2 yrs - Translate

2005 ခုနှစ်က ဒီလိုနေ့မျိုးမှာ လာလီဂါပွဲစဥ်အဖြစ် Albacete အသင်းနဲ့ပွဲမှာ ဘာစီလိုနာအသင်းအတွက် အသက် 17 နှစ်အရွယ် လီယွန်နယ် မက်ဆီဆိုတဲ့ကောင်လေးက အီတူးနေရာမှာ လူစားဝင်လာခဲ့ပါတယ်။
ဆံပင်က သူ့ရဲ့အရပ်ထက် ပိုရှည်နေတဲ့ ချာတိတ်လေးက ဝါရင့်တိုက်စစ်မှူးကြီး ဆမ်မြူရယ် အီတူးအစား ကွင်းထဲဝင်လာတော့ ပရိသတ်တွေလည်း စိုးရိမ်စိတ်တချို့တော့ ရှိခဲ့တာပေါ့။
ဒီဆယ်ကျော်သက်အရွယ် ကစားသမားလေးက ပါရမီရှင်လို့တော့ ကြားဖူးတယ်၊ ရှေ့ပွဲတွေမှာလည်း ခြေစွမ်းကို အသင့်အတင့် မြင်ဖူးကြပေမဲ့ စိတ်မချကြသေးဘူး။
ဒါပေမဲ့ မက်ဆီကလည်း သူဘယ်လိုကစားသမားမျိုးလည်းဆိုတာကို မကြာခင်မှာပဲ လက်တွေ့ပြသွားခဲ့ပါတယ်။
တဖက်အသင်းရဲ့ဂိုးစည်းနဲ့ မလှမ်းမကမ်းနားလောက်မှာ ဘောလုံးရလာတဲ့အချိန် မက်ဆီက ရော်နယ်ဒင်ညိုကို ပြန်ပေးလိုက်တယ်။
ဒင်ညိုခြေထောက်ထဲ ဘောလုံးရောက်သွားတော့ တဖက်နောက်ခံလူတွေ လှုပ်လှုပ်ရှားရှား ဖြစ်သွားပြီး၊ တံတို-င်းကြီးပုံစံနဲ့ နေရာယူမိလျက်သား ဖြစ်သွားတယ်။
ဒါကို မက်ဆီရော ဒင်ညိုကပါ မြင်တာပေါ့၊ မက်ဆီက ချက်ချင်းပြေးထွက်သွားခဲ့သလို၊ ဘရာဇီးလ်သားကြီးကလည်း ‌သူ့ရဲ့စတိုင်လ်အတိုင်း လှလှပပနဲ့ ပြိုင်ဘက်ကစားသမားတွေရဲ့ခေါင်းပေါ်ကနေ ဘောလုံးကို အသာလေးပဲ ကော်တင်ပေးလိုက်တယ်။
အဲ့ဒီနောက် လေပေါ်က ကျလာတဲ့ဘောလုံးကို မက်ဆီက ခြေထောက်နဲ့ ထိန်းဖို့မလုပ်တော့ဘူး။
ဘောလုံးက မြေပေါ်ထောက်ပြီး ပြန်ခုန်တက်သွားတဲ့အချိန် တဖက်နောက်ခံလူကလည်း ဝင်ဖျ-က်တော့မယ်အလုပ်မှာ မက်ဆီက အကုန်လုံးကို မျက်လှည့်ပြလိုက်ပါတော့တယ်။
မြေထောက်သွားတဲ့ ဘောလုံးကို ရုတ်တရက်ပဲ ခြေခွင်လေးနဲ့ ဂိုးထဲကို အေးဆေးပဲ ကန်ထည့်လိုက်တာပါ။ ဂိုးသမားလည်း လှမ်းပု-တ်တာ မမှီလိုက်ပဲ ဂိုးထဲကို တန်းဝင်သွားပါတော့တယ်။
စီနီယာအသင်းကြီးအတွက် ပထမဆုံးဂိုးကို သွင်းလိုက်နိုင်ပြီမလို့ မက်ဆီလည်း ဝမ်းသာအားရနဲ့​အောင်ပွဲခံနေတုန်း ရော်နယ်ဒင်ညိုက ကုန်းပိုးပြီးတော့ဂုဏ်ပြုပေးခဲ့ပါသေးတယ်။
မက်ဆီက သူ့ကို ကျော်တက်မဲ့သူလို လူတွေကထင်ကြေးပေးထားကြတာတော-င် ငါ့နေရာလုမဲ့ကော-င်လို့ မစ္ဆရိယစိတ် တစက်ကလေးမှ မရှိပဲ စိတ်ရင်းအမှန်နဲ့ ဂုဏ်ပြုပေးခဲ့တဲ့ ဒင်ညိုကြီးရဲ့လုပ်ရပ်က တကယ်ကို လေးစားစရာပါပဲ။
ဒီနေ့မှာတော့ မက်ဆီရဲ့ဘာစီလိုနာကစားသမားဘဝ 672 ဂိုးမြောက် သွင်းဂိုးတွေတည်းက ပထမဆုံးဂိုးဟာ 19 နှစ်တိတိ ပြည့်မြောက်သွားခဲ့ပါပြီ။ ❤🇦🇷
Credit to football corner

image
2 yrs - Translate - Youtube

LIQUID vs HEROIC - PLAYOFFS ELIMINATION

2 yrs - Translate

ဘဏ်ချိတ်နဲ့ တိုက်ခန်းဝယ်ရင် မဖြစ်မနေလုပ်ရမယ့် အဆင့် ( ၆ ) ဆင့်

ဒေါ်လာဈေး တက်ခြင်းကြောင့် အိမ်ခြံမြေ ဈေးကွက်တွေ မတည်မငြိမ် ဖြစ်နေသလို တိုက်ခန်းတွေ ဆိုရင်လည်း ငှားတာထက် ရောင်းတဲ့ ပိုစ့်တွေပဲ တွေ့လာရပါတယ်။ တိုက်ခန်းတွေ၊ မြေကွက်တွေဟာ အနာဂါတ်မှာ ရှိမယ့်ငွေဈေးအတိုင်း တန်ဖိုးပြောင်းလဲနိုင်လို့ လူအများစုဟာ ငွေစက္ကူထက် အိမ်ခြံခြေကို လက်ကိုင်ထားချင်ကြပါတယ်။ တိုက်ခန်းဝယ်ယူသူတွေကလည်း အပြီးအစီး ငွေအလုံးအရင်းလိုက်ပေးပြီး ငွေချေဝယ်ယူသလို ဘဏ်ချိတ်နဲ့ ဝယ်ယူကြတာတွေလည်း အခုတလော ခပ်စိတ်စိတ် တွေ့လာရပါတယ်။

နိုင်ငံတကာမှာလည်း အိမ်ခြံမြေ၊ ကားတွေကို ဘဏ်နဲ့ ဆက်သွယ်ပြီး အရစ်ကျ ငွေပေးချေစနစ်နဲ့ ဝယ်ကြတာဖြစ်လို့ ဒီစနစ်ဟာ တော်တော်လေး အဆင်ပြေတယ်လို့ ပြောလို့ရပါတယ်။ လက်ရှိ မြန်မာနိုင်ငံမှာတော့ ၂၀၁၇ ခုနှစ်လောက်ကတည်းက ဘဏ်ချိတ်ရောင်းဝယ်မှုတွေ စတင်ခဲ့ပြီး K.B.Z Bank၊ Aya Bank၊ Yoma Bank၊ C.B Bank၊ A.G.D Bank တွေက ဘဏ်ချိတ် အိမ်ခြံမြေ ရောင်းဝယ်ခြင်းတွေကို ဆောင်ရွက်ပေးနေပါတယ်။

ဘဏ်ချိတ်ဝယ်ယူတာဟာ ရိုးရိုး ငွေအပုံလိုက်ပေးပြီး တိုက်ခန်းဝယ်ယူတာထက် ပိုအလုပ်များသလို အချိန်စောင့်ရတာတွေလည်း ရှိပါတယ်။ ဘဏ်ချိတ်တိုက်ခန်း ဝယ်မယ်ဆိုရင် ဒီအချက်တွေကို မဖြစ်မနေ လုပ်ဖို့ လိုအပ်ပါတယ်။

အဆင့် (၁) - မြို့ပြနဲ့ အိမ်ရာဖွံ့ဖြိုးရေးဦးစီးဌာနရှိ အိမ်ရာ အရောင်းပြခန်းတွေမှာ သွားရောက်ပြီး လိုချင်တဲ့ အိမ်ခန်းကို ရွေးချယ်ပါ။ အကြံပြုချက်များ ခံယူပါ။

အဆင့် (၂) - အိမ်ခန်းရွေးချယ်ပြီးရင်တော့ သက်ဆိုင်ရာ ဘဏ်မှာ လျှောက်လွှာယူကာ သွားရောက်လျှောက်ထားပါ။

အဆင့်(၃) - အိမ်ရဲ့ အရှုပ်အရှင်းတွေကို လေ့လာပါ။ ဘဏ်က သင်ဝယ်မယ့် တိုက်ခန်းဟာ ယုံကြည်စိတ်ချရခြင်း ရှိ၊ မရှိ။ တိုက်သက်တမ်း စတာတွေကို ကြည့်ဦးမှာ ဖြစ်ပါတယ်။

အဆင့် (၄) - အိမ်ထောင်စုဇယား၊ လစာ ၆ လစာ လစာဖြတ်ပိုင်း၊ ရပ်ကွက်ထောက်ခံစာ၊ အခွန်စာအုပ် စတာတွေကို ဘဏ်မှာ ပြရပါမယ်။

အဆင့်( ၅) - ပြီးရင်တော့ Down Payment ၃၀ % သွင်းပြီး အကျိုးတော်ဆောင်ကို သက်သေထား၊ အိမ်ရောင်းမယ့်သူနဲ့အတူ စာချုပ်ချုပ်ဆိုရပါမယ်။ စာချုပ်ချုပ်ဆိုရာမှာ ရှေ့နေနဲ့ ချုပ်ဆိုခြင်းဟာ အရှုပ်အရှင်းတစ်စုံတစ်ရာ ဖြစ်ခဲ့ရင် တရားဥပဒေအရ ဖြေရှင်းနိုင်တာကြောင့် ရှေ့နေကို သက်သေထား ချုပ်ဆိုဖို့ အကြံပြုချင်ပါတယ်။

အဆင့်(၆) - စာချုပ်ချုပ်ပြီးနောက် ဘဏ်က ငွေကျလာတာကို စောင့်ရပါမယ်။ အဲဒါကို အိမ်ရောင်းမယ့် သူကလည်း နားလည်သဘောပေါက်ထားဖို့လိုပါတယ်။ ဘဏ်က ငွေကျလာဖို့ အနည်းဆုံး ၁ လ နီးပါးလောက် စောင့်ရပါတယ်။

ဘဏ်ချေးငွေကျလာပြီးရင်တော့ ဝယ်ထားတဲ့ အိမ်မှာ သွားရောက်နေထိုင်ခွင့်ရပြီ ဖြစ်ပါတယ်။

ဒါကတော့ ဘဏ်ချေးငွေနဲ့ အိမ်ဝယ်မယ့် သူတွေအတွက် ဗဟုသုတရဖွယ် ဖော်ပြပေးလိုက်ခြင်းပဲ ဖြစ်ပါတယ်။ Home Loan နဲ့ အိမ်ဝယ်ခြင်းဟာ ဘဏ်ကို အတိုးနှုန်း ပေးရတယ် ဆိုပေမယ့် အချိန်ကာလတစ်ခုအကြာမှာ အိမ်ပိုင်ရရှိသွားတာဖြစ်လို့ သေချာမှုရှိတဲ့ ၊ ခိုင်မာတဲ့ ရောင်းဝယ်မှုတစ်ခု ဖြစ်တယ်လို့ ပြောပါရစေ။

2 yrs - Translate

Customer တွေ​ကိုယ်တိုင်ရေးပေးတဲ့ Review တွေက သင့်ကိုကျိန်းသေပေါက်ရောင်းအားတက်စေပါတယ် ✅

Admin တို့တခါတလေမှာ Customer တွေဆီကနေ
" အရမ်းအဆင်ပြေပါတယ် "​ ဆိုတဲ့စကားသံမျိုး ခဏခဏကြားဖူးလိမ့်မယ်လို့ထင်ပါတယ်..

တကယ်တော့ အဲ့ဒါက မဟာအခွင့်အရေးကြီးပါ

Admin အများစုက ဒီအခွင့်အရေးကိုမမြင်မိကြပါဘူး

=====

Customer ဆီက အဆင်ပြေတယ်ကြားရတိုင်း
Review​ ရေးပေးဖို့ တောင်းဆိုကြည့်ပါ... ✅

လူတွေရဲ့သဘာဝကိုက မခိုင်းရင်မလုပ်တတ်ပါဘူး..

ကိုယ့်​ဘက်က ရေးပေးဖို့မတောင်းဆိုရင်လဲ
Customer က ရေးပေးမှာမဟုတ်ပါဘူးခင်ဗျ 😁

"အဆင်ပြေရင် Review ရေးပေးလို့ ရမလားခင်ဗျာ"​ ဆိုတဲ့ စာကြောင်းလေးပို့လိုက်ခြင်းက သင့်ရဲ့ Page အတွက် အများကြီးအထောက်အကူဖြစ်စေပါလိမ့်မယ် 💖

=====

Facebook ကိုယ်တိုင်​ကလဲ Review များများရှိတဲ့ Page တွေကို Reach များများပြပေးမယ်လို့ပြောထားပါတယ်..

Page ကြီးထွားဖို့အတွက်ဆို Customer တွေရဲ့ Good Review တွေလဲ လိုအပ်ပါတယ် ✅

Review ဆိုပေမဲ့ အကောင့်တုတွေရဲ့ Review အတုတွေကတော့ Reach မတက်စေပါဘူး.. ✨

Good Review က Page အတွက်တိုးတက်စေသလို Bad Review​ က Page ကို ပျက်စီးစေတာ သတိပြုပါ ✅

Customer ဆီက အဆင်ပြေပါတယ်လို့ကြားတိုင်း
Review ရေးပေးရန် တောင်းဆိုဖို့မမေ့ပါနဲ့နော်🤗✨

2 yrs - Translate

International လူလိမ် တယောက်ကို
ကြုံကြိုက်တုန်း အင်တာဗျူး ဖူးတယ်။

သူပြောသွားတာက လောဘကြီးတဲ့လူကို
လိမ်ရတာ အလွယ်ဆုံးဘဲ တဲ့။

လောဘ လည်းမရှိ၊
သူများဆီကလည်း ဘာမှ မလိုချင်၊
ဘယ်သူ့မှ မယုံတဲ့လူကို
လိမ်ရတာ စိတ်အညစ်ဆုံးဘဲတဲ့။

အဲဒီလိုလူတွေကို ကျတော့
လု မှဘဲရတယ်။
လိမ်လို့မရဘူးတဲ့။

" အဲဒီစကားက
လူလိမ် ပြောသွားတဲ့
မှန်သော စကားဘဲ။"

Online ငွေလိမ်တာတွေကို
ကြည့်လိုက်ရင် အဓိကအချက်က
လောဘကြောင့်ရယ် ၊ ပြီးတော့
ဘယ်ကမှန်းမသိတဲ့ လူတွေကို
ယုံမိရာက စတာဘဲ။

အပြင်မှာမသိ မမြင်ဖူးတဲ့
လူတယောက်က ပလိန်းကြီး
လိုင်းပေါ်ကနေ အလုပ်တွေ
လာပေးတယ်။

Fb မှာ လာအက်ပြိီး
အလုပ်အကိုင်တွေ
ရင်းနှီးမြှုပ်နှံမှုတွေ အကြောင်း
ဘလိုင်းကြီး လာပြောမယ်။

အပြင်မှာ လူချင်းသိတဲ့သူ
အချင်းချင်းတောင် လိမ်ကြလို့
ရုံးရောက် ရဲစခန်းရောက်တွေ
ဖြစ်နေကြတာ။

လိုင်းပေါ်ကလူဆို ပိုဆိုးတာပေါ့။

တကယ်မှန်ကန်တဲ့ အလုပ်တွေက
Viber တွေ FB တွေကနေ
ရှယ်ယာခေါ်မနေဘူး။

မြတ်နေမှတော့ သူ့ဟာသူ
ပိုက်ဆံချေးပြီး လုပ်နေပြီ။

ဘယ်သူကမှ ဒီလုပ်ငန်းကြီးက
အကျိုးမြတ် အရမ်းများနေလို့
လိုင်းပေါ်ကလူတွေ စားဝတ်နေရေး
အဆင်ပြေဖို့ဆိုတဲ့ စေတနာနဲ့
လိုက်ပြီးရှယ်ယာ ခေါ်မနေဘူး။

မသိတဲ့လူက မက်ဆေ့ပို့လာပြီး
အလုပ်အကြောင်း ငွေအကြောင်း
ပြောနေပြီဆိုရင် လိမ်ဖို့က
၁၀၀% ဘဲ။

အလိမ်မခံရချင်ရင် -

✅သိသိမသိသိ ဘယ်သူ့ကိုမှ မယုံနဲ့။

✅ဘယ်သူ့ကိုမှ အားမနာနဲ့။

✅ကိုယ်နားမလည်တဲ့အလုပ် မလုပ်နဲ့။

✅သူများဟာလည်း အလကားမလိုချင်နဲ့

✅ ဖွန်ကြောင်ပြီး ငွေမကျွံစေနဲ့။

✅ လိုင်းပေါ်က ဘာ Investment မှမယုံနဲ့။

အဓိက ကတော့ လောဘဘဲ။
သူများဆီက ဘာမှမလိုချင်မိအောင်နေပါ။
လောဘ သတ်ပါ။

အဲဒါတွေ လိုက်နာနိုင်ရင် လိမ်ခံရတာတွေ
တော်တော်နဲ သွားပြီး
လာလိမ်မယ့်သူတောင် ပြန်ပြီး
စိတ်ညစ်ရတဲ့သူမျိုး ဖြစ်လာပါလိမ့်မယ်။

Joshua Garcia changed his profile picture
2 yrs

image
2 yrs - Youtube

2 yrs - Translate

ယနေ့ ရွှေဈေး (မေ - ၂ ရက်၊ ညနေ ၄ နာရီ)
Voice of Myanmar

-ကမ္ဘာ့ရွှေဈေး
တအောင်စ ၂၃၀၆ ဒေါ်လာ

-အခေါက်ရွှေ တကျပ်သား (ပြင်ပဈေးကွက်)
ရောင်းဈေး ၄၇၆၀၀၀၀ ကျပ်
ဝယ်ဈေး ၄၇၂၀၀၀၀ ကျပ်

-၁၅ ပဲရည် တကျပ်သား
ရောင်းဈေး ၄၅၆၀၀၀၀ ကျပ်
ဝယ်ဈေး ၄၅၂၀၀၀၀ ကျပ်

“လက်ရှိ ရွှေဈေးကွက်အတွင်း ဈေးနှုန်းအတက်အကျ မငြိမ်သေးတဲ့အတွက် ရောင်းမှား၊ ဝယ်မှား မဖြစ်ဖို့ သတိပြုစေလိုပါတယ်။”

ရွှေဈေးနှုန်းများ အချိန်နှင့်အမျှ ပြောင်းလဲနိုင်သည်

image
2 yrs - Translate

https://www.straitstimes.com/l....ife/style/new-japan-

New Japan stores, new brand look: Charles & Keith splashes out on global expansion | The Straits Times
www.straitstimes.com

New Japan stores, new brand look: Charles & Keith splashes out on global expansion | The Straits Times

Singapore's most successful fashion export aims higher with a new Shibuya store, premium line and celebrity partnerships. Read more at straitstimes.com.

Decoration