2 နှစ်များ - ဘာသာပြန်ပါ။

ပျားဝတ်မှုန်ဆိုသည်မှာ
ပျားဝတ်မှုန် (Bee pollen) ဆိုသည်မှာ အပင်၏ ပန်းပွင့်များ၌ရှိသော အဖိုဝတ်မှုန်(Male seeds of flower) များကို လုပ်သားပျားများက ယင်းတို့၏ ပါးစပ်မှ ရရှိသည့် အစာခြေရည်များနှင့် ရောစပ်ပြီး အလုံးလေးများ (Granules) ဖြစ်အောင် ပြုလုပ်ထားသောအစားအစာကိုခေါ်သည်။ အဆိုပါ ပျားဝတ်မှုန်လေးများကို ယင်းတို့၏ ခြေထောက်နှစ်ဖက်ရှိ အိတ်ငယ်များ (Pollen buckets) အတွင်းသို့ သိပ်ထည့်ကာ ပျားအုံသို့ သယ်ဆောင်လာပြီး သုံးရက်သားကျော်သည့် ပျားသားပေါက်လေးများကို ကျွေးမွေးရသည့် အစားအစာတစ်မျိုးလည်းဖြစ်သည်။ အဆိုပါ ပျားဝတ်မှုန်တစ်မျိုးတည်းသာ စားရသည့် ပျားသားပေါက်များသည် ၂၂ ရက်ကြာသောအခါ အရွယ်ရောက်သောပျားအဖြစ် စတင် တာဝန်ထမ်းဆောင် ပါသည်။
ထို့ကြောင့် ပျားဝတ်မှုန်သည် ပျားလေးများအတွက် လုံလောက်သော အာဟာရဓာတ်များ ပေးစွမ်းနိုင်သော အစားအစာတစ်မျိုးဟု ဆိုနိုင်သည်။
ဒေါက်တာခင်မောင်လွင် (FAME)

image
2 နှစ်များ - ဘာသာပြန်ပါ။

Social Media အပေါ်တွေမှာ
တစ်နေ့တစ်နေ့ ရှင်သန်နေရတာလည်း
လွယ်တော့ လွယ်မနေခဲ့ဘူး။😉

ဟင်းတွေချက်ပြီး တင်နေတဲ့ အဖွဲ့ကိုလည်း
စားချင်လိုက်တာ ချက်တတ်လိုက်တာ
ဘာညာ ဝင်မန့်ပေးရသေးတယ်။
မဟုတ်ရင် သူများစားနိုင်သောက်နိုင်နေတာကို
မုဒိတာ မရှိဘူး ထင်ကြမှာမို့။😁

ဝလာပြီ ဝက်ကြီးဖြစ်တော့မယ် ဘာညာ
ညည်းနေရင်လည်း မဖြစ်မနေ ဝင်အားပေးရတယ်။
တော်ကြာ သူရုပ်ဆိုးသွားတာကို
ကိုယ်ကြိတ်ပျော်နေတယ် ဖြစ်ဦးမှာလေ။ 😒

ကလေးလေးတွေပုံ ရိုက်တင်တဲ့အခါမျိုးလည်း
ကျော်သွားလို့ မရပြန်ဘူး။
သားသားလေး ချစ်လိုက်တာ
မီးမီးလေး တော်လိုက်တာနဲ့ ဝင်ပြောပေးရတယ်။
သူတို့ သားသမီးတွေကို မေတ္တာတုံးနေတယ် ထင်မစိုးလို့။😍

မိုင်ဒေးတွေ ဘာတွေ ဝင်ကြည့်မိရင်လည်း
အသဲတန်သည် အသဲ
ပါးစပ်ဟောင်းလောင်းတန်သည် ပါးစပ်ဟောင်းလောင်း
ပေးပြီးမှ ကိစ္စပြီးတယ်။
မဟုတ်ရင် သူ့ကိုပဲ မကြည်နေတာလို ထင်လို့။ 😒

မက်ဆင်ကြာကနေ
နေကောင်းပါစေ ကျန်းမာပါစေ ဆိုတဲ့
ဆေးရောင်စုံ စာသားတွေ ပန်းပုံတွေ လာရင်လည်း
ဒီတိုင်းထားလိုက်လို့ မရပြန်ဘူး။
ငါအပါအဝင် သင်ချစ်ခင်တဲ့သူတွေကို ပြန်ပို့ပေးပါဆိုလို့
ဖော်ဝပ်နဲ့ သူ့ကို ပြန်ပို့ပေးရသေးတယ်။
မဟုတ်ရင် ကိုယ်ကပဲ သူ့ကို နေမကောင်းစေချင်တာလိုလို
သဘောသက်ရောက်နေလို့။ 😒

စာအရှည်ကြီး ရေးထားတဲ့ သူတွေကိုလည်း
Just now မှာတင် သွားလိုက်ပေးလို့ မရဘူး။
စာမဖတ်ဘဲ လိုက်မပေးပါနဲ့ ဘာညာ ဆဲဆိုနေလို့
စာအတိုအရှည်ပေါ် မူတည်ပြီး
နှစ်မိနစ်တန်သည် သုံးမိနစ်တန်သည် စောင့်ပြီးမှ
တဖန် လိုက်ပြန်ပေးရတယ်။
အလကားနေရင်း မြင်းထိန်းငတာ ဖြစ်သွားလွန်းလို့။ 😒

သူတို့ပိုင်တဲ့ ပစ္စည်းတွေ ဘရန်းဒတ်တွေကို
သိသိသာသာ တစ်မျိုး မသိမသာတစ်ဖုံ
ကြွားတဲ့အခါမှာလည်း
ဟယ် ဟိုတံဆိပ်က ဘယ်လို
ဟိုဘရန်းကတော့ ဘယ်ပုံ ဆိုတာမျိုး
သွားမန့်ပေးရတယ်။
တော်ကြာ ကိုယ့်ကို ဘာမှမသုံးဖူးတဲ့ ငမွဲ ထင်ခံရမစိုးလို့။ 😷

စောင်ကြွေးတောင်း ပို့စ်တွေ ဘာတွေ
စောင်းကာ မြောင်းကာ တင်ပြန်ပလားဆို
အပြေးအလွှားနဲ့ ဘာဖြစ်တာလဲ ဘာညာ
စကားမရှိ စကားရှာ သွားမေးရသေးတယ်။
သူ့ဖရင်းတွေက ကိုယ်လို့ ထင်နေမှာ ကြောက်လို့
ကိုယ်မဟုတ်ကြောင်း ကိုယ်ရောင်သွားပြရတာ🤗

သူတို့မျက်နှာပုံကို အဝတ်အစားတွေ အမျိုးမျိုးလဲပြီး
ဆယ်ဖီတွေ မျိုးစုံ ရိုက်တင်နေရင်လည်း
ချောပါပေ့ လှပါပေ့ အားကျပါပေ့နဲ့
အောက်ကနေ မြှောက်ထိုးပင့်ကော်ကလည်း
ပြောပေးရသေးတယ်။
သူတို့ကို ကြိတ်မနာလိုနေတယ် ထင်ခံရမစိုးလို့။ 😭

ချဲလင့်တွေ ခေါ်ရင်လည်း ဟုတ်ဟုတ် မဟုတ်ဟုတ်
စတေကာ တစ်ရာလောက်တော့ ဝင် up ပေးရတယ်။
ကိုယ်ဟာ သူ့ကို စမြင်တွေကပ်ပြီး
ချဲလင့် မလုပ်စေချင်ဘူး ထင်မှာကြောက်လို့။😒

သူ့ကို ဘယ်က စသိတာလဲ ဆိုတာမျိုး မေးလာရင်လည်း
သေချာစဉ်းစားပြီး သွားဖြေရသေးတယ်။
ခင်မင်မှုကို တန်ဖိုးမထားရာ ကျပြီး
လူမှုရေး လစ်ဟင်းသူ အဖြစ်မခံချင်လို့။😩

ဟာသတွေ ရှဲလ်လာရင်လည်း
HaHa သွားနှိပ်ပေးရတယ်။
လိုက်လောက်ပဲ ပေးမိရင်
အလကားနေရင်း ကလော်တုပ်ခံရလို့။😞

အရက်သမားတွေ အုပ်စုကိုလည်း
လွှတ်ထားလို့ မရဘူး။
အရက်ကောင်းကြောင်းတွေ သူတို့အားရအောင်
ပြောပေးရတယ်။
မူးမူးရူးရူးနဲ့ ထဆဲတဲ့အခါ ကိုယ်မပါအောင်လို့။ 😒

စုံတွဲပုံတွေတင် အပိုဆာဒါးတွေ လုပ်ပြနေရင်လည်း
အားကျချင်ယောင်ဆောင်ပြီး
ပဒီးပဒါးတွေ ဝင်ပြောပေးရသေးတယ်။
သူတို့ဘဲ/စော်တွေကို စနိုက်ချင်နေတဲ့ စာရင်းထဲ ပါမှာ ကြောက်လို့။ 😒

တစ်တော့ပ်တွေ ဆော့နေရင်လည်း
ဘေကုန်ခံ ဖွင့်ကြည့်ပေးပြီး
အသဲယားလိုက်တာ ဆိုတာမျိုး
ချစ်စရာကောင်းလိုက်တာ ဆိုတာမျိုး ပြောပေးရသေးတယ်။
သူ့ကို ကြည့်မရဖြစ်နေတဲ့လူ စာရင်းထဲ ထည့်လိုက်မှာ သိနေတယ်။ 😎

Live တွေ လွှင့်ပြီး ဆံပင်တွေသပ်ပြီး
တောင်လုပ် မြောက်လုပ်တွေ လျှောက်လုပ်နေရင်လည်း
သူ့ live မှာ ကိုယ့်ကို မမြင်မချင်း ဖြတ်ပြေးပြရသေးတယ်။
ဂရုမစိုက်ဘူး ဘာညာ စိတ်ထဲ မကွက်အောင်လို့။ 😷

အေး.....
လွယ်တော့ လွယ်မနေဘူး။ 😁😁😁

image
2 နှစ်များ - ဘာသာပြန်ပါ။

Beautiful flower in the world ✨✨✨

image
2 နှစ်များ - ဘာသာပြန်ပါ။

Beautiful flower in the world ✨✨✨

image
2 နှစ်များ - ဘာသာပြန်ပါ။

Beautiful flower in the world ✨✨✨

image
2 နှစ်များ - ဘာသာပြန်ပါ။

Beautiful flower in the world ✨✨✨

image
2 နှစ်များ - ဘာသာပြန်ပါ။

Beautiful flower in the world ✨✨✨

image
image
image
image
2 နှစ်များ - ဘာသာပြန်ပါ။

😂😂

image
2 နှစ်များ - ဘာသာပြန်ပါ။

A rainy day in Switzerland 💚

image
2 နှစ်များ - ဘာသာပြန်ပါ။

တစ်သက်လုံး ရည်းစားမရတော့မယ့် လူတွေရဲ့လက္ခဏာများ

တွေးမိဖူးလား တစ်ခါတစ်လေပေါ့ ၊ ရည်းစားဘယ်တော့မှ မရနိုင်တော့မယ့်သူတွေ ကမ္ဘာပေါ်မှာရှိလားလို့။

စာရေးသူမှာ အမည်မဖော်ပြချင်တဲ့ သူငယ်ချင်းတစ်ယောက်တောင်ရှိသေး။ သူဆိုရင် အိမ်ထောင်ကျဖို့မပြောနဲ့ ရည်းစားတောင်ရပါတော့မလား မပြောတတ်ဘူး။

သူ့ဆီမှာဖြစ်နေတဲ့အမူအကျင့်တွေ ၊ လက္ခဏာတွေက ဘယ်တော့မှ မစွံနိုင်တော့သူတစ်ယောက်ရဲ့ လက္ခဏာဖြစ်နိုင်တယ်လို့တွေးမိလို့ စာရေးသူရဲ့အတွေးတွေကို မျှဝေပေးတာဖြစ်ပါတယ်။

(၁) ပူးပူးကပ်ကပ်ပွေ့ပွေ့ဖက်ဖက်နေရတာကို မကြိုက်ဘူး

�ကိုယ့်ရည်းစားဖြစ်မယ့်သူကို ဖက်ဖို့မပြောနဲ့ ကိုယ့်ရဲ့သူငယ်ချင်းတွေ ၊ ကိုယ်နဲ့အရမ်းနီးစပ်တဲ့သူတွေ ၊ မိသားစုတွေကို ဖက်ဖို့တောင် စိတ်မသက်မသာဖြစ်တတ်တဲ့သူတွေက ရည်းစားရနိုင်ခြေအရမ်းနည်းပါတယ်။

အိပ်ရာမှာအိပ်ရမယ်ဆိုရင်လည်း ဘယ်သူ့ကိုမှဖက်ပြီး မအိပ်နိုင်ဘူး။ ခွခေါင်းအုံးကိုတောင် မဖက်ဘူး။ ကိုယ့်ဟာကိုယ် လွတ်လွတ်လပ်လပ်အိပ်တတ်တဲ့သူတစ်ယောက် ၊ ဘယ်လောက်ကုတင်ကြီးပါစေ ဘယ်သူ့ကိုမှ မဝေမျှနိုင်ဘူး။ ဖက်အိပ်ဖို့ဆိုတာ ဝေလာဝေးသေးဆိုရင်တော့ ရည်းစားရဖို့ မဖြစ်နိုင်တော့ပါဘူး။

(၂) အစားအစာဆိုရင် မျှပြီးမစားနိုင်ဘူး

�ဘယ်သူမှကိုယ့်ရဲ့အစားအစာကို ထိတာမကြိုက်ဘူး။ အစားထိဓားကြည့်ဆိုတဲ့ စိတ်မျိုးရှိတဲ့သူ ၊ ရည်းစားမရရင်နေပါစေ ၊ Blind Date တွေဘာတွေမှာတောင် ကိုယ့်မုန့်ကို မျက်စောင်းထိုးတာ လုံးဝလုံးဝမကြိုက်ဘူးဆိုရင် သေချာပါတယ် ရည်းစားရဖို့ဆိုတာ သိပ်မဖြစ်နိုင်တော့ပါဘူး။ ရည်းစားထက်အစားအသောက်ကို ပိုချစ်နေမှာလေ။

အထူးသဖြင့် အချိုပွဲတွေက အဓိကအားနည်းချက်ပဲ ၊ ဘယ်သူဆိုဘယ်သူမှ ၊ သူငယ်ချင်းအရင်းခေါက်ခေါက်တောင် ၊ ကိုယ့်အချိုပွဲကို ငေးပိုင်ခွင့်မရှိဘူး။ ပြောချင်တာက ရည်းစားကိုချစ်တာထက် အစားအစာကိုပိုပြီးတော့ ချစ်မိနေမှာမို့လို့။

(၃) Flirt လုပ်တယ်ဆိုတာ ဘာမှန်းမသိဘူး

�ကိုယ်ကရည်းစားလိုချင်လွန်းပါတယ်ဆိုရင်တောင် ကိုယ့်ကိုလာကြောင်လို့ လာကြောင်နေမှန်းမသိဘူး။ ရေလာမြောင်းပေးလုပ်ဖို့မပြောနဲ့ ကိုယ့်ကိုဝေ့ဝှက်ပြောတာတောင် မသိဘူး။

Kiss တွေ ဘာတွေ ၊ ရည်းစားတွေလုပ်နေကြဟာတွေကိုလည်း မသိဘူး။ ရုပ်ရှင်ကြည့်ရင်တောင် Romantic Scene ဆိုတာနဲ့ မျက်လုံးကိုလက်ဝါးနဲ့အုပ်လိုက်တာမျိုး ၊ ရှက်လို့ထထအော်အော်နေတတ်တယ်။ ဒီလိုလက္ခဏာတွေရှိနေပြီဆိုရင်တော့ ရည်းစားရဖို့က မလွယ်တော့ပါဘူး။

(၄) ပြင်ပြင်ဆင်ဆင်မနေတတ်ဘူး

�ပြင်ပြင်ဆင်ဆင်နေတယ်ဆိုတာ မိတ်ကပ်တွေလိမ်း ၊ အလှတွေသေချာပြင်မှရယ်လို့ မဟုတ်ဘူးနော်။ အနည်းဆုံး ကောင်းကောင်းမွန်မွန်လေး ဝတ်စားတတ်တာမျိုးလောက်နဲ့တင် ကိုယ့်ကိုလူစိတ်ဝင်စားအောင်လုပ်လို့ရပါတယ်။

ဒါပေမယ့်တချို့တွေရှိတယ် ၊ အိမ်မှာပဲနေနေ အပြင်ဘဲသွားသွား ဝတ်နေကျအားကစားဘောင်းဘီနဲ့တီရှပ်ကြီးတကားကား ဖရိုဖရဲလျှောက်သွားပြီး လောကကြီးကိုလျစ်လျူရှုထားနိုင်သူတွေလေ။ သူတို့တွေက ရည်းစားရဖို့ သိပ်မလွယ်တော့ပါဘူး။ အချစ်မှာမျက်စိမပါဘူးလို့ ဘယ်လောက်ပြောပါစေ ၊ မြင်မြင်ချင်းတော့ အလှမှာအရင်မြောကြတာပါပဲ။

(၅) မျက်နှာက ၂၄ နာရီ တင်းနေလို့

�ကိုယ်ရဲ့ရည်းစားမရနိုင်တဲ့ အဓိကတရားခံ မွေးမိခင် ၊ ကျွေးသဖခင်တို့ရဲ့ ဗီဇလက္ခဏာကြောင့်လို့လည်း ပြောလို့ရတယ်။ ကိုယ့်မှာက ဒီတိုင်းလေးအေးဆေးနေနေတာကို မွေးကတည်းမျက်နှာက တည်နေတော့ ကိုယ့်ကိုကြိုက်တဲ့ ကောင်းလေးတွေကတောင် အနားမကပ်ရဲတော့ဘူး။

ကိုယ့်ရဲ့တည်နေတဲ့မျက်နှာကြီးကိုကြည့်ပြီး ရည်းစားစကားပြောရင် ဆဲလွတ်ခံရမှာစိုးလို့ ဝေးဝေးရှောင်သွားကြတယ်။ တစ်ခါတစ်လေ အားအားနေနေ မာနကြီးတယ်လို့တောင် ကင်ပွန်းတပ်ခံရသေးတယ်။ ဒါကြောင့်အလိုလိုနေရင်းမျက်နှာတည်နေတဲ့သူတွေခမျာမှာလည်း ရည်းစားစကားပြောခံချင်ပေမယ့် ပြောရဲတဲ့သူတွေမရှိတော့ခက်တယ်လေ။

ဒီတော့အပေါ်ကပြောခဲ့တဲ့ စရိုက်လက္ခဏာတွေကို ပိုင်ဆိုင်ထားတဲ့သူတွေက ရည်းစားရဖို့မလွယ်ကူတော့ဘူးလို့ တော်တော်များများလည်း လက်ခံထားကြပါတယ်။

ဒီအချက်တွေက လူတိုင်းအတွက်တော့မှန်ချင်မှမှန်မယ် ၊ ဒါပေမယ့် တစ်သက်လုံးရည်းစားမရတဲ့သူတွေမှာ ဒီလိုလက္ခဏာလေးတွေ ရှိတတ်ပါတယ်😁😁

image