2 yrs - Translate

ခရီးသည်တွေကို အိတ်တစ်လုံးစီ လိုက်ပေးခဲ့တဲ့ လေယာဉ်ပေါ်မှ သားအမိ

တောင်ကိုရီးယားနိုင်ငံ ဆိုးလ်မြို့ကနေ အမေရိကန်နိုင်ငံထံ ပျံသန်းတဲ့ လေယာဉ်ပေါ်မှာ ကလေးအမေတစ်ယောက်က ခရီးသည်အားလုံးကို အိတ်လေး တစ်လုံးဆီ လိုက်ပေးတယ်။ အိတ်ထဲမှာ သကြားလုံး၊ ပီကေနဲ့ နားစို့ဂွမ်းလုံးလေးတွေ ပါတယ်။ ပြီးတော့ စာတစ်စောင်လည်း ပါတယ်။

'' မင်္ဂလာပါ။ သားနာမည်က ဂျန်ဝူးလို့ ခေါ်ပါတယ်။ ၄ လသား ရှိပါပြီ။ မေမေရယ်၊ ဘွားဘွားရယ်နဲ့အတူ ဒေါ်လေးရှိတဲ့ အမေရိကကို အလည်သွားမလို့ပါ။ သားဘဝမှာ ပထမဆုံး လေယာဉ်စီးဖူးတာဖြစ်လို့ နည်းနည်းစိုးရိမ် ထိတ်လန့်မိတယ်၊ ကြောက်မိတယ်။ သား ငြိမ်ငြိမ်နေနိုင်အောင် ကြိုးစားပါ့မယ်။ ဒါပေမဲ့ သေချာပေါက်တော့ ကတိမပေးနိုင်ဘူး။ တကယ်လို့ သားအသံ အရမ်းကျယ်သွားခဲ့ရင် နားစို့ဂွမ်းလုံးလေးကို သုံးပါ။ ခရီးစဉ်မှာ ပျော်ရွှင်ပါစေ။ ကျေးဇူးတင်ပါတယ်''လို့ စာထဲမှာ ရေးသားထားပါတယ်။

မိခင်ဖြစ်သူက သူ့သားငယ်ကြောင့် တခြားခရီးသည်တွေ အနှောင့်အယှက်ဖြစ်မှာကို စိုးရိမ်လို့ ကြိုတင်တောင်းပန်ခဲ့တာပါ။ ခရီးစဉ်က ၁၀ နာရီကြာပြီး လေယာဉ်ပေါ်မှာ ခရီးသည် ၂၀၀ ကျော် ပါပါတယ်။ ဒီလုပ်ရပ်က တပါးသူရဲ့ လွတ်လပ်ခွင့်ကို လေးစားတဲ့ အလေ့အထတစ်ခုပဲလို့ ခရီးသည်တွေက ချီးကျူးခဲ့ပါတယ်။ ၂၀၁၉ ခုနှစ်က သတင်းတစ်ပုဒ်ကို ပြန်လည်ရေးသားဖော်ပြပေးတာ ဖြစ်ပါတယ်။

Ref: Mother on flight to SFO from Seoul passes out 200 bags of candy, earplugs in case baby cries

image
2 yrs - Translate

🕹️Destiny's Call Underway🕹️

"A cozy home and intriguing place." 🛋️

After the update on Apr. 3, players can obtain some pieces of furniture for free upon first entering the house.
Head to the Event Shop for even more furniture!

image
2 yrs - Youtube

2 yrs - Translate

ထီးချောင်း ရေသောင်ရွာ

စေတုတ္တရာမြို့နယ် မကွေးတိုင်း

Photo - Htay Win (Salay)

image
2 yrs - Translate

"လိဂ် ၂ မှာ ကစားတဲ့ ကောင်လေးလား" လို့ ဟာလန်းကို ပေါ်တင် ကလိလိုက်တဲ့ ရွိုင်ကိန်း
.
.
.
ဒီရက်ပိုင်း ကစားခဲ့တဲ့ အာဆင်နယ်နဲ့ပွဲမှာ ဟာလန်းကစားသွားတဲ့ခြေစွမ်းက လိဂ် ၂ မှာကစားနေတဲ့ ကစားသမားလေးအတိုင်းပဲလို့ ရွိုင်ကိန်းကမှတ်ချက်ပေးလိုက်ပါတယ်။
ဟာလန်း ဟာ အာဆင်နယ်နဲ့ပွဲမှာ ကိုယ်ပျောက်တိုက်စစ်မှုးအဖြစ် ကစားနေပြီး သူ့ဆီကိုဘောလုံးရောက်လာရင်လည်း တလွဲတွေလုပ်ပြခဲ့တာပါ။

မန်စီးတီးအနေနဲ့ သူတို့ရဲ့အိမ်ကွင်းမှာ အာဆင်နယ်ကိုနိုင်လိုက်ရင် အမှတ်ပေးဇယားဒုတိယနေရာအထိ တက်လှမ်းလာနိုင်မှာဖြစ်ပေမယ့် ဂိုးမရှိ သရေပွဲကြောင့် တတိယနေရာမှာတင် ၀ဲလည်‌ နေခဲ့ပြန်ပါတယ်။
သူတို့ရဲ့အားကိုးရတဲ့အဓိကတိုက်စစ်မှူး ဟာလန်ုးက ဆာလီဘာ၊ ဂါဘရီယယ်တို့ရဲ့ ကြုံသလို လူကပ်ကစားခြင်းကို ခံခဲ့ရပြီး ဂိုးသွင်းနိုင်ဖို့ရုန်းကန်ခဲ့ရတာပါ။

မန်စီးတီး - အာဆင်နယ်ပွဲကို သုံးသပ်ပေးနေတဲ့ ရွိုင်ကိန်း က တော့
" သူ ကစား နေ တဲ့ ပုံစံ က ရေလည်ညံ့ပါတယ်ဗျာ။ ဒီနေ့မှမဟုတ်ဘူး။ နောက်ပိုင်းပွဲတွေမှာ သူကစားတာက တေယ်တော်ဆိုးနေတယ်။ အမြင့်ဘောလည်းပေးမရ၊ အနိမ့်ဘောလည်းမထိန်းနိုင်နဲ့။ သူ့ကိုကြည့်ရတာ လိဂ် ၂ ကနေ ခေါ်ထားတဲ့ ကစားသမားလေး ၀င်ကစားတာကျ နေတာပဲ။"
လို့ဆိုပါတယ်။

ဟာလန်း ဟာ လက်ရှိအချိန်မှာ မန်စီးတီးအတွက် ၃ ပွဲဆက် ဂိုးမသွင်းနိုင် ဖြစ်နေခဲ့ပြီး ယုံကြည်မှုပျောက်ဆုံးနေတဲ့ပုံစံမျိုးကိုတွေ့နေရတာပါ။ မန်စီးတီးဟာ လာမယ့်တစ်ပတ် ပရီးမီးယားလိဂ် ပွဲစဥ်အဖြစ် ဗီလာအသင်းနဲ့ရင်ဆိုင်ရမှာဖြစ်ပြီး အမှတ်ပေးဇယားရပ်တည်မှုမှာတော့ အာဆင်နယ်၊လီဗာပူးလ်တို့နဲ့ ၃ မှတ်ကွာဟနေပြီပဲဖြစ်ပါတယ်။

#ဘော်လုံးသတင်းစုံ

image
2 yrs - Translate

ဒါ.. နာမည်ကျော် အမ်းတောင်ကြားလမ်းပေါ့။ ရခိုင်ဘက်ကိုဝင်ရင်
၁။ တောင်ဘက်ဖျားမှာ ဧရာဝတီတိုင်းထဲကနေ ‘ဂွ’ဘက်ကိုဖြတ်၊ သံတွဲကတစ်ဆင့် ဝင်တဲ့ တောင်ဘက်ဝင်လမ်း
၂။ ပြည်ကနေ တောင်ကုတ်ကို ဖြတ်ပြီး ဝင်နိုင်တဲ့ အလယ်ဝင်လမ်း
၃။မင်းဘူး-မဒါန်းကနေ အမ်းကို ဝင်မယ့် မြောက်ဘက်ဝင်လမ်းလို့ သုံးခုရှိမယ်ထင်တယ်။ ကျန်တာရှိလည်း တောတိုးရမယ့်လမ်းပဲနေမှာ။
နာမည်လိုက်မှတ်ရခက်တဲ့ မြို့နယ်တွေထဲမှာ ‘အမ်း’ကလည်း ထိပ်ဆုံးတန်းလောက်မှာပါတယ်။ ရွာစဉ်ကျဲလို့ပဲလားတော့မသိ၊ မြေပုံပေါ်တင်ထားတဲ့ အမည်အမှတ် သိပ်မရှိ။ သတင်းတွေမှာ ဒေသခေါ်တွေနဲ့ပြောတော့ ရှာရတာပိုခက်။
ခု အမ်းဘက်လမ်းမှာဆိုရင် အမ်းကနေ ရခိုင်ရိုးပေါ်မတက်ခင်၊ ‘ပတ်ကွေ့တံတား’၊ ‘ဆင်ခုံတိုင်တံတား’၊ ‘ပဲပဒုံ’မှာရှိတဲ့ တရုတ်ဓာတ်ငွေ့ပိုက်လိုင်း အဆောက်ဦတို့လောက်ပဲ မှတ်မှတ်မိမိရှိတယ်။ အဲဒါကျော်ရင် တောင်ပေါ်တကျောရောက်ပြီ။ ရခိုင်-မကွေး နယ်နိမိတ်ကိုကျော်ပြီး ပြည်မဘက်ဆင်းလာရင်တော့ ‘လင်းဒဲ’(ဒါတောင်ရွာက ကားလမ်းမပေါ်မဟုတ်)၊ ‘နတ်ရေကန်တောင်’ ‘ဂုတ်ကြီး’ ကျော်ပြီးရင် တောင်ခြေက ‘ဇင်ပြွန်း’ရောက်ကရော။ အဲဒီကဆက်သွားလိုက်ရင် ပဒါန်းလမ်းခွဲ။ ကျွန်တော်ကတော့ ပဒါန်းလမ်းခွဲကနေ ညာချိုးကွေ့ပြီး ပြည်ဘက် ဆက်မောင်းလာလိုက်ခဲ့တော့တယ်။ တည့်တည့်ဆက်သွားရင် မကွေး၊ ညာဘက်ချိုးဝင်ရင် မန်းစက်တော်ရာဆီ။
ဒီလမ်းဟာ မန်းဘက်ကနေ မကွေးကိုဖြတ်ပြီး ရခိုင်ထဲကို ကုန်စည်စီးဝင်ရာ အဓိကလမ်းမကြီးလည်း ဖြစ်မယ်ထင်တယ်။ နောက်တလမ်းက ကတော့ ပြည်-တောင်ကုတ်လမ်းပေါ့။ ဧရာဝတီဘက်ကလမ်းကတော့ ကုန်ကားတွေသိပ်မတွေ့ခဲ့ရဘူး။ ကိုယ်မမြင်တာလည်း ဖြစ်မှာ။

Credit to Nyein Aye Eain

image

image
2 yrs - Translate

နွေရာသီမှာ အပူအပင်ကင်းစွာ
ဘီယာသောက်နည်း😅

image
2 yrs - Translate

စိတ်တွက်နည်းနဲ့ အလျင်မြန်ဆုံးဂဏန်းပေါင်းပြနိုင်ခဲ့လို့ ကမ္ဘာ့ဂင်းနက်စ်စံချိန်ချိုးခဲ့တဲ့ ၈ တန်းကျောင်းသား

နာရှစ်ခ်မြို့၊ Delhi Public School က ၈ တန်းကျောင်းသားလေး အာရန် ရှုခလာဟာ five-digit numbers အလုံး၅၀ ကို စိတ်နဲ့ အမြန်ဆုံးပေါင်းပြနိုင်ခဲ့တဲ့အတွက် ကမ္ဘာ့ဂင်းနက်စ်စံချိန်တင်ခဲ့ပါတယ်။ ၂၀၂၄ ခုနှစ် ဖေဖော်ဝါရီ ၂၉ ရက်နေ့က မီလန်ရှိ Lo Show Dei Record အီတလီတီဗီရှိုးမှာ ၂၅.၁၉ စက္ကန့်အတွင်း စိတ်နဲ့ ပေါင်းပြပြီး စံချိန်တင်ခဲ့တာဖြစ်တယ်လို့ အာရန်ရဲ့ ကျောင်းရဲ့အင်စတာဂရမ်မှာ ဖော်ပြထားပါတယ်။

အာရန်က Global Mental Calculators Association (GMCA) ရဲ့တည်ထောင်သူဘုတ်အဖွဲ့ဝင်တွေထဲမှာ ပါဝင်ပါတယ်။ အာရန်က အသက် ၆ နှစ်ကတည်းက စိတ်နဲ့ သင်္ချာတွက်ချက်နည်းကို လေ့ကျင့်ခဲ့ပြီး အသက် ၁၂ နှစ်မှာတော့ ဂျာမနီနိုင်ငံမှာ Mental Calculation World Cup ဆုကို ရရှိခဲ့ပါတယ်။ အရင်ကလည်း နိုင်ငံတကာဆုတံဆိပ်များစွာ ရရှိခဲ့ဖူးပြီး ကမ္ဘာ့စံချိန်မျိုးစုံကိုလည်း ချိုးနိုင်ခဲ့ပါတယ်။

Ref: Class 8 Student From Nashik Sets Guinness World Record For Fastest Mental Addition

image
2 yrs - Translate

ဥပဒေပါ ထုတ်ထားရတဲ့ ကမ္ဘာ့ဈေးအကြီးဆုံးမှို

ဂျပန်နိုင်ငံမှ ထင်းရှူးမှို (matsutake mushroom)ဟာ ကမ္ဘာ့ဈေးအကြီးဆုံးမှိုဖြစ်ပြီး တစ်ပေါင်ကို အမေရိကန်ဒေါ်လာ ၅၀၀ အထိ ပေးရလေ့ရှိပါတယ်။ ထင်းရှူးမှိုတွေကို ကိုရီးယားကျွန်းဆွယ်၊ တရုတ်နဲ့ အမေရိကန်နိုင်ငံတွေမှာလည်း စိုက်ပျိုးလေ့ရှိပါတယ်။ ဒါပေမဲ့ ဂျပန်နိုင်ငံ (အထူးသဖြင့် ကျိုတိုမြို့တစ်ဝိုက်မှာ) စိုက်ပျိုးတဲ့ ထင်းရှူးမှိုကတော့ ဈေးအမြင့်ဆုံးပါပဲ။

ပြည်ပကနေ တင်သွင်းတဲ့ ထင်းရှူးမှိုတစ်ပေါင်က ဒေါ်လာ ၅၀ လောက်ပဲ ရှိပေမဲ့ ကျိုတိုမြို့မှာ စိုက်ပျိုးတဲ့ ထင်းရှူးမှိုကတော့ ၁၀ ဆ ပိုဈေးကြီးပါတယ်။ အဲဒီအတွက် ကွဲကွဲပြားပြား ဖြစ်အောင်လို့ ပြည်ပမှ တင်သွင်းလာတဲ့ မှိုတွေကို ရေဆေးပြီးမှ ဈေးကွက်မှာ ရောင်းချရမယ်၊ ပြည်တွင်းမှာ စိုက်ပျိုးတဲ့မှိုတွေကတော့ ရေမဆေးဘဲ ရောင်းချနိုင်တယ်လို့ ဂျပန်အစိုးရက ဥပဒေထုတ်ထားပါတယ်။

ဂျပန်မှာ စိုက်ပျိုးတဲ့ထင်းရှူးမှိုဟာ အနံ့ထူးခြားပြီး အသားဝါးနေရသလို အရသာမျိုး ရှိတယ်လို့ ဆိုပါတယ်။ ဒါ့အပြင် တော်တော်ရှားပါးတာကြောင့်လည်း ဈေးကြီးတာ ဖြစ်ပါတယ်။ လွန်ခဲ့တဲ့ နှစ် ၇၀ အတွင်း ဂျပန်ထင်းရှူးမှို အထွက်နှုန်းဟာ ၉၅ ရာခိုင်နှုန်းအထိ ကျဆင်းခဲ့ပါတယ်။ ဂျပန်ထင်းရှူးမှိုကို တစ်နှစ်မှာ တစ်ကြိမ်ပဲ (စက်တင်ဘာလမှ အောက်တိုဘာလကြား) ခူးဆွတ်လေ့ရှိပြီး ရာသီဥတုကြမ်းရင်လည်း အထွက်နှုန်း ကျဆင်းပါတယ်။

Ref:Matsutake Mushrooms – The World’s Most Expensive Mushrooms

image