3 ပတ် - ဘာသာပြန်ပါ။

$200 ဝန်းကျင် Global အနေနဲ့ ရွေးစရာ REDMI Pad 2 Tablet
.
Xiaomi ကနေ Global စျေးကွက်အတွက် စျေးသက်သာတဲ့ REDMI Pad 2 Tablet အသစ်ကို မိတ်ဆက်လိုက်ပါတယ်။ ဒီ Tablet က လွန်ခဲ့တဲ့ ၂၀၂၂ တုန်းက ထွက်ခဲ့တဲ့ REDMI Pad ရဲ့ မျိုးဆက်သစ်ဖြစ်လာပြီး တချို့နေရာတွေမှာ Upgrade တွေလုပ်ထားပါတယ်။
အရင်ဆုံး Display ပိုင်းမှာ 11" QHD+ (2560x160 90Hz IPS LCD Display ဖြစ်သွားမယ်၊ Maximum Brightness ကလည်း 600nits အထိ ထုတ်ပေးနိုင်မယ်။ ဒါ့အပြင် Redmi Smart Pen ကိုလည်း Support လုပ်ဦးမယ်။​ Audio ပိုင်းမှာလည်း Quad Speaker Setup ကို သုံးပေးထားတယ်။
Battery ပိုင်းမှာလည်း 9000mAh Battery ဖြစ်သွားပြီ၊ ပြန်အားသွင်းရင်တော့ 18W Charging နဲ့ပဲ​ အားသွင်းလို့ရမယ်။ Camera ပိုင်းမှာဆိုရင်လည်း 8MP Back Camera နဲ့ 5MP Selfie Camera တွေပဲ​ထည့်ပေးထားမယ်။
Chipset ပိုင်းမှာလည်း လွန်ခဲ့တဲ့ ၃ နှစ်တုန်းက REDMI Pad ရဲ့ MediaTek Helio G99 Chipset ကနေ Helio G100-Ultra Chipset ကို Upgrade လုပ်ပေးလိုက်တယ်။ အခု Helio G200 Chipset အသစ်ထွက်ထားပေမယ့် Helio G100 ပဲ သုံးထားတာပဲ။
REDMI Pad 2 ကို စိတ်ဝင်စားရင် RAM 4GB (သို့) 8GB နဲ့ 128GB (သို့)​ 256GB Storage Option ဆိုပြီး ရွေးလို့ရမယ်။ Wi-Fi ရော Cellular (4G) Version ၂ မျိုးရွေးလို့ရပြီး စျေးနှုန်းအနေနဲ့က $200 ဝန်းကျင်ကနေ စရောင်းမယ်။​ မြန်မာမှာဆိုရင် ၈ သိန်းနဲ့ ၁၀ သိန်းဝန်းကျင်ဖြစ်မလားပဲ။​
ဘာပဲဖြစ်ဖြစ် Xiaomi Tablet ကိုမှ Global သုံးမယ်၊​ စျေးသက်သာတဲ့ Option လိုချင်ရင် ရွေးစရာတစ်ခုရှိလာပါပြီ 👀

image