2 yrs - Translate

မနေ့က ကစားခဲ့တဲ့မက်ဒရစ်ဒါဘီမှာ အက်သလက်တီကိုမက်ဒရစ်အသင်းနဲ့ (၁-၁)ဂိုးစီသရေကျခဲ့ပြီးနောက် ရီးရဲလ်မက်ဒရစ်အသင်းဟာ လာလီဂါမှာရှုံးပွဲမရှိတာ ပွဲ(၄၀)ဆက်တိုက် ရှိလာခဲ့ပါတယ်။

ရီးရဲလ်မက်ဒရစ်အသင်းဟာ ပြီးခဲ့တဲ့ ၂၀၂၃-၂၄ ဘောလုံးရာသီ လာလီဂါပွဲစဉ်(၆) အက်သလက်တီကိုမက်ဒရစ်(၃-၁)ရီးရဲလ်မက်ဒရစ်ပွဲမှာ ရှုံးနိမ့်ပြီးကတည်းက လာလီဂါပွဲစဉ်တွေမှာ လုံး၀ ရှုံးပွဲမရှိတော့တာဖြစ်ပါတယ်

>>>>>>>>>>

ရီးရဲလ်မက်ဒရစ်အသင်းဟာ ဒီလာလီဂါပွဲ(၄၀)မှာ နိုင်ပွဲ(၂၉)ပွဲရှိခဲ့ပြီး သရေပွဲ(၁၁)ပွဲရှိခဲ့ပါတယ်။

လာလီဂါပြိုင်ပွဲမှာ ပွဲအများဆုံးဆက်တိုက်ရှုံးပွဲမရှိ စံချိန်တင်ထားတာက ဘာစီလိုနာအသင်းဖြစ်ပါတယ်။

ဘာစီလိုနာအသင်းဟာ နည်းပြဗယ်လ်ဗာဒီလက်ထက် ၂၀၁၇ ဧပြီလနဲ့ ၂၀၁၈ မေလအကြားမှာ လာလီဂါပွဲ(၄၃)ပွဲကို ရှုံးပွဲမရှိကစားပြီး ပြိုင်ပွဲသမိုင်းတစ်လျှောက်အရှည်ကြာဆုံး(ပွဲအများဆုံးဆက်တိုက်)ရှုံးပွဲမရှိ စံချိန်တင်ထားတာပါ။

ရီးရဲလ်မက်ဒရစ်အသင်းဟာ လာမယ့်လာလီဂါပွဲတွေမှာ ဗီလာရီးရဲလ်(အိမ်ကွင်း)၊ ဆယ်လ်တာဗီဂို(အဝေးကွင်း)၊ ဘာစီလိုနာ(အိမ်ကွင်း)ပွဲစဉ်တွေ ကစားရမှာဖြစ်လို့ ဘာစီလိုနာနဲ့ကစားမယ့် El Clásico အိမ်ကွင်းပွဲစဉ်က အသင်းရဲ့(၄၃)ပွဲမြောက် ရှုံးပွဲမရှိစံချိန်ကို ရယူရမယ့်ပွဲဖြစ်နေပါတယ်။

ဒါကြောင့် ဘာနေဗျူးကွင်းမှာ ကစားရမယ့် El Clásico ပွဲစဉ် ရီးရဲလ်မက်ဒရစ်-ဘာစီလိုနာပွဲမှာ ရီးရဲလ်မက်ဒရစ်အသင်းအနေနဲ့ ဘာစီလိုနာရဲ့ရှုံးပွဲမရှိစံချိန်ကို လိုက်မီမလား ... ဘာစီလိုနာက သူတို့စံချိန်တည်မြဲအောင် ရီးရဲလ်မက်ဒရစ်အသင်းကို အနိုင်ယူမလားဆိုတာ စိတ်ဝင်စားစရာကောင်းနေပါတယ်။

image
2 yrs - Translate

One day with 3 girlfriends

image
2 yrs - Translate

အကိုက သူ့အကိုပါ
ဘာပြောပေးရမလဲ😁

image

မုန့်ဖက်ထုပ်ပြုလုပ်နည်း

၁. ကောက်ညင်းဆန်မှုန့် (မုန့်နှစ်)
၂. အုန်းသီး၊ပဲ
၃. သကြား
၄. ငှက်ပျောရွက်

ကောက်ညှင်းဆန်ကို ရေဆေးပါ
ပြီးရင် ခြောက်သည်အထိ ရေစစ်ထားပါ။
ရေခြောက်သွားတဲ့အခါ အမှုန့်ဖြစ်အောင်ထောင်းပါ။
ငယ်တုန်းကတော့ မောင်းထောင်းတာပဲ။
အမှုန့်ရတဲ့အခါ နေပြန်လှန်းပါ။
ပြီးလျှင် မုန့်လုပ်ရန် ရေစက်စက်ဖြင့် နှယ်ပါ။
ဖဲ့ယူပြီး လောက်စာလုံး လုံးလို့ရသည်အထိ ညှက်နေအောင်လုပ်ပါ။

ရပြီဆိုလျှင် နောက်တခုက
အုန်းသီးကိုခြစ်ပြီး သကြားနှင့် ဦးစွာနှယ်ထားခဲ့ရမည်။
၄င်းကို နှယ်ထားသည့်မုန့်ထဲ ထည့်ရမည်။
ပဲနှင့်ကြိုက်ရင် ပဲနှင့်သကြား ထန်းလျက် နဲ့လုပ်လည်းရသည်။

ငှက်ပျောရွက်ကား အစိမ်းမလုပ်ရ။
မုန့်လုပ်တော့မည်စိတ်ကူးကတည်းက
မုန့်ထုပ်လောက်သော အရွယ်လောက် ဓားဖြင့်ဖြတ်ပြီး
အနည်းငယ်ညိုးနွမ်းသည်အထိ နေလှန်းထားရမည်။
နေလှန်းရန် အချိန်မရှိလျင် မီးကင်လည်းရသည်။

စောစောက အဆာသွပ်ပြီးသားမုန့်ကို
နေလှန်းပြီးသား ငှက်ပျောရွက်နှင့် ထုပ်ပြီး
ပေါင်းအိုးထဲထည့်ပေါင်းလျှင် မုန့်ဖက်ထုပ်ရပြီ။

image
2 yrs - Translate

ဟင်
#crd

image
2 yrs - Translate

ယနေ့စက်သုံးဆီစျေးနှုန်း (၃၀-၉-၂၀၂၄)

image
2 yrs - Translate

သတိရတိုင်း မေတ္တာပို့တယ် 😌

image
2 yrs - Translate

ငါကဘာပြောလိုက်တာလဲ 🙄

image
2 yrs - Translate

ဘယ်အရာမှ မမက်မောပါဘူး
ပျော်ရွှင်မှုနဲ့ နွေးထွေးမှုလေးပဲ
မက်မောတာပါ။

💭 || 30.9.2024

image
2 yrs - Translate

တက္ကသိုလ်ကျောင်းသူဖြစ်တာကြာတော့ .......

image