2 နှစ်များ - ဘာသာပြန်ပါ။

Meizu က ဖုန်းမထုတ်ဘူးဆိုပြီး လောင်ခဲ့ကြတဲ့သူငယ်ချင်းတွေ ပျော်လို့ရပြီ Meizu 21 Series ထဲက Meizu 21 Note ကို May 16 ရက်နေ့မှာ မိတ်ဆက်ပါမယ်တဲ့

Meizu က ကြေငြာခဲ့တာက “Traditional Phone တွေမထုတ်ဘူးဆိုတာရယ် ၊ FlymeOS ကို AI Devices တွေမှာ သုံးလို့ရအောင်ရယ်” လုပ်မယ်ဆိုပြီးတော့ပါ ကျနော် အဲ့တုန်းထဲက ပြောခဲ့ပါတယ် AI Phone ဆိုပြီးထုတ်လာဦးမလားဆိုတာပါ

Meizu 21 Note ကတော့ ပုံစံက အရင်ကအတိုင်းပဲ 144Hz Refresh Rate ပါတဲ့ OLED Flat Display ၊ Flat Bezel ကိုမှ ထူးခြားတာက ကင်မရာ Ring မှာ RGB Light Ring ထည့်ပေးထားတာပဲ

Size က 6.8-inch အထိ ရှိနိုင်ပြီးတော့ Snapdragon 8 Gen2 ကို သုံးပေးထားမယ် သတင်းထွက်နေတယ်

AI ပိုင်းက ဒီမှာလာပါမယ် Flyme AIOS ကို သုံးပေးထားပါမယ်တဲ့ ဆိုတော့ ဘယ်လို AI ပေါင်းစပ်မှုတွေမြင်ရမလဲ စောင့်ကြည့် ရတော့မယ်

စျေးကတော့ $400 ဝန်းကျင် ဖုန်းဖြစ်မယ်လို့ခန့်မှန်းနေကြပါတယ်

image
2 နှစ်များ - ဘာသာပြန်ပါ။

Gerbera daisy 💛💛💛

image
2 နှစ်များ - ဘာသာပြန်ပါ။

Gerbera daisy 💛💛💛

image
2 နှစ်များ - ဘာသာပြန်ပါ။

Gerbera daisy 💛💛💛

image
2 နှစ်များ - ဘာသာပြန်ပါ။

Gerbera daisy 💛💛💛

image
image
image

ချစ်စရာကောင်းသောလေး ❤

2 နှစ်များ - ဘာသာပြန်ပါ။

အလုပ်နှစ်ခု သုံးခုကို တပြိုင်နက်တည်း လုပ်တာဟာ ဦးနှောက်ကို ထိခိုက်စေနိုင်

တစ်ချိန်တည်းမှာ အလုပ် နှစ်ခု၊ သုံးခု လုပ်ရတာကို အချိန်ကုန်သက်သာလို့ သဘောကျတဲ့ လူတွေ ရှိပါတယ်။

ဒါပေမဲ့ ဒီလိုလုပ်တာတွေ များလာတာနဲ့ အမျှ ဦးနှောက်ရဲ့ လုပ်ဆောင်မှုနဲ့ မှတ်ဉာဏ်ကို သိသိသာသာ ထိခိုက်စေတတ်ပါတယ်တဲ့။ ဒီလို အလုပ် နှစ်ခု၊ သုံးခု လုပ်တယ်ဆိုတဲ့ နေရာမှာ ပီကေ ဝါးရင်း လမ်းလျှောက်တာမျိုးလောက်ကို ပြောတာမဟုတ်ပါဘူး။ ကားမောင်းရင်း ဖုန်းပြောတာလို အာရုံစိုက်ရတဲ့ အလုပ် နှစ်ခု၊ သုံးခု တပြိုင်တည်း လုပ်ရတာမျိုးကို ပြောတာပါ။

ထင်သာ မြင်သာတဲ့ ဥပမာ ပြရရင် စာဖတ်သူဟာ ရေခဲသေတ္တာထဲက စားစရာတစ်ခုခု သွားယူစားမယ်။ လမ်းမှာ ဖုန်းတစ်ခု ဝင်လာလို့ ဖြေရင်း၊ စကားပြောရင်းနဲ့ အိပ်ခန်းထဲမှာ လှဲရင်း ဖုန်းပြောနေမိမယ်။ နောက်တော့မှ ရေခဲသေတ္တာဆီ သွားနေတာပဲ ဆိုတာ သတိရလာမယ်။ ဒီလို အဖြစ်မျိုး လူတော်တော်များများ ဖြစ်ဖူးပါလိမ့်မယ်။ အဲဒီ သဘောပါပဲ။

စတန်းဖို့ဒ် တက္ကသိုလ်မှာ ပြုလုပ်ခဲ့တဲ့ စမ်းသပ်ချက်တစ်ခုမှာ ကျောင်းသားတွေကို အလုပ်နှစ်ခုသုံးခု တပြိုင်တည်း လုပ်တတ်သူ (multi-taskers) တွေနဲ့ တစ်ချိန်မှာ အလုပ်တစ်ခုတည်းသာ လုပ်တတ်သူတွေဆိုပြီး ၂ စု ခွဲခြားခဲ့ပါတယ်။ အဲဒီမှာ တွေ့ရှိချက်အရ အလုပ်တွေ စုပြုံလုပ်တတ်သူတွေဟာ ပြင်ပက ရရှိတဲ့ သတင်းအချက်အလက်တွေကို ဆီလျော်မှု၊ မှန်ကန်မှု ရှိမရှိခွဲခြားတဲ့ နေရာမှာ ကျန်တဲ့သူတွေထက် အားနည်းကြောင်း တွေ့ရှိခဲ့ရပါတယ်။ ဒါ့အပြင် အလုပ်တွေအများကြီးကို တထိုင်တည်း ဖြေရှင်းလုပ်ကိုင်တတ်သူတွေမှာ ကာလကြာရှည် စိတ်ဖိစီးမှု ဝေဒနာတွေလည်း ခံစားလာရတတ်ပါတယ် တဲ့။

Ref: HEALTH: “Why Multitasking May Be Bad for Your Brain”

image
2 နှစ်များ - ဘာသာပြန်ပါ။

Canada at night 💙💙💙💙

image
2 နှစ်များ - ဘာသာပြန်ပါ။

အလုပ်ရှင် သေဆုံးပြီးနောက် အမွေဆက်ခံရနိုင်ဖွယ်ရှိတဲ့ ထိုင်းအိမ်အကူ

ထိုင်းလူမျိုးအိမ်ကူတစ်ဦးဟာ သူ့ရဲ့အလုပ်ရှင် သေဆုံးပြီးနောက် အလုပ်ရှင်ရဲ့ပိုင်ဆိုင်မှုတွေဖြစ်တဲ့ ဘတ် သန်း ၁၀၀ (စင်ကာပူဒေါ်လာ ၃.၇ သန်း) ကို အမွေဆက်ခံရမယ်လို့ သိရပါတယ်။ သူ့ရဲ့အလုပ်ရှင်က မေလ ၆ ရက်နေ့မှာ သေဆုံးသွားခဲ့တာပါ။

အလုပ်ရှင်ဖြစ်တဲ့ အသက် ၅၉ နှစ်အရွယ် ပြင်သစ်စီးပွားရေးလုပ်ငန်းရှင်အမျိုးသမီးဖြစ်သူ ကက်သရင်း ဒယ်လကိုကို သူ့ရဲ့ ဗီလာရှိ ရေကူးကန်ဘေးမှာဘယ်ဖက်နားထင်သေနတ်ဒဏ်ရာနဲ့ သေဆုံးလျက်တွေ့ရှိခဲ့ရတာပါ။ သေနတ်နဲ့ နားထင်ကို ပစ်ပြီး ကိုယ့်ကိုယ်ကို သတ်သေခဲ့တယ်ဆိုတာကိုလည်း သူ့ဘက်ဖက်လက်ကနေ စစ်ဆေးတွေ့ရှိခဲ့ရတယ်လို့ သတင်းထွက်ရှိထားပါတယ်။

အသက် ၄၉ နှစ်အရွယ် နဝါလိုင်ဖုပွန်တရဲ့ပြောကြားချက်အရ ကက်သရင်းက ကင်ဆာရောဂါခံစားနေခဲ့ရပေမဲ့ ကိုယ့်ကိုယ်ကိုသတ်သေဖို့ တစ်စုံတစ်ရာအရိပ်အယောင်ပြခဲ့တာမရှိခဲ့ဘူးလို့တော့ ပြောပါတယ်။

ကက်သရင်း မသေဆုံးခင် နာရေးစရိတ်ဖြေရှင်းဖို့အတွက် နဝါလိုင်ကို ဘတ် ၅ သိန်း လွှဲပေးခဲ့တယ်။ လူတော်တော်များများကိုလည်း အိမ်အကူအဖြစ် ၁၇ နှစ်တာ လုပ်ကိုင်နေခဲ့တဲ့ နဝါလိုင်ကို သူ့ရဲ့ပိုင်ဆိုင်မှုတွေ ပေးသွားမယ်ဆိုတဲ့ စာတွေ ပို့ခဲ့တယ်လို့ သိရပါတယ်။

ကက်သရင်း သေဆုံးချိန်မှာ သူ့ရဲ့ပိုင်ဆိုင်မှုတွေမှာ ရေကူးကန်ပါ ဗီလာ ၅ ခု၊ စတုရန်းမီတာ ၃၂၀၀ ကျယ်ဝန်းတဲ့မြေကွက်၊ ငွေသား၊ ကားနဲ့ အခြားပိုင်ဆိုင်မှုတွေ ပါဝင်ပါတယ်။ သူဟာ မတည် ရင်းနှီးငွေ ဘတ် ၂ သန်းနဲ့ ဟိုတယ်စီးပွားရေးလုပ်ငန်းတစ်ခုလည်း ပိုင်ဆိုင်ပါတယ်။ ကက်သရင်းက သူ့ခင်ပွန်းနဲ့ ကွာရှင်းခဲ့ပြီး ဗီလာမှာ တစ်ယောက်တည်းနေထိုင်ခဲ့တာပါ။

ကက်သရင်းရဲ့ ဘတ် သန်း ၁၀၀ ပိုင်ဆိုင်မှုတွေကို နဝါလိုင်ကို လွှဲပြောင်းပေးဖို့လုပ်ငန်းစဉ်က ရှုပ်ထွေးနေပါတယ်။ လက်ရှိမှာ ထိုင်းအာဏာပိုင်တွေက နဝါလိုင်ဟာ ပိုင်ဆိုင်မှုတွေကို ချက်ချင်းအမွေပေးဖို့ ဆက်ခံလို့ရမရ စုံစမ်းစစ်ဆေးနေပါတယ်။ တာဝန်ရှိသူတွေက ဟိုတယ်လုပ်ငန်းလုပ်ကိုင်တဲ့ ကက်သရင်းရဲ့ကုမ္ပဏီမှာ ရှယ်ယာပိုင်ဆိုင်မှုအချိုးအစားကိုလည်း စုံစမ်းနေပါတယ်။

ကက်သရင်းရဲ့ကုမ္ပဏီမှာ အစုရှယ်ယာရှင် ၃ ဦးပိုင်ဆိုင်ထားပါတယ်။ ကက်သရင်းက လုပ်ငန်းမှာ အစုရှယ်ယာ ၄၉ ရာခိုင်နှုန်း၊ ထိုင်းစီးပွားရေးလုပ်ငန်းရှင်တစ်ဦးက ရှယ်ယာ ၃၅ ရာခိုင်နှုန်းနဲ့ ထိုင်းစီးပွားရေးလုပ်ငန်းရှင်မတစ်ဦးက ရှယ်ယာ ၁၆ ရာခိုင်နှုန်း ပိုင်ဆိုင်ထားပါတယ်။

Koh Samui ခရီးသွားလုပ်ငန်းအဖွဲ့ဥက္ကဋ္ဌက ထိုင်းအစုရှယ်ယာရှင်နှစ်ဦးဟာ ပိုင်ဆိုင်မှုလွှဲပြောင်းခြင်းကို အတည်ပြုဖို့ လိုအပ်တယ်လို့ ဆိုပါတယ်။ ကက်သရင်းရဲ့ကုမ္ပဏီက ထိုင်း အရာရှိတွေနဲ့တရားမ၀င် ပတ်သက်မှုရှိမရှိကိုလည်း ထိုင်းတာဝန်ရှိသူတွေက စုံစမ်းစစ်ဆေးလျက်ရှိပါတယ်။

Ref: Thai housekeeper inherits S$3.7 million after employer's suspected suicide

image

Chocolate pancakes with Strawberries ❤