1 ပတ် - ဘာသာပြန်ပါ။

🍲ဝက်သားနီချက် ချက်နည်း🍲
ပါဝင်ပစ္စည်း
ဂျင်း
ကြက်သွန်ဖြူ /နီ
ဆား
သကြား
Sweet soy sauce
🧅ဝက်သားကို ဆား ဂျင်းအရည်နဲ့ နှပ်ထားပါ
🧅 သကြားကို ဆီနည်းနည်းနဲ့ အညို​အောင်​ပြောင်း​အောင် ကြော်ပါ… မီးအလယ်အလတ်သာထားပါ…
🧅အ​ရောင်​ပြောင်းသွားတဲ့သကြားထဲကို ဝက်သားထည့်ပီး​မွှေပါ… ဝက်သား​တွေ ရဲတက်လာရင် ဂျင်း ကြက်သွန်ဖြူနုတ်နုတ်စင်းထားတာထည့်ပါ
🧅ကြက်သွန်နီကို ကြီးကြီးလှီးထည့်ပါ… အနှစ်များရချင်ရင်ပိုထည့်ပါ… ကျမက​တော့ အနှစ်​လေးပါတာပိုကြိုက်ပါတယ်
🧅အားလုံး​မွှေပီး ဝက်သား​တွေလည်း အ​ပေါ်ယံတင်း​နေပီဆို ရေထည့်ပီး မီး​လျော့ချက်ပါ
🧅ဝက်သား​တွေ နူးအိပီး​ရေလည်းခမ်းခါနီးရင် sweet soy sauce နည်းနည်းထည့်လိုက်ပါ…
ဒါဆိုရင်​တော့ ရေခမ်းသွားရင် နူးအိပီး စားချင်စဖွယ် ဝက်သားနီ​လေးရပါပီ …
#ဝက်သားနီချက်

image