R36 GT-R နှင့်အနီးစပ်ဆုံး electric-concept မော်ဒယ်သစ်
လွန်ခဲ့သော ဆယ်စုနှစ်တစ်ခုကျော်ကျော် ကာလထဲ ဂျပန်လူမျိုးတို့ရဲ့ Engineering၊ Craftsmanship နှင့် ကမ္ဘာကျော် Skyline GT-R မျိုးဆက်ရဲ့ အနှစ်သာရကို သယ်ဆောင်လာပြီး ကမ္ဘာပေါ်မှာရှိတဲ့ မည်သည့် Race Track မျိုးမှာမဆို ဂျာမန်ပြိုင်ဘက်များဖြစ်တဲ့ AMG၊ Porsche နှင့် BMW M တို့ကို စိန်ခေါ်ခဲ့နိုင်တဲ့ တစ်ခုတည်းသော ဂျပန် Super-sports ကားတစ်စီး။
ဆလင်ဒါလည်း အများကြီးမဟုတ်၊ Fancy ဖြစ်ပြီး ရှုပ်ထွေးတဲ့ အီတာလျံ Flatplane V8၊ NA V10 နှင့် V12 အင်ဂျင်တွေလည်းမဟုတ်ဘဲ ရိုးရှင်းတဲ့ Twin-Turbo V6 နှင့်တင် bully လုပ်ခဲ့တဲ့ ကျွန်တော်တို့ရဲ့ Godzilla ကြီးတော့ နောက်ဆုံးမှာတော့ ဂေါ်ဇီလာမဟုတ်ဘဲ ပုတ်သင်ဖြစ်တော့မယ်တဲ့လား? ဒါက dramatic ဖြစ်ဖြစ် စကားကို ကြွယ်ပြတာပါ၊ တကယ်တမ်းမှာတာ့ ပုတ်သင်ဖြစ်တာ ကြာနေပါပြီ။ ကိုယ်တိုင်က R35 GT-R ကို ၎င်းရဲ့ မည်သည့်တိုးတက်မှုမှမရှိ ထိုးတက်လာတဲ့ စျေးနှုန်းကြောင့်သာ အပြစ်တင်ခဲ့ပေမယ့် တကယ်တမ်း ကြိုက်လား မေးရင်၊ ကြိုက်ပါတယ်။ ကျွန်တော့်အလုပ်နားက AUTO TUNE ဆိုင် (ယခု VOYAH Showroom) မှာ ရပ်ရပ်ထားတတ်တဲ့ NISMO GT-R လေးဆိုရင် နေ့တိုင်းမြင်ချင်လို့ ထမင်းစားချိန် အလုပ်နားတိုင်း AUTO TUNE ဆိုင်နားဘဲ ပတ်ပတ်လျှောက်နေကြပါ။ ဒီကနေ့ သတင်းမှာက အကြောင်းအရာနှစ်ခုရှိမယ်၊ ပထမတစ်ခုက ဒီ concept car ရဲ့ အတိုချုံး run down ပါ။ ဒုတိယတစ်ခုကတော့ ဆက်စပ်ပြီး ရေးထားတဲ့ အချက်တစ်ချို့ပေါ့။
စာဖတ်သူတို့ အခုရုပ်ပုံအတွင်း တွေ့မြင်နေရတဲ့ ကားကတော့ မနက်ဖြန် စတင်ကျင်းပမည့် 2023 Japan Mobility Show အတွက် Nissan ဘက်က ခင်းကျင်းပြသမည့် R36 GT-R ရဲ့အနီးစပ်ဆုံးသော concept model ဖြစ်တဲ့ Nissan HYPER FORCE all-eletric concept ပါ။ GT-R နာမည် ပေါ်တင်မတပ်ထားပေမယ့် ကားရှေ့ရုပ်က GT-R လိုဂိုဆန်ဆန် LED စာလုံးအနီ/အဖြူလေးက မျက်စိမှုန်နေသူများတောင် GT-R မှန်း တန်းသိနိုင်ပါတယ်။ ဆိုတော့ကာ ဒါတွေအကုန်လုံးက early-tease တွေပေါ့။ " ဟာ၊ ၁၆ နှစ်သား R35 ကတောင် လှသေးတယ်၊ ဒါကြီးက ဘယ်လိုဖြစ်တာလဲ " ဆိုပြီး အပြင်ပန်းဒီဇိုင်းအပေါ် shock မရပါနှင့်။ ဒါက အချောမသပ်ရသေးတဲ့ ရွှံ့တုန်းသာသာပါဗျ။ ယခု concept ကားကို ရုပ်ဆိုးတယ်ထင်ရင် R35 တုန်းက မူလ concept မော်ဒယ်ကို ရှာကြည့်လိုက်ပါ။ စာဖတ်သူရဲ့ EX လိုပါဘဲ၊ ပုံဆိုးပန်းဆိုးဗျ။ Just kidding!
အသေးစိတ်ပုံတွေကို 9:30 ကျရင် တင်ပေးမှာဖြစ်လို့ ခေတ္တစောင့်နေကြဖို့ မေတ္တာရပ်ခံချင်ပါတယ်။ အော် ဒါနှင့်၊ ယခုမော်ဒယ်က concept ဘဲမလို့ ဘယ်အရာမှ ရေရေရာရာပြောလို့မရတာကြောင့် specs တွေ၊ အတွင်းခန်းတွေ၊ အပြင်ပန်းဒီဇိုင်းတွေ aerodynamics တွေ ဘာပြုတယ်၊ ညာပြုတယ်တော့ ကျွန်တော်မပြောတော့ပါဘူး။
ဒုတိယပိုင်းကို စ ပြောရရင်တော့ သတင်းခေါင်းစဥ်အား တစ်ခေါက်ပြန်ဖတ်ကြည့်လိုက်ရင် " မဖြစ်ပါစေနှင့်ကွာ၊ မဟုတ်မမှန်သတင်းဖြစ်ပါစေ " လို့ဘဲ ရင်ထဲက တ မိတယ်မဟုတ်လားဗျ။ သတင်းခေါင်းစဥ်ကို ကိုယ်တိုင်ရေးတဲ့ ကျွန်တော်တောင် စိတ်ထဲအလိုမကျပါဘူး။
NSX လိုမျိူး Hybrid assisted V6 မလုပ်ချင်ဘူး၊ Lexus လိုလည်း ဒေါ်လာ သန်းရာကျော်အကုန်အကျခံပြီး LFA ရဲ့ 1LR-GUE V10 အင်ဂျင်မဆောက်နိုင်ဘူးဘဲထားဗျာ။ လက်ရှိ R35 ရဲ့ 3.8L Twin-turbo V6 (VR38DETT) အင်ဂျင်က တော်တော်ကောင်းနေဆဲပါ။ အင်ဂျင်ကို အသစ်မလုပ်ဘဲ 3.5L လောက် ဆိုဒ်နည်းနည်းထပ်သေး၊ AMG C63S အသစ်ကလို eletric-turbo တပ်ပြီး 600 HP ထုတ်လည်း ဘယ်သူမှ စိတ်မဆိုးပါဘူး။ အခုဟာက all-eletric လုပ်ဖို့ plan နေတာ မမြင်ချင်ယောင်ဆောင်လည်း သိသာနေတဲ့ အချက်ကြီးပါ။ ဒါဆိုရင် Nissan က I.C.E Powertrain အသစ်ဆောက်ဖို့ အသစ်မရှိတာလား? EV အဖြစ်သွားလိုက်ဖို့က R&D ပိုင်းရော ဘတ်ဂျတ်ပိုင်းကရော R35 ထက်ပိုပြီး အချိန်နှင့် ငွေအကုန်အကျ နည်းမှာမလို့လားဘဲ။ ဒီအကြောင်းတွေကို ဟောဒီက - https://bit.ly/3QuXdzblink မှာ ဝင်ရောက်ဖတ်ရှုနိုင်ပါတယ်ခင်ဗျာ။ ခဏနေ ပြန်လည်တွေ့ဆုံချင်ပါတယ်။
[ စာဖတ်သူဟောင်းနှင့် Regular စာဖတ်သူများအပေါ် အမှာစကား ]
Hi guys! ကျွန်တော် အာကာပြည့်စုံပါ။ စာဖတ်သူတို့ရဲ့ Boosted Media ပေချ့်ဟာဆိုရင် လတ်တလောမှာ JDM နှင့် F&F Pop-culture related သတင်းတွေ များနေတာ စာဖတ်သူတို့အသိပါဘဲခင်ဗျာ။ ဒီလိုမျိုး တမင်ရေးပြီး engagement only လိုက်ရှာနေသလားဆိတော့လည်း မဟုတ်ပါဘူး။ ကျွန်တော် EV တွေရယ်၊ Mustang 7th Gen အသစ်ရယ်ကို ရေးထားပါသေးတယ်။ ဟန် (Sung Kang) က Initial D ရိုက်မယ်ဆိုတာတွေ၊ ယခုတွေ့မြင်ရတဲ့ R36 Concept (HYPER FORCE) ဆိုတာတွေက မြန်မာပြည်အတွင်းရှိ ကားဝါသနာရှင်မဟုတ်သူတွေတောင် အလွယ်တကူ ဖတ်ရှုခံစားနိုင်မည့် သတင်းတွေဖြစ်လို့ ရေးထားပြီးတာတွေကို နောက်ပြန်ပြန်ဆုတ်ပြီး လက်ရှိ Hot နေတာတွေ အသားပေးတင်နေရလို့ပါခင်ဗျာ။ စာဖတ်သူဟောင်းများနှင့် Regular စာဖတ်သူတို့ အရင်ချိန်တုန်းက ဖတ်နေကျ Boosted Media နှင့်မတူဘဲ အရသာပေါ့ပျက်သွားခဲ့ရင် သည်းခံပေးပါလို့ ပြောချင်ပါတယ်ခင်ဗျာ။
<<< 𝖱𝗂𝗀𝗁𝗍𝗌 𝖺𝗇𝖽 𝖢𝗅𝖺𝗂𝗆𝗌 >>>
