ရပ်ကွက်ထဲကဆေးအခေါ်တွေ
သိစေချင်တာပါ..မူရင်းဒေါက်တာကို crd ပေးပါတယ်..
"ပြော​တော့သာ ဆရာဝန်တဲ့
ငါ​ပြောတဲ့ ​ဆေး​တွေလည်း တစ်ခုမှ မသိလို့ အိမ်ပြန်ယူခိုင်း​နေ​သေးတယ် "
အနှီ စကားများကို ပွစိ ပွစိ နှင့် မကြားကြား​အောင် ​ပြော၍ ​​ဒေါက်တာ​ဒေါ့ခ် ၏ ဆေးခန်းထဲမှ ထွက်သွားသူ အ​ဒေါ်ကြီးကို ကြည့်၍ မိမိ ပါးစပ်အ​ဟောင်းသားနှင့် ကျန်ခဲ့​လေပြီ။
ဖြစ်ပုံက ဒီလို . . .
လွန်ခဲ့တဲ့ ၅ နှစ်​လောက်က နယ်ဖက်မှာ ​ရောက်တုန်း ​ဆေးခန်း​လေး ဖွင့်ဖြစ်တယ်​ပေါ့​လေ။
အဲ့မှာ ခုနက ပွစိ လူနာအ​ဒေါ်ကြီး ​ရောက်လာတာ
"ကဲ လာ ​ဒေါ်ကြီး ၊ ဘာဖြစ် ? "
"ဒလို ဆရာ​ရေ၊ ဘယ်လို​ပြောရမလဲ​တောင် မသိပါဘူး "
" ဗမာလိုပဲ ​ပြောပါ​လေ ၊ ကျွန်​တော်က ဒါပဲ နားလည်တာ 😁"
"ဆရာက​နောက်ပြီ ၊ ဒီလို ဆရာ​ရေ ၊ လပြည့်​ကျော် ၃ ရက်​နေ့ က လယ်ထဲသွားရင်း ​ကောက်လှိုင်းစည်း မ ​တော့ ၊ မြက် ခနဲ ​​ကျောဖက်က ​အောင့်ပြီး ​ခြေ​ထောက်ဖက်ထိ ပူဆင်းသွားတာ ၊ အဲ့တာနဲ့ အိမ်ပြန်​ရောက်​တော့ ဝက်သုံး​ကောင် ​နဲ့ ဒညင်းပြား ​သောက်လိုက်တယ်၊ ခဏ​တော့ သက်သာသွားတယ်၊ ​နောက် ရက်​​တွေ ပြန်နာလို့ ​ယောကျာ်းဆီက ​လောင်ဇာ ​​နဲ့ နှစ်​ရောင်စပ် တွဲ​သောက်မှ အဆင်​ပြေသွားတာ၊ အဲ့ဒီနာတဲ့ ဒဏ်နဲ့ အစား​အ​သောက်​တွေပျက် အလုပ်​တောင် ​သေချာမလုပ်နိုင်ပါဘူး ဆရာရယ်၊ ခါတိုင်းက​တော့ ​ကျောပြာ ​လေး ၁​နေ့ ၁လုံး​သောက်ဖြစ်တယ်၊ခု​တော့ဝယ်မရလို့ မိသားစု ​ဆေး ​သောက်​နေတာပဲ ၊ အဲ့တာ လိုအပ်တာ​လေး စမ်းသပ်ပြီး ပူရှိန်း​ဆေး​လေး လွှတ်​ပေးလိုက်ပါအုန်း "
" အဟင့် ၊ ဘယ်လို၊ ဘယ်လို ၊ ဘာ​တွေ​သောက်​နေတာလား ၊ ဘာ​ဆေးထိုးရမှာ ? " ​ဟွာ​​လေ ၊ ​နောက်တစ်​ခေါက်​လောက် ​သောက်​နေတဲ့ ​ဆေး​တွေ ပြန်​ပြောကြည့်ပါလား ​ဒေါ်ကြီး"
အထက်ပါ စကားများ ကြားပြီး​နောက် မိမိ တစ်​ယောက် ငိုမဲ့မဲ့ နဲ့စားပွဲ​ပေါ်က ​ဆေးစာအုပ်ကြီးပဲ ​ပြေးကိုင်ပြီး ရှာရမလို၊ထိုင်ရမလို ထရမလို၊ ပုဆိုးပဲ ပြန်စီးရမလိုနဲ့ ​ချွေး​တွေ ဘူးသီးလုံး​လောက် ကျလာပါပြီ။
ငါ ​ကျောင်းတုန်းက အဲ့အခန်းများ ​​ရှောင် ကျက်မိတာများလား၊၊ဒီ​ဆေး​တွေက ငါမသိခင်များ ထုတ်လိုက်တာများလား၊ ဘုရား ဘုရား ​ခေါင်း​တွေမူးလိုက်တာ၊
"ကဲ ၊ ဒီလိုလုပ် ​ဒေါ်ကြီး၊ အမှန်တိုင်း​ပြောရင် ခုနက ​​ဆေး​တွေက ​သေချာမသိလို့ရယ် ၊ အိမ်ပြန်ယူလိုက်ပါလား၊ ကျွန်​တော်ကြည့်​ပေးမယ်​လေ၊ ပြီးမှ လိုအပ်တာ ဆက်ကုကြတာ​ပေါ့​နော် . ​နော်လို့ 🥺"
ဆိုပြီး အတင်း​တောင်းပန်ပြီး အိမ်ပြန်ယူခိုင်းတာ၊ အ​စောပိုင်းက စကား​​တွေကြားရ​တော့ပါပဲဗျာ။
တို့လူမျိုး​တွေက ​မြန်မာနိုင်ငံ​ရောက်တဲ့ ကား​တွေတင် နာမည်​ပေး​​တော်တာ မဟုတ်ဘူး။ အင်္ဂလိပ်​ဆေး​တွေပါ မြန်မာမှု ပြုပစ်တာ ၊ကြာလို့ 🙄
​ပြောရရင် အဲ့တုန်းက သိုင်း​လောကထဲမှာ နုစဥ်အခါကမို့ ချုံခိုတိုက်တဲ့ လက်နက်ပုန်း ဒဏ်မိသွားတာ၊ အခုများ​တော့ ဒါမျိုးလာစမ်းလို့မရ​တော့ဘူး၊
အဲ့ဖြစ်စဥ်ဖြစ်ပြီးတည်းက မြို့ထဲက အသိ ဆေးဆိုင် သွားသွားထိုင်​ပြီး စာအုပ်နဲ့ကို မှတ်ပြီး သိုင်းကျမ်းထုတ်ပလိုက်တာ😎😎😎
ခုလာကြည့်ပါလား
ကုလား၄​ကောင်၊ဝက်၃​ကောင် မကလို့ ၊စက်ရုပ်၊ဂျစ်ကား ၊မြှား၃​ချောင်း၊ ​ဆေးလင်မယား၊ လက်ညိုး၊နှစ်လုံး​ဆေး၊ ခ​မောက်၊ သခွား​စေ့ထိ ကြိုက်တဲ့ဖက်က စမ်းလိုက်စမ်းပါ၊
အာဇာနည် ဆေး​တောင် ပြန်တိုက်​ပေးလိုက်အုန်းမယ်၊
ဘာမှတ် 😁😁
​အဲ့​တော့မှာချင်တာက ဂျူနီယာ အ​ပေါင်း သူ​တော်​ကောင်း တို့လည်း ​ဆေးခန်းဖွင့်မယ်ဆိုရင် ရပ်ကွက်ထဲက ​ဆေးဆိုင်အ​ခေါ်အ​​ဝေါ်​လေး​တွေ အရင် လိုက်မှတ်ပြီးမှ ဖွင့်တာ ပိုအဆင်​ပြေမှာဖြစ်​ကြောင်း. . .။
တို့ BNF တို့ MIMS တို့က ရပ်ကွက်ထဲ​ရောက်ရင် သုံးမရ​တော့ဘူးရယ်🙄
ခက်ဆစ်
ဝက် ၃​ကောင် -Hawksone
ကုလား၄​ကောင် -Mixagrip
ဒညင်းပြား -Digene အပြား
​ကျောပြာ - Neurobian အပြာ​ရောင်
​လောင်စာ -Noxa
နှစ်​ရောင်စပ်/​ဆေးလင်မယား - Alanxan
မိသားစု​ဆေး / ဂျစ်ကား - Cypro
စက်ရုပ် -Martian က​လေးအား​ဆေး
မြှား ၃​ချောင်း - Atussin
၂ လုံး​ဆေး -ECEE 2
လက်ညိုး- တား​ဆေး
ခ​မောက်​ဆေး- Amlong
သခွား​​ဆေး- DMR
ထပ်ဖြည့်ပေးမယ်နော် ဆရာ😁
ဆိုလိုဂျင် - siloxogene
သွေးကျဆေး ခမောက် - amlong
အမှန်ခြစ် သွေးကျဆေး - catenol
မျက်စဥ်း အစိမ်း- V Rotho
ဘဲနှုတ်သီး - Itrodex / Benesol N
မိုးစက် - Dexopic N/ Cooleye
ဆေးဝါ - Septidine
ငှက်နှစ်ကောင် - Synlar
မီတူရူသာလာဇာ - metro
no တစ် - Biogesic
နှစ်ဖက်ချွန် - Tothema
ဒုံးကျည် - suppo
လက်ပစ်ဗ-ုုံး - Enema
အပေါ့စစ် - ဆီးစစ်
ဝမ်းပြာကတ် - Delax
မက်ဒန့် - Metformin dank
ဆေးဂျောက်ဂျက် - Omeprazole
သခွါးစေ့ ချောင်းဆိုး - Dextro
ပါရာစိမ်း - Paracap
ဘဲဥ အားဆေး - multivita
ဆေးစိမ်းဂျယ် - Green oit
ဖင်ကုန်း အားဆေး - Cypon drop
ဆေးဇကာ - sofratulle
ဆေးပေါင်ဒါ- Cigatrim pd
မောင်တီးလုံး အစာအိမ်ဆေး - Ranitidine
ထီးကလေးနဲ့ - Nokole
ဆေးလင်မယား - Alaxan
ကိုက်ခဲကြည်စိမ်းတောင့် - Gofen ........... အများကြီးရှိသေးတယ်ဆရာ
စဥ်းစားမရတော့လို့🙄

image