2 နှစ်များ - ဘာသာပြန်ပါ။

တရုတ်သိပ္ပံပညာရှင်တွေက ကမ္ဘာ့ပထမဆုံးအဖြစ် ပန်းပွင့်ကနေ ဓာတုဗေဒစိန် ဖန်တီ

တရုတ်သိပ္ပံပညာရှင်တွေက ကမ္ဘာ့ပထမဆုံးအနေနဲ့ ပန်းပွင့်ကနေ ဓာတုဗေဒစိန် ဖန်တီးနိုင်ခဲ့ပါတယ်။ အနီရောင် ပီယာနီ (peonies)ပန်းပွင့်ကနေ ကာဗွန်ထုတ်ယူပြီး ဖန်တီးထားတဲ့စိန်ကို ဧပြီလ ၁၈ ရက်နေ့က တရုတ်နိုင်ငံ၊ ဟီနန်ပြည်နယ်၊ လျှို့ယန်မြို့မှာ မိတ်ဆက်ပြသခဲ့ပါတယ်။

ပီယာနီပန်းပွင့်ကနေ ဖန်တီးထားတဲ့စိန်က ၃ ကာရက်ရှိပြီး ဓာတုဗေဒစိန်တွေ ဖန်တီးတဲ့ Luoyang Time Promise ကုမ္ပဏီက ထုတ်လုပ်ခဲ့တာပါ။ နှစ်သက်တမ်း ၅၀ ရှိတဲ့ ပီယာနီပန်းပင်အပါအဝင် ဓာတုဗေဒစိန် ဖန်တီးဖို့ လိုအပ်တဲ့ ပီယာနီပန်းပွင့်တွေကို လျှို့ယန်အမျိုးသား ပီယာနီဥယျာဉ်က ပံ့ပိုးပေးခဲ့တာဖြစ်ပါတယ်။

ပန်းပွင့်ကနေ ကာဗွန်ထုတ်ယူပြီး အပူချိန်ပြင်းပြင်း၊ ဖိအားပြင်းပြင်းနဲ့ စိန်ရဲ့ ကာဗွန်တည်ဆောက်မှုပုံစံ ပြန်လည်ဖန်တီးခဲ့တာပါ။ အဲဒီစိန်ပွင့်က ယွမ် ၃ သိန်း တန်ဖိုးရှိပြီး Luoyang Time Promise ကုမ္ပဏီက လျှို့ယန်အမျိုးသား ပီယာနီဥယျာဉ်ထံ ပြန်လည်လှူဒါန်းပေးခဲ့ပါတယ်။

Ref:World First – Chinese Scientist Create Diamond Out of Red Peonies

imageimage
2 နှစ်များ - ဘာသာပြန်ပါ။

👉👉Conference League Semi-Finals Set

image
2 နှစ်များ - ဘာသာပြန်ပါ။

စက္ကူပန်း(Bougainvillea )အဓိပ္ပါယ်က “ မင်းလိုသလို သုံးလို့ရပါတယ် အချစ်ရယ် " တဲ့ ရနံ့လည်းမရှိ ပန်သူလည်းမရှိပေမယ့် အလှပဆုံးပွင့်လာကြတဲ့ ပန်းကလေး ✨✨✨

image
2 နှစ်များ - ဘာသာပြန်ပါ။

Gardens by the Bay, Singapore

image
2 နှစ်များ - ဘာသာပြန်ပါ။

မိဘတွေကို သူတို့ သက်ရှိထင်ရှားရှိနေစဉ်မှာ အချိန်ပေးဂရုစိုက်ပါ

တစ်ခါတုန်းက အမျိုးသားတစ်ဦးဟာ ပန်းဆိုင်တစ်ဆိုင်ကိုသွားပါတယ်။ အဝေးမှာရှိနေတဲ့သူ့ရဲ့အမေဆီကို ပန်းစည်းပို့ပေးဖို့အတွက်ပါ။ ပန်းဆိုင်ရှေ့ကိုရောက်တဲ့အခါ ကလေးမလေးတစ်ယောက်က စိတ်ညစ်လက်ညစ်နဲ့ထိုင်နေတာကို သူတွေ့လိုက်ပါတယ်။ ဘာဖြစ်လို့လဲလို့ သူမေးလိုက်တဲ့အခါ ကလေးငယ်လေးက သူ့အမေကို နှင်းဆီပန်းတစ်ပွင့်ဝယ်ပေးချင်တာ ပိုက်ဆံမလောက်လို့စိတ်ညစ်နေတာလို့ ပြောပြပါတယ်။ အဲ့ဒါနဲ့ သူက ကောင်မလေးအတွက်ပ နှင်းဆီပန်းဝယ်ပေးပြီး သူ့အမေအတွက် ပန်းစည်းပို့ပေးဖို့မှာလိုက်ပါတယ်။

ပြန်ထွက်လာတော့ ကလေးမလေးကိုပါ လိုက်ပို့ပေးရမလားလို့မေးလိုက်တော့ ကလေးမလေးကလည်း သူမရဲ့အမေဆီလိုက်ပို့ပေးဖို့ ပြောတာပေါ့။ တကယ်တမ်းလိုက်ပို့တော့မှ သူမ အမေရှိနေတယ်ဆိုတဲ့နေရာက အုတ်ဂူကလေးဖြစ်နေတော့တာပါပဲ။ ကလေးမလေးက သူမရဲ့ အမေရဲ့အုတ်ဂူမှာထားဖို့ နှင်းဆီပန်းလာဝယ်တာပဲ ဖြစ်ပါတယ်။ သူလည်း နောင်တရသွားပြီး ပန်းဆိုင်ကို ပြန်သွားကာ ပို့ပေးဖို့ပြောထားတဲ့ ပန်းစည်းကိုယူပြီး သူကိုယ်တိုင်ပဲ မိုင်ပေါင်းများစွာ အဝေးမှာရှိနေတဲ့ သူ့အမေဆီ ချက်ချင်းသွားပါတော့တယ်။

ဇာတ်လမ်းလေးက ရိုးရိုးရှင်းရှင်းလေးပါပဲ။ ဒီဇာတ်လမ်းလေးကနေတဆင့် ပြောပြချင်တာကတော့ အဝေးမှာ ရှိနေတာပဲဖြစ်ဖြစ် အတူတူနေတာပဲဖြစ်ဖြစ် မိဘကို အသက်ထင်ရှားရှိနေတုန်း ဂရုစိုက်အချိန်ပေးတာက အကောင်းဆုံးပါပဲ။ သားသမီးရဲ့ စကားလေးတစ်ခွန်း၊ ပန်းလေးတစ်ပွင့်ကစလို့ အနမ်းလေးတစ်ချက်အထိ မိဘကို ကြည်နူးပီတိဖြစ်စေတာတော့ ရှိနိုင်မယ်မထင်ပါဘူး။ ဘဝဆိုတာက အချိန်သိပ်ကို တိုတောင်းပါတယ်။ ဒါကြောင့် အသက်ထင်ရှားရှိနေစဉ်အတွင်း မိဘကို အကောင်းဆုံးပြုစုစောင့်ရှောက် အချိန်ပေးတာက နောက်ပိုင်းမှ နောင်တရနေရတာထက် အများကြီး ပိုကောင်းမွန်တန်ဖိုးရှိတာမို့ မိသားစုကို အချိန်ပေး ဂရုစိုက်ပါလို့ တိုက်တွန်းပါရစေ။

Ref: Rose for mother

image
2 နှစ်များ - ဘာသာပြန်ပါ။

လမ်းသွားရင်း ဖုန်းကြည့်နေသူတွေ လမ်းကူးချိန်မှာ ပိုသတိထားမိစေဖို့အတွက် ဟောင်ကောင်မြို့ လူကူးမျဉ်းကြားတွေမှာ အနီရောင်မီး ထွန်းပြီး အချက်ပြတဲ့စနစ်ကို ကျင့်သုံးနေရပါတယ်။ ဖုန်းကြည့်နေသူတွေ သတိထားမိအောင် လမ်းမပေါ်မှာ မီးနီနဲ့ အချက်ပြတဲ့စနစ်ကို ၂၀၂၂ ခုနှစ်ကတည်းက စတင်အသုံးပြုခဲ့တာပါ။

Ref: HONG KONG PUTS STREET LIGHTS ON THE GROUND BECAUSE PEOPLE WON’T STOP LOOKING AT THEIR PHONES

image
2 နှစ်များ - ဘာသာပြန်ပါ။

"Someone will come who will love you just as you are, give you the security you miss, treat you exactly as you deserve your heart. "♥️

image
2 နှစ်များ - ဘာသာပြန်ပါ။

ရီမွန်တာဒါဘုရင်ကြီးလို့ တင်စားခံနေရတဲ့ လူးဝစ်အန်နရစ်ချ်ကေး

ပြင်သစ်ကလပ်ပီအက်စ်ဂျီအသင်း၏ စပိန်လူမျိုးနည်းပြ လူးဝစ်အန်နရစ်ချ်ကေးအား စပိန်မီဒီယာများက ရီမွန်တာဒါဘုရင်ကြီး(King of Remontada)ဟု ချီးမွမ်းခေါ်ဆိုနေကြသည်။Remontada ဆိုသည့်စပိန်စကားမှာ အင်္ဂလိပ်လို Comeback ဟုအဓိပ္ပာယ်ရသည်။အန်နရစ်ချ်ကေးအား Comeback King ဟု ချီးမွမ်းနေခြင်းမှာ ဘာစီလိုနာနှင့် ပီအက်စ်ဂျီအသင်းတို့ကို ချန်ပီယံလိဂ်ပြိုင်ပွဲ၌ အသက်ဆက်နိုင်အောင် ဖြစ်နိုင်ခြေအလွန်နည်းသောအနေအထားမှ စွမ်းဆောင်ပေးနိုင်ခဲ့၍ ဖြစ်သည်။(၂၀၁၆-၁၇) ရာသီက အန်နရစ်ချ်ကေးကိုင်တွယ်နေသော ဘာစီလိုနာအသင်းသည် ချန်ပီယံလိဂ်ရှုံးထွက် (၁၆)သင်းအဆင့်တွင် ပီအက်စ်ဂျီအသင်းအား ပထမအကျော့၌ (ဝ-၄)ဂိုးဖြင့် အရေးနိမ့်ခဲ့သည်။အိမ်ကွင်းတွင် ကစားခဲ့သည့် ဒုတိယအကျော့တွင် ဘာစီလိုနာအသင်းက (၆-၁)ဂိုးဖြင့်ပြန်အနိုင်ယူကာ နှစ်ကျော့ပေါင်းရလဒ်(၆-၅)ဂိုးဖြင့် ကွာတားဖိုင်နယ်သို့ တက်ရောက်နိုင်ခဲ့သည်။လက်ရှိတွင် ပီအက်စ်ဂျီအသင်းနည်းပြအဖြစ်တာဝန်ယူနေသော အန်နရစ်ချ်ကေးသည် ယခုရာသီ ချန်ပီယံလိဂ်ကွာတားဖိုင်နယ်ပထမအကျော့တွင် ဘာစီလိုနာအသင်အား (၂-၃)ဂိုးဖြင့် ရှုံးနိမ့်ခဲ့ခြင်းကို အဝေးကွင်းတွင် ပြန်လည်ချေပကာ (၄-၁)ဂိုးဖြင့်အနိုင်ပြန်ရအောင် အံအားသင့်ဖွယ်စွမ်းဆောင်နိုင်ခဲ့သည်။သူ၏ ပီအက်စ်ဂျီအသင်းအနေဖြင့် ဘာစီလိုနာကို ကျော်လွှားနိုင်ရန် အခွင့်အလမ်းအလွန်နည်းပါးနေပြီဟု အားလုံးကယူဆနေချိန်တွင် အန်နရစ်ချ်ကေးက နှစ်ကျော့ပေါင်းရလဒ် (၆-၄)ဂိုးဖြင့် အနိုင်ယူပြီး ဆီမီးဖိုင်နယ်တက်ရောက်ခွင့်အား အရယူပြခဲ့ခြင်းဖြစ်သည်။သို့ဖြစ်ရာ ဘာစီလိုနာနှင့် ပီအက်စ်ဂျီအသင်းတို့ထိပ်တိုက်တွေ့ဆုံမှုများတွင် ဒုတိယအကျော့ပွဲများ၌ မထင်မှတ်သည်များကို လုပ်ပြပြီး ပြန်လာနိုင်ခဲ့သည့် အန်နရစ်ချ်ကေးကို စပိန်မီဒီယာများက King of Remontada ဟု ခေါင်းစဉ်တပ်ကာ ချီးကျူးနေကြခြင်းဖြစ်သည်။ အန်နရစ်ချ်ကေးကမူ မိမိအား ယခုကဲ့သို့ အလွန်အကျွံချီးမြှောက်ခြင်းကို လက်မခံကြောင်း ပြောဆိုခဲ့သည်။

image
2 နှစ်များ - ဘာသာပြန်ပါ။

Love knows no distance, Stay intertwined, wherever life takes you | 🤍

image
2 နှစ်များ - ဘာသာပြန်ပါ။

Love knows no distance, Stay intertwined, wherever life takes you | 🤍

image