easy poses for boys ?

2 နှစ်များ - ဘာသာပြန်ပါ။

မိုးရွာရင် ပျော်တယ်
မြေသင်းနံ့လေးကို သဘောကျတယ်
မိုးရွာပီးစ မြူတွေဆိုင်းနေတဲ့ ရှု့ခင်းလေးကို ကိုယ်ကတော့ ကြိုက်တယ်...

.
မြန်မာ့အလှ မြန်မာ့ဘ၀
#photocredit

image
image
image
image
2 နှစ်များ - ဘာသာပြန်ပါ။

ပိုက်ဆံအကြွေ ဆယ်ပြား တစ်မတ်နဲ့
အရသာရှိတဲ့မုန့်ကို စိတ်ချလက်ချ စားလို့ရတဲ့
ခေတ်ကို
မှီခဲ့ဘူးတယ်....

လက်ဖက်ရည်တစ်ခွက်၊
ခေါက်ဆွဲကြော်တစ်ပွဲဆိုတာနေမကောင်းတဲ့
အခါမှစားရတဲ့ အလွန်အရသာရှိတဲ့
အစားအစာဖြစ်တဲ့ ခေတ်ကို မှီ ခဲ့ဘူးတယ်....

အယုတ် အလတ် အမြတ်မရွေး
ကျွေးတဲ့ စတုဒီသာကို ဘာရောဂါမှ မကြောက်ရ
ဘဲ
အလုအယက် ပျော်ပျော်ရွှင်ရွှင်
စားခဲ့ရတဲ့ခေတ်ကို မှီခဲ့ဘူးတယ်.....

မိုးရာသီ မိုးရည်ထဲမှာ
ဘယ်ကားအန္တရယ်မှမရှိဘဲ
ရပ်ကွက်ထဲကလမ်းပေါ်မှာ လွတ်လွတ်လပ်လပ်
ပြေားလွှားဆော့လို့ရတဲ့ခေတ်ကို မှီခဲ့ဘူးတယ်....

ဘာအကြောင်းကြောင့်
နေမကောင်းဖြစ်ခဲ့ဖြစ်ခဲ့ ကိုးပါးဆေးကို
ကွမ်းရွက်ပြုတ်ရည်နဲ့သောက်ရုံနဲ့ပြောက်တဲ့
ခေတ်ကိုမှီခဲ့ဘူးတယ်....

ကိုယ်ပိုင်ကားမပြောနဲ့စက်ဘီးတောင်
လူတိုင်း မစီးနိုင်အခြေအနေမှာ သူငယ်ချင်းတွေ
နဲ့ကျောင်းတတ် ကျောင်းဆင်း လမ်းလျှောက်
ရင်
ပျော်ရွှင်ခဲ့ရတဲ့ ခေတ်ကိုမှီခဲ့ဘူးတယ်.....

ကျောင်းထမင်းချိုင့်ထဲမှာ ပဲပြုတ်သုတ်
ဒါမှမဟုတ် ဘဲဥပြုတ်တစ်လုံးပါရုံနဲ့
မိဘကို မညိုငြင်တဲ့ ခေတ်ကိုမှီခဲ့ဘူးတယ်.....

(ခုခေတ်ကအာ့လိုမျိုးဆို
သေသွားမယ် ရှင်သွားမယ်
မသေမရှင်ဖြစ်သွားမယ်ဆိုတဲ့ခေတ်)

နွေရာသီကျောင်းပိတ်ရက်မှာ
ညစဥ်ညတိုင်း လမ်းပေါ်ထွက်ပြီး ကစားနည်း
မျိုးစုံကို ပျော်ရွှင်စွာ
ကစားခဲ့ရတဲ့ခေတ်ကို မှီခဲ့ဘူးတယ်....

တစ်ဆွေလုံး တစ်မျိုးလုံးမှာမှ
တစ်လုံးထဲရှိတဲ့အမျိုးအိမ်ကTV ကို
ဆွေမျိုးတစ်သိုက် စုပြီးကြည့်ခဲ့ရတဲ့ ခေတ်ကိုမှီခဲ့ဘူးတယ်.....

ဘုရားပွဲမှာတဲ့ဇာတ်ကို
ကျား/မ မရွေး မိုးအလင်းကြည့်ပြီး
(အိပ်ပြီး ) မနက်မိုးစင်စင်လင်းမှ
ထပြန်လည်း ဘာအကြောင်းကြီးငယ်မှ
မဖြစ်ခဲ့တဲ့ခေတ်ကို မှီခဲ့ဘူးတယ်...

သွေးသားမတော်စပ်ကြပေမယ့်
ဖြူစင်တဲ့ခင်မင်ခြင်းတွေနဲ့
မောင်နှမရင်းပမာ
ဆက်ဆံခြင်းတွေရှိတဲ့ခေတ်ကိုမှီခဲ့ဘူးတယ်.......

ကြီးသူကိုရိုသေး ရွယ်တူကိုလေးစား
ငယ်သူကိုသနားရမယ်ဆိုတဲ့
မြတ်နိုးစရာလူ့ကျင့်ဝတ်တွေ ထွန်းကားတဲ့ခေတ်
ကို
မှီခဲ့ဘူးတယ်.....

ပြန်တွေးလိုက်ရင် အရာရာတွေဟာ
လွမ်းစရာတွေပါပဲလေ......😔😔😔

📚 ဗဟုသုတအဖြစ် တဆင့်ပြန်လည်မျှဝေခြင်း ဖြစ်တာကြောင့်၊ မူရင်းရေးသားသူနှင့် ပိုင်ရှင်များကို လေးစားစွာ Credit ပေးပါတယ်။ 😇
All rights and credits go to rightful owner.

image
2 နှစ်များ - ဘာသာပြန်ပါ။

အေးစက်တဲ့ မိုးရေစက်လေးတွေ နဲ့
သင်းပျံ့တဲ့ မြေသင်းရနံ တွေကို
ဤမိုးရာသီမှာသာ သင်ခံစားရသည်။

#မိုးရာသီ
#rainydays

image
image
image
2 နှစ်များ - ဘာသာပြန်ပါ။

မိုးရာသီကို ကြိုက်လား💧

ကျွန်တော်ကတော့ မိုးရာသီကိုကြိုက်တယ်
မိုးသံလေး တဖြောက်ဖြောက်နဲ့အိပ်ရတာကိုသဘောကျတယ်💧

မိုးရာသီကို သ​ဘောကျတယ် တိမ်ညို​တွေ အုံ့ဆိုင်း​နေတဲ့ အချိန် ​ကော်ဖီတစ်ခွက်နဲ့ ​ မိုး​ရေစက်​တွေကို ထိုင်း​ငေးရတဲ့ ခံစားမှုကို သ​ဘောကျတယ်ပြီးတော့ ဘာကိုလွမ်းလို့လွမ်းမှန်းမသိတဲ့ခံစားချက်ကိုလည်းကြိုက်တယ်🌨️

#popular Paoh Stars

image
image
image
2 နှစ်များ - ဘာသာပြန်ပါ။

မိုးရာသီကို ကြိုက်လား☔

ကျွန်​တော်က​တော့ မိုးရာသီကို သ​ဘောကျတယ် တိမ်ညို​တွေ အုံ့ဆိုင်း​နေတဲ့ အချိန် ​ကော်ဖီတစ်ခွက်နဲ့ ​ မိုး​ရေစက်​တွေကို ထိုင်ငေးရတဲ့ ခံစားမှုကို သ​ဘောကျတယ်🌨️

#beautiful ln Infinity

image
image
image
image
2 နှစ်များ - ဘာသာပြန်ပါ။

Pride Month 2024 အတွက် Apple ရဲ့ Wallpaper အသစ်နဲ့ Watch Band အသစ်ဖြစ်ပါတယ်။

May 22 မှာစပြီး ဝယ်နိုင်မှာပါ၊ wallpaper ကတော့ မကြာမီထွက်မယ့် iOS 17.5 ရမှာပါ။

image
2 နှစ်များ - ဘာသာပြန်ပါ။

Pride Month 2024 အတွက် Apple ရဲ့ Wallpaper အသစ်နဲ့ Watch Band အသစ်ဖြစ်ပါတယ်။

May 22 မှာစပြီး ဝယ်နိုင်မှာပါ၊ wallpaper ကတော့ မကြာမီထွက်မယ့် iOS 17.5 ရမှာပါ။

image
2 နှစ်များ - ဘာသာပြန်ပါ။

Pride Month 2024 အတွက် Apple ရဲ့ Wallpaper အသစ်နဲ့ Watch Band အသစ်ဖြစ်ပါတယ်။

May 22 မှာစပြီး ဝယ်နိုင်မှာပါ၊ wallpaper ကတော့ မကြာမီထွက်မယ့် iOS 17.5 ရမှာပါ။

imageimage
2 နှစ်များ - ဘာသာပြန်ပါ။

အိမ်ရှင်မတွေ..မနက်နိုးလာတာနဲ့..
အိမ်အလုပ်နဲ့ ပတ်သက်ပြီး..
ဘာကို အရင်လုပ်ရလဲ..😊

ရေနွေးအိုးတည်တယ်..
အိမ်ကနိုးလာသူတွေက ကော်ဖီ..လက်ဖက်ရည်..ရေနွေးကြမ်း.စသည်ဖြင့်..
နိုးလာပြီဆို...သောက်ကြတော့မှာကိုး..

ရေနွေးအိုး တည်နေတုန်း..
ထမင်းအိုးက မျက်စပစ်ပြတယ်..
ဟဲ့..ဆန်ဆေး လိုက်ပါတော့လား..
ထမင်းအိုးတည်လေ..တဲ့..

ထမင်းအိုး တည်ထားတုန်း..
အိမ်ကလူတွေ..မနက်စာအတွက် ဘာပြင်ဆင်ပေးရမလဲ..စဉ်းစားတယ်..
ထမင်းကြမ်း ကျန်သေးရင်လည်း ဘဲဥလေး..ဖောက်ထည့်ပြီး ထမင်းကြော် ပေးလိုက်မယ်ပေါ့..

ဘာမှမရှိတော့လည်း အိမ်နားက
မုန့်ဟင်းခါး ဆိုင်လေး...အသုပ်ဆိုင်လေး...
အပေါ် အကျီလေးတစ်ထည်
မြန်မြန် ကောက်စွပ်ပြီး သွားဝယ်..
မုန့်ထုပ်ကလေးတွေ ဆွဲပြီး မြန်မြန်ပြန်လာ..

အိမ်ရောက်တော့ စားပွဲမှာ ရုံးသွားကျောင်းသွားမဲ့
သူတွေအတွက် အဆင်သင့်..
မနက်စာပြင်ပေးထား..
သားအတွက်..သမီးအတွက်..လင်အတွက်..
နောက်ဆုံးမှ ကိုယ့်အတွက်..

ထမင်းဘူးတွေအတွက်..
ညကချက်ပြီး ရေခဲ သေတ္တာထဲထည့်ထားတဲ့
ဟင်းတွေပြန်နွှေး..

ေဟာ..သူတို့နိုးလာတဲ့အခါ..
အမေ..သားမဝဘူး..အသုပ်ကနည်းတယ်..
ထပ္စားလို့ ရေသးလား..

အမေ့ မုန့်ဟင်းခါး ယူစားလိုက်..

သမီးက..
အမေ..အမေ့ပဲကြော်လေး..နည်းနည်းပေးပါလား

အေး..အေး..
ယူလိုက်..

ယောကျာ်းက..
မိန်းမရေ..ဒီဘောင်းဘီလေး မီးပူဖိပေးပါဦး..မြန်မြန်လေး..

ထမင်းဘူးတွေ အသီးသီးထည့်ပေးလိုက်ရတာ..
ကိုယ့်အတွက်ကတော့..တောင်ပံ၂ချောင်းပဲကျန်တယ်..
မနက်စာလား..ကိုယ့်ဝေစုပါ စားသွားကြတယ်..

ကျောင်းသွားမဲ့..သူကို ကားမောင်းပို့..
စျေးဝင်ဝယ် နေရတာတွေ..
လူမှုရေး ကိစွဝင်နေရတာတွေ..
ကားဓာတ်ဆီ ဝင်ထည့်ရတာ..
လမ်းသင့်လို့ မီတာဘေလ်..အင်တာနက်ဘေလ်ဝင်ဆောင်လိုက်ရတာတွေလည်း တစ်ခါတစ်ရံ ရှိတတ်တယ်ပေါ့..

အိမ်ပြန်ရောက်လို့..
နားမယ်ရှိသေး..
ရေတင်လိုက်ပါဦးမယ်..
ရေတင်နေတုန်း...
ပန်းကန်တွေဆေးရ..
အဝတ်လျှော်စက်လှည့်ရ..
အပင်လေးတွေရေလောင်းရ..

မပြီးသေးဘူး..
တံမြက်စည်းလေး လှဲလိုက်ဦးမှ..
ရေပုလင်းလေးတွေ ရေထည့်လိုက်ဦးမှ..

အဝတ်လျှော်ပြီးသွားတော့..
အဝတ်လေးတွေ လှန်းလိုက်ဦးမှ..

ဒီလိုနဲ့ ထမင်းစားချိန် ရောက်သွား..
Facebook လေး..ဟိုကြည့် ဒီကြည့်..ကြည့်ရင်း..
နေ့ခင်းလေး..တရေးတမော အိပ်မယ်ကြံသေး..
အမှိုက်..အမှိုက်တဲ့..
ဟော..အမှိုက်ထွက်ပစ်ရပြန်ပြီ..

ရေသန့်..ရေသန့်..တဲ့..
ကုန်နေတဲ့ ရေသန့်ဗူးတွေ..လဲဖို့ ထရပြန်ပြီ..

သြော်..အဝတ်လေးတွေ ခြောက်သွားပြီဆိုတော့.
မီးပူလေးက..တိုက်လိုက်ဦးလေ..တဲ့..
ပြောနေပြန်ပြီ..

မီးပူတိုက်လို့ မပြီးသေး..
ကျောင်းကြိုချိန် ပြန်ရောက်လာ..

အမေရေ..မိန်းမရေ..လို့..
သူတို့ခေါ်လိုက်ရင် အလိုလိုနေရင်း ကြောက်လာတာ..
ခိုင်းတော့မယ်လေ..

အမလေး..
လူတွေ အကုန်ပြန်ရောက်လာကြတဲ့ အချိန်မှာ
ကိုယ်ဟာ..ရေတောင်မချိုးရသေး..
လုပ်ရပြန်ပေါ့..ညစာ..
နောက်နေ့မနက်..အတွက် တစ်ခါတည်းချက်..

ဒီလိုနဲ့..ည..၈နာရီလောက်မှ ရေထချိုး..
ဘုရားကို ဝတ်ကျေတန်းကျေလေး ဦးချပြီးသကာလ..
တီဗွီလေး ဟိုကြည့်ဒီကြည့်..ကြည့်..
ဖဘလေး..ဟိုပွတ်ဒီပွတ်..ပွတ်ရင်း..
တစ်နေ့ကုန် သွားပြန်တယ် မဟုတ်လား..

စိတ်ထဲမှာ လုပ်ချင်နေတာတွေက..
သူတို့ မရှိတဲ့အချိန်တော့..ငါ ချုပ်လက်စ အကျီလေးပြီးအောင်ချုပ်လိုက်ဦးမယ်..
ငါချုပ်တတ်ပါတယ်

ပန်းချီလေး ဆွဲလိုက်ဦးမယ်...
ငါကြိုက်တာလေးတွေ လုပ်ချင်သေးတယ်
ဂစ်တာပြန်တီးမယ်..
စနရားပြန်တီးမယ်..
သင်တန်းသွားတက်မယ်
ရေပြန်ကူးချင်တယ်..
စာလေးတစ်ပုဒ် ဖတ်လိုက်ချင်သေးတယ်..

တွေးသာ တွေးနေမိတယ်..
ကိုယ်သိပ်ကြိုက်ခဲ့တဲ့ အလုပ်လေးတွေ
ဝါသနာလေးတွေကို..အလိုလို..စွန့်လွှတ်ပြီးသားဖြစ်နေလျက်ကနေ..
ဘယ်တော့မှလည်း..ပြန်မလုပ်ဖြစ်တော့ပါဘူး..

ချုပ်မယ်တေးထားတဲ့ အဝတ်စလေးကလည်း စက်ခုံပေါ်မှာတန်းလန်းပေါ့..
ဂစ်တာလေးကလည်း အခန်းထောင့်မှာ..
ကြိုးတွေပြတ်..လို့ပေါ့..

ဒီလိုပါပဲ..

ပေးဆပ်ဖို့ကို ကိုယ်တိုင် ကျေနပ်စွာ..ရွေးချယ်တည်ဆောက်ထားတဲ့..ဘဝတွေထဲ...
တစ်နေ့တစ်နေ့ ..ကိုယ့်ကိုယ်ကို ပျောက်ဆုံးနေကြသူတွေထဲမှာ..ရှင်ရော..ကျွန်မရော..ပါတယ်မဟုတ်လား..

ပြီးတော့ ဒီလူတွေက..မှီခိုတွေတဲ့လေ..

မိန်းမတွေ ဘဝ ကိုယ်ချင်းစာနိုင်ကြပါစေ

ဒီpostက အတော်အတန်ပြည့်စုံတဲ့ မိသားစုက
အိမ်ထောင်ရှင်မ အကြောင်းပါ မပြည့်စုံတဲ့အိမ်ထောင်ရှင်မဆိုရင်ဒီထက်မက များစွာပင်ပန်းကြပါတယ် ဘာပဲဖြစ်ဖြစ်မိန်းမတွေဘဝ ကိုယ်ချင်းစားကြပါ ။

Credit .👸

image