1 နှစ် - ဘာသာပြန်ပါ။

Manifesting, new phone ☘️

image
1 နှစ် - ဘာသာပြန်ပါ။

Manifesting, new phone ☘️

image
1 နှစ် - ဘာသာပြန်ပါ။

Manifesting, new phone ☘️

image
1 နှစ် - ဘာသာပြန်ပါ။

Manifesting, new phone ☘️

image
1 နှစ် - ဘာသာပြန်ပါ။

Manifesting, new phone ☘️

image
1 နှစ် - ဘာသာပြန်ပါ။

Manifesting, new phone ☘️

image
1 နှစ် - ဘာသာပြန်ပါ။

Manifesting, new phone ☘️

image
1 နှစ် - ဘာသာပြန်ပါ။

Manifesting, new phone ☘️

imageimage
+6
1 နှစ် - ဘာသာပြန်ပါ။

YBS လိုင်းများတွင် EV City Bus များ ထည့်သွင်း ပြေးဆွဲမည်

ရန်ကုန်မြို့ရှိ အများပြည်သူ သယ်ယူပို့ဆောင်ရေးအတွက် အသုံးပြုနေသော YBS ယာဉ်လိုင်းများတွင် EV City Bus များကို ထည့်သွင်းပြေးဆွဲသွားရန် စီစဉ်နေကြောင်း YBS ယာဉ်လိုင်း အများပိုင်ကုမ္ပဏီတခုထံမှ သိရသည်။

EV city bus များပြေးဆွဲနိုင်ရန် သက်ဆိုင်ရာဝန်ကြီးဌာနကို ပြီးခဲ့သည့် စက်တင်ဘာလက စီမံချက် တင်ပြခဲ့ပြီး လိုအပ်သည့် အချက်အလက်များကို ထပ်မံတင်ပြနိုင်အောင် ဆောင်ရွက်နေကြောင်းလည်း သိရသည်။

“ဒီနှစ်ထဲတော့ မဖြစ်ပေမယ့် လာမယ့် ၂၀၂၅ ထဲမှာတော့ ကျိန်းသေကို အကောင်အထည်ပေါ်လာမှာပါ၊ ဒီလို EV City Bus တွေ ပြေးဆွဲဖို့က ရင်းနှီးမြှုပ်နှံမှု တန်ဖိုးတွေ၊ အခြေခံအဆောက်အအုံ၊ ရာသီဥတုအခြေအနေတွေ အစရှိတဲ့ ဖြစ်နိုင်စွမ်း အခြေအနေ အရပ်ရပ်အပေါ် သုံးသပ်ဆွေးနွေးပြီး အကောင်အထည်ဖော်ဖို့ စီစဉ်နေတာဖြစ်ပါတယ်”ဟု ပြည်တွင်း မီဒီယာတခုကိုလည်း ပြန်လည်ဖြေကြားထားသည်။

လက်ရှိတွင် အဝေးပြေးယာဉ်လိုင်းအချို့တွင်လည်း EV Bus များကို အသုံးပြုနေလျက်ရှိသလို ရန်ကုန်၊ မန္တလေး၊ နေပြည်တော် တို့တွင် EV Taxi များပြေးဆွဲမှုရှိနေခြင်း ဖြစ်သည်။

ရန်ကုန်မြို့တွင် နေ့စဉ် YBS ယာဉ်လိုင်းပေါင်း (၁၃၀) ကျော်မှ ယာဉ်စီးရေ (၃၅၀၀) ကျော်ဖြင့် ခရီးသည် ၁ ဒသမ ၄ သန်းကျော်ကို ပြေးဆွဲဝန်ဆောင်ပေးနေလျက်ရှိကြောင်း YRTC ၏ စာရင်းများအရ သိရသည်။

image
1 နှစ် - ဘာသာပြန်ပါ။

သာစည်-ရွှေညောင်ရထား ပြန်ပြေးဆွဲနိုင်ရန် ဆောင်ရွက်နေ

သာစည်-ရွှေညောင်ရထား ရထားအမြန်ဆုံး ပြန်လည်ပြေးဆွဲနိုင်ရေးအတွက် ဆောင်ရွက်နေကြောင်း မြန်မာ့မီးရထားထံမှ သိရသည်။

ယင်းရထားလမ်းပိုင်းသည် ပြီးခဲ့သည့် စက်တင်ဘာလအတွင်းက ရာဂီမုန်တိုင်းအရှိန်ကြောင့် ရထားလမ်းပျက်စီးခဲ့ခြင်းဖြစ်ကာ အမှတ် (၁၄၁) အဆန်/ (၁၄၂) အစုန် သာစည် - ရွှေညောင်ရထား ပြေးဆွဲမှုကို ရပ်နားထားရခြင်း ဖြစ်သည်။

ရာဂီမုန်တိုင်းအရှိန်ကြောင့် သာစည်-ရွှေညောင် ရထားလမ်းပိုင်းရှိ ဆင်တောင်-မြင်းဒိုက်ကြားရှိ ရထားလမ်း တာပေါင်နေရာများ၊ ကမ်းပါးနီဥမင် အဝင်၊ အထွက် နေရာများ၊ ဆင်တောင်ဘူတာ၊ မြင်းဒိုက်ဘူတာနှင့် ခွေးရုပ်ဘူတာများ ပျက်စီးခဲ့ခြင်း ဖြစ်သည်။

ထို့ပြင် တောင်ကြီး-ပေါမူ ရထားလမ်းပိုင်း၌လည်း ရထားလမ်း အူကြောင်းနှင့် တံတားတချို့ ထိခိုက်ပျက်စီးမှု ရှိခဲ့ပြီး ပြုပြင်တည်ဆောက်မှုများ ပြုလုပ်နေကြောင်း ဆိုသည်။

ပျက်စီးခဲ့သည့် ရထားလမ်းပိုင်းနေရာများ ပြန်လည်ပြုပြင်ဆောင်ရွက်နေမှုကို ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးအောင်မြိုင်နှင့် မြန်မာ့မီးရထားတာဝန်ရှိသူများက ဒီဇင်ဘာ(၁၀)ရက်မှ (၁၂)ရက်အထိ သွားရောက် စစ်ဆေးခဲ့ပြီး အမြန်ဆုံးပြီးစီးအောင် ဆောင်ရွက်ရန် မှာ ကြားခဲ့သည်ဟုလည်း သိရသည်။

image