ရပ်ကွက်ထဲကဆေးအခေါ်တွေ
သိစေချင်တာပါ..မူရင်းဒေါက်တာကို crd ပေးပါတယ်..
"ပြောတော့သာ ဆရာဝန်တဲ့
ငါပြောတဲ့ ဆေးတွေလည်း တစ်ခုမှ မသိလို့ အိမ်ပြန်ယူခိုင်းနေသေးတယ် "
အနှီ စကားများကို ပွစိ ပွစိ နှင့် မကြားကြားအောင် ပြော၍ ဒေါက်တာဒေါ့ခ် ၏ ဆေးခန်းထဲမှ ထွက်သွားသူ အဒေါ်ကြီးကို ကြည့်၍ မိမိ ပါးစပ်အဟောင်းသားနှင့် ကျန်ခဲ့လေပြီ။
ဖြစ်ပုံက ဒီလို . . .
လွန်ခဲ့တဲ့ ၅ နှစ်လောက်က နယ်ဖက်မှာ ရောက်တုန်း ဆေးခန်းလေး ဖွင့်ဖြစ်တယ်ပေါ့လေ။
အဲ့မှာ ခုနက ပွစိ လူနာအဒေါ်ကြီး ရောက်လာတာ
"ကဲ လာ ဒေါ်ကြီး ၊ ဘာဖြစ် ? "
"ဒလို ဆရာရေ၊ ဘယ်လိုပြောရမလဲတောင် မသိပါဘူး "
" ဗမာလိုပဲ ပြောပါလေ ၊ ကျွန်တော်က ဒါပဲ နားလည်တာ 😁"
"ဆရာကနောက်ပြီ ၊ ဒီလို ဆရာရေ ၊ လပြည့်ကျော် ၃ ရက်နေ့ က လယ်ထဲသွားရင်း ကောက်လှိုင်းစည်း မ တော့ ၊ မြက် ခနဲ ကျောဖက်က အောင့်ပြီး ခြေထောက်ဖက်ထိ ပူဆင်းသွားတာ ၊ အဲ့တာနဲ့ အိမ်ပြန်ရောက်တော့ ဝက်သုံးကောင် နဲ့ ဒညင်းပြား သောက်လိုက်တယ်၊ ခဏတော့ သက်သာသွားတယ်၊ နောက် ရက်တွေ ပြန်နာလို့ ယောကျာ်းဆီက လောင်ဇာ နဲ့ နှစ်ရောင်စပ် တွဲသောက်မှ အဆင်ပြေသွားတာ၊ အဲ့ဒီနာတဲ့ ဒဏ်နဲ့ အစားအသောက်တွေပျက် အလုပ်တောင် သေချာမလုပ်နိုင်ပါဘူး ဆရာရယ်၊ ခါတိုင်းကတော့ ကျောပြာ လေး ၁နေ့ ၁လုံးသောက်ဖြစ်တယ်၊ခုတော့ဝယ်မရလို့ မိသားစု ဆေး သောက်နေတာပဲ ၊ အဲ့တာ လိုအပ်တာလေး စမ်းသပ်ပြီး ပူရှိန်းဆေးလေး လွှတ်ပေးလိုက်ပါအုန်း "
" အဟင့် ၊ ဘယ်လို၊ ဘယ်လို ၊ ဘာတွေသောက်နေတာလား ၊ ဘာဆေးထိုးရမှာ ? " ဟွာလေ ၊ နောက်တစ်ခေါက်လောက် သောက်နေတဲ့ ဆေးတွေ ပြန်ပြောကြည့်ပါလား ဒေါ်ကြီး"
အထက်ပါ စကားများ ကြားပြီးနောက် မိမိ တစ်ယောက် ငိုမဲ့မဲ့ နဲ့စားပွဲပေါ်က ဆေးစာအုပ်ကြီးပဲ ပြေးကိုင်ပြီး ရှာရမလို၊ထိုင်ရမလို ထရမလို၊ ပုဆိုးပဲ ပြန်စီးရမလိုနဲ့ ချွေးတွေ ဘူးသီးလုံးလောက် ကျလာပါပြီ။
ငါ ကျောင်းတုန်းက အဲ့အခန်းများ ရှောင် ကျက်မိတာများလား၊၊ဒီဆေးတွေက ငါမသိခင်များ ထုတ်လိုက်တာများလား၊ ဘုရား ဘုရား ခေါင်းတွေမူးလိုက်တာ၊
"ကဲ ၊ ဒီလိုလုပ် ဒေါ်ကြီး၊ အမှန်တိုင်းပြောရင် ခုနက ဆေးတွေက သေချာမသိလို့ရယ် ၊ အိမ်ပြန်ယူလိုက်ပါလား၊ ကျွန်တော်ကြည့်ပေးမယ်လေ၊ ပြီးမှ လိုအပ်တာ ဆက်ကုကြတာပေါ့နော် . နော်လို့ 🥺"
ဆိုပြီး အတင်းတောင်းပန်ပြီး အိမ်ပြန်ယူခိုင်းတာ၊ အစောပိုင်းက စကားတွေကြားရတော့ပါပဲဗျာ။
တို့လူမျိုးတွေက မြန်မာနိုင်ငံရောက်တဲ့ ကားတွေတင် နာမည်ပေးတော်တာ မဟုတ်ဘူး။ အင်္ဂလိပ်ဆေးတွေပါ မြန်မာမှု ပြုပစ်တာ ၊ကြာလို့ 🙄
ပြောရရင် အဲ့တုန်းက သိုင်းလောကထဲမှာ နုစဥ်အခါကမို့ ချုံခိုတိုက်တဲ့ လက်နက်ပုန်း ဒဏ်မိသွားတာ၊ အခုများတော့ ဒါမျိုးလာစမ်းလို့မရတော့ဘူး၊
အဲ့ဖြစ်စဥ်ဖြစ်ပြီးတည်းက မြို့ထဲက အသိ ဆေးဆိုင် သွားသွားထိုင်ပြီး စာအုပ်နဲ့ကို မှတ်ပြီး သိုင်းကျမ်းထုတ်ပလိုက်တာ😎😎😎
ခုလာကြည့်ပါလား
ကုလား၄ကောင်၊ဝက်၃ကောင် မကလို့ ၊စက်ရုပ်၊ဂျစ်ကား ၊မြှား၃ချောင်း၊ ဆေးလင်မယား၊ လက်ညိုး၊နှစ်လုံးဆေး၊ ခမောက်၊ သခွားစေ့ထိ ကြိုက်တဲ့ဖက်က စမ်းလိုက်စမ်းပါ၊
အာဇာနည် ဆေးတောင် ပြန်တိုက်ပေးလိုက်အုန်းမယ်၊
ဘာမှတ် 😁😁
အဲ့တော့မှာချင်တာက ဂျူနီယာ အပေါင်း သူတော်ကောင်း တို့လည်း ဆေးခန်းဖွင့်မယ်ဆိုရင် ရပ်ကွက်ထဲက ဆေးဆိုင်အခေါ်အဝေါ်လေးတွေ အရင် လိုက်မှတ်ပြီးမှ ဖွင့်တာ ပိုအဆင်ပြေမှာဖြစ်ကြောင်း. . .။
တို့ BNF တို့ MIMS တို့က ရပ်ကွက်ထဲရောက်ရင် သုံးမရတော့ဘူးရယ်🙄
ခက်ဆစ်
ဝက် ၃ကောင် -Hawksone
ကုလား၄ကောင် -Mixagrip
ဒညင်းပြား -Digene အပြား
ကျောပြာ - Neurobian အပြာရောင်
လောင်စာ -Noxa
နှစ်ရောင်စပ်/ဆေးလင်မယား - Alanxan
မိသားစုဆေး / ဂျစ်ကား - Cypro
စက်ရုပ် -Martian ကလေးအားဆေး
မြှား ၃ချောင်း - Atussin
၂ လုံးဆေး -ECEE 2
လက်ညိုး- တားဆေး
ခမောက်ဆေး- Amlong
သခွားဆေး- DMR
ထပ်ဖြည့်ပေးမယ်နော် ဆရာ😁
ဆိုလိုဂျင် - siloxogene
သွေးကျဆေး ခမောက် - amlong
အမှန်ခြစ် သွေးကျဆေး - catenol
မျက်စဥ်း အစိမ်း- V Rotho
ဘဲနှုတ်သီး - Itrodex / Benesol N
မိုးစက် - Dexopic N/ Cooleye
ဆေးဝါ - Septidine
ငှက်နှစ်ကောင် - Synlar
မီတူရူသာလာဇာ - metro
no တစ် - Biogesic
နှစ်ဖက်ချွန် - Tothema
ဒုံးကျည် - suppo
လက်ပစ်ဗ-ုုံး - Enema
အပေါ့စစ် - ဆီးစစ်
ဝမ်းပြာကတ် - Delax
မက်ဒန့် - Metformin dank
ဆေးဂျောက်ဂျက် - Omeprazole
သခွါးစေ့ ချောင်းဆိုး - Dextro
ပါရာစိမ်း - Paracap
ဘဲဥ အားဆေး - multivita
ဆေးစိမ်းဂျယ် - Green oit
ဖင်ကုန်း အားဆေး - Cypon drop
ဆေးဇကာ - sofratulle
ဆေးပေါင်ဒါ- Cigatrim pd
မောင်တီးလုံး အစာအိမ်ဆေး - Ranitidine
ထီးကလေးနဲ့ - Nokole
ဆေးလင်မယား - Alaxan
ကိုက်ခဲကြည်စိမ်းတောင့် - Gofen ........... အများကြီးရှိသေးတယ်ဆရာ
စဥ်းစားမရတော့လို့🙄