7 ပတ် - ဘာသာပြန်ပါ။

Johnny Depp ကို Warner Bros. က Fantastic Beasts ရုပ်ရှင်ကနေ ထုတ်လိုက်တော့ စိတ်ထဲမှာ "f*ck you" ဆိုပြီး ဆဲမိလိုက်တယ်!
Studio က သူ့ကို ၂၀၂၀ မှာ အမှုဖြစ်ပြီး ရှုံးသွားလို့ နောက်တစ်နေ့မှာပဲ ရုပ်ရှင်ကနေ နုတ်ထွက်ဖို့ တောင်းဆိုခဲ့တယ်လို့ပြောခဲ့ပါတယ်။​
Johnny က သူ့မိန်းမကို ရိုက်တယ်လို့ စွပ်စွဲခံရပြီး တရားရုံးကလည်း ဒီအမှုဟာ မှန်ကန်တယ်လို့ ဆုံးဖြတ်ချက်ချလိုက်ပြီးတဲ့နောက်မှာပဲ​ Johnny Depp ဟာ ဘဝစပျက်ခဲ့ရပါတယ်။
အဲ့အချိန် Johnny Depp ဟာ Fantastic Beasts ရဲ့ နောက်ဆက်တွဲရုပ်ရှင်အတွက် တစ်ရက်ပဲ ရိုက်ကူးထားရပါသေးတယ်။
ငါ ရုပ်ရှင်ရိုက်နေတုန်းမှာပဲ သူတို့က ‘မင်း ဒီရုပ်ရှင်က နှုတ်ထွက်ပေးမလား’ လို့ ပြောလာပါတယ်။​ ငါထင်တာကတော့ ငါ အသက်ကြီးလာလို့ ငါ့ကို အနားယူစေချင်တာလားလို့ စိတ်ထဲမှာ တွေးမိတယ်လို့ Johnny က ပြန်ပြောပြလာပါတယ်။

image