Chapter 4_______Ferrari vs. Lamborghini
လယ်ထွန်စက်ထုတ်လုပ်တဲ့ လုပ်ငန်းအောင်မြင်လာပြီးနောက် ဖရူချီယိုဟာ အီတလီနိုင်ငံရဲ့ အချမ်းသာဆုံးပုဂ္ဂိုလ်စာရင်းဝင်လာပါတော့တယ်။ အီတလီမှာ နေပြီး ချမ်းသာလာတော့ လူချမ်းသာတွေထုံးစံတိုင်း ကားအကောင်းစားတွေ ဝယ်စီးတာပေါ့။ Masertati 3500GTS, Mercedes 300SL, Jaguar E-Type Coupe နဲ့ Ferrari တော်တော်များများ ဝယ်စီးခဲ့ပါတယ်။ ဖရူချီယို စီးတဲ့ကားတွေထဲ Ferrari 250GT က ခဏခဏ clutch breakdown ဖြစ်လို့ စိတ်ပျက်နေခဲ့ပါတယ်။ တစ်နေ့ သူ့ကားရဲ့ clutch ကို ပြင်ဖို့ စက်ရုံကို ယူသွားတဲ့အခါ ကားထဲမှာ သုံးထားတဲ့ clutch တွေက လန်ဘိုဂီနီလယ်ထွန်စက်ထဲမှာ သုံးထားတဲ့ clutch နဲ့ ဆင်တူနေတာကို တွေ့လိုက်ရပါတယ်။ လယ်ထွန်စက်အတွက် clutch က ၁၀ လိုင်ယာဘဲပေးရပြီး ဖရာရီကားအတွက်ကျ ၁၀၀၀ လိုင်ယာလောက် ကုန်ကျနေတာမို့ ( lira = အီတလီငွေကြေး) မကျေမနပ်ဖြစ်သွားခဲ့တယ်ဗျ။ ဒါနဲ့ဘဲ နောက်ရက်ပိုင်းကျ ဖရူချီယိုတစ်ယောက် ဖရာရီစက်ရုံဆီ သွားဖို့ စီစဥ်လိုက်ပါတယ်။ ကဲအခု ကမ္ဘာကျော်ဖြစ်ရပ်ဖြစ်တဲ့ အန်ဇိုဖရာရီ နဲ့ ဖရူချီယိုလန်ဘိုဂီနီ တွေ့ဆုံတဲ့ကိစ္စ စပါတော့မယ်။ စကားပြောမို့ အင်တာဗျူး section လို ဘာသာပြန်ပေးထားပါတယ်နော်။
ဖရူချီယို: "ခင်ဗျားက ခင်ဗျားရဲ့ ကားတွေကို ကျုပ်ရဲ့လယ်ထွန်စက်က ပစ္စည်းတွေနဲ့ ဆောက်ပြီး ဟန်ကျနေတာပေါ့လေ"
အန်ဇို: "မင်းက လယ်သမား၊ လယ်ထွန်စက်မောင်းတဲ့သူ၊ ငါတို့ ဖရာရီကားတွေအကြောင်းကို မင်းဘာမှဝေဖန်နေစရာမလိုဘူး၊ ငါ့ကားတွေက ကမ္ဘာပေါ်မှာ အကောင်းဆုံးဘဲကွ"
ဖရူချီယို: "အိုး ဟုတ်ပါတယ်၊ ကျုပ်က လယ်သမားတစ်ယောက်ပါ၊ ဒါပေမယ့် ကားတစ်စီးဆိုတာ ဘယ်လိုဖြစ်သင့်သလဲ ခင်ဗျားကို ကျုပ်ပြမယ်၊ ပြီးတော့ ကျုပ်စီးဖို့ ကားတွေကိုလဲ ကျုပ်ကိုယ်တိုင်ဆောက်ပြမယ် အန်ဇို" လို့ စိန်ခေါ်ခဲ့ပါတယ်။
လူတွေကတော့ ဖရူချီယိုကို ဒီလူ ရူးနေတယ်လို့ ဝေဖန်ခဲ့ကြပေမယ့် ဖရူချီယိုရဲ့ ပြိုင်ဆိုင်ချင်စိတ်က ကမ္ဘာကျော်လန်ဘိုဂီနီပြိုင်ကားတွေ ဖြစ်ပေါ်လာစေဖို့ အစပျိုးခဲ့ပါတယ်။
