2 နှစ်များ - ဘာသာပြန်ပါ။

"ဆုလာဘ်ပိုင်"ကုမ္ပဏီမိသားစု၏ နဝမအကြိမ်မြောက် တောင်(၅)တောင်နေ့ချင်းဖူးကုသိုလ်

နေပြည်တော်ရှိ "ဆုလာဘ်ပိုင်"ကုမ္ပဏီမိသားစုမှစီစဥ်၍ နဝမအကြိမ်မြောက်အဖြစ် တောင်(၅) တောင်နေ့ချင်းဖူးကုသိုလ်ခရီးစဥ်အား အောက်တိုဘာ ၂၆ ရက်နံနက်ပိုင်းမှစတင်၍ ကုသိုလ်ပြုလှူဒါန်းပို့ဆောင်ပေးခဲ့သည်။

တောင်(၅)တောင်နေ့ချင်းဖူးကုသိုလ်ပြုခရီးစဥ်တွင် နေပြည်တော်အတွင်းရှိ လက်လုပ်တောင်တော်ပေါ်ရှိ ရွှေနန်းသွင်းစေတီတော်မြတ်ကြီး၊ ရွှေလွှမ်းတောင်တော်ပေါ်ရှိ မြသိန်းတန်အောင်ငြိမ်းအေးဆုတောင်းပြည့်စေတီတော်မြတ်ကြီး၊ စမတောင်တော်ပေါ်ရှိ ကမ္ဘာ့ကပ်ကျော်စေတီတော်မြတ်ကြီး၊ ဆင်ဖြူတောင်ဘုရား၊ လှေခွင်းတောင်ပေါ်ရှိ တန်ခိုးကြီးဘုရားတို့အား ဖူးမြှော်ကြည်ညိုနိုင်ရန် ပို့ဆောင်ပေးခဲ့သည်။

" သစ်တံခါးဆရာတော်ကြီးမိန့်ကြားထားတဲ့အတိုင်း တောင်(၅)တောင်ခရီးစဥ်ကိုပို့ဆောင်ပေးခဲ့တာမှာ အခုကုသိုလ်ပြုခရီးစဥ်က(၉)ကြိမ်မြောက်ပါ။ ဒီ(၉)ကြိမ်မြောက်ကတော့ ကျွန်တော့်မွေးနေ့ကုသိုလ်အဖြစ်ပို့ဆောင်ပေးတာပါ။ သစ်တံခါးဆရာတော်ကြီးမိန့်ကြားထားသလို ဒီခရီးစဉ်မှာ အထူးကုသိုလ်ပြုအစီအစဉ်အနေနဲ့ နေရောင်ပြအင်းက ပြည်လုံးချမ်းသာစေတီတော်မှာ ပဌာန်းပဉှာဝါရ၊ မဟာသမယသုတ်ရွတ်ပွားပူဇော်တာနဲ့ တရားဘာဝနာရှုမှတ်ပွားများတာတွေကိုပါ ထပ်တိုးကုသိုလ်ပြုခဲ့ကြပါတယ်။ အခုလို ကုသိုလ်ပြုခရီးစဥ်တွေကိုပို့ဆောင်ပေးရတဲ့အတွက်အလွန်ကြည်နူးမိတယ်"ဟု "ဆုလာဘ်ပိုင်" ကုမ္ပဏီမိသားစု၏ ပဲ့ကိုင်ရှင်ကိုအောင်ဘိုဘိုကပြောသည်။

ဘုရားဖူးခရီးစဥ်အား "ဆုလာဘ်ပိုင်"ကုမ္ပဏီမိ သားစု၏ ဓမ္မမိတ်ဆွေ ဘုရားဖူး(၃၀၀)ဦးကျော်လိုက်ပါခဲ့ကြပြီး ဘုရားဖူးများသည် စေတီတော်မြတ်အသီးသီးသို့ရောက်ရှိချိန်များ၌ ပရိတ်တ ရားတော်များကိုရွတ်ပွားပူဇော်ခြင်း၊ မဟာသမ ယသုတ်ရွတ်ပွားပူဇော်ခြင်း၊ မေတ္တာပို့သခြင်း၊ တရားရှုမှတ်ခြင်းများကို စုပေါင်းပြုလုပ်ခဲ့ကြသည်။

"ဆုလာဘ်ပိုင်"ကုမ္ပဏီမိသားစုမှ လစဥ် ၂၁ ရက်နေတိုင်း၌ ပျဉ်းမနားမြို့၊ မြန်မာ့စီးပွားရေးဘဏ်တွင်ပင်စင်လစာလာရောက်ထုတ်ယူသည့် ဘိုးဘွားများအား စတုဒိသာကျွေးမွေးလှူဒါန်းမှုများပြုလုပ်လျက်ရှိရာ ပြီးခဲ့သည့် အောက်တိုဘာ ၂၁ ရက်က(၂၈)ကြိမ်မြောက်ရှိခဲ့ပြီဖြစ်ပြီး ယင်းနေ့၌ပင် ဘိုးဘွားများအား ပဉ္စမအကြိမ်မြောက်အဖြစ် ရူပဒါနဆံပင်ညှပ်အလှူနှင့်ခြေသည်းလက်သည်းညှပ်ပေးသည့်အလှူတို့ကိုပြုလုပ်ပေးခဲ့ကြောင်း သိရသည်။

image
image
image
image
2 နှစ်များ - ဘာသာပြန်ပါ။

🙏

image
2 နှစ်များ - ဘာသာပြန်ပါ။

😁😁😁

image

image

2 နှစ်များ - ဘာသာပြန်ပါ။

Derma Factory Niacinamide 20% Serum🌺

လူစိတ်ဝင်စားမှုအများဆုံး product လေးကနေ စလိုက်မယ်။ Cb မှာ Derma Factory ရဲ့ niacinamide 20% serum သုံးလို့ရလားလို့ လာမေးတဲ့သူတွေကို မနည်းပါဘူး။ အရင်ကတော့ မသုံးဖူးလို့ မသုံးဖူးပါဘူးလို့ပဲ ပြန်ဖြေရတာပေါ့နော်။ ဒါပေမဲ့ နောက်ဆုံးတော့ Nyi သူ့ကို try ဖြစ်ပါပြီ။ Niacinamide ရဲ့အာနိသင်ကို အကောင်းဆုံးရနိုင်တဲ့ concentration က 2-5% ပါ။ ဒီမှာ 20% ဆိုတဲ့ amount ကပွင့်ပွင့်လင်းလင်းပြောရင် တော်တော်လေးများတယ်ပေါ့နော်။ သူနဲ့ပတ်သက်ပြီး good review များသလို bad review တချို့လဲတွေ့ရတော့ မဝေဖန်ဘဲ Nyi ရဲ့အမြင်ကိုပဲ ပြောပါမယ်။ ပါဝင်ပစ္စည်းတွေက Niacinamide 20% ရယ်, Rose water 64.5%, Glycerin 8%, Butylene glycol 5% စသဖြင့် hydrating ingredients တွေကိုလဲ high concentration niacinamide ရဲ့ irritation နဲ့ dryness တွေထိန်းဖို့ ရက်ရက်ရောရောကို ထည့်ပေးထားတာပါပဲ။ Total 11 ingredients & Alcohol, Fragrance, Essential oil free! Serum တခုလို့ ဂုဏ်ယူဝင့်ကြွားစွာ ပြောနိုင်အောင် ingredients တွေပျစ်နှစ်နေအောင်ပါတယ်လို့ ဆိုနိုင်ပါတယ်။ အသုံးပြုရတဲ့အပိုင်းကိုဆက်ရင် Glycerin 8% နဲ့ Rose water 64.5% ကြောင့် texture ကအတော်လေး hydrating & moist ဖြစ်ပါတယ်။ အနံ့လုံးဝမပါဝင်ဘူး၊ လိမ်းတဲ့အခိုက် စေးကပ်တာ ပူတာမျိုး မကြုံရပါဘူး။ စိမ့်ဝင်မှုအားကောင်းတာ တွေ့ရသလို အရည်လဲတော်တော်ကျဲပါတယ်။ Niacinamide ရဲ့အာနိသင်တွေက စာရွက်ပေါ်မှာရေးရင်တော့ အများကြီးပဲ ဒါပေမဲ့ 20% ပါတဲ့ ဒီ serum မှာ Nyi ခံစားမိတာဆိုရင် brightening, sebum control နဲ့ pore tightening အရမ်းသိသာပါတယ်။ မျက်နှာရဲ့အဆီပြန်နှုန်း သိသိသာသာကျသွားသလို ချွေးပေါက်ကျယ်နေတာလဲ ဆွဲကပ်လိုက်သလို ကပ်ချပ်ကုန်တယ်၊ မျက်နှာကလဲ သိသိသာသာဝင်းလာပါတယ်။ သို့ပေမဲ့ စစသုံးချင်းမှာ skin irritation ရသလိုဖြစ်တယ်။ ဘယ်လိုလဲဆိုရင် အဖုတွေကန်ထွက်တာမျိုးမဟုတ်ဘဲ အနည်းငယ်စပ်သလို ယားသလို ခြောက်သလိုပါပဲ။ သူ့ကိုသုံးမယ်ဆိုရင် တရက်ကိုတကြိမ် တခါကို 3pump သာလိမ်းဖို့ အကြံပေးချင်ပါတယ်။ Sensitive skin, barrier compromised skin, dry dehydrated skin, trouble skin တွေသုံးဖို့မသင့်တော်ပါ။ Oily & Combination skin တွေကိုသာ try စေချင်ပါတယ်။

#crd

image
2 နှစ်များ - ဘာသာပြန်ပါ။

Morning ပါရဲဘော်တို့

image
2 နှစ်များ - ဘာသာပြန်ပါ။

“မိမိကိုယ် မိမိစိတ်နှင့် နေထိုင်တတ်ခြင်း”
အခြားသူများရဲ့ ပါးစပ်ဖျားမှာ
သင်ပုံစံ ဘယ်နှစ်မျိုး ရှိမယ်ဆိုတာကို
သင်ဘယ်တော့မှ သိရှိနိုင်မှာ မဟုတ်ပါ။
အခြားသူများ ရဲ့ ကိုယ်ကျိုးအတွက်
သင့်ကို ဘယ်နှကြိမ် အပုဒ်ချခဲ့တယ်ဆိုတာကိုလည်း
သင်သိရှိနိုင်မှာ မဟုတ်ပါ။
“ချီးမွမ်း( ၇)ရက်၊ကဲ့ရဲ့ ( ၇ ) ရက်”စကားများကို
သင် တားဆီးနိုင်စွမ်းရှိမည် မဟုတ်ပါ။
သင်လုပ်နိုင်တာကတော့ လုံး၀ လစ်လျူရူ့လိုက်ပါ။
ရှင်းပြဖို့ မကြိုးစားပါနဲ့။သင့်ကိုနားလည်တဲ့လူများဟာ
သင့်ကို ယုံကြည်ပြီးသားပါ။
စကားပုံတစ်ခု ဒီလိုပြောတယ်။
“သင်သာ မျက်စိမကန်းဖူးဆိုရင်
သူများအပြောထဲကနေ ကျွန်တော့်ကို
နားလည်အောင် မကြိုးစားပါနဲ့” တဲ့။
လူ့တစ်ဦးရဲ့ အကောင်းဆုံးအနေအထားဟာ
လေးစားတတ်ခြင်းပါ။ သူများကိစ္စ ကိုယ်နဲ့
မဆိုင်တဲ့ ကိစ္စများကို ဝင်မရူပ်တတ်ခြင်းပါ။
မိမိအားသာချက်များကို ထုတ်မကြွားတတ်ခြင်းပါ။
မိမိရဲ့ အချစ်ဘဝကိုလည်း ထုတ်မရိူးတတ်ခြင်းပါ။
အသက်နည်းနည်း ကြီးလာတာနဲ့အမျှ
မြွေစွယ်ကျိုးသလို နေထိုင်တတ်လာခြင်းပါ။
တည်ငြိမ်တတ်လာတယ်။
ပါးစပ်ပိတ်တတ်လာတယ်။
မိမိကိုယ်မိမိစိတ်နဲ့ နေထိုင်တတ်လာတယ်။
လေးနက်တဲ့ ဘဝထက်ရိုးရှင်းတဲ့ဘဝကို
ခင်တွယ်တတ်လာပါတယ်။
မိမိရဲ့အသက်ရှင်ခြင်းဟာ သူများကျေနပ်နှစ်သက်ဖို့
မဟုတ်သလို သူများအထင်ကြီးဖို့လည်း မဟုတ်ရပါ။
သင်သာ တကယ်ထူးချွန်လာခဲ့ရင်
သင့်ပတ်ဝန်းကျင်လည်း ပြောင်းလဲလာမှာပါ။
ဒီနေ့ကစပြီး မိမိကိုယ်မိမိ တစ်ခုကူညီပါ။
သူများအမြင်ရဲ့ဒဏ်ကို လွတ်မြောက်အောင်
နေထိုင်တတ်ပါ။ မိမိအတွက်နဲ့မိမိ အသက်ရှင်ပါ။
ကိုယ်နှစ်သက်တာကို လုပ်ပါ။
အနီးအနားကလူကို ချစ်ပါ။
ရယ်ချင်ရင် အားရပါးရ ရယ်လိုက်ပါ။
ငိုချင်ရင် ဝမ်းနည်းပက်လက် ငိုချလိုက်ပါ။
မိမိရဲ့ ခံစားချက်ကို လွတ်လပ်ရေးပေးလိုက်ပါ။
ပေါ့ပေါ့ပါးပါး နေထိုင်တတ်ပါစေ။
🧚‍♂️🧚‍♂️🧚‍♂️🧚‍♂️🧚‍♂️🧚‍♂️🧚‍♂️🧚‍♂️🧚‍♂️🧚‍♂️🧚‍♂️🧚‍♂️🧚‍♂️
__________________________________
#??????_??_????????_??????

2 နှစ်များ - ဘာသာပြန်ပါ။

BRICS ညီလာခံတွင် ပူတင်က အရှေ့အလယ်ပိုင်းအရေး သတိပေး

ကာဇန်၊ အောက်တိုဘာ ၂၈။

ရုရှားသမ္မတ ပူတင်သည် အောက်တိုဘာ ၂၄ ရက်က ရုရှားနိုင်ငံ၊ ကာဇန် (KAZAN) မြို့တွင် ပြုလုပ်သည့် BRICS ညီလာခံတွင် အစ္စရေးနှင့် အီရန်အကြား တင်းမာမှုများ မြင့်တက်လာသဖြင့် အရှေ့အလယ်ပိုင်းဒေသသည် မီးကုန်ယမ်းကုန် စစ်ပွဲဖြစ်ပွားမည့် အခြေအနေသို့ ရောက်ရှိလုနီးအချိန် ဖြစ်နေကြောင်း သတိပေးခဲ့သည်ဟု ရိုက်တာမှ ဖော်ပြခဲ့သည်။

တရုတ်သမ္မတ ရှီကျင့်ဖျင် ( Xi Jinping) ၊ အိန္ဒိယဝန်ကြီးချုပ် မိုဒီ (Narendra Modi) နှင့် တူရကီသမ္မတ အာဒိုဂန် (Tayyip Erdogan) တို့ အပါအဝင် ခေါင်းဆောင်ပေါင်း ၂၀ ကျော် တက်ရောက်သည့် BRICS ညီလာခံသည် အနောက်ကမ္ဘာထက် ကျော်လွန်သည့် ရုရှား၏ ဆက်ဆံရေး နက်ရှိုင်းပုံကို ပြသရာရောက်ခဲ့သည်။

ထိုညီလာခံတွင် အများဆုံး ဆွေးနွေးသည့် အကြောင်းအရာများမှာ ယူကရိန်းစစ်ပွဲနှင့် အရှေ့အလယ်ပိုင်း ပဋိပက္ခတို့ဖြစ်ပြီး ထိုပဋိပက္ခ ၂ ခုစလုံးသည် အဆုံးသတ်ဖွယ် မရှိသေးသည့် အရိပ်လက္ခဏာများ ထွက်ပေါ်နေ သည်။

"အစ္စရေးနဲ့ အီရန်ကြား ထိပ်တိုက်တွေ့မှုအဆင့်ဟာ သိသိသာသာ မြင့်တက်နေပါတယ်။ အဲဒီအခြေအနေတွေ အားလုံးဟာ အရှေ့အလယ်ပိုင်းဒေသ တစ်ခုလုံးမှာ မီးကုန်ယမ်းကုန် စစ်ပွဲဖြစ်ပွားမယ့် အနေအထားကို ဖန်တီး နေပါတယ်" ဟု ညီလာခံတွင် ရှီနှင့် ဘေးချင်းကပ် ထိုင်ခဲ့သည့် ပူတင်က ပြောကြားခဲ့သည်။

ပူတင်၏ ပြောကြားမှုအပြီးတွင် ရှီက တရုတ်သည် ယူကရိန်းအရေးကို နိုင်ငံရေးနည်းလမ်းဖြင့် ကျေအေးစေလို ကြောင်း၊ တရုတ်နှင့် ဘရာဇီးလ်တို့၏ ပူးပေါင်းအားထုတ် ကြိုးပမ်းမှုများသည် ငြိမ်းချမ်းရေးအတွက် အကောင်းဆုံး အခွင့်အလမ်းတစ်ခုကို ပေါ်ပေါက်စေခဲ့ကြောင်း ပြောကြားခဲ့သည်။

"တင်းမာမှုတွေကို စောစောစီးစီး လျှော့ချနိုင်ဖို့နဲ့ နိုင်ငံရေးအရ ကျေအေးမှု ရရှိစေဖို့အတွက် ကျနော်တို့ လုပ်ဆောင်ဖို့ လိုပါတယ်" ဟု ရှီက ပြောကြားခဲ့သည်။

အရှေ့အလယ်ပိုင်း ဒေသတွင်လည်း ဂါဇာတွင် အဓိပ္ပာယ်ပြည့်ဝသည့် အပစ်အခတ်ရပ်စဲရေး ရရှိရန်နှင့် လက်ဘနွန် သို့ စစ်ပွဲပျံ့နှံ့လာမှုကို ရပ်တန့်ရန်၊ အစ္စရေးနှင့် ပါလက်စတိုင်း နှစ်နိုင်ငံ အတူယှဉ်တွဲ ရပ်တည်ရေးနည်းလမ်းဖြင့် ဖြေရှင်းရန် ရှီက တိုက်တွန်းခဲ့သည်။

အီရန်သမ္မတ မာဆွတ် ပီဇက်ရှ်ကီယန် (Masoud Pezeshkian) ကမူ ပဋိပက္ခကို အဆုံးသတ်ရန် ပျက်ကွက်သည့် နိုင်ငံတကာ အဖွဲ့အစည်းများ၊ အထူးသဖြင့် ကုလသမဂ္ဂကို ဝေဖန်ပြစ်တင်ခဲ့သည်။

"ဂါဇာနဲ့ လက်ဘနွန်က မြို့တွေမှာ စစ်မီးတွေ ဆက်လက် တောက်လောင်နေပါတယ်။ နိုင်ငံတကာ ငြိမ်းချမ်းရေးနဲ့ လုံခြုံရေးရဲ့ မောင်းနှင်အား တစ်ခုဖြစ်တဲ့ ကုလသမဂ္ဂ လုံခြုံရေးကောင်စီက အဲဒီစစ်မီးတွေကို ညှိမ်းသတ်ပေးဖို့ ပျက်ကွက်ခဲ့ပါတယ်" ဟု ပီဇက်ရှ်ကီယန်က ပြောကြားခဲ့သည်။


Source: ရိုက်တာ

ပုံ - ရုရှားသမ္မတ ပူတင်ကို တွေ့ရစဉ်

#centralnewsnaypyitaw

image