4 w - Translate

R36 GT-R နှင့်အနီးစပ်ဆုံး electric-concept မော်ဒယ်သစ်
လွန်ခဲ့​သော ဆယ်စုနှစ်တစ်ခု​ကျော်​ကျော် ကာလထဲ ဂျပန်လူမျိုးတို့ရဲ့ Engineering၊ Craftsmanship နှင့် ကမ္ဘာ​ကျော် Skyline GT-R မျိုးဆက်ရဲ့ အနှစ်သာရကို သယ်​ဆောင်လာပြီး ကမ္ဘာ​​ပေါ်မှာရှိတဲ့ မည်သည့် Race Track မျိုးမှာမဆို ဂျာမန်ပြိုင်ဘက်များဖြစ်တဲ့ AMG၊ Porsche နှင့် BMW M တို့ကို စိန်​ခေါ်ခဲ့နိုင်တဲ့ တစ်ခုတည်း​သော ဂျပန်​ Super-sports ကားတစ်စီး။
ဆလင်ဒါလည်း အများကြီးမဟုတ်၊ Fancy ဖြစ်ပြီး ရှုပ်​​ထွေးတဲ့ အီတာလျံ Flatplane V8၊ NA V10 နှင့် V12 အင်ဂျင်​တွေလည်းမဟုတ်ဘဲ ရိုးရှင်းတဲ့ Twin-Turbo V6 နှင့်တင် bully လုပ်ခဲ့တဲ့ ကျွန်​တော်တို့ရဲ့ Godzilla ကြီး​တော့ ​နောက်ဆုံးမှာ​တော့ ​ဂေါ်ဇီလာမဟုတ်ဘဲ ပုတ်သင်ဖြစ်​တော့မယ်တဲ့လား? ဒါက dramatic ဖြစ်ဖြစ် စကားကို ကြွယ်ပြတာပါ၊ တကယ်​တမ်းမှာတာ့ ပုတ်သင်ဖြစ်တာ ကြာ​နေပါပြီ။ ကိုယ်တိုင်က R35 GT-R ကို ၎င်းရဲ့ မည်သည့်တိုးတက်မှုမှမရှိ ထိုးတက်လာတဲ့ ​စျေးနှုန်း​ကြောင့်သာ အပြစ်တင်ခဲ့​ပေမယ့် တကယ်တမ်း ကြိုက်လား မေးရင်၊ ကြိုက်ပါတယ်။ ကျွန်​တော့်အလုပ်နားက AUTO TUNE ဆိုင် (ယခု VOYAH Showroom) မှာ ရပ်ရပ်ထားတတ်တဲ့ NISMO GT-R ​လေးဆိုရင် ​နေ့တိုင်းမြင်ချင်လို့ ထမင်းစားချိန် အလုပ်နားတိုင်း AUTO TUNE ဆိုင်နားဘဲ ပတ်ပတ်​လျှောက်​နေကြပါ။ ဒီက​နေ့ သတင်းမှာက အ​ကြောင်းအရာနှစ်ခုရှိမယ်၊ ပထမတစ်ခုက ဒီ concept car ရဲ့ အတိုချုံး run down ပါ။ ဒုတိယတစ်ခုက​တော့ ဆက်စပ်ပြီး ​ရေးထားတဲ့ အချက်တစ်ချို့​ပေါ့။
စာဖတ်သူတို့ အခုရုပ်ပုံအတွင်း ​တွေ့မြင်​နေရတဲ့ ကားက​တော့ မနက်ဖြန် စတင်ကျင်းပမည့် 2023 Japan Mobility Show အတွက် Nissan ဘက်က ခင်းကျင်းပြသမည့် R36 GT-R ရဲ့အနီးစပ်ဆုံး​သော concept model ဖြစ်တဲ့ Nissan HYPER FORCE all-eletric concept ပါ။ GT-R နာမည် ​ပေါ်တင်မတပ်ထား​​ပေမယ့် ကားရှေ့ရုပ်က GT-R လိုဂိုဆန်ဆန် LED စာလုံးအနီ/အဖြူ​​လေးက မျက်စိမှုန်​နေသူများ​တောင် GT-R မှန်း တန်းသိနိုင်ပါတယ်။ ဆို​တော့ကာ ဒါ​တွေအကုန်လုံးက early-tease ​တွေ​ပေါ့။ " ဟာ၊ ၁၆ နှစ်​သား R35 က​တောင် လှ​သေးတယ်၊ ဒါကြီးက ဘယ်လိုဖြစ်တာလဲ " ဆိုပြီး အပြင်ပန်းဒီဇိုင်းအ​ပေါ် shock မရပါနှင့်။ ဒါက အ​ချောမသပ်ရ​သေးတဲ့ ရွှံ့တုန်းသာသာပါဗျ။ ယခု concept ကားကို ရုပ်ဆိုးတယ်ထင်ရင် R35 တုန်းက မူလ concept ​မော်ဒယ်ကို ရှာကြည့်လိုက်ပါ။ စာဖတ်သူရဲ့ EX လိုပါဘဲ၊ ပုံဆိုးပန်းဆိုးဗျ။ Just kidding!
အ​သေးစိတ်ပုံ​တွေကို 9:30 ကျရင် တင်​​ပေးမှာဖြစ်လို့ ​ခေတ္တစောင့်​နေကြဖို့ ​မေတ္တာရပ်ခံချင်ပါတယ်။ ​အော် ဒါနှင့်၊ ယခု​မော်ဒယ်က concept ဘဲမလို့ ဘယ်အရာမှ ရေရေရာရာပြောလို့မရတာကြောင့် specs တွေ၊ အတွင်းခန်းတွေ၊ အပြင်ပန်းဒီဇိုင်းတွေ aerodynamics တွေ ဘာပြုတယ်၊ ညာပြုတယ်တော့ ကျွန်တော်မပြောတော့ပါဘူး။
ဒုတိယပိုင်းကို စ ပြောရရင်တော့ သတင်း​ခေါင်းစဥ်အား တစ်​ခေါက်ပြန်ဖတ်ကြည့်လိုက်ရင် " မဖြစ်ပါ​စေနှင့်ကွာ၊ မဟုတ်မမှန်သတင်းဖြစ်ပါ​စေ " လို့ဘဲ ရင်ထဲက တ မိတယ်မဟုတ်လားဗျ။ သတင်း​ခေါင်းစဥ်ကို ကိုယ်တိုင်​ရေးတဲ့ ကျွန်​တော်​တောင် စိတ်​ထဲအလိုမကျပါဘူး။
NSX လိုမျိူး Hybrid assisted V6 မလုပ်ချင်ဘူး၊ Lexus လိုလည်း ​ဒေါ်လာ သန်းရာ​ကျော်အကုန်အကျခံပြီး LFA ရဲ့ 1LR-GUE V10 အင်ဂျင်မ​ဆောက်နိုင်ဘူးဘဲထားဗျာ။ လက်ရှိ R35 ရဲ့ 3.8L Twin-turbo V6 (VR38DETT) အင်ဂျင်က ​တော်​တော်​ကောင်း​နေဆဲပါ။ အင်ဂျင်ကို အသစ်မလုပ်ဘဲ 3.5L ​​လောက် ဆိုဒ်နည်းနည်းထပ်​သေး၊ AMG C63S အသစ်ကလို eletric-turbo တပ်ပြီး 600 HP ထုတ်လည်း ဘယ်သူမှ စိတ်မဆိုးပါဘူး။ အခုဟာက all-eletric လုပ်ဖို့ plan ​နေတာ မမြင်ချင်​ယောင်​ဆောင်လည်း သိသာ​နေတဲ့ အချက်ကြီးပါ။ ဒါဆိုရင် Nissan က I.C.E Powertrain အသစ်ဆောက်ဖို့ အသစ်မရှိတာလား? EV အဖြစ်သွားလိုက်ဖို့က R&D ပိုင်းရော ဘတ်ဂျတ်ပိုင်းကရော R35 ထက်ပိုပြီး အချိန်နှင့် ငွေအကုန်အကျ နည်းမှာမလို့လားဘဲ။ ဒီအကြောင်းတွေကို ဟောဒီက - https://bit.ly/3QuXdzblink မှာ ဝင်ရောက်ဖတ်ရှုနိုင်ပါတယ်ခင်ဗျာ။ ခဏနေ ပြန်လည်တွေ့ဆုံချင်ပါတယ်။
[ စာဖတ်သူဟောင်းနှင့် Regular စာဖတ်သူများအပေါ် အမှာစကား ]
Hi guys! ကျွန်တော် အာကာပြည့်စုံပါ။ စာဖတ်သူတို့ရဲ့ Boosted Media ပေချ့်ဟာဆိုရင် လတ်တလောမှာ JDM နှင့် F&F Pop-culture related သတင်းတွေ များနေတာ စာဖတ်သူတို့အသိပါဘဲခင်ဗျာ။ ဒီလိုမျိုး တမင်ရေးပြီး engagement only လိုက်ရှာနေသလားဆိတော့လည်း မဟုတ်ပါဘူး။ ကျွန်တော် EV တွေရယ်၊ Mustang 7th Gen အသစ်ရယ်ကို ရေးထားပါသေးတယ်။ ဟန် (Sung Kang) က Initial D ရိုက်မယ်ဆိုတာတွေ၊ ယခုတွေ့မြင်ရတဲ့ R36 Concept (HYPER FORCE) ဆိုတာတွေက မြန်မာပြည်အတွင်းရှိ ကားဝါသနာရှင်မဟုတ်သူတွေတောင် အလွယ်တကူ ဖတ်ရှုခံစားနိုင်မည့် သတင်းတွေဖြစ်လို့ ရေးထားပြီးတာတွေကို နောက်ပြန်ပြန်ဆုတ်ပြီး လက်ရှိ Hot နေတာတွေ အသားပေးတင်နေရလို့ပါခင်ဗျာ။ စာဖတ်သူဟောင်းများနှင့် Regular စာဖတ်သူတို့ အရင်ချိန်တုန်းက ဖတ်နေကျ Boosted Media နှင့်မတူဘဲ အရသာပေါ့ပျက်သွားခဲ့ရင် သည်းခံပေးပါလို့ ပြောချင်ပါတယ်ခင်ဗျာ။
<<< 𝖱𝗂𝗀𝗁𝗍𝗌 𝖺𝗇𝖽 𝖢𝗅𝖺𝗂𝗆𝗌 >>>

image