##ralph Waldo Emerson
ရှာဖွေပါ။ ပို့စ်များExplore captivating content and diverse perspectives on our Discover page. Uncover fresh ideas and engage in meaningful conversations
လွတ်လပ်သူကိုသာ မေတ္တာမျှပါ
ချစ်ခြင်းမေတ္တာကို ရွေးချယ်ရင် ကိုယ့်အတွက် သီးသန့်ဖြစ်တဲ့ တစ်ဦးဆိုင်နာမ် အချစ်မျိုးကိုပဲ ရွေးချယ်ပါ ။ အခြားသူနဲ့ မျှဝေနေရမယ် ၊ ပုန်းလျှိုးကွယ်လျှိုး ချစ်မြတ်နိုးရမယ်ဆိုရင်လေ အစတည်းက မပတ်သက်တာအကောင်းဆုံးပဲ ။ ဒါကြောင့် သူများလူကို မလုယူမိစေနဲ့ ၊ တစ်ဖက်ဆီကနေ ဖောက်ပြန်ပြီး ကိုယ်နဲ့လာရောသူကိုလည်း လက်မခံမိစေနဲ့ ။
ချစ်ခြင်းမေတ္တာက ပျော်စရာပဲ ဖြစ်သင့်တာ ၊လွတ်လပ်ပျော်ရွှင်မှုတွေ ရှိနေမှ အချစ်ရဲ့ ရသမြောက်တာ ။ သူများလူကို လုယူတာ ၊ ဖောက်ပြန်တာတွေဟာ ဘယ်တောမှမပျော်ရဘူး ။
ချစ်တဲ့သူကို ပိုင်ဆိုင်ရရင် ပျော်ရမယ်အထင်နဲ့ လုယူတယ် ၊ သူနဲ့သာဆို ပိုသာယာမယ်အထင်နဲ့ ဇယားရှုပ်တယ် … တကယ်တော့ အမှားပဲ ၊ ဘယ်တောခါမှ စိတ်မချမ်းသာရဘူး အမြဲ ပူလောင်ရတယ် ။ တစ်ပါးသူပစ္စည်းခိုးယူတယ် ၊ လူမသိအောင် ရှောင်ပုန်းရတယ် ဆိုမှတော့ ဘယ်လိုလုပ် လပ်ပြာလုံရပါ့မလဲ ။ အဲလိုလုပ်ရပ်မျိုး လုပ်ထားသူက အမြဲတမ်း သိမ်ငယ်နေရတယ် ၊ အရောင်မထွက်ဘူး ၊ အကြည်ဓာတ်လည်းရမနေဘူး ။
ပတ်ဝန်းကျင်မှာလဲ တွေ့နေရတာပဲ အငယ်နှောင်းထားတာတွေ ၊ ဖောက်ပြန်တာတွေ … ခုခေတ်မှာ ပိုလို့တောင် ဆိုးပါသေးတယ် ။ လွယ်လင့်တကူ ဖောက်လွဲဖောက်ပြန် လုပ်နေကြတာ ။ သူတို့ပျော်နေရလား ကြည့်လိုက် ၊ ဘယ်သူမှမပျော်ရဘူး ။ အမြဲပူလောင်နေကြတာ ၊ လူတကာရဲ့ တံတွေးခွက်မှာ ပက်လက်မျောနေကြတာ ။
" ဘဝက တိုတိုလေး ၊ ကိုယ်လုပ်ချင်တာ ဖြစ်အောင်လုပ် ၊ ဘယ်သူ့မှ ဂရုမစိုက်နဲ့ " ဆိုတာက ဘယ်သူ့ကိုမှ မထိခိုက်စေတဲ့ လုပ်ရပ်မျိုးအတွက်ပဲ ဆိုလိုတာဖြစ်တယ် ။ သူများအိမ်ထောင်ရေးတွေ ၊ စိတ်ခံစားချက်တွေကို ထိခိုက်နေတာမျိုးဆိုမလုပ်ရဘူး ။ ကိုယ်ကြိုက်ရာ ကိုယ်လုပ်တယ် ဆိုလည်းပဲ လူပီသတဲ့လုပ်ရပ်မျိုးတော့ ဖြစ်ရမှာပဲပေါ့ ။
လောကမှာ လူတွေအများကြီး ရှိပါလျက်နဲ့ မလွတ်လပ်တဲ့သူကိုမှ ရွေးချယ်ရသလား ။ အဲလိုလူကိုမှ ရွေးချယ်ပြီး ပတ်သက်တာက ကိုယ့် role ကိုယ် နိမ့်ချလိုက်တာပဲ ။ ကိုယ်ဟာ လွတ်လပ်တဲ့သူနဲ့ မထိုက်တန်တဲ့သူတစ်ယောက်လို ၊ ပုန်းလျှိုကွယ်လျှို နေရတဲ့သူတစ်ယောက်လို ဘဝမျိုးကို ရွေးချယ်တာ ၊၊ သူများအပိုင်ကို လုယူပြီး ဒါက ငါ့လူပါလို့ လူတွေအလယ်ချပြရဲသလား ။
ချစ်တဲ့စိတ်ကြောင့် ကျူးလွန်မိတယ် ဆိုတာဟာ တကယ်တော့ ဖောက်ပြန်သူတို့ရဲ့ မုသားစကားလှလှတစ်ခုပဲ ။ ဒါကို အချစ်လို့ မခေါ်ထိုက်ဘူး ၊ အတ္တပဲ ။ အချစ်ဟာ ရွေးချယ်မှုပါ ။ အချစ်ကရွေးချယ်လို့မရဘူး … သူ့အလိုလိုဖြစ်လာတာဆိုရင်တောင် ကိုယ့်အသိက ပြန်ထိန်းတတ်ရတယ် ။ ဆန္ဒကို သိက္ခာနဲ့ ထိန်းနိုင်ရမှာပဲပေါ့ ။ လူအချင်းချင်းတွေ့ကြပြီး .. စကားတွေပြောကြမယ် ၊ Chemistry မိတယ် ၊ သဘောကျတယ် ဆိုတာ အချစ်ပဲလေ ။ ကိုယ့်ကို ရင်ခုန်စေမဲ့သူက ဒီလူတစ်ယောက်တည်း လောကမှရှိတာမှမဟုတ်ပဲ ။ အခြားသူတွေနဲ့လည်း ထပ်ဆုံနိုင်ပြီး ၊ အချစ်က ထပ်မံပေါက်ဖွာလာနိုင်သေးတာပဲ မဟုတ်လား ။
Cheat လုပ်ခံရတဲ့ သူကလည်း အကောင်းဘက်ကကြည့်ရင် ဖောက်ပြန်တာကို သိခွင့်ရခြင်းဟာ ကိုယ့်အတွက် ကောင်းတဲ့အရာတစ်ခုပဲ ။ ကို့ယ့်ကို ဘယ်လောက်ထိ လှည့်စားပြီး ၊ ဘယ်လို လိမ်ညာနေမှန်း မသိသူ ၊ ကိုယ့်ကို စိတ်ရင်းအမှန်နဲ့ မချစ်တော့တဲ့သူကို ကိုယ့်ဘေးကနေ ဖယ်ထုတ်ခွင့်ရတာ ။ အဲ့ဒီ့လို လူတစ်ယောက် ဆုံးရှုံးရတာဟာ ကိုယ့်အတွက် နစ်နာစရာလည်း မဟုတ် ။
အချစ်ရေး ၊ အိမ်ထောင်ရေးနဲ့ ပတ်သက်လို့ ဘယ်သူ့ဆီကမှ လုယူထားတာမဟုတ်ဘူး ၊ ဖောက်ပြန်တာ မဟုတ်ဘူးဆိုတဲ့ သူတွေက အမြဲပျော်ရွှင်ရတယ် ။ ရဲရဲတင်းတင်းနေထိုင်ရတယ် ။ ပြဿနာတွေ ၊ ကတောက်ကဆတွေရှိတိုင်းလည်း ခဏလေးအတွင်း ပြန်ညှိယူနိုင်တယ် ။ ဘယ်တောခါမှ မပူလောင်ရဘူး ။ ဒါကြောင့် လွတ်လပ်တဲ့ လူတစ်ယောက်ကိုသာ မေတ္တာမျှပါ ။
အဲလိုမှမဟုတ်ပဲ ဖောက်ပြန်မယ် ၊ တခြားသူဆီက လုယူမယ်ဆိုရင် ပိုင်ဆိုင်ရလည်း ပျော်ရမယ် မထင်နဲ့ ။
- Thar Htwe -
#အချစ်နှင့်ဘဝရဲ့ညီမျှခြင်း
နောက်(၁)နှစ် (၂)နှစ်အတွင်းမှာ မင်္ဂလာဆောင်ဖို့ အစီအစဉ်ရှိသူတွေ ယခုစာကို မဖြစ်မနေဖတ်ပေးပါ.
Wedding အတွက် အလွယ်ကူဆုံးစီစဉ် နိုင်ဖို့ ….
ဦးစားပေး အဓိကအလုပ် 1 year before
(1) Dateသတ်မှတ်ပါ
(ချစ်သူ၂ဦး ယူမဲ့နှစ် လ ဆုံးဖြတ်ပါ ၊ ဗေဒင် လေးလည်း မေးပါ အုံး ရက် ၄ ၊ ၅ ရက် ရာထားပါ )
(2)Hotel သို့ ဘုန်းကြီးကျောင်း Booking လုပ်ပါ
(နှစ် ၊ လ သတ်မှတ်ပြီးတာနဲ့ အရင်ဆုံး လုပ်ကိုလုပ်သင့်တာပါ ၊ hotel or ဘုန်းကြီးကျောင်းကရတဲ့ရက် နဲ့ ကိုယ်လိုချင်တဲ့ရက် ကိုက်ပြီး တခါတည်း book ထားပါ)
(ပိုက်ဆံ deposit မပေးလည်း ရသေးတယ် ၊ hotel ဆို နောက်လူ မမေးမချင်းစောင့်တယ် ၊ နောက်လူမေးလို့ ကိုယ့်ကို ယူမှာသေချာလားပြန်လာမေးရင်တော့ သေချာယူမယ်ဆို deposit ပါ)
၃ လအလို
----------
(1) Pre Wedding လေးရိုက်ထားပါ ဒါမှအေးဆေးပြီး ပျော်စရာလည်းကောင်းမယ် ၊ နီးမှဆို stress များပြီး ပျော်စရာမကောင်းပါဘူး ၊ ၃လထက်ပိုစောလည်း ပိုကောင်းပါတယ်
၁လခွဲလောက်အကြာမှAlbum ၊ Photo Fram ၊ photo softcopy ရတောင် wedding နဲ့ ၁လခွဲလောက်ကွာသေးတာမို့ အေးဆေး facebook တင် ၊ ပုံကြီးမကြိုက်ရင်ပြင်ထုတ်နိုင်သေးတယ်
(2) Wedding Dress ပြင်ပါ
သတို့သမီး သတို့သား အပြင် အရံ မိဘ ဖို့ပါဆို ၃လလောက်စောတာ မပိုပါ ဘူး ၊
ချုပ်ပေးမယ်ဆို အရံတွေရွေးပါအုံး ၊ လူသေချာရမှ ချုပ်ပါ
(3) Make up ဆရာ ရွေးပါ ၊ booking လုပ်ပါ date place time၊
(4)ဓါတ်ပုံဆရာ(Photographer)ပါ ရွေးပါ ၊Booking လုပ်ပါ Date place time
(5) အခမ်းအနားမှူး bookingလုပ်ပါ
မရတက်လို့ ကြို booking စေ ချင်ပါတယ်
၂လ အလို
---------
(1) ဖိတ်စာအတွက်လူချရေးပါ
(Hotel အတွက်လူတွက်လိုလျှင် ၁အိမ် လူ ၂ယောက်နှုန်းမဟုတ်ပါတဲ့ ဖိတ်စာ၁စောင် 1.5 နဲ့မြှောက်ကြည့်ပါတဲ့ )
(2) ဖိတ်စာရိုက်ပါ ၊
1 လ အလိုမှလုပ်လည်းရပေမဲ့ ရိုက်ရမဲ့ရက် နဲ့ စိတ်အေးရအောင်ပါ
၁ လ အလို
----------
(1) ပန်း အလှပြင်ဖို့ ပြောပါ
(2) လက်ဆောင်ကမ်းဖို့ ပစ္စည်းမှာပါ
၂ပတ် အလို
-----------
(1) ဖိတ်စာဝေပါ
(2) Dress ယူထားပါ
(3) အရံဖို့ ဖိနပ် ဝယ်ပါ ၊
ဝတ်စုံက ငှားမှာဆို ၂ ပတ်အလိုလောက် အားလုံးခေါ်သွားရွေး ဘိုကင်လုပ်ထား ရပါတယ်
(4) ကားစီစဉ်ပါ
၂ ရက် အလို
------------
(1) လက်ဝတ်လက်စား ငှားပါ
(2) စိတ်မချရင် အားလုံးကို ph ဆက်ပြီး confirm လုပ်ပါ(hotel ၊ Make up ၊ အခမ်းအနားမှူး ၊ ဂီတ ၊ ပန်း )
(3) လက်သည်း ခြေသည်း ခေါင်းလျှော် စသည် လုပ်ပါ
၁ရက် အလို
-----------
(1) ယူသွားမည့် ပစ္စည်းထည့်ပါ
Dress ထည့်ထားပါ ၊လက်ဝတ်ရတနာ ..ဖိနပ်
Photo Album ၊ Fram ၊ Slide show CD
ပိုက်ဆ ံ- ရှင်းမည့်သူ ၁ယောက်ကိုင်ပါ
(2) ကူမဲ့သူတွေဖုန်းဆက် ချိန်းပါ
ရှေ့ထွက် အရံတွေ မိတ်ကပ်ပြင်ရန် ဘယ် အချိန်အရောက် မိဘတွေ ဘယ်အချိန် ရောက်
လက်ဖွဲ့သိမ်း ၊ ဧည့်ခံ နေရာချ ဘယ်အချိန်
လက်ဖွဲ့ ပစ္စည်းသိမ်း သယ် …ဘယ်သူ ဘယ်ကား
စီစဉ်ပါ
မင်မင်လဲ လိုမယ်ထင်လို့ကူးလာပေးတာပါ ..
ပျော်ရွှင်ပါစေရှင်