2 yrs - Translate

ယနေ့ခေတ် ပျောက်ဆုံးစပြု နေပြီ ဖြစ်သော
အပျို စစ်စစ် ကွမ်းတောင်ကိုင်...

ကွမ်းတောင်ကိုင် မိန်းကလေးဟူသည်

(၁) အပျိုစစ်စစ် ရည်းစားမရှိသူဖြစ်ရပေမည်

(၂) ရွာထဲ ရပ်ကွပ်ထဲတွင် အချောဆုံး
အလှဆုံး စာရင်းဝင် ဖြစ်ရပေမည်

(၃) မိဘနှစ်ပါး စုံလင်စွာဖြင့်
သက်ရှိထင်ရှာ ရှိရပေမည်

(၄) ကိုယ်န္ဓာ မကျိုး မကန်း
.....အကောင်းပကတိဖြင့် ပြည့်စုံရမည်

(၅) ထိုမိန်းကလေး၏ အမိနှင့် အဖသည်
ငယ်လင်ငယ်မယား ဖြစ်ရပေမည်

(၆) သတ်မှတ်ထားသော ပညာအရည်အချင်း
နှင့်လဲ ပြည့်စုံရပေမည်

(၇) ပစ္စည်း ဥစ္စာ အတန်အသင့် ရှိရမည်

(၈) ဆွေမျိုးများ၏ နောက်ကြောင်း
ရာဇဝင် ရှင်းရပေမည်

(၉) ရွာသူရွာသား ရပ်ကွက်သူရပ်ကွက်သား
များမှ ထောက်ခံသောသူ ဖြစ်ရမည်

ရှေးယခင်စ၍
ဓလေ့ ထုံးတမ်း အစဉ်အလာအရ

ထိုအချက် လက္ခဏာတွေဖြင့်
ပြည့်စုံမှ သာလျှင် ထိုမိန်ကလေးသည်
ကွမ်းတောင်ကိုင် ဖြစ်ပေလိမ့်မည်

မိန်းကလေးတစ်ယောက်
ကွမ်းတောင်ကိုင်ရဖို့ ဖြစ်ဖို့ဆိုလျှင်
ထင်သလောက် မလွယ်ချေ

ကွမ်းတောင်ကိုင် မိန်းကလေး၏
နောက်မှ ပန်းတောင်ကိုင် မိန်းမပျိုလေးများ
လိုက်ရလေသည်

ပန်းတောင်ကိုင်သော မိန်ကလေးများသည်
သာမန် အပျိုဖော်များသာ ဖြစ်ကြပေသည်

ယနေ့ခေတ်တွင်တော့
ကွမ်းတောင်ကိုင် စစ်စစ် ရှားပါးလာရုံသာမက
အိမ်ထောင်ရှိ မိန်းမများသည်ပင်

ကွမ်းတောင်ကိုင် တက်လုပ်နေကြခြင်းကို
တွေ့လာရပေသည်

ကွမ်းတောင် ပြုလုပ်ရာတွင်
ငှက်ပျောဖက်စိမ်းနှင့် ကွမ်းရွက် ခုနစ်ရွက်ဖြင့်
စီမံထား၍

ယခုခေတ် ကွမ်းတောင်ကိုင်အများစုသည်
ဆိုင်မှ အတုများဖြင့်သာ

အသုံးပြုလာကြသည်ကို
အများစု တွေ့ရှိကြပေလိမ့်မည်

ဖက်စိမ်းကွမ်းတောင်သည် နတ်ကြီးသဖြင့်
မဟုတ်မမှန် ဖက်စိမ်း ကွမ်းတောင်အား
ကိုင်ခဲ့လျှင် ရွာခိုက်သည်ဟု
ရှေးးဘိုးဘွားများးစကား မှတ်သားဖူးးခဲ့သည်...

image
2 yrs - Translate

somewhere in switzerland.

image
2 yrs - Translate

somewhere in switzerland.

image
2 yrs - Translate

somewhere in switzerland.

image
2 yrs - Translate

somewhere in switzerland.

image
2 yrs - Translate

somewhere in switzerland.

image
2 yrs - Translate

somewhere in switzerland.

image
2 yrs - Translate

somewhere in switzerland.

imageimage
+4
2 yrs - Translate

ထိုင်းနိုင်ငံမှာ အိမ်ငှားတဲ့အခါ ...

မှားတတ်‌သော အမှားများ
***********************

၁) Agent Fee

ချိတ်ပေးတဲ့ Agent ကို အိမ်ရှင်ဘက်မှသာ ဝန်ဆောင်ခ ပေးရတာပါ။ အိမ်ငှားဘက်မှ ပေးရန်မလိုပါ။

၂) Maintenance / Management Fee

အဆိုပါ Fee ကိုလဲ အိမ်ရှင်ဘက်မှ ‌Juristic ကို ပေးရတာပါ။ အိမ်ငှားဘက်မှ ပေးရန်မလိုပါ။

၃) မီတာဖိုး၊ ရေဖိုး၊ အင်တာနက်ဖိုး

အဆိုပါ Fee တွေကိုတော့ အိမ်ငှားဘက်မှ လစဉ်ပေးချေရပါတယ်။ (တချို့ Service Apartment တွေမှာတော့ ပါပြီးသား ဖြစ်ပါတယ်)

၄) အိမ်လခ

အိမ်လခကို တစ်လချင်းစီ ကြိုပေးရပါတယ်။ တစ်နှစ်စာ ကြိုပေးရန် မလိုပါ။ စပေါ် ၂ လစာ ပေးထားရပါတယ်။ ငွေသားပဲ ပေးပေး၊ ဘဏ်ကပဲ လွှဲလွှဲ၊ ပေးပြီးကြောင်း မှတ်တမ်း / Bank Slip ကို အမြဲသိမ်းထားပါ။ တချို့အိမ်ရှင်တွေက မေ့ပြီး အမှတ်မှားပြီး မပေးရသေးဘူး ဆိုပြီး မငြင်းရအောင်ပါ။

၅) Terms & Conditions

Terms & Conditions တွေကို စာချုပ်ထဲမှာ တိတိကျကျ ရေးမထားခဲ့ရင် ပြဿနာဖြစ်နိုင်ပါတယ်။ ဥပမာ အဝတ်လျှော်စက် / လေအေးပေးစက် ပျက်ခဲ့ရင် ဘယ်သူပြင်ပေးရမယ် စသဖြင့် တိတိကျကျ ပါသင့်ပါတယ်။

၆) Decoration

လှလှပပလေး နေချင်လို့ အငှားအိမ်ကို ပြင်ဆင်တာမျိုး အားမပေးပါ။ အိမ်ရှင်က ကျေးဇူးမတင်တဲ့အပြင် သူ့အိမ်ကို သူသဘောတူညီမှုမရှိပဲ လုပ်ထားပါတယ်ဆိုပြီး စပေါ်ပြန်မ‌ပေးဖို့ကို အကြောင်းပြချက် ပေးလိုက်သလိုပါပဲ။

၇) Communication

အိမ်မှာ ကိုယ့်ကြောင့် တခုခု ပျက်စီးသွားတာပဲ ဖြစ်ဖြစ်၊ သူ့အလိုလို ပျက်စီးသွားတာပဲဖြစ်ဖြစ် အိမ်ရှင်ကို အကြောင်းကြားပါ။ Juristic ကို အကြောင်းကြားပါ။ ကိုယ့်သဘောနဲ့ကိုယ် ဘာမှမလုပ်ပါနဲ့။

၈) Contract

Contract စာချုပ်ပါအချက်အလက်များကို ဂရုမစိုက်ပဲ၊ သေချာမဖတ်ပဲ ငြိစွန်းတာတွေကို လုပ်မိပါက စာချုပ်ဖောက်ဖျက်မှုနဲ့ ပြဿနာဖြစ်နိုင်ပါတယ်။

၉) ဖြစ်သလို နေခြင်း

အိမ်ကို သပ်သပ်ရပ်ရပ် သန့်သန့်ရှင်းရှင်းမထားပဲ ဖြစ်သလို နေပါက နောင်တချိန်မှာ စပေါ်ပြန်ရဖို့ ခက်ခဲပါလိမ့်မယ်။ နံရံဆေးသားတွေ ညစ်ပတ်နေတာမျိုး၊ wallpaper တွေ ပြဲနေတာမျိုး၊ Drain တွေ ပိတ်ဆို့ပြီး ရေမစီးတော့တာမျိုး...

၁၀) Sub-lease

ကိုယ်နဲ့ စာချုပ်ချုပ်မယ့် အိမ်ရှင်က အိမ်ရှင်အစစ်ဖြစ်ပါစေ။ တချို့ Sub-lease တဆင့်ငှားတွေ ဖြစ်နေတတ်ပါတယ်။ Sub-lease ဆိုလဲ အိမ်ရှင်အစစ်က သဘောတူထားသလား စသဖြင့် သေချာမေးမြန်းပါ။ အားလုံး သဘောတူညီချက်နဲ့ ရှင်းရှင်းလင်းလင်းလုပ်ထားမယ်ဆိုရင်တော့ အဆင်ပြေပါတယ်။

၁၁) ခရီးထွက်ခြင်း

ခရီးရှည်ထွက်တဲ့အခါ မိန်းတွေချခဲ့ပါ။ မီးတွေ ပိတ်ခဲ့ပါ။ အိမ်တံခါး သော့ / Digital Password စကတည်းက ပြောင်းထားပါ။ အိမ်ရှင်ဆီမှာ တခြားသော့အပို ပေးမထားလေ ကောင်းလေပါပဲ။ ကိုယ်မရှိတုန်း အိမ်ထဲဝင်စစ်တာမျိုး၊ ကိုယ့်ပစ္စည်းတွေ ထိတာမျိုးကို ဘယ်သူမှ မကြိုက်ပါ။

အားလုံးအဆင်ပြေကြပါစေ။

#knowledge

image
2 yrs - Translate

" မန္တလေးမှာ အသက်ရှင် ရပ်တည်ချင်ရင် "
- ဆိုင်ကယ် ကလစ် / စကိုဖီး မစီးပါနဲ့။
- ရွှေဆွဲကြိုး / ရွှေ မဝတ်ပါနဲ့။
- ပိုက်ဆံအိတ် / အိတ် မလွယ်ထားပါနဲ့။
- ရပ်ပြီး ဖုန်းမပြောပါနဲ့။
- လူသုံးယောက်လောက် အနားရောက်လာရင် ပြေးပါ။
- နောက်ကြည့်မှန်ကို ခဏခဏ ကြည့်ပါ။
- ရှောင်သင့်တာကို ရှောင်သွားပါ။
-ည၆နာရီကျော်ရင်အပြင်ထွက်ရင်သတိထားပါလူပြတ်တဲ့လမ်းတွေတစ်ယောက်ထဲသွားရင်သတိထားကြပါ
-ညဘက်အလုပ်မှပြန်လျှင်လူသွားလူလာများသောလမ်းမကြီးများမှပြန်ပါချောင်ကျသောနေရာမှောင်ရိပ်ခိုသောနေရာများကိုရှောင်ပါမသွားမဖြစ်သွားလျှင်ဆိုင်ကယ်ကိုဂရုစိုက်မောင်းပါလမ်းသွားရင်းဖုန်းပြောတာကိုသတိထားကြပါနော်အဖွဲလိုက်လုယက်သူတွေရှိပါတယ်