1 y - Translate

ကိုယ် မင်းလက်ကလေး ကိုင်ခွင့်ရတဲ့အခါ
ကမ္ဘာတစ်ခြမ်းကို ကိုယ်ကပိုင်ပြီး

မင်းက ကိုယ့်လက်ကို မဖြုတ်ချရင်တော့
ကမ္ဘာကြီးတစ်ခုလုံးကို မင်းကပိုင်လိမ့်မယ် ။

imageimage

1 y - Translate

အစားထိုးမရတဲ့အရာ…

သရဲကားတွေကြည့်ရတာလည်း...
ထိန့်လန့်စရာမကောင်းတော့ဘူး...။

ဟာသတွေဟာလည်း...
ရယ်ရွှင်မှုမပေးတော့ဘူး...။

ဦးထီးသီချင်းတွေတော့...
ခံစားလို့ရနေသေးတယ်...။

ကိုငှက်သီချင်းတွေနဲ့…
အမေ့အိမ်ကိုလွမ်းလို့ရသေးတယ်…။

ဘုံဆိုင်ထဲကစကားနဲ့ပြောရရင်...
တပုလင်းလဲလို့
တပုလင်းအစားထိုးရရင်ကောင်းသားပေါ့…။

သျှင်ဇော (တောင်ငူ)

Photo - Crd

image
1 y - Translate

မျှော်လင့်တတ်တဲ့အခါ
အပေးလည်း မလွယ် ရသလို
အရွေးလည်း မလွဲ ရဘူး

ပေးတိုင်း ပြန်မရတဲ့အခါ
ကိုယ့်စိတ်ကလေး နာရတယ်

အိုကံ ကောင်းချင်ရင်
ချစ်ခြင်းမေတ္တာကိုလည်း ဆင်ခြင်ရသလို
ပစ္စည်းဥစ္စာကိုလည်း ချွေတာရတယ် ။ ။

#ခွန်ဟိဏ်း(Yesagyo)

image
1 y - Translate

မေတ္တာတရားတွေထပ်တူကျတဲ့အခါ
မဖြစ်နိုင်ဘူးဆိုတာ ဘာမှမရှိဘူးဗျ..။

ဘုရားဒကာနဲ့ပြည့်တန်ဆာလည်း
မေတ္တာမျှလို့ရတာပါပဲ...။

#ရွှေစွန်ညို

image
1 y - Translate

ကြက်သား ငြုတ်သီး အစာသွတ် ။

ကြက်သား အသားကြီးနှစ်ဆယ်သားကို နူတ်နူတ်စင်း ငါးမှုန့် ဆား ငြုတ်ကောင်းမှုန့် ကြက်ဖ ငြုတ်သီး အနှစ် ပဲငံပြာရည် အကြည်တို့သင့်တော်အောင် ထည့်ပြီး နှပ်ထားပါ။ငြုတ်သီးအပွ ရှစ်တောင့် လောက်ကို ဘေးကခွဲ အစေ့ တွေ အညှာတွေထုတ်ပြီးသန့်စင်ထားပါ။ ပြီးမှ ခွဲထားတဲ့ ခွဲကြောင်းကနေ အသင့်ပြင်ထားတဲ့ ကြက်သားများကို ထည့်ပါ။ ခပ်သ်ိပ်သိပ် လေးဖြစ်ရပါမယ်။
ချက်တော့မယ်ဆိုရင် ဒယ်အိုးထဲ ဆီတဆယ်သား နီးပါး ထည့်ပြီးကြက်သွန်နီ တဥ အဖြူတဥ ထောင်းပြီးသားနဲ့ဆီသတ်ပါ။ဆနွင်းအနည်းငယ်ထည် ပြီးငြုတ်နှစ်အနည်းငယ်ထည့်ပါ။အားလုံးကြွတ်ကာနီးမှ အသင့်ပြင်ထားတဲ့ ငြုတ်ပွတွေထည့်ပါ။အသာ အယာ လှိမ့်ပေးပြီးတမိနစ်လောက်နေရင်ငြုတ်ပွတောင့်များမြုတ်သည်အထိရေနွေး ထည့်ပါ။ ငါးငံပြာရည်ထမင်းစားတဇွန်း ငါးမှုန့် အနည်းငယ်ထည့်ပါ ။ဆယ်မိနစ်လောက်နေပြီး ရေစပ်စပ်ကျန်ပြီဆို အပေါ်က နံနံပင် အုပ်ပြီး စားလို့ရပါပြီ။ ငြုတ်နံ့မွှေးမွှေး နဲ့အစပ် မကဲပဲ စားကောင်းတဲ့ဟင်းတခွက်ပါရှင် ။

image
1 y - Translate

မိဘဆီက ချစ်ခြင်းမေတ္တာ
အပြည့်အဝ မရခဲ့ဘဲ ကြီးပြင်းလာတဲ့လူတွေက အချစ်ရေးမှာ အများအားဖြင့်
ကံမကောင်းကြဘူး။
ဘာလို့လဲ.... ။
အချစ်ကြီးတယ်။သံယောဇဥ်ကြီးတယ်။
အစွဲအလမ်းကြီးတယ်။အဓိကတော့
မေတ္တာငတ်တဲ့ ပြဿနာက စတာပဲ။
သူတို့ဒဏ် ခံနိုင်တဲ့သူလည်း ရှားပါတယ်။ဒီလိုလူတွေမှာ စိတ်လုံခြုံမှု
(feeling of security) မရဘူး။
ဒီတော့ လူတစ်ယောက်က သူတို့အပေါ်
နည်းနည်းလေး ကြင်နာဂရုစိုက်လိုက်တာနဲ့ ဒီကြင်နာမှုတွေ အမြဲရနေဖို့ အစွမ်းကုန်
ကြိုးစားပါတော့တယ်။သိတယ်မလား။အချစ်ဆိုတာ ပိုင်ဆိုင်ဖို့ ကြိုးစားလေ
ပြေးလေပဲ။

အတွေး တအားလွန်တယ်။တကယ့် sensitive သမား...serious သမား။သူတို့ချစ်တဲ့သူ သူတို့ကို နည်းနည်းလေး
ပစ်ထားတာနဲ့ မဟုတ်ကဟုတ်ကတွေ တွေးပြီး ဝမ်းနည်းမျက်ရည်ကျပါတော့တယ်။အချစ်ကြောင့် ဒီလိုခဏခဏ နာကျင်ရတာ များလာတဲ့အခါ ငါဟာ အချစ်နဲ့မတန်ဘူး။ငါလို လူက ကောင်းတာနဲ့ ဘာမှ မတန်ဘူး။ငါလိုလူက ဘယ်တော့မှ ကံကောင်းဖူးလို့လဲ ဆိုပြီး
စိတ်ကို အောက်ဆုံးထိ ဆွဲချသွားတတ်တယ်။အချစ်ခံရပြီးမှ ကြီးလာတဲ့လူက ချစ်သူဘက်က ဖုန်းခဏတဖြုတ်
မဆက်လည်း သူတို့ ဘာမှ ခံစားရမှာ မဟုတ်ဘူး။သူတို့ဆီ အချစ်တွေ လုံလောက်စွာ ရခဲ့ပြီးပြီမို့။ဒါမဲ့ အိမ်တွင်းရေး အဆင်မပြေတဲ့အိမ်က
ကြီးလာတဲ့လူက ငါ့ကို မချစ်တော့ဘူးလားဆိုပြီး မဟုတ်တာတွေးတတ်တယ်။
ဘာလို့လဲ ငယ်ဘဝကနေ အချစ်တွေ လုံလောက်စွာ မရခဲ့လို့။သူတို့ ချစ်သူဆီကနေ မိဘဆီကမရတဲ့မေတ္တာတွေ၊ချစ်သူရည်စားအချစ်တွေပါ
လိုချင်တောင့်တကြတယ်။
သူငယ်ချင်းလောက်ပဲ
သူတို့ဒဏ်ကို ခံနိုင်ပါတယ်။

#english #learnenglish #ဗဟုသုတစာပေများစုစည်းရာ #credittotheowner #crd_to_owner_with_respectcrd #credit_to_original_writer

image
1 y - Translate

ပြတ်တုန်းလပ်တုန်း ၂၃ ကိုကျော်သွားတာတောင် ငါဟော့ပေါ့ စားနိုင်သေးတာပဲ 😂

image
1 y - Translate

✍️ငွေလဲလှယ်နူန်းတွေဘာကြောင့် ကွာဟနေတာလဲ

-ကျနော် သိသလောက် ပြောရမယ်ဆို ရင် ငွေလဲလှယ်နူန်း

တွေမှာ အကြမ်းအားဖြင့် (၃)မျိုး ရှိပါတယ်

📈(၁) Account to Account rate

- Account to Account ကတော့ Online ကနေ

ငွေလွဲ App တွေ သုံးပြီး ရောင်းဝယ်တဲ့ ငွေလဲလှယ်နူန်း

လို့ ပဲ ကျနော်တို့ နားလည်လိုက်ရအောင်

(K bank ,K Pay , စတဲ့ Bank တွေ နဲ့ ရောင်းဝယ်ကြတဲ့

Online ငွေစျေးကွက်ကို Account to Account လို့

သတ်မှတ်နိုင်ပါတယ်)

📈(၂)Exchange Center Rate

- Exchange Center တွေမှာ လဲလှယ်ပေးနေတဲ့

ငွေလဲလှယ်နူန်းကို ပြောတာပါ

(Sprite,Super Rich တို့လို့ Center တွေမှာ လဲလှယ်တဲ့

ငွေလဲနူန်းပါ၊ဒီCenter တွေမှာတော့ တစ်ခြား ငွေလဲနူန်း

တွေထက် Rate ပိုပေးရတာမျိုးတွေ ရှိတတ်ပါတယ်)

📈(၃)User to User rate

- User to User ကတော့ လူချင်းတွေ့ပြီး ငွေစက္ကူ

အရောင်းအဝယ်ပြုလုပ်တဲ့ ငွေလဲလှယ်နူန်း ဖြစ်ပါတယ်

(Face to face ,အပြင်မှာ လူချင်းတွေ့ပြီး အရောင်းအဝယ်

ပြုလုပ်တဲ့ ငွေလဲနူန်းဖြစ်ပါတယ်)

- ပုံမှန်အားဖြင့် ဒီ (၃) မျိုးထဲမှာ User to User ငွေလဲ

တာနဲ့ Exchange center တွေမှာ ငွေလဲတာက ကိုယ်ပြန်

ရမယ့်ငွေက ပိုနည်းပါတယ်(ပမာဏအနည်းငယ်သာ)

Accout to Account လဲလှယ်တာကတော့

ကိုယ်ပြန်ရမယ့်ငွေက အနည်းငယ်များပါလိမ့်မယ်

လူလိမ်တွေကို ပိုပြီးတော့လည်း ဂရုစိုက်ရပါတယ်

(ကျနော့်Page မှာ တင်ပေးတဲ့ ငွေလဲလှယ်နူန်းတွေက

App,Web တွေက တစ်ဆင့် ကူးယူဖော်ပြ​ထားတဲ့

အပြင်ပေါက်စျေးနဲ့အနီးစပ်ဆုံး နူန်းထားတွေဖြစ်ပါတယ်)

ဒီမှာ တစ်ခုပြောစရာ ရှိပါတယ် ၊ခုနောက်ပိုင်း ငွေလိမ်တဲ့

သူတွေက Online မှာပဲ ငွေလွဲယူပြီး Blockယုံ တင်မဟုတ်ပဲ

Face to Face အထိကို ပြောင်ပြောင် တင်းတင်း လိမ်လာ

ကြတယ်လို့ သိရပါတယ်

ဒါကြောင့် ရောင်းမှား ဝယ်မှား မဖြစ်အောင် ဂရုစိုက်ကြပါ

(ကျနော် တစ်ဦးတစ်ယောက်တည်း၏အမြင်သာ ဖြစ်ပါသည်

လွပ်လပ်စွာသဘောထား ကွဲလွဲနိုင်ပါသည်)

#ငွေလဲလှယ်နူန်း
#ငွေစျေး
#ငွေ

image
1 y - Translate

ဝိတ်ချတယ့် တို့ရဲ့ ညစာ

image