင့် နိုင်ငံလက်ရွေးစင်အသင်းတွင် ကစားသမားဘ၀ ဂိုး(၄၀၀)ပြည့်သွားခဲ့ကြောင်း သိရသည်။ယင်းဂိုးမှာ ကိန်းအတွက် ဘိုင်ယန်မြူးနစ်အသင်းတွင် (၄၂)ပွဲကစားရာ၌ (၄၂)ဂိုးမြောက် သွင်းဂိုးဖြစ်ခဲ့ပြီး ကလပ်အသင်းများအတွက် ကစားသမားဘဝတွင် (၃၃၈)ဂိုးမြောက် ဂိုးဖြစ်ခဲ့သည်။ကိန်းသည် တော့တင်ဟမ်ဟော့စပါးအသင်းတွင် (၂၈၀)ဂိုး၊သူအငှားသွားရောက်ကစားခဲ့သောကလပ်အသင်းများဖြစ်သည့် လေတန်အိုးရီးယန့်အသင်းတွင် (၅)ဂိုး၊မီဝေါလ်အသင်းတွင် (၉)ဂိုး၊လက်စတာအသင်းတွင် (၂)ဂိုးသွင်းယူခဲ့ပြီး အင်္ဂလန်လက်ရွေးစင်အသင်းအတွက် (၆၂)ဂိုးသွင်းယူထားရာ သူ၏ ကစားသမားဘ၀ သွင်းဂိုးစုစုပေါင်းမှာ ဂိုး(၄၀၀)ပြည့်သွားခဲ့ခြင်းဖြစ်သည်။RSSSF ၏မှတ်တမ်းများအရ အင်္ဂလန်ကစားသမားများထဲတွင် ကစားသမားဘ၀ ဂိုးအများဆုံးသွင်းသူအဖြစ် စံချိန်တင်ထားသူမှာ (၁၉၂၉) မှ(၁၉၆၁) ခုနှစ်အထိ ကစားခဲ့သော တိုက်စစ်မှူးရွန်းနီ ရော်ကီဖြစ်ပြီး (၉၃၄)ဂိုးထိ သွင်းယူခဲ့ကြောင်း သိရသည်။

image
2 yrs - Translate

လပေါ်မှာ Chatting ထိုင်မယ်၊ အင်္ဂါဂြိုလ်ပေါ်မှာ Streaming လုပ်မယ်

ကမ္ဘာပေါ်မှာ အင်တာနက်ဆက်သွယ်ရေးကွန်ရက်တစ်ခု တည်ဆောက်တာဟာ ဖွံ့ဖြိုးပြီးနိုင်ငံတွေအတွက် ဘာမှခက်ခဲတဲ့ ကိစ္စရပ်တစ်ခု မဟုတ်တော့ပါဘူး။ ဒါဆိုရင် အာကာသထဲမှာဆိုရင်ရော...? အာကာသထဲမှာတော့ ကမ္ဘာဂြိုလ်ပေါ်က Physics သဘောတရားတွေ၊ လိုအပ်ချက်တွေနဲ့ မတူတော့တာမို့ အခက်အခဲတွေ ပေါ်လာပါပြီ။ အင်တာနက်တိုင်တွေကို အာကာသထဲလွှတ်ဖို့အတွက် ကမ္ဘာဂြိုလ်မှာလို တိုင်အကြီးကြီးတွေ သယ်ယူဖို့ခက်ခဲတာ၊ လေဖိအား၊ မြေဆွဲအား၊ အပူချိန် စတဲ့ အကြောင်းအရာ တွေအများကြီး ထည့်တွက်ရတော့မှာဖြစ်ပါတယ်။

အာကာသထဲမှာ 4G ကွန်ရက်တည်ဆောက်ဖို့အတွက် NASA နဲ့ Nokia တို့ကတော့ စတင်ကြံစည်နေပြီးဖြစ်ပါတယ်။ လိုအပ်တဲ့ ပစ္စည်းတွေ၊ Hardware တွေကိုလည်း ဒီနှစ်ထဲ အာကာသထဲကိုထွက်မယ့် SpaceX နဲ့ထည့်ပေးနိုင်ဖို့ စီစဥ်နေတယ်လို့လည်း သတင်းထွက်လာပါတယ်။

အာကာသထဲမှာသာ 4G သုံးနိုင်လာမယ်ဆိုရင် နောက်ပိုင်း Moon Landing Mission တွေ၊ Mars ကိုသွားမယ့် အစီအစဥ်တွေမှာ ဆက်သွယ်ရေးအတွက် အများကြီး အထောက်အကူဖြစ်လာနိုင်တာမို့ ဒီကိစ္စကို စီစဥ်နေတာဖြစ်ပါတယ်။ ဒါ့အပြင် အရင်တုန်းက အာကာသယဥ်မှုးတွေအနေနဲ့ Radio Signal ကိုအသုံးပြုပြီး ဆက်သွယ်ရေးကနေ HD Video Call တွေ၊ အရေးကြီးတဲ့ Science Data တွေကို ကမ္ဘာမြေပေါ်ကို ပြန်ပို့ဖို့အတွက် 4G ဆက်သွယ်ရေးက အများကြီး အထောက်အကူဖြစ်လာနိုင်ပါတယ်။ ဒီကိစ္စအတွက်လည်း ဒေါ်လာ ၁၅ သန်းခန့်အထိ ချမှတ်ပြီး လုပ်ဆောင်နေပါတယ်။

မကြာခင်မှာ အာကာသထဲက Streaming ကို ကျွန်တော်တို့မြင်လာရတော့မလား စောင့်ကြည့်ရတော့မှာဖြစ်ပါတယ်။

image
2 yrs - Translate

Positive Energy များတဲ့သူ ဖြစ်အောင်နေထိုင်ပါ ။

ကိုယ်နဲ့ ပတ်သက်လာသမျှ လူတွေဟာ ကိုယ့်ကြောင့် တိုးတက်ရတာမျိုး ၊ ပျော်ရွှင်ရတာမျိုး ၊ စိတ်လုံခြုံနွေးထွေးရတာမျိုး ခံစားရအောင် နေထိုင်ပါ ။

လူတစ်ယောက်နား ကပ်လိုက်လို့ အပူတွေကူးစက်တာ
မျိုး ကြုံရဖူးတယ်မဟုတ်လား ။ တွေ့တာနဲ့ အဆင်မပြေကြောင်းတွေ ညဉ်းညူမယ် ၊ သူများအတင်းတွေ ပြောမယ်ဆိုတဲ့သူတွေဟာ Negative Vibes တွေ ကြီးစိုးနေတာပဲ ။ အဲ့သလို လူမျိုးမဖြစ်စေနဲ့ ။

အတင်းမပြောနဲ့ … မညဉ်းညူနဲ့ ။ ဆဲဆို ရိုင်းစိုင်းတာတွေ မပြောနဲ့ ။ ကောင်းတာပြောပြော ဆိုတာပြောပြော စကားဟာ စကားပဲမဟုတ်လား ။ တိုးတက်ရာ တိုးတက်ကြောင်းတွေ ပြောတတ်သူဖြစ်အောင့်လေ့လာပါ။ စာအုပ်တွေဖတ်တာဟာ positive energy များတဲ့သူဖြစ်စေပါတယ် ။ အဓိပ္ပာယ်ရှိတဲ့စကားတွေပြောတတ်လာတယ် ၊ တွေးတောဆင်ခြင်းနိုင်စွမ်းတွေ ပိုကောင်းလာတယ် ၊ စိတ်သဘောထား ပြည့်ဝတဲ့သူဖြစ်စေတယ် ။ ဒါမှသာ ကိုယ့်ဘေးနားက လူတွေကိုလဲ အထောက်ကူဖြစ်နိုင်မှာ ။

ပျော်စရာတွေ မျှဝေပါ ။ ဟာသတွေပြောပါ ။ ချစ်သူခင်သူတွေနဲ့ နွေးထွေးစွာနေထိုင်ပါ ။ မေတ္တာတရားထားပြီး ဆက်ဆံပြောဆိုပါ ။ အဓိကက စိတ်ပါပဲ … စိတ်ကောင်းကောင်းထားမယ် ၊ စိတ်ကို ကြည်အောင်နေမယ်ဆို အကြည်ဓာတ်တွေဟာ ကိန်းအောင်လာမှာပါပဲ ။ ဒါဆို ကိုယ့်ဘေးနားကပ်သူတိုင်းဟာ အေးချမ်းရတာပါပဲ ။

Positive energy ရှိတာဟာ ရုပ်ရည် ၊ အချိုးစား ပြေပြစ်နေမှ မဟုတ်ဘူး … သူ့ရဲ့ အကောင်းမြင်စိတ်ထားကိုက ဆွဲဆောင်မှုအားရှိနေတာ ။ အဲ့ဒါက သူ့ကို ပိုကြည့်ကောင်းစေတာ ။ Positive Vibes တို့ဆိုတာဟာ သူ့အလိုလို ဖြစ်တည်နေတာမဟုတ်ပဲ ကိုယ်တိုင် ဖန်တီးတည်ဆောက်ရတာမျိုးပါ ။

Good listener တွေဟာ positive energy များသူတွေပါပဲ ။ လူတော်တော်များများဟာ သူတို့ပြောချင်တာပဲ ဇွတ်ပြောတတ်ကြတယ် … တစ်ဖက်လူစကားဆို သိပ်နားထောင်မပေးတတ်ကြဘူး ။ good listener တွေဟာ တစ်ဖက်လူ ခံစားချက်ကို သေချာနားထောင်ပေးတယ် ၊ စာနာပေးတယ် ၊ စိတ်ရှည်တယ် ။ သူတို့ဆီ ရင်ဖွင့်ရရင် ကိုယ့်ရဲ့ အပူချိန်တစ်ဝက်လောက်က လျော့ကျသွားစေတာပဲ ။ စိတ်လုံခြုံနွေးထွေးရတယ် ။
ထပ်တူခံစားပြီး ၊ စိတ်ရှည်စွာနားထောင်ပေးခြင်းဟာ
ကူညီခြင်း တစ်မျိုးပါပဲ ။ လူတွေဟာ စကားပြောဖော်ဆိုတာ လိုအပ်တယ် ။ အထူးသဖြင့် သူတို့ရဲ့ ခံစားချက်ကို စိတ်ရှည်စွာ နာထောင်ပေးတတ်သူမျိုးကို ပိုလိုအပ်ကြတယ် ။ ရင်ထဲက အပူတွေကို ရင်ဖွင့်လိုက်တာနဲ့ တစ်ဝက်လောက်က ငြိမ်းချမ်းသွားရတာပဲ မဟုတ်လား ။

လူတွေဟာ ပြောဆိုရင် ပြောနိုင်တယ် …
နားထောင်ပေးဖို့တော့ ခက်ကြတယ် ။ ဒါ့ကြောင့် ကိုယ်တိုင်က နားထောင်ပေးတတ်အောင် လေ့ကျင့်ပါ ။ ဒါဟာ လူချစ်လူခင်ပေါစေသလို … ကိုယ့်ဘေးကလူတွေအတွက် အကျိုးပြုပါတယ် ။

ဒါ့ကြောင့် ကိုယ့်ဘေးက ဘယ်သူ့ကိုမဆို သူတို့ပြောချင်တာရှိရင် နားထောင်ပေးလိုက်ပါ ။
သူတို့အတွက် များစွာ အကူညီရသလို ကိုယ်လည်း ကုသိုလ်ရပါတယ် ။

Positive energy များသူတွေဟာ လူချစ်လူခင်ပေါများတယ် ၊ မျက်နှာပွင့်တယ် ၊ လူအများလေးစားကြတယ် ။ ဒါ့ကြောင့် ကိုယ်တိုင်က Positive Energy များအောင်ကြိုးစားပြီး နေထိုင်ပါ ၊ ဘေးကလူတွေကိုမျှဝေပါ ။

ဒါဆို ကိုယ့်ကမ္ဘာလေးဟာ ပိုစိမ်းလန်းပြီး ၊ ပိုအေးချမ်းပါလိမ့်မယ် ။ ကိုယ့်ဘေးမှာပွင့်တဲ့ ပန်းကလေးတွေဟာလည်း ပို၍ မွှေးပျံပါလိမ့်မယ် ။

image
2 yrs - Translate

VAR vs Ramos
Ramos ရယ် 😁

2 yrs - Translate

"ကိုယ့်ကိုယ်ကိုယ် မြင်ထားတဲ့အမြင် ကောင်းလာအောင် ဘယ်လိုလုပ်မလဲ"

🔳 နည်းလမ်းတချို့ မျှဝေရရင်တော့ -

📌 ၁။ ကိုယ်ဘယ်လိုလူမျိုး ဖြစ်ချင်လဲဆိုတာ အရင်ဆုံး စိတ်ကူးပုံဖော်ကြည့်ပါ။

ဥပမာ ခုလို စိတ်ကူးပေါက်တိုင်း စားချင်ရာတွေ လျှောက်စားနေတဲ့လူ မဟုတ်တော့ဘဲ သွယ်လျကျစ်လစ်ပြီး ကျန်းမာနေတဲ့လူပုံစံမျိုးလား။

📌 ၂။ ကိုယ့်ကိုယ်ကိုယ် ကောင်းတဲ့စကားတွေ ပြောပါ။

Positive self-talk လို့ ခေါ်ပါတယ်။ ငယ်ငယ်ကတည်းက အပြစ်တင်စကား၊ အထင်သေးစကားတွေပဲ ကြားနေခဲ့ရသူတွေဟာ Negative self-talk တွေ သိပ်များတတ်ပါတယ်။ အဲဒါကို Counter ပြန်လုပ်ဖို့ပါ။

📌 ၃။ Toxic ဖြစ်တဲ့သူတွေကို ရှောင်ပါ။

ဥပမာ ကိုယ်က အိမ်ထောင်ကွဲထားတယ်။ အဲဒါကြောင့်ဖြစ်တဲ့ သိမ်ငယ်စိတ်ကို ကြိုးစားဖြေဖျောက်နေတယ်။ ဒါပေမဲ့ အမေဖြစ်သူက နင်က တစ်ခုလပ်နော်၊ အနေအထိုင် အသွားအလာဆင်ခြင်၊ လူပြောစရာဖြစ်မယ် ဆိုတာမျိုး တစ်ချိန်လုံး ပြောနေတယ်ဆို အိမ်ခွဲနေဖို့သာ ကြိုးစားပေတော့ပေါ့။

📌 ၄။ ခက်ခဲတဲ့ အရာတွေကို လုပ်ပါ။

အပေါ်မှာပြောခဲ့သလို၊ ကိုယ်တိုင် တကယ်ကျော်ဖြတ်ဖူးတော့မှ၊ ခက်ခဲတာ တစ်ခုခုကို အောင်မြင်အောင် လုပ်နိုင်ဖူးတော့မှ Self-identity က ကောင်းလာတာပါ။ ဒါကြောင့် Comfort zone ထဲကနေ ထွက်ပြီး တစ်ခုခု လုပ်ကြည့်ပါ။

ပြောမယ်ဆို ဘာသာရေးအရ အဓိဌာန်ဝင်တာတို့၊ Gym ကစားပြီး Six packs ထွက်အောင် လုပ်တာတို့၊ အစာရှောင်တာတို့၊ Crochet ထိုးနည်း၊ ပန်းချီဆွဲနည်း သင်တာတို့ဟာလည်း ဒီသဘောပါပဲ။ ခက်ခဲပြီး ရေရှည်တစိုက်မတ်မတ် လုပ်ရမှာကို ဖြစ်အောင် လုပ်တယ်။ အောင်မြင်တယ်။ ဒီအခါ ကျေနပ်တယ်။ ကိုယ့်ကိုယ်ကိုယ် ထိန်းသိမ်းနိုင်စွမ်း မြင့်တဲ့သူအဖြစ် မြင်လာတယ်။ နောက်ထပ် နောက်ထပ် အခက်အခဲတွေကို ကျော်ဖြတ်ဖို့အတွက်လည်း ယုံကြည်မှု ရှိလာတယ်။

◾Self-identity is dynamic တဲ့။

ကိုယ့်ကိုယ်ကိုယ် မြင်ထားတဲ့ ပုံရိပ်ဟာ တရား​သေ မဟုတ်ပါဘူး။ ဘယ်​တော့မဆို ပြောင်းလဲလို့ ရပါတယ်။ ငယ်ငယ်က တွေ့ကြုံခဲ့ရတာတွေကတော့ ပြင်မရတော့ပေမဲ့ ခုလက်ရှိက ကိုယ့်လက်ထဲမှာပဲ ရှိတာပါ။

ဒါကြောင့် Henry Ford ရဲ့ စကားတစ်ခွန်းနဲ့ ဒီဆောင်းပါးကို အဆုံးသတ်ချင်ပါတယ်။

“Whether you think you can or you can’t, you are right.”

မင်းလုပ်နိုင်တယ်ပဲ ထင်ထင်၊ မလုပ်နိုင်ဘူးပဲ ထင်ထင်၊ မင်းမှန်ပါတယ်။ ဘာလို့ဆိုတော့ မင်းထင်တဲ့အတိုင်းပဲ ဖြစ်လာမှာမို့လို့ပါပဲ။

image
2 yrs - Translate

ဂဏန်းတစ်ကောင် 800 တဲ့ 6ကောင် 5000ပဲ ပေးပါဆိုလို့ ငါ့မှာ သေချာတွက်ပြခဲ့ရသေးတယ် 😫

( ဘေးကပါတဲ့လူကလဲ စျေးမစစ်ပါနဲ့ သနားပါတယ် တဲ့ 😫 )

image
2 yrs - Translate

People say,
“A good heart is always happy.”

But I think a good heart gets hurt very badly too often because it expects only good things from others. ❤️‍🩹

image
2 yrs - Translate

ရည်းစားဟောင်းက အကူအညီတောင်းသောအခါ
စိတ်ထားလေးတခု 😜

2 yrs - Translate

🔴 ONE ကိုထက်မံရောက်ရှိလာတဲ့
ဇွဲကပင်မြေကလပ်က မင်းကျော်ဇ

ONE Lumpinee 61 ရဲ့ ပြိုင်ပွဲမှာ ကျွန်တော်တို့ မြန်မာကစားသမားဖြစ်တဲ့ မင်းကျော်ဇင် ( ဇွဲကပင်မြေကလပ် ) က အခုဆို ONE မှာပါဝါလာခဲ့ပါတယ် ။ ပွဲရက်ကတော့ May လ 3 ရက်နေ့ဖြစ်ပါတယ် ။ ကျွန်တော်တို့ မြန်မာကစားသမားတွေ တစ်စတစ်စ နဲ့ပါဝင်လာတာကို ပဲ ဝမ်းသာမိပါတယ် ။ ကျော်ဇင်ရဲ့ လက်သီးမြန်ချက်နဲ့ ဉာဏ်သုံးကစားသမားမို့ နိုင်မယ်လို့ မျှော်လင့်မိပါတယ် ။ အနိုင်ထက် ပထမဆုံးပွဲထွက် ဘောနပ်လေးကို သိမ်းပိုက်စေချင်ပါတယ် ။ ဒါမှ နောက်ပွဲတွေအတွက် ပိုခွန်အားဖြစ်သွားစေမှာပါ ။ ဘယ်ကစားသမားပဲ ONE ရောက်ပါစေ ကျွန်တော်တို့တွေ အားပေးရမှာ။

image
2 yrs - Translate

Me as a doctor
🤣🤣