Johnny Depp ကို Warner Bros. က Fantastic Beasts ရုပ်ရှင်ကနေ ထုတ်လိုက်တော့ စိတ်ထဲမှာ "f*ck you" ဆိုပြီး ဆဲမိလိုက်တယ်!
Studio က သူ့ကို ၂၀၂၀ မှာ အမှုဖြစ်ပြီး ရှုံးသွားလို့ နောက်တစ်နေ့မှာပဲ ရုပ်ရှင်ကနေ နုတ်ထွက်ဖို့ တောင်းဆိုခဲ့တယ်လို့ပြောခဲ့ပါတယ်။
Johnny က သူ့မိန်းမကို ရိုက်တယ်လို့ စွပ်စွဲခံရပြီး တရားရုံးကလည်း ဒီအမှုဟာ မှန်ကန်တယ်လို့ ဆုံးဖြတ်ချက်ချလိုက်ပြီးတဲ့နောက်မှာပဲ Johnny Depp ဟာ ဘဝစပျက်ခဲ့ရပါတယ်။
အဲ့အချိန် Johnny Depp ဟာ Fantastic Beasts ရဲ့ နောက်ဆက်တွဲရုပ်ရှင်အတွက် တစ်ရက်ပဲ ရိုက်ကူးထားရပါသေးတယ်။
ငါ ရုပ်ရှင်ရိုက်နေတုန်းမှာပဲ သူတို့က ‘မင်း ဒီရုပ်ရှင်က နှုတ်ထွက်ပေးမလား’ လို့ ပြောလာပါတယ်။ ငါထင်တာကတော့ ငါ အသက်ကြီးလာလို့ ငါ့ကို အနားယူစေချင်တာလားလို့ စိတ်ထဲမှာ တွေးမိတယ်လို့ Johnny က ပြန်ပြောပြလာပါတယ်။
