🍲ဝက်သားနီချက် ချက်နည်း🍲
ပါဝင်ပစ္စည်း
ဂျင်း
ကြက်သွန်ဖြူ /နီ
ဆား
သကြား
Sweet soy sauce
🧅ဝက်သားကို ဆား ဂျင်းအရည်နဲ့ နှပ်ထားပါ
🧅 သကြားကို ဆီနည်းနည်းနဲ့ အညိုအောင်ပြောင်းအောင် ကြော်ပါ… မီးအလယ်အလတ်သာထားပါ…
🧅အရောင်ပြောင်းသွားတဲ့သကြားထဲကို ဝက်သားထည့်ပီးမွှေပါ… ဝက်သားတွေ ရဲတက်လာရင် ဂျင်း ကြက်သွန်ဖြူနုတ်နုတ်စင်းထားတာထည့်ပါ
🧅ကြက်သွန်နီကို ကြီးကြီးလှီးထည့်ပါ… အနှစ်များရချင်ရင်ပိုထည့်ပါ… ကျမကတော့ အနှစ်လေးပါတာပိုကြိုက်ပါတယ်
🧅အားလုံးမွှေပီး ဝက်သားတွေလည်း အပေါ်ယံတင်းနေပီဆို ရေထည့်ပီး မီးလျော့ချက်ပါ
🧅ဝက်သားတွေ နူးအိပီးရေလည်းခမ်းခါနီးရင် sweet soy sauce နည်းနည်းထည့်လိုက်ပါ…
ဒါဆိုရင်တော့ ရေခမ်းသွားရင် နူးအိပီး စားချင်စဖွယ် ဝက်သားနီလေးရပါပီ …
#ဝက်သားနီချက်
