$200 ဝန်းကျင် Global အနေနဲ့ ရွေးစရာ REDMI Pad 2 Tablet
.
Xiaomi ကနေ Global စျေးကွက်အတွက် စျေးသက်သာတဲ့ REDMI Pad 2 Tablet အသစ်ကို မိတ်ဆက်လိုက်ပါတယ်။ ဒီ Tablet က လွန်ခဲ့တဲ့ ၂၀၂၂ တုန်းက ထွက်ခဲ့တဲ့ REDMI Pad ရဲ့ မျိုးဆက်သစ်ဖြစ်လာပြီး တချို့နေရာတွေမှာ Upgrade တွေလုပ်ထားပါတယ်။
အရင်ဆုံး Display ပိုင်းမှာ 11" QHD+ (2560x160 90Hz IPS LCD Display ဖြစ်သွားမယ်၊ Maximum Brightness ကလည်း 600nits အထိ ထုတ်ပေးနိုင်မယ်။ ဒါ့အပြင် Redmi Smart Pen ကိုလည်း Support လုပ်ဦးမယ်။ Audio ပိုင်းမှာလည်း Quad Speaker Setup ကို သုံးပေးထားတယ်။
Battery ပိုင်းမှာလည်း 9000mAh Battery ဖြစ်သွားပြီ၊ ပြန်အားသွင်းရင်တော့ 18W Charging နဲ့ပဲ အားသွင်းလို့ရမယ်။ Camera ပိုင်းမှာဆိုရင်လည်း 8MP Back Camera နဲ့ 5MP Selfie Camera တွေပဲထည့်ပေးထားမယ်။
Chipset ပိုင်းမှာလည်း လွန်ခဲ့တဲ့ ၃ နှစ်တုန်းက REDMI Pad ရဲ့ MediaTek Helio G99 Chipset ကနေ Helio G100-Ultra Chipset ကို Upgrade လုပ်ပေးလိုက်တယ်။ အခု Helio G200 Chipset အသစ်ထွက်ထားပေမယ့် Helio G100 ပဲ သုံးထားတာပဲ။
REDMI Pad 2 ကို စိတ်ဝင်စားရင် RAM 4GB (သို့) 8GB နဲ့ 128GB (သို့) 256GB Storage Option ဆိုပြီး ရွေးလို့ရမယ်။ Wi-Fi ရော Cellular (4G) Version ၂ မျိုးရွေးလို့ရပြီး စျေးနှုန်းအနေနဲ့က $200 ဝန်းကျင်ကနေ စရောင်းမယ်။ မြန်မာမှာဆိုရင် ၈ သိန်းနဲ့ ၁၀ သိန်းဝန်းကျင်ဖြစ်မလားပဲ။
ဘာပဲဖြစ်ဖြစ် Xiaomi Tablet ကိုမှ Global သုံးမယ်၊ စျေးသက်သာတဲ့ Option လိုချင်ရင် ရွေးစရာတစ်ခုရှိလာပါပြီ 👀
