1 နှစ် - ဘာသာပြန်ပါ။

Phrasal Preposition ဆိုတာ တကယ်အသုံးဝင်တယ် 🔹

#englisheverywhere

image
image
image
1 နှစ် - ဘာသာပြန်ပါ။

🤍 ဂန္တ၀င်ဆန်ဆန် အရမ်းလှတဲ့
Lilly Of The Valley 🤍

#crd_photo

image
1 နှစ် - ဘာသာပြန်ပါ။

🤍 ဂန္တ၀င်ဆန်ဆန် အရမ်းလှတဲ့
Lilly Of The Valley 🤍

#crd_photo

image
1 နှစ် - ဘာသာပြန်ပါ။

🤍 ဂန္တ၀င်ဆန်ဆန် အရမ်းလှတဲ့
Lilly Of The Valley 🤍

#crd_photo

image
1 နှစ် - ဘာသာပြန်ပါ။

🤍 ဂန္တ၀င်ဆန်ဆန် အရမ်းလှတဲ့
Lilly Of The Valley 🤍

#crd_photo

image
image
image
1 နှစ် - ဘာသာပြန်ပါ။

တောအုပ်ထဲကနိဗ္ဗာန်ဘုံလေး (သို့) ရုပ်စုံကျောင်း

အရိယာဝံသချောင် ရုပ်စုံကျောင်း စစ်ကိုင်း

စစ်ကိုင်းတောင်ကို သိသူများပေမယ့် ရုပ်စုံကျောင်းကို ရောက်ဖူးသူကတော့ ရှားပါတယ်

ဘယ်မှာရှိလဲဆိုတော့ အဝေးကြီးမဟုတ်ပါဘူး စစ်ကိုင်းတောင် အဆင်းလမ်းက 'ဆင်ဘိုးဘုရား' နားက 'အရိယဝံသချောင်' မှာရှိတာပါ

အင်းဝဘုရင် ဒုတိယမင်းခေါင်က စာပေကျမ်းဂန်မှာ တဖက်ကမ်းခတ်ကျွမ်းကျင်လှတဲ့ 'ရှင်အရိယဝံသ' ကိုယ်တော်ကို ကြည်ညိုလွန်းလို့ ဒီ ရုပ်စုံကျောင်းကို ဆောက်လုပ်လှုဒါန်းခဲ့တာဖြစ်လို့ နှစ်ပေါင်း ၆၀၀ ကျော်ပြီလို့သိရပါတယ် 🙏🙏

ရုပ်စုံကျောင်း လို့ဘာလို့ခေါ်လဲဆိုတော့ ဇာတ်ကြီးဆယ်ဘွဲ့ နိပါတ်ဇာတ်ရုပ်တွေကို သစ်သားရုပ်လုံးဖောင်းကြွတွေနဲ့ တကယ့်လက်ရာမြောက်စွာ အသေးစိတ်ပုံဖော်ထွင်းထုထားလို့ပါပဲ

ပန်းပုတွေကလဲ လက်ရာမြောက်လှသလို ကျောင်းရဲ့ တည်ရှိပုံကလဲ သစ်တောအုပ်အုပ် တောင်ကုန်းလေးပေါ်ကို အုတ်လှေကားလေးနဲ့ တက်သွားရတာ တကယ့်ကို သာသာယာယာလေးပါပဲ , လူသံသူသံမကြားရပဲ အရမ်းကို အေးချမ်းစိတ်ငြိမ်အေးချမ်းလှပါတယ်

ဒီနေရာလေးက တိတ်ဆိတ်အေးချမ်းတဲ့နေရာလေးဖြစ်လို့ အဖွဲ့လိုက်သွားရင် ဆူညံခြင်းမပြုဖို့နဲ့ ရှေးဟောင်းလက်ရာတွေပေါ် လျှောက်မရေးခြစ်ဖို့ အမှိုက်တွေမပစ်ဖို့တော့ တိုက်တွန်းချင်ပါတယ်ဗျ 😊

တကယ်လို့ မန်းလေးဘက်ရောက်မယ်ဆိုရင် ဒီအေးချမ်းလှတဲ့ ရုပ်စုံကျောင်းလေးကိုသွားရောက်လေ့လာပြီး , စစ်ကိုင်းတောင်က ဘုရားတွေတဝကြီးဖူးကြဖို့ တိုက်တွန်းချင်ပါတယ် 😊

အားလုံးပဲ အချိန်မကုန် ငွေမကုန်ပဲ ကိုယ့်ပါတ်ဝန်းကျင်အနီးနားက အလှတရားတွေကို ရှာဖွေခံစားနိုင်ကြပါစေဗျ......

#သွားမယ်တည်းမယ်
#crdphoto

imageimage
+14
1 နှစ် - ဘာသာပြန်ပါ။

နှစ်သစ်မကူးခင်ညနဲ့ နှစ်သစ်ကူးပြီး မနက်အချိန်အတွင်း ရန်ကုန်မှာ ယာဥ်မတော်တဆမှု (၃) ခုဖြစ်ပွား

ဇန်နဝါရီ ၂

နှစ်သစ်မကူးခင်ဖြစ်တဲ့ ၂၀၂၄ ခုနှစ်၊ ဒီဇင်ဘာ (၃၁) ရက်၊ ညပိုင်းနဲ့ နှစ်သစ်ကူးပြီးဖြစ်တဲ့ ၂၀၂၅ ခုနှစ်၊ ဇန်နဝါရီ (၁) ရက်၊ မနက်ပိုင်းအချိန်အတွင်း ရန်ကုန်မြို့မှာ ယာဥ်မတော်တဆမှု (၃) ခုဖြစ်ပွားခဲ့တယ်လို့ လူမှုကွန်ရက်စာမျက်နှာပေါ်ရောက်လာတဲ့ သတင်းမှတ်တမ်းတွေအရ သိရပါတယ်။

ပထမဖြစ်စဥ်က ၂၀၂၄ ခုနှစ်၊ ဒီဇင်ဘာ (၃၁) ရက်၊ ည ၁၁ နာရီခွဲအချိန် ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံမြို့သစ် (ဆိပ်ကမ်း)မြို့နယ်၊ ရတနာနှင်းဆီအိမ်ရာအရှေ့၊ ရတနာလမ်းပေါ်မှာ ယာဥ် ၂စီးတိုက်မိခဲ့တာဖြစ်ပြီး အဲဒီဖြစ်စဥ်အတွင်း ဒဏ်ရာရရှိသူ (၄) ဦးရှိခဲ့တယ်လို့ Yangon Rescue Organization (YRO) က ဖော်ပြထားပါတယ်။

ဒုတိယဖြစ်စဥ်ကတော့ ကျောက်တံတားမြို့နယ်၊ အမှတ်(၄)ရပ်ကွက်၊ ပန်းဆိုးတန်းခုံး​ကျော်တံတား​ပေါ်မှာ ဒီဇင်ဘာ ၃၁ ရက် ည ၁၂ နာရီဝန်းကျင်အချိန်က တိုယိုတာဟိုင်းလပ်စ်ဆာဖ်ယာဥ်တစ်စီး ပက်လက်လန် တိမ်းမှောက်ခဲ့တာဖြစ်ပြီး အဲဒီဖြစ်စဥ်အတွင်းမှာ လူထိခိုက်မှုမရှိခဲ့ပေမယ့် တံတားလက်ရန်းတွေ ထိခိုက်ပျက်စီးခဲ့​တယ်လို့ ဆိုပါတယ်။

နောက်ထပ်ဖြစ်စဥ်တစ်ခုကတော့ ၂၀၂၅ ခုနှစ်၊ ဇန်နဝါရီ ၁ ရက်၊ မနက် ၀၀ နာရီ ၃၄ မိနစ်အချိန် ရန်ကုန်တိုင်းဒေသကြီး၊ အင်းစိန်မြို့နယ်၊ မြို့သစ်(ဂ)ရပ်ကွက်၊ ဘုရင့်နောင်လမ်းပေါ်မှာ ယာဉ်တိုက်မှုဖြစ်ပွားခဲ့တာဖြစ်ပြီး ယင်းဖြစ်စဥ်ကြောင့် လူတစ်ဦး ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့ဌာနချုပ်ရဲ့ ဖော်ပြထားမှုအရ သိရပါတယ်။

#centralnewsnaypyitaw

image
image
image
image
image
1 နှစ် - ဘာသာပြန်ပါ။

ဒဏ်ရာကျက်ပြီထင်ပြီး
သွားကိုင်ကြည့်ရာမှ
ပိုနာကျင်ခဲ့ပြီ။
#စာရယ် ကဗျာရယ်

ရန်ကုန် - မန္တလေးအမြန်လမ်းမှာဘုရားဖူးexpressတိမ်းမှောက်လို့ တယောက်သေ၊ ၃၄ယောက်ဒဏ်ရာရ

ဇန်နဝါရီ ၂

ရန်ကုန်-မန္တလေးအမြန်လမ်းမကြီး၊ မိုင်တိုင်အမှတ် (၁၁၇/၀)နဲ့(၁၁၇/၁)ကြားမှာ ဇန်နဝါရီလ ၁ ရက်နေ့ ၊နေ့လယ် ၃ နာရီကျော်လောက်မှာ Yutong Express ကား တိမ်းမှောက်ပြီး တယောက်သေကာ ၃၄ယောက်ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့သိရပါတယ်။

အဆိုပါ Express ကားက ဘုရားဖူးကားဖြစ်ပြီး နေပြည်တော်ကနေ ရန်ကုန်ကိုသွားတဲ့ကားဖြစ်တယ်လို့သိရပါတယ်။

" ကားမှောက်တာမှန်ပါတယ်။ထိခိုက်ဒဏ်ရာရကလည်းမီးသတ်ကထုတ်တဲ့အတိုင်းပဲ။ကားကဘုရားဖူးကားလို့သိရတယ်။" လို့ဖြူး အမြန်လမ်းမီးသတ်တပ်ဖွဲ့မှ တာဝန်ရှိသူကပြောပါတယ်။

အဆိုပါ express ကားပေါ်မှာ ယောကျ်ားလေး ၁၁ ယောက်နဲ့မိန်းကလေး ၃၄ ယောက်လိုက်ပါလာတာဖြစ်ကြောင်း၊ အဲဒီထဲကမှ ယောကျ်ားလေးအားလုံးနဲ့မိန်းကလေး၂၃ယောက်ထိခိုက်ဒဏ်ရာရရှိခဲ့ပြီး မိန်းကလေးတယောက်သေဆုံးခဲ့တာဖြစ်တယ်လို့သိရပါတယ်။

လက်ရှိမှာထိခိုက်ဒဏ်ရာရရှိသူတွေအားလုံးနဲ့သေဆုံးသူကို ဖြူးမြို့ပြည်သူ့ဆေးရုံကို ပို့ဆောင်ထားတယ်လို့သိရပါတယ်။

ဒီဇင်ဘာလ ၂၁ ရက်ကလည် ရန်ကုန်-မန္တလေးအမြန်လမ်းမကြီး၊ မိုင်တိုင်အမှတ် (၇၃/၂)နဒ့ (၇၃/၃) အကြားမှာကားတစီး ယာဉ်(၁)စီး ဘီးပေါက်ပြီး အရှိန်မထိန်းနိုင်ဘဲ သစ်ပင်ကို တိုက်မိမှုဖြစ်ပွားကာ မိန်းကလေးတယောက်ထိခိုက်ဒဏ်ရာရရှိခဲ့ပါတယ်။

၂၀၂၄ ခုနှစ် ဇန်နဝါရီ လကနေ အောက်တိုဘာလအထိဆယ်လတာကာလအတွင်းမှာဆိုရင် ရန်ကုန်-မန္တလေးအမြန်လမ်းမှာ ယာဥ်တိုက်မှုပေါင်း ၃၂၃၄ ကြိမ်ဖြစ်ပွားခဲ့ပြီး သေဆုံးသူနဲ့ထိခိုက်ဒဏ်ရာရရှိသူတွေရှိခဲ့ပါတယ်။

#သတင်းဟင်းလေးအိုးကြီး

image

သန်ကောင်တွေရှိနေရင် အဖြစ်အများဆုံး လက္ခဏာ တစ်ခုကတော့ 👇🏻

ယားယံခြင်းပဲဖြစ်ပါတယ် 😱...ဒါ‌ကြောင့် ၆ လတစ်ကြိမ် သန်ချပါ 🥰

" သန်ချ ကျန်းမာ ပြုံးပျော်ပါ 🥰 "

#crdphoto
#ကျန်းမာရေးဆိုင်ရာဗဟုသုတ

image